Pages

Saturday, August 20, 2011

၁၉ ရက်နေ့ တွေ့ဆုံပွဲ ဓာတ်ပုံ


မနေ့ကတော့ ပုံက တီဗီက ယူတာမို့ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ရှင်းလင်းတဲ့ ဓာတ်ပုံကို ဖော်ပြပေးလိုက်ပါတယ်။ ဗိုလ်ချုပ်ပုံအောက်မှာ “အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း” လို့ စာတန်းထိုးတာတွေ့ပါတယ်။ စာသင်ကျောင်းတွေ ရုံးတွေမှာ ဗိုလ်ချုပ်ပုံ မမြင်ရတာ ကြာပါပြီ။ ခုမှပြန်တွေ့ရတာ ဆန်းပါတယ်။ ဘာသဘောလဲဆိုတာတော့ သမ္မတကြီးနှင့် အပေါင်းအပါများသာ သိမှာပါပဲ။

21 comments:

  1. နိုင်ငံတော်ကြီး တိုးတက်စေချင်တဲ့ စိတ်စေတနာတွေ မှန်နိုင်ကြပါစေ...အနောက်မှာ ဗိုလ်ချုပ်ပုံကို ပြန်ချိတ်တာ တွေ့ရတော့ ကျေနပ်မိပါတယ်

    ReplyDelete
  2. Pls discuss for release the all of prisoner also.. who are suffer in prison..

    ReplyDelete
  3. ကေကေအိုAugust 20, 2011 at 1:40 PM

    ဘာသဘောလဲဆိုတာ သမ္မတကြီးနဲ့ အပေါင်းပါများသာ သိမှာပါဆိုပေမဲ့ ကောင်းတဲ့သဘော ဖြစ်ပါစေလို့ ဆုတောင်းရမှာပါဘဲ။ အပြောင်းအလဲများလိုက်ကြတာကတော့ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်ဗျာ။

    ReplyDelete
  4. မောင်ကောင်းAugust 20, 2011 at 1:42 PM

    အင်းပေါ့ဗျာ .. ကျနော်ကလဲ သိပ်အတွေးမခေါင်တတ်တော့ ခလေးတွေးပဲတွေးလိုက်တယ် .. ဝုန်းဒိုင်းကြီးဘယ်နှယ့်ဖြစ်တာတုန်းပေါ့ ? ဒေါ်စု ကို ချော့များချော့နေတာလား ? သိပ်ပြီး အိုဗာဖြစ်လွန်းတယ် .. ဒီအစိုးရ ဒီလောက်အပြောင်းအလဲမမြန်လောက်ပါဘူးပေါ့ ..

    ReplyDelete
  5. အမြဲတမ်း လိမ်ညာခံနေရတဲ့ ပြည်သူAugust 20, 2011 at 1:49 PM

    သိန်စိန်နဲ့အပေါင်းပါ အဏာရှင်အုပ်စုတို့က လိမ်လည်ကောက်ကျစ်တဲ့သူတို့ပါ.. သူတို့ကို မယုံကြနဲ့ဟေ့. အောင်ဆန်းစုကြည်နဲ့ဟန်ပြ တွေဆုံဘို့အတွက် ၀ါဒဖြန့်ကောင်းအောင်း ဗိုလ်ချုပ်အောင်ဆန်းပုံကို ခဏလေး ချိတ်ထားတာပါ... ပြီးယင် စစ်အာဏာရှင်တို့၏အဖေ သန်းရွေပုံဘဲပြန်ချိတ်ထားမှာပါ....သိန်းစိန်တို့က လည်ပြီးသာ အဲဒါကြောင့် မြန်မာနိုင်ငံကို နစ်ပေါင်းနစ်ဆယ်ကျော်လောက် အမျိုးမျိုးလိမ်ညာပြီး အုပ်ချုပ်နေတာလေ.ပြည်သူတွေ ဆက်ပြီးယုံယင်တော့ ဆက် ပြီးတော့ ဒုက္ခခံလိုက်အုံးပေါ

    ReplyDelete
  6. အနှစ် (၂၀) ကျော်ပြည်နှင်ဒဏ်ပေးခံရတဲ့ ဒို့ချစ်မြတ်နိုးတဲ့ ဒို့ ရဲ့ အသည်းနှလုံး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်ကို နေရာမှန် ပြန်ရောက်စေသလို ပြည်သူ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုကိုလည်း နေရာမှန် ရောက်ရှိမယ်ဆိုရင် မြန်မာပြည်ကြီး ကျက်သရေနှင့်ပြည့်စုံသလို ဦးသိန်းစိန်လည်း ကျက်သရေအရှိဆုံး သမိုင်းပေးတာဝန်တခု ကျေပွန်သွားမှာပါ။
    အဲလိုမှမဟုတ်ပဲ..ဗိုလ်ချုပ်ကို ..ခုတုံးလုပ်ပြီး..အသုံးချဘို့ သက်သက်..ဆောင်ရွက်ထားတယ်ဆိုရင်တော့...ဦးသိန်စိန်လည်း..ဒီပုတ်ထဲက ဒီပဲ..လူယုတ်မာစာရင်းက ထွက်ခွင့်ရမှာ မဟုတ်ပေဘူး..

    ReplyDelete
  7. ဒေါ်အောင်ဆန်းစုကြည် နဲ့ ဟန်ဆောင် တွေ့ပြလိုက်ပါ လို့ တပ်ချုပ်ကြီး သန်းရွှေက ပြောလို့ ခွင့်ပြုလို့ တွေ့တာပါ။ ဘာမှ အကောင်းမြင်တာတွေ မျှော်လင့်ချက်တွေ လုပ်မနေကြပါနဲ့။ ဒီကြံ့ဖွတ် အစိုးရ ရိုးသားမှု ရှိမရှိ လာမဲ့ အာဆီယံ ကိစ္စပြီးရင် ဒုံရင်းက ဒုံရင်း ဖြစ်ပြီး ဘာမှာ အကြောင်းထူးလာမှာ မဟုတ်ကြောင်း လက်ဖြတ်ကြေး (ဘယ်လက်) လောင်းရဲပါတယ်။ ကျွန်တော်က ညာသန်မို့လို့ပါ။

    ReplyDelete
  8. ASIAN chairman seat ကို အသေအလဲ ငန်းငန်းတက် လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲလိမ် မဲခိုး အတင်းအကြပ်မဲတွေ နဲ့ မတရား သဖြင့် အရှက်မရှိ အနိုင်ယူ ခဲ့တဲ့ ရွေးကောက်ပွဲကနေ လာသူတွေ ဖြစ်နေလေတော့ တရား ဥပဒေ ကြောင်း အရ ကြည့်ရင် ယိုသူမရှက် မြင်သူရှက် ဆိုသလို ဖြစ်နေလေတော့ လိပ်ပြာမလုံဘူး။ တရားဝင် အစိုးရပါလို့ ပြည်တွင်းမှာ ဘယ်လိုပဲ အရှက်မရှိပြောနေပါစေ.. အနဲဆုံး ASIAN မှာတော့ လူရာဝင်ဝင် ဥက္ကဌ ဖြစ်ချင်တာကြောင့် နဝတ နအဖ တသက်လုံး တဖက်သတ် ချိုးချိုးနှိမ်နှိမ် အတင်းပြောခဲ့တဲ့ ဒီပဲရင်းမှာ အသေသတ်ဘို့ ကြိုးစားခဲ့ကြတဲ့ မိန်းမသား (မုဆိုးမ) တယောက်ကို ခုမှ ဖက်လှဲတကင်းနဲ့ အရေးတယူ လုပ်လာနေရတာ ကို သံသယ ကြီးစွာ စောင့်ကြည့်နေပါကြောင်း။ ဘောင်းဘီဝတ် ကနေ နေ့ချင်းညချင်း ပုဆိုးပြောင်းဝတ် လိုက်ပြီး ချက်ချင်း အရပ်သား သမ္မတ ဖြစ်လာသူ အရပ်သား အစိုးရ အဖွဲ့ ဆိုသူများ ပြည်သူတွေ ကမယုံကြတာ မဆန်းပါ။

    ReplyDelete
  9. ထောင်ထဲက မတရား အဖမ်းခံထားရတဲ့ အကျဉ်းသား ၂၀၀၀ ကျော်ကို ချက်ချင်းလွတ်ပေးရင် ဦးသိန်းစိန်ကို သာဓုခေါ်ကြမယ်။

    ReplyDelete
  10. I think they (political prisoners) will be released very soon after a few round of talks...

    ReplyDelete
  11. Hi Maung Thein Sein,
    you are still lying to DASSK and the whold world. You are showing whatever. No one believe, even animals.
    If you want to improve our country. Not neccessaryto meet DASSK and others.
    Only you and all your member to resign and hand over the chair tothe peoples.
    Don't forget to release MKN, KKG and all political prisoner.
    Notice that everybody know you are still lyinggggggg......

    ReplyDelete
  12. My personal opinion is- everyone need to have a balanced view.
    Most of the dictators, when they are thrown into the drain, the old remaining followers are not dare enough to mention the name, let alone posting their potrait on the walls of important meeting halls.
    It is different with General Aung San.
    Up to the previous dictators of Burma no one is dare to hang his porait. (However it is lucky that his brass statue is allowed to stand in the Royal Lake garden).

    It seems that they deleberately show Bogyoke's potrail, hopefull in good faith. I think without the blessing of powerul people, it will never happen expecially police state, like in Burma

    ReplyDelete
  13. ရင်ထဲက ခံစားချက်တွေ ဘေးဖယ်ထားပြီး မြန်မာပြည်တိုးတက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့။
    တို့မြန်မာတွေ စည်းလုံးကြမယ်။ ကြိုးစားကြမယ်။
    အဖေ နဲ့ အမေ ပြုံးပျော်နေပြီး ချစ်ခင်နေကြရင် အဝေးရောက် သားသမီးတွေလဲ ၀မ်းသာဂုဏ်ယူမိပါတယ်။

    ReplyDelete
  14. မျက်လှည့်ဘဲယုံမယ် သိန်းစိန်တို့ကိုမယုံဘူး...
    အကျည်းသားတွေ အရင်လွတ်.. တိုင်းရင်းသားနယ်မြေကနေ တပ်တွေရုပ်ပြီး UNFC နဲ့တွေ့ဆိုနိုင်မယ်ဆိုရင်တော့ စဉ်းစားမယ်..
    အယုံလွယ်သူများ... စစ်တုရင်ကစားခုံပေါ်က ကိုသားရွှေဘယ်လို အကွက်တွေရွှေ့နေလဲဆိုတာ စောင့်ကြည့်လိုက်...

    ReplyDelete
  15. Thein Sein Thein Sein I know what you are looking for?? ha ha ha. If your gov is clean why didn't you do so early?? They are just acting like very kind gov. They are using very clever way lay. Just wait and see.

    ReplyDelete
  16. I don't believe they are turning to good point to shaking hand with NLD. I believed they are getting cool in the current international pressure and avoid from revolution which people of Burma are turning to this point. Military man are the best actor then prostitute. I don't mean all the military man.
    They always act like this, look back past and think yourself

    ReplyDelete
  17. Saw Tinn Maung (Kyong Dine Villager)August 21, 2011 at 10:41 AM

    Nothing to do and say, Thein Sein. You just need to do only one thing that is just Handover Country to People. We are not brainless to believe your Lies.

    ReplyDelete
  18. နားလည်မှုတွေ စတင်တည်ဆောက်နေတဲ့ အချိန်မှာ အစိုးရနဲ့ အတိုက်အခံ ယုံကြည်မှု ရှိဖို့ အရေးကြီးပါတယ်...
    comment ရေးတဲ့နေရာမှာလဲ တယောက်နဲ့ တယောက် ယုံကြည်မှု ပျက်ပြားစေတဲ့ comment တွေကို ရှောင်နိုင်ရင် ပိုအဆင်ပြေမှာပါ...
    သူတို့ ဘာတွေပဲ လုပ်နေ လုပ်နေ ဝေဖန်ဖို့ စောပါသေးတယ်ဗျာ...
    နိုင်ငံတိုးတက်ဖို့ တခုတည်းကိုပဲ စဉ်းစားပြီး ပူးပေါင်းကြပါစို့ လို့ တိုက်တွန်းပါရစေ....

    ReplyDelete
  19. လိမ်ဆင်ကြီး
    အနောက်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ဓာတ်ပုံကို
    အမှန်တစ်ကယ်လေးစားမြတ်နိုးလို့ချိတ်ထားတာဆိုလျင်၊
    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရနဲ့ သက်ဆိုင်ရာနေရာတိုင်း ချိတ်ဆွဲထားဖို့ အမိန့်ထုတ်လိုက်ပါ။
    အန်တီဆုကို လက်ခံတွေ့ဆုံတဲ့ အခန်းတစ်ခုတည်းမှာပဲ ဘာ့ကြောင့် ချိတ်ထားတာလဲ။
    အရင် နိုင်ငံခြား ဧည့်သည်တော်ကြီးတွေကို ဧည့်ခံတုန်းကလည်း မတွေ့မိပါလား။

    ReplyDelete