Pages

Monday, August 22, 2011

ကဒါဖီကို မြွေကိုက်ပြီ




~



သူပုန်တွေဖမ်းတာ ခံလိုက်ရတဲ့ ကဒါဖီရဲ့ သား ဆာအိဖ်

လစ်ဗျားမှာ အာဏာရှင် ကဒါဖီရဲ့ ကံကြမ္မာ အနိမ့်ဆုံးအခြေအနေကို ရောက်နေပါတယ်။

သူပုန်တွေက မြို့တော် ထရီပိုလီကို ၀င်လာကြပါပြီ။

သူပုန်တွေက သူ့သား ဆာအိဖ် (
Seif al-Islam) ကို ဖမ်းလိုက်ပါတယ်။ ဆာအိဖ်ကို ၀ရမ်းထုတ်ထားတဲ့ နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံး ICC ကလည်း ဒီလို ဖမ်းဆီးရမိတာကို သတင်းရကြောင်း ပြောပါတယ်။ ICC က သူ့ကို အရပ်သားတွေနှိပ်စက်ခံရ၊ သတ်ဖြတ်ခံရမှုတွေနဲ့ စစ်ဆေးဖို့ ၀ရမ်းထုတ်ထားတာပါ။

သူ့သား နောက်တယောက်ဖြစ်တဲ့ မိုဟာမက်လည်း သူပုန်တွေလက်ထဲ ရောက်နေပါပြီ တဲ့။

ကဒါဖီနဲ့ ဆာအိဖ်ကို မေတ္တာထားသူ ထရီပိုလီသားတချို့ (AP)

ကဒါဖီ

အောင်ပွဲခံနေတဲ့ ထရီပိုလီ

~

9 comments:

  1. ဆူဒန်နိုင်ငံဟာ နှစ်ခြမ်းကွဲသွားပါပြီ။ လစ်ဗျားနိုင်ငံဟာလည်း ကျဆုံးတော့မည့်အခြေအနေ ဆိုက်နေပါပြီ။ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတွေရဲ့ဘ၀ ကနေအခုဖြစ်သွားတာတွေဟာ တော့်တော့်ကိုစိတ် မကောင်းစရာပါ။ အင်အားကြီးနိုင်ငံကြီးနဲ့ ဥရောပက ဒါတွေကိုဝမ်းမြောက်ပြီး ကြိုဆိုနေတာဟာ တော့်တော့်ကို အော့နှလုံးနာစရာ ကောင်းနေပါပြီ။ ၀ဋ်ဆိုသည်မှာလည်တတ်ပါသည်။ အင်အား ကြီးနိုင်ငံကြီးဟာ ပြည်နယ်တွေနဲ့ဖွဲ့စည်း ထားတာပါ။ သူလည်းတစ်နေ့ကျရင် အဲဒီလိုဝဋ်လည် လိမ့်မည်ဟု ကျွန်တော်တစ်ထစ်ကျ ပြောရဲပါတယ်။ အခုလိုထင်မြင်မိတဲ့ ကျွန်တော်သည် ပြည်ခိုင်ဖြိုးမဟုတ်ပါ။ အင်အားကြီး နိုင်ငံကြီးကို လက်ရှိအစိုးရကော၊ အစိုးရကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကပါ သတိနဲ့ဆက်ဆံဖို့လိုအပ်တယ်လို့ ကျွန်တော်ရိုးသားစွာထင်မြင်မိပါတယ်။

    ReplyDelete
  2. ဇာဇာစိုးAugust 22, 2011 at 4:33 PM

    အင်အားကြီးနိုင်ငံကြီးတွေနဲ့ လူတိုင်းနီးပါးက ကဒါဖီကျဆုံးတာကို ၀မ်းမြောက်ခြင်းက မနာလိုဝန်တိုစိတ်၊ သူများဒုက္ခရောက်တာကို ၀မ်းသာစိတ်ကြောင့် ဟုတ်ပုံမရပါ။ ပြည်သူတွေကို ရက်ရက်စက်စက်ဖြိုခွင်းတဲ့ အာဏာရှင်ကို မုန်းစိတ်ကြောင့်ဖြစ်ပါလိမ့်မယ်။ အပေါ်ကလူကို မေးပါရစေ ... ကဒါဖီနဲ့ သူ့သားတွေက ကောင်းတဲ့လူတွေမို့လို့လား ... လက်နက်အားကိုးပြီး ပြည်သူတွေကို ပစ်သတ်နေတဲ့လူတွေမဟုတ်ဘူးလား ... ဒီလိုလူမျိုးကို အဆိပ်ပင်ရေလောင်းသင့်သလား ... ??????

    ReplyDelete
  3. လစ်ဗျားကျဆုံးတာမဟုတ်ပါ။ လက်နက်အားကိုးပြီး ပြည်သူတွေကို ရက်စက် တဲ့ အာဏာရှင် ကဒါဖီကျဆုံးတာပါ။

    ReplyDelete
  4. ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတာ မို့လို့ အမေရိကားက ပြည်တွင်းစစ်မရှိဖဲ နေလာခဲ့တာပါ။ ပြည်နယ်တွေကို ကိုယ်ပိုင် ဥပဒေ ပြဌာန်းခွင့်ပေးလိုက်ရင် ဗမာတွေ ပတ်စ်ပို့တ်ကိုင်ပြီး သွားနေရမယ်ဆိုတာက န.အ.ဖ ဗိုလ်ချုပ်တွေရဲ့ အပေါစား ဝါဒဖြန့်မှုသက်သက်ပဲ။ အာဆီနိုင်ငံတွေ အချင်းချင်းကြားတောင် ဗီဇာမလိုတော့ဘူးဆိုတာ မသိမဖြင်ကြတဲ့ စာမတတ်ပေမတတ် ရဲဘော်လေးတွေကို ညာဝါးထားတဲ့ ဖြီးလုံးလေးတွေလောက်ကို အားပေးထောက်ခံလောက်အောင် အတွေးအခေါ် အသိအမြင် တိမ်းပါးတာကတော့ စိတ်မကောင်းစရာပဲ။

    ReplyDelete
  5. ဘာဘဲပြောပြော....အင်အားကြီးနိုင်ငံတွေ....လူတွေအပေါ် အနိုင်ကျင့်နေတဲ့...လူတွေကို..တကယ် သနားရင်...စစ်ပွဲတွေ မဖန်တီးပဲ....တကယ့်မသမာသူတွေကိုသာ....လုပ်ကြံ သက်ဖြတ်နိုင်တဲ့ အစွမ်းရှိပါတယ်...ကျွန်တော်တော့ ကြောက်တယ်ဗျာ...ကိုယ်က...နိုင်ငံ့ အပြင်မှာ...ကိုယ့်တိုင်းပြည်ကြီးက...မီးဟုန်းဟုန်းတောက်လို့...ကိုယ်တိုင်လည်းပြန်လို့မရ...အဆက်အသွယ်ဆိုတာကတော့ဝေးရော....ကိုချစ်တဲ့ လူတွေဘာဖြစ်နေမယ်ဆိုတာမသိ...တွေးမိယုံနဲ့..ကြောက်ပါတယ်ဗျာ....လက်နက်.နဲ့..အာဏာရှိသူတစ်ယောက်သေဖို့...ပြည်သူဘယ်နှစ်ယောက်စတေးရမလဲ...လက်ရှိလည်ပတ်နေတဲ့..လုပ်ငန်းဘယ်နှစ်ခုပျက်စီးမလဲ.....ကျွန်တော်ကတော့ကြောက်စရာကြီးလို့ထင်တယ်...(ကျွန်တော်ဥာဏ်မှီသလောက်စဉ်းစားတာပါ...)

    ReplyDelete
  6. if you are scare that does not exist then please dig your own grave yard,

    ReplyDelete
  7. စစ်ကျွန်ဖြစ်ရတာမင်းတို့လို​ကောင်​တွေ​ကြောင့်ကိုး။ဘယ်လိုစဉ်းစားတာလဲဟင်​ပြောပြပါလား။ဦး​နှောက်ကို​ရွှေချ​ပေးချင်လို့ပါ။

    ReplyDelete
  8. အာဏာရှင်ကျဆုံးတာပါဗျာ၊
    ကျုပ်ကတော့အာဏာရှင်တွေသတ်ခြင်တိုင်းသတ်
    ဖမ်းခြင်တိုင်းဖမ်း၊ခိုးခြင်တိုင်းခိုးနေ၊
    လုပ်ခြင်တိုင်းလုပ်နေတာကပိုကြောက်ပါတယ်
    ပြည်သူမကျေနပ်လို့ဆင်းခိုင်းလို့ဆင်းပေးရင်
    တိုင်းပြည်လဲဘာမီးမှမတောက်ပါဘူးဗျာ။

    ReplyDelete
  9. အဲ ဘာဘဲပြောပြော သပုံလို့ပြောပြော ပြောက်ကျားလို့ဘဲဆိုဆို စစ်အာဏာရူးတွေကို တိုက်ထုတ်လိုက်တာကိုက နိုင်ငံသားကောင်း အနာဂါတ်မျိုးဆက်တို့အား ကောင်းခြင်းမင်္ဂလာလို့ဘဲ လုံးဝ မှန်ကန်စွာ လက်ခံပါတယ်။
    အာဏာရူး ပါးကွက်သားများ လက်ပါးစေများ သတိသာထားပေတော့ ၊

    ReplyDelete