Pages

Friday, August 19, 2011

တရုတ်ကို သွယ်တန်းနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု အခြေအနေ




(ဓာတ်ပုံတွေကို ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကျေးဇူးပြုပါတယ်။)

ရခိုင်ကမ်းလွန်ကနေ တရုတ်နိုင်ငံသို့ သွယ်တန်းမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ရှမ်းပြည်မြောက်ပိုင်းမှာ တရုတ် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) က လုပ်ငန်း စတင် အကောင်အထည်ဖော်နေပါပြီ။

စီမံကိန်းအရ ပိုက်လိုင်းဟာ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းက စပြီးတော့ အမ်းမြို့နယ်၊ ပြီးတော့ ရခိုင်ရိုးမကို ဖြတ်ကျော်၊ ပြီးတော့ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ပြီး ရေနံချောင်းမြို့နယ်အတွင်း ဝင်မှာ ဖြစ်ပါတယ်။

အဲဒီကနေ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ပြီးတော့ ပုသိမ်ကြီးမြို့နယ်မှ မေမြို့၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နဲ့ ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ်မှာပါ။

ပိုက်လိုင်း ဖောက်လုပ်နေမှုနဲ့ ဖောက်လုပ်ရာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဧရာဝတီသတင်းထောက် ကိုရန်ပိုင်က ပုံမှန် သတင်းများ ဖော်ထုတ်ရေးသားနေပါတယ်။ ရေးပြီးတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ပါ။

9 comments:

  1. ချုံကင်းမြို့သည် ဇီချွမ်ပြည်နယ်၏ မြို့တော်ဖြစ်သည်

    ReplyDelete
  2. ပစ္စည်းသိုလှောင် ဖြန့်ဖြူးရေဌာန ၊ သီပေါမြို့ ဆိုတာကို ဖတ်ရပြီး စိတ်မကောင်းဖြစ်မိပါတယ်။ အပေါ်က စာလုံးကြီးက တရုပ်စာဖြစ်နေပြီးတော့ အောက်က စာလုံးသေးက ဗမာစာဖြစ်နေလို့ပါ၊ သီပေါမြို့ဟာ မြန်မာနိုင်ငံပိုင် မြို့ဖြစ်လို့ ဗမာစာကို အကြီးနဲ့ အပေါ်က ရေးပြီးတော့ အသေးကို တရုပ်လို့နဲ့ ရေးရမှာဖြစ်လို့ပါ၊ တရုပ်က လူးပါဝပြီး ကိုယ့်မြေပေါ်မှာ သူ့နယ်မြေလိုလို စာတမ်းထိုးထာ ကို စိတ်မကောင်းဖြစ်မိပါတယ်ဗျို့

    ReplyDelete
  3. very soon Chinese will invade to Upper and West of Burma.

    ReplyDelete
  4. Very soon in future this Chinese will invade to upper and western side of Burma.

    ReplyDelete
  5. အဲဒါပဲလေ ကျွန်ဘ၀က မလွန်မြောက်သေးဘူးဆိုတဲ့
    သင်္ကေတပေါ့ဗျာ .
    အင်္ဂလိပ်ကျွန်ဖြစ်တုန်းက အင်္ဂလိပ်စာကို ကိုယ့်မြေပေါ်မှာ အပေါ်ကနေရေးထိုးပေးရတာပဲ
    အခုတရုပ်ကျွန်ဖြစ်တော့ တရုပ်စာကို အပေါ်ကနေ ရေးထိုးပေးရတာ သိပ်တော့ မဆန်းပါဘူးဗျ.ကိုယ့်မြေဆိုပေမဲ့ သူပိုင်ဖြစ်နေပြီဆိုတာကိုတော့ အပေါ်ရေးထားတဲ့ စာက သက်သေပြနေပြီပဲလေ................a

    ReplyDelete
  6. ကိုချာ(ပင်လယ်ကွေ့)
    အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတို့ကစီးပွားရေးတွေ ပိတ်ဆို့ထားတော့ ကျွန်တော်တို့ဟာ တရုတ်၊ကိုရီးယား၊ဂျပန်တို့နဲ့ပဲ အဓိကကုန်သွယ်ရမှာပဲလေ။ အခုမှ တရုတ်စာရေးထားတယ်၊ ကိုရီးယားစာရေးထားတယ် ပြောလို့မရတော့ပါဘူး။ တရုတ်စာလုံးကိုကြီးရေးထားတာဟာလည်း အလုပ်သမား တွေ၊ အင်ဂျင်နီယာတွေ တော်တော်များများက တရုတ်တွေ ဖြစ်နေတော့ သူတို့မြင်သာအောင် ရေးသားထားတာဖြစ်နိုင်ပါတယ်။ အဓိကက တရုတ်ယဉ်ကျေးမှု၊ ကိုရီးယားယဉ်ကျေးမှုတို့ ကို ကျွန်တော်တို့မြန်မာလူငယ်တွေ အတုမခိုးမိဖို့ကဓိကပါ။

    ReplyDelete
  7. ကိုရင်...ရောင်းပြီးပြီလေ....ရေးချင်သလိုရေး
    လို့ရတယ်...တကယ်တော့ ဂန္ဒာလရာဇ်တိုင်း
    သား တရုတ်တွေဟာ ငါတို့ရဲ့  အရှင်သခင်တွေ
    လေ...ဧရာဝတီကိုတောင် လက်ဆောင်ပဏာ
    ဆက်ပြီးပြီ.......သန်းရွှေမင်းတရားကြီးကအ
    ကုန်လွဲပေးပြီးပြီ...ပြင်လို့မရတော့ဘူး...
    ဘိုးဘေးအစဉ်အဆက်က မြန်မာနိုင်ငံရဲ့ဧရာဝတီ
    ဟာ...၂၀၁၅ လောက်ဆိုရင် မြန်မာပြည်ကို အလုပ်
    ကြွေးမပြုတော့ဘူး....တရုပ်ပြည် ယူနန်ကိုအလုပ်အကြွေးပြုတော့မယ်...ဘိုင့်ဘိုင့်
    ဘတ်သီးမလင်းတဲ့..ရွေမြန်မာတို့ရေ...

    ReplyDelete
  8. no one can help Myanmar?

    ReplyDelete
  9. အဂ๎လိပ်က မြန်မာပြည်ကို အောက်ခြေ တနသ๎ာရီက စသိမ်းတယ်။တရုတ်က အထက် ဧရာဝတီမြစ်ဖျားက စသိမ်းနေပြီ။

    Myo Thant

    ReplyDelete