Pages
▼
Wednesday, August 10, 2011
၎ ယောက်မြောက် မဲပေါက်သူ
စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ် ကျော်ဖြိုးတယောက်တော့ အရင်က ကားခိုးသွင်းမှုနဲ့ မူးယစ်ဆေးကိစ္စတွေကြောင့် စာရင်းမစစ်နိုင်ဘဲ ပြုတ်တဲ့အထဲ ပါသွားပါပြီ။ ၄ ယောက်မြောက် အဖြုတ်ခံရတဲ့ ထိပ်တန်းစစ်ဘက်ဗိုလ်ချုပ် စာရင်းဝင်သွားပါတယ်။
အရင် ဗိုလ်ချုပ်ကျော်ဖြိုးက တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးပါ။ မနှစ်က သြဂုတ်လကမှ လက်ရှိ စာရင်းစစ်ချုပ် ရာထူးကို ရတာပါ။
ဇူလိုင်လကတည်းက လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစာမှု စွဲချက်တွေနဲ့ ကာချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခေါ်စစ်ခံရတဲ့ ဗိုလ်ချုပ် ၅ ယောက်ထဲ ဗိုလ်ချုပ် ကျော်ဖြိုးလည်း ပါပါတယ်။ ခုတော့ အမှန်အကန် ပြုတ်သွားပါပြီ။
စားတဲ့ဝါးတဲ့သူ ဖြုတ်ကြေးဆိုရင် စစ်တပ်ထိပ်ပိုင်းမှာ တယောက်မှ ကျန်မယ် မထင်ပါဘူး။ လောလောဆယ်တော့ မဲပေါက်တဲ့သူတွေပဲ ကံဆိုးသူမောင်ရှင် ဖြစ်နေဦးမှာပါ။
ဒီနှစ် ဖေဖော်ဝါရီလကစပြီး အစီအရီ ဗိုလ်ပြုတ်ဖြစ်သွားတဲ့ ဗိုလ်ချုပ်တွေနဲ့ ခေါ်စစ်ခံရလို့ မျက်ခုံးလှုပ်နေသူတွေကို စာရင်း လုပ်ပေးလိုက်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ ဖတ်ပါ။
ဖေဖော်ဝါရီ - ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် (ကာကွယ်ဝန်ကြီးတာဝန် လက်မခံလို့ ဖြုတ်)
ဇူလိုင် - ဗိုလ်မှူးချုပ် ထွန်းသန်း (ရန်ကုန်တိုင်းမှူးဟောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး။ ရန်ကုန်တိုင်းမှူးလုပ်တုန်းက မြေယာကိစ္စ အရှုပ်အရှင်း၊ စစ်တပ်ရံပုံငွေ ဘုံးမှုကြောင့် ပြုတ်)
ဇူလိုင် - ဗိုလ်ချုပ် တင်ငွေ (အလယ်ပိုင်းတိုင်းမှူးဟောင်း၊ ကစထမှူး။ အလယ်ပိုင်း တိုင်းမှူးနဲ့ ရန်ကုန်က မြေယာကိစ္စတွေကြောင့် ပြုတ်)
ဇူလိုင် - ဗိုလ်ချုပ် ခင်ဇော်ဦး (ဦးပိုင် ဥက္ကဋ္ဌ၊ စစ်ရေးချုပ်)၊ ကစမှူး ဗိုလ်ချုပ် မြင့်စိုး၊ တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး တို့ကို ကာချုပ် မင်းအောင်လှိုင်က ခေါ်ယူစစ်ဆေး
သြဂုတ် - ဗိုလ်ချုပ် ကျော်ဖြိုး (စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်။ ကားခိုးသွင်း၊ မူးယစ်ဆေး ကိစ္စများကြောင့် ပြုတ်)

လုပ်ထားကိုမင်းအောင်လှိုင်ရေ။
ReplyDeleteခင်ဗျား လူတော်လူမှန်ဆိုတာ ဗိုလ်မှုးချုပ် စဖြစ်ကတည်းကသိတယ် ။ အဲဒီလူတွေဖြုပ်ပြီးရင်
နောက်ထပ်ဖြုပ်ရမဲ့ လူတွေစာရင်းကျွှန်တော်ပို့ပေးမယ်။
ဘဒင်
ဖြစ်စေချင်နေတာကြာပါပြီ ကျေးဇူးတင်ပါတယ် ခင်ဗျား စစ်တပ်အတွင်း သူခိုးများကို ဖြုတ်ထုတ်ခြင်းများ အပြင် အစိုးရဝန်ထမ်းသူခိုးများ ကုမ္မဏီလုပ်ငန်းဘန်းပြပြီး ပြည်သူ့ပိုင်ငွေများကို အလွဲသုံးစားပြု ခိုးစားနေသူများကိုပါ အမြန်ဖေါ်ထုတ် အရေးယူပါခင်ဗျား တသက်လုံးဘာမှ လုပ်စားလို့မရအောင် Black list စာရင်းသွင်းပစ်ပါ
ReplyDeleteThis is not resolving the repeated issue.
ReplyDeleteThey must remove the cause of taking bribery by sufficient pay.
Stable economy for the country so all will not do this shamful act.
The person who take action on the other also not a right manner.
Advice to remove the cause not the effect.
ပြည့်တန်ဆာမတစ်ယောက်ကို ကျောက်တုံးတွေနဲ့ ၀ိုင်းဝန်းပစ်ပေါက်ပြီး သေဒဏ်စီရင်ဘို့ သူ့ရှေ့ကို ခေါ်လာတဲ့ တပည့်ကြီးတွေကို ခရစ်တော်က ဒီလိုပြောလိုက်သတဲ့ " မင်းတို့အထဲက လုံးဝအပြစ်မရှိတဲ့သူက ပြည့်တန်ဆာမကို ကျောက်တုံးနဲ့ စပြီးပစ်".တစ်ယောက်မှ ပစ်မဲ့သူ မရှိတော့ဘူးတဲ့။စစ်အုပ်စုထဲမှာ လာဘ်မစားတဲ့သူ ရှိရင်....
ReplyDeleteI think this is the normal process in army.
ReplyDeleteRemove all contemporary or one to three batches junior than him not to have the chance to have as his rival.
This may be order from above.