~
တရုတ်ပြည်က ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံ ၄ ကြိမ်မြောက် ပင့်ဆောင်မယ်လို့ ဒီကနေ့ အစိုးရသတင်းစာများက ဆိုပါတယ်။
ဖူးမြှော်လိုသူတွေအတွက် စွယ်တော်ကို နေပြည်တော်ရွှေတိဂုံ (ဥပ္ပါတသန္တိစေတီ လိုဏ်ဂူတော်) ရန်ကုန် ကမ္ဘာအေး၊ မန္တလေး အတုမရှိကျောင်းတော် တို့မှာ ထားရှိပါမယ် တဲ့။
ယခင် ၃ ကြိမ်ပင့်ဆောင်မှုကို အခုလို တွေ့ရပါတယ်။
၁၉၅၅ - ရန်ကုန်၊ ကမ္ဘာအေးကုန်းမြေ ၈ လ
၁၉၉၄ - ရန်ကုန် ၁၄ + ၁၇ ရက်၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာ တညစီ၊ မန္တလေး ၉ ရက် (ပေါင်း ၄၅ ရက်)
၁၉၉၆ - ရန်ကုန်၊ မန္တလေး (ပေါင်း ရက် ၉၀)
၁၉၉၆ ပင့်ဆောင်တုန်းက စွယ်တော်နားမှာ ဗုံးပေါက်ကွဲလို့ သေဆုံး ဒဏ်ရာရကြပါတယ်။ ဗုံးထောင်တာတွေက ခုနောက်ပိုင်း မကြာခဏ ဖြစ်နေပါတယ်။ နယ်လည်း မရွေးတော့ဘူး။ ဒါကြောင့် ယခု ၄ ကြိမ်မြောက်ကိုတော့ လုံခြုံရေး တင်းကျပ်မှာ အသေအချာပါပဲ။
~
ဗမာအစိုးရ စွယ်တော်ခိုးချင်လို့ဗုံးထောင်တာပါ...
ReplyDeleteဘုရားမြင်ရင်မနေနိုင်ခိုးချင်စိတ်က ပဒေသရာဇ်ဘုရင်တွေ ကတည်းကစတာပါ..
မြန်မာလို့ပြောရမှာတောင်ရှက်စရာပါ..
ပြီးခဲ့တဲ့တလောကတောင် ရခိုင်မှာတွေ့တဲ့ ရှေးဟောင်းဘုရားတွေကို
အတင်း အဓမ္မ နယ်ပြည်တော် ပင့်မယ်လုပ်လို့ ပြသနာ
ဖြစ်ခဲ့ပါတယ်..ဗမာပဒေသရာဇ် ဘုရင်တွေ လက်ထက်ကတည်းက ယိုးဒယား မွန်နဲ့ ရခိုင် နိုင်ငံတွေဆီကနေ ဘုရားအများအပြားကို အဓမ္မ သိမ်းပိုက် ခိုးယူခဲ့ကြတာပါ..သက်သေပြပါဆိုရင်
ဘုရားရှင်ရဲ့ရှေ့တော်မှာ သွန်းလုပ်ခဲ့တဲ့ မဟာမုနိဘုရား..
(ယခုမန္တလေး)..ဇလွန်ပြည်တော်ပြန်..ရွှေဘုံသာမုနိ (ပြည်)..ရွှေနတ်တော် မုနိ(ရွှေတောင်) တို့ဖြစ်ပါတယ်..
ဗမာမင်းတွေကို ဘုရားခိုးတာတင် မကပါဘူး၊ ဘုရားဋ္ဌာပနာဖောက်တာလဲ ၀ါသနာထုံတယ်ဆိုလားပဲ၊ မဟာမုနိဘုရားကို ဗိုက်ဖောက်တယ်ဆိုတဲ့သတင်းကတော့ တော်တော့်ကို ဆိုးဝါးလွန်းပါတယ်။ ဘုရားစပ်ကသာ ဘုရားလို့ပြောတာပါ လက်ကတော့ ၂၀၀၇ က သံဃာတွေကို သတ်တာကတော့ သက်သေပဲဗျို့။
ReplyDeleteဗမာပြည်လာတဲ့စွယ်တော်ကရော
ReplyDeleteအစစ်ဟုတ်လုပ်လား...
တရုတ်တွေကအတုလုပ်တာ
ကျွမ်းကျင်လှပေါ့...
ဒါ ဘာသာရေးနော်၊ နိုင်ငံရေးမဟုတ်ဘူး၊ ကဏ္ဍလေးခွဲခြားပြီးတော့ ဝေဖန်ရေးလေးလုပ်ကြရင် ပိုပြီးသင့်မယ်ထင်ပါတယ်။ မိမိရဲ့ ရမ်းတုတ်ဝေဖန်ချက်ကြောင့် အခြားသူတွေရဲ့ စွယ်တော်မြတ်အပေါ် ယုံကြည်ကိုးကွယ်မှုကို ဖျက်ဆီးလိုတဲ့သဘော သက်ရောက်သွားရင် ငရဲကြီးလိမ့်မယ်နော်။ ဝေဖန်တာမဟုတ်ပါဘူး စေတနာနဲ့ ပြောတာပါ။
ReplyDelete