Pages

Saturday, August 27, 2011

ရေထဲက တာချီလိတ်

~




တာချီလိတ်မြို့ ပုံထော၊ တာလော့ဈေး၊ ဆန်ဆိုင်း သုံးရပ်ကွက်မှာ မနေ့က ရေကြီးပါတယ်။ ရေတွေကတော့ လမ်းမပေါ်မှာဆိုရင် ခါးလောက် ရှိတယ်။ အိမ်တွေကတော့ အလုံးလိုက် မမြုပ်သေးဘူး၊ တ၀က်လောက်တော့ ရှိတာပေါ့၊ ကျမတို့ အိမ်ဆိုရင် ရင်ဝ လောက် ရှိပြီ လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။


တလော့ဈေးမှာ ပျက်စီးမှုတွေ ရှိမရှိ မသိဘူး။ ပထမ အကြိမ်ရေကြီးတုန်းက ပစ္စည်းတွေကို ရွှေ့ထားကြတယ်လေ။ ပျက်စီးမှုတွေ ရှိမယ်လို့တော့ မထင်ဘူး။


လွန်ခဲ့တဲ့ ၂၀ ရက်နေ့ မွန်လွဲပိုင်းက စပြီးတော့ ၃ ရက် ဆက်တိုက် ရေမကျဘူး။ ၂ ရက်ကြာတော့မှ မနေ့က မနက် စောစော ရေပြန်ကြီးတယ်။

“မိုးညတုန်းက တညလုံးနီးပါး ပြန်ရွာတယ်၊ တောင်ကျရေလည်း ပါတာပေါ့၊ နောက်ပြီးတော့ မိုးအရမ်းရွာရင်လည်း ချောင်းရေက တက်လာပြီး ရေက မြို့ထဲကို ပြန်ဝင်လာပြီ” တဲ့။


အစိုးရက ဘာမှ မလုပ်ပေးဘူးလား မေးတော့၊ “ပြောမနေပါနဲ့အကို” လို့ ဆိုပါတယ်။


လမ်းအခြေအနေ??

“ပြောမနေပါနဲ့ လမ်းတွေ ပျက်စီးတာ ရက်စက်တယ်၊ အခု ရေကြီးတော့ ပိုဆိုးတယ်၊ ချိုင့်ခွက်တွေ အများကြီးပဲ။ ဆိုင်ကယ် မှောက်ပေါင်းလည်း မနည်းတော့ဘူး၊ ဆိုင်ကယ်တွေ အစီးပေါင်း မြောက်များစွာ မှောက်နေကြတယ်၊ အဲဒီလမ်းမှာ အခု ရေဖုံးသွားတဲ့ အခါကျတော့ မမြင့်ရတော့ဘူး။ ဒီအတိုင်းမောင်းတော့ မှောက်တာတွေ အများကြီးပဲ” လို့ ပြောပြပါတယ်။


လူသေတယ်လို့တော့ မကြားဘူး၊ ဆိုင်ကယ်မှောက်ပြီးတော့ ဒဏ်ရာတွေ ရကြတယ်လို့တော့ ကြားပါတယ် တဲ့။

သန်းထိုက်ဦး

~

2 comments:

  1. တာချီလိတ် ရေကြီးတာ ပုံမှန်လိုဖြစ်နေပါပြီ။လူထုကကိုယ်အားကိုယ်ကိုးပြီးပြင်မှကောင်းမှာပါ။ အာဏာပိုင်တွေအားကိုးလို့ကတော့ ဘာမှအောကာင်းထူးမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူတို့က လူထုကို ဖိနှိပ်ဖို့သာအာဏာပိုင်တာ ကူညီဖို့မဟုတ်ဘူး။

    ReplyDelete
  2. အဟင့် အဟင့်
    အပေါ်ကလူပြောတဲ့အတိုင်းပဲ
    ကျမတို့အိမ်လဲလည်ပင်းလောက်မြုပ်နေပြီ
    အဟီးဟီး ငိုရမလား ရီရမလားမသိတော့ဘူး
    ရေကြီးတာတစ်ခါတစ်လေတော့ပျော်စရာအကောင်းသား
    လူတွေအများကြီး
    အစိုးရကိုအပြစ်ပုံချရတာလဲဖတ်ရတာပျော်စရာကြီး
    မိုးဆက်တိုက်ရွာချအောင်လုပ်ပေးတဲ့သိကြားမင်းကိုလဲကျေးဇူးတင်တယ်
    မိုးမတားနိုင်တဲ့အစိုးရကိုလဲတစ်ခါတစ်လေတော့သနားစရာကောင်းတယ်
    ဘာပဲဖြစ်ဖြစ်ကျမတို့တာချီလိတ်သူတွေကတော့ရေကူးလိုက်နေပူလှမ်းလိုက်နဲ့ကမ်းခြေဒေသမှာအပန်းဖြေနေတယ်လို့ပဲသဘောထားပါတယ်

    ReplyDelete