Pages

Tuesday, August 23, 2011

ဘာကြောင့် မြန်မာငွေတန်ဖိုး ထိုးတက်ရတာလဲ

စီးပွားရေးပညာရှင် ဦးမြင့် (ဝဲအစွန်) ကို အလုပ်ရုံဆွေးနွေးပွဲ တွင် ဤသို့တွေ့ရသည်။


မြန်မာငွေဈေးဟာ မကြားဘူး၊ မကြုံဘူးမကြုံဘူး လောက်အောင် ကြောက်ခမန်းလိလိ ထိုးတက်နေတဲ့အတွက် နိုင်ငံခြား ထွက် အလုပ်လုပ် သူတွေ၊ ပြည်တွင်းက ဒေါ်လာစားတွေအတွက် တော်တော်လေး အထိနာနေပါတယ်။ အိတ်စ်ပို့စ် စီးပွားရေး သမား တွေလည်း တချို့ ကုန်တွေ လှောင်မထားနိုင်တဲ့သူတွေ အရှုံးခံ တင်ပို့တာကလွဲရင် တော်တော်များများ လုပ်ငန်းတွေ ရပ်ကုန်ကြပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေကတော့ အထိအနာဆုံးလို့ ဆိုရမလားမသိပါဘူး။ ငွေလွှဲနှုန်းတွေ ကြောက်စရာကောင်း လောက်အောင် မြင့်နေတာကြောင့် အတော်များများ ငွေမလွှဲနိုင်ကြတော့ပါဘူး။ အများစုကတော့ တလတခါ အိမ်ကို ငွေမလွှဲပေးလို့ မဖြစ်တဲ့သူတွေ ဆိုတော့ မတန်မှန်းသိသိနဲ့ လွှဲနေကြရပါတယ်။ စင်ကာပူ၊ မလေး စသည်ဖြင့် အလုပ်သွားလုပ် နေသူတွေကလည်း များပြားလှတဲ့ အခွန်ငွေကို မဆောင်နိုင်တာနဲ့ အခွန်မဆောင်ဘဲ နှစ်ရှည်လများ နေနေရာက အခွန်ငွေ ၂ ရာခိုင်နှုန်းထိ လျှော့ချ ပေးတဲ့အချိန်နဲ့ တိုက်ဆိုက်ပြီး အခုလို ငွေလွှဲနှုန်း မြင့်လာတဲ့ အချိန် အလုပ်က ခဏနား၊ အိမ်ပြန်မယ် ပြင်ပြန်တော့လည်း အခွန်က အခု သြဂုတ်လကနေ နောက်ခြောက်လထိပဲ ၂ ရာခိုင်နှုန်း၊ အရင်ကျန်တာတွေက ၁၀ ရာခိုင်နှုန်းပဲ ဆောင်ရမှာ ဆိုတာကြောင့် အလုပ်လည်း ဆက်လုပ်ပြီး အိမ်ငွေပို့ဖို့ကလည်း မတန်တဆ၊ အိမ်လည်း မပြန်နိုင်ဘဲ ဒုက္ခရောက်နေကြပါတယ်။

ဘာကြောင့် ဒီလို မြန်မာငွေ ဈေးမာရတာလဲ၊ ဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကတော့ အားလုံး သိချင်နေတဲ့ အချက် ဖြစ်ပါတယ်။ ဘယ်တော့ ဖြေရှင်းနိုင်မလဲ ဆိုတာကတော့ ဘယ်သူမှ မသိနိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် မကြာသေးခင်က ကျင်းပသွားတဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲမှာ သမ္မတ အကြံပေး စီးပွားရေး ပညာရှင် ဦးမြင့်တင်သွင်းသွားတဲ့စာတမ်း မှာတော့ ဒီအကြောင်းကို အသေးစိတ် ဖော်ပြထားပါတယ်။ ဒီစာတမ်းမှာ ဘာကြောင့် ကျပ်ငွေတန်ဖိုး မြန်မြန်ဆန်ဆန် ထိုးတက်ရတာလဲ၊ ဒီလို ကျပ်ငွေထိုးတက်ရတဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်မလဲ၊ ဒါကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာက စလို့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ မြန်မာငွေလဲနှုန်းပြဿနာကို အခွင့်ကောင်းယူပြီး ငွေလဲနှုန်း မြန်မြန်ဆန်ဆန် ပြင်ဆင်ဖို့ အချိန်ကောင်းဆိုတဲ့ အကြောင်း တွေကို ရှင်းလင်း တင်ပြထားပါတယ်။


U.Myint

5 comments:

  1. why foreign currrency exchange rates are down??? because-
    Myanmar peoples can not effort to use foeign imported materials/devices/cars/computers/
    latest electronic devices/medicine/.
    most of the people can not buy such as items except very few people.
    I m an engineer working at other country.

    ReplyDelete
  2. ဒေါ်လာ လဲနှုန်း ကို ၈၀၀ နှင့် ၉၀၀ ကြား နှုန်းရှင်သတ်မှတ် မည် ဟု IMF နှင့် မြန်မာအစိုးရ အကြား လျှို့ဝှက် သဘော တူ လိုက်ပြီ ဖြစ်ပါသည်

    ReplyDelete
  3. ငွေကြေးဆိုင်၇ာ သက်မှတ်ချက်တွေ ကို တော့ သေချာနားမလည် ပါ... သို့သော် ကျွန်တော် ယူဆ တာ ကတော့ မြန်မာ
    ငွေတန်ဖိုး တက်နေတာ မဟုတ်ပါဖူး .... မြန်မာ ငွေတန်ဖိုး တက်တာ မှန် ၇င်ေ၇ွှဈေးတတ်စ၇ာ မလို ပါဖူး
ွှေ၇ွှဈေးနဲ့တွက် မယ် ဆို .. မြန်မာ ငွေ ဟာ တန်ဖိုးကျနေတာပါ....
    အမေ၇ိကန် ဒေါ်လာတွေ တန်ဖိုးကျဆင်းလာ ခြင်း... ကမ္ဘာေ၇ွှဈေး ထိုးတတ်နေလို့ ဖြစ်ပါတယ် ...

    ReplyDelete
  4. ဘာလို့ဒေါ်လာကျသလဲလို့မေးပါ၊မြန်မာငွေတန်ဖိုးတက် တာမှမဟုတ်တာ။တက်တာဆိုကျုပ်တို့ငွေ ၅၀၀၀ လောက်အိတ်ထဲထည့်ပြီးသုံးဖြုန်းမကုန်ဖြစ်နေမှာပေါ့၊
    ဘာလို့လဲဟုတ်လား..သိသိကြီးတွေအကြိမ်ကြိမ်မေး မနေပါနဲ့လေ။တဖက်ဆောင်းနင်းလူတအုပ်ကလုပ်ချင်တိုင်းလုပ်ခွင့်ရနေရင်ဒါဖြစ်မှာဘဲ၊ မတရားရထားတဲ့ ဒေါ်လာတွေသယ်ယူလာကြတယ်ဗျာ။ရတယ်အထုတ် လိုက်၊ချွေးနည်းစာလေးခိုးချောင်ခိုးဝှက်ယူလာရင်သာပြသနာလုပ်သာ၊ ပြီးတော့ရှိသမျှမြေတွေ ကိုယ်ပိုင်လုပ်ပြီးရောင်းစားနေကြတယ်၊ ဘေးတီးပေးပြီးမြေဈေးတွေမတတ်တတ်အောင်လုပ်တာ၊သာမာန်လူတွေအတွေက်မြေမကျန်ဘူး၊မြေရှင်ခေတ် သစ်ဖြစ်တော့မယ်၊ဒီမှာလဲကျပ်ငွေသုံးရတော့ဒေါ်လာကျ ပြန်တယ်၊အစိုးရကလဲမတရားရလာတဲ့ငွေမှန်းသိရက်နဲ့ အခွန်ကိုရောင်အ၀ယ်လုပ်နိုင်အောင်လျော့ကောက်တယ်၊အချိန်အကန့်အသတ်လေးပေးလို့၊နားမလည်နိုင်အောင်ပါဘဲ။တကယ် တော့သူတို့နားကပညာရှင်ဆိုသူတွေရယ်၊သူတို့ကိုယ်တိုင်ရဲ့အကျိုးတွေရယ်ကိုရှေ့တန်းတင်တဲ့လုပ်ရယ်တွေ ကြောင့်ဖြစ်ရတာပါ၊လွယ်လွယ်လေးပါ၊လခစားတွေလခတိုးပေးလိုက်ပေါ့။တခါထဲဒေါ်လာဈေးတက်သွားမယ်။ဒါလည်းဖြစ်သင့်ပါတယ်။လဒ်စားနေလို့နေနိုင်နေကြတာ၊သူတို့စားတဲ့အောက်ဆိုဒ်ဆိုတာလည်းတိုင်းပြည်နဲ့လူထုကပေးနေရတာဘဲ။ဒီတော့အစိုးရကတကယ်စေတနာရှိ ရင်မြေကွက်တွေဖေါ်မြို့ကွက်တွေလုပ်၊အိမ်ခန်းတွေ ဆောက်ပုံမှန်ဈေးလေးနဲ့ရောင်းပေး၊ကားတွေပေးသွင်း၊လူတွေလည်းခင်ဗျားကြီးဆတို့လိုနေချင်သွားချင်တာ ပေါ့၊ ခုတော့ဘာလုပ်လုပ်ခင်ဗျားတို့အရေးဘဲရှေးရှုနေကြတာ။ အောက်ချေနဲ့ရှိစုမဲ့စုလူလတ်တန်းစားတွေကခံပေတော့ဘဲ.

    ReplyDelete