Pages

Tuesday, August 16, 2011

ဦးကျော်ဆန်း ပြုတ်မှာလား

-
-




ဦးကျော်ဆန်း ရာထူးကနေ နှုတ်ထွက်ရပြီ ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ဟုတ်ပါတယ်၊ သြဂုတ်လ ၁၂ ရက်နေ့ အစိုးရသစ်ရဲ့ ပထမဦးဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ငိုပြခဲ့တဲ့ ဇာတ်လိုက်ကျော် ပြန်ကြားရေးဝန်ကြီး အကယ်ဒမီ ဦးကျော်ဆန်း ဖြစ်ပါတယ်။

ပြန်ကြားရေးဌာန အရာရှိကြီးတယောက်ကတော့ ``ဒီနေ့ ၀န်ကြီး ရုံးတက်ပါတယ်။ မျက်နှာတော့ မကောင်းဘူး။ နှုတ်ထွက်ရမယ်ဆိုတဲ့ သတင်းကတော့ ရုံးထဲမှာ ပြန့်နေတယ်´´လို့ ဆိုပါတယ်။

``သိရသလောက်တော့ အဲဒီနေ့က ငိုပြတာကြောင့် လို့ ကြားပါတယ်´´ လို့ သူက ထပ်ပြောပါတယ်။

ပြန်ကြားရေးက ထုတ်ဝေတဲ့ ဒီကနေ့ထုတ် သတင်းစာတွေမှာတော့ အသွင်ပြောင်းမှုတချို့ကို တွေ့ရမှာပါ။ ၀ါဒဖြန့်စာတချို့ကို နောက်ကျောဖုံးမှာ မထည့်ဘဲ အတွင်းစာမျက်နှာထဲ ပြောင်းထည့်လိုက်တဲ့အပြင် BBC, VOA, RFA, DVB စတဲ့ အသံလွှင့်ဌာနတွေကို ပေါ်တင် တိုက်ခိုက်တာတွေလည်း ဖြုတ်ထားပါတယ်။ ဟိုတုန်းကတော့ အဲဒါတွေက နောက်ကျောဖုံးမှာ နေ့စဉ် နေရာရတဲ့ ကြော်ငြာတွေ ဖြစ်ပါတယ်။

စည်သူ
(လတ်တလော သိရသမျှဖြစ်ပါသည်။)



-

6 comments:

  1. ကေကေအိုAugust 16, 2011 at 6:37 PM

    ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား မိကျော်ဆန်းရယ်၊ သူတစ်ယောက်ထဲ နုတ်ထွက်ရုံနဲ့တော့ ဘာမှထူးမယ် မထင်သေးပါဘူး ဧရာဝတီရယ်။

    ReplyDelete
  2. နားသင့်ပါပြီ ဘယ်နိုင်ငံက ပြန်ကြားရေးဝန်ကြီးမှ သတင်းစာရှင်းလင်းပွဲမှာငိုတာမတွေ့ပါဘူး အားလုံးပြုံ့းရွင်စွာနဲ့ပါ ဆိုးတာပြောပြောကောင်းတာပြောပြော အေးဆေးပါပဲ မြန်မာက ဆရာသမားကတော့ လွန်ပါတယ် အစိုးရကို သိက်ခါကျစေပါတယ် နောက်ပြီး ကချင်ဒေသစစ်ရေးအခြေနေကိုမေးတော့လဲ လိမ်မာပါးနပ်မှုမရှိပါ ထင်ရာမြင်ရာတွေပဲပြောနေပါတယ် တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးဆိုတာ အင်မတန်မှ သိမ်မွေ့သည့်လုပ်ရပ်ပါခင်ဗျားဒီလိုမျိုးကို မထားသင့်ပါ

    ReplyDelete
  3. အကယ်ဒမီလိုချင်လို နေမှာ။ကဲ...၂၀၁၁ အကယ်ဒမီ ယူစေဗျာ.သားကြီးကျော်ဆန်း..ရေ...

    ReplyDelete
  4. ပြိတ္တာမျက်ရည် မြေမကျကောင်းဘူး ကိုရင်ကျော်ဆန်းရေ့

    ReplyDelete
  5. ဟယ့်တော် ဆန်းဆန်းလေးသနားပါတယ်....
    အလုပ် ပြုတ်ရင်အားမငယ်နဲ့ နော်....ဒို့ နဲ့ ရှောက်သီးဆေးပြားလာရောင်းနော်..အဟိ.

    ReplyDelete
  6. မျက်ရည်တော့ မကျနဲ့ အချစ်ရေ..မျက်ရည်နဲ့ မနှိပ်စက်လေ.. ဘ၀ဆိုတာ ပန်းခင်းလမ်းမဟုတ်ဘူး..ခိုးထားသမျှ ..အခုတော့သိပြီ..ဘုန်းထားသမျှ.. အခုတော့ သိပြီ

    ReplyDelete