Pages

Monday, August 15, 2011

ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ဝက်ဘ်ဆိုဒ်


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်လွှင့်တင်လိုက်တဲ့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ဝက်ဘ်ဆိုဒ်ပါ။ e Trade Myanmar က အခမဲ့ရေးဆွဲပေးတယ်လို့ သိရပါတယ်။ ဝက်ဘ်ဆိုဒ် လွှင့်တင်ခြင်း အခမ်းအနားကို သြဂုတ် ၃ရက်နေ့၊ မနက် ၉ နာရီမှာ ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပသွားပါတယ်။

အနုပညာအရရော ငွေကြေးအရပါ အောင်မြင်သူတယောက်အနေနဲ့ လူမှုရေးလုပ်ငန်း လုပ်လာတာ၊ လုပ်ဖို့ စိတ်ဝင်စားလာတာကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

5 comments:

  1. ကောင်းတယ်ဗျာ။လုပ် ...အားပေးတယ်

    ReplyDelete
  2. သို့/
    ဖောင်ဒေးရှင်းစတင်တယ်ကြားရလို့ အထူးပဲဝမ်းသာပါတယ်။
    ကျွန်တော် သိခြင်တာတစ်ခုက ဒီဖောင်းဒေးရှင်ဟာ
    မိဘမဲ့ကလေးရဲ့ ပညာရေးဘက်ကို ကူညီဖို့ အစဉ်ပါသလား သို့မဟုတ် ပါရှိပါလျှင့် ဘယ်လို ဆက်သွယ်ပြီး ဘယ်လို ကလေး၊အသက်၊ ဘယ်လောက်ကို လက်ခံ ပါသလဲ ။ သိခြင်ပါတယ်။

    ReplyDelete
  3. ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်များ လုပ်ဆောင်ချက်များကောင်းမွန်ပါသည်။ သို့သော် မကြာမီက ပြုလုပ်ခဲ့သည့်ရံပုံငွေရှာဖွေပွဲ မုဒိတာလွင်ပြင်အငြိမ့်အဖွဲ၏ ပျက်လုံးခွင်များသည် မောင်နှင့် နှမ၊ သားနှင့်အမိ အတူမကြည့်သင့်သော ခါးအောက်ပိုင်းပျက်လုံးများသာတွေ့ ရပါသည်။ မြန်မာ့ အငြိမ့်အဆင့်အတန်းကို နှိမ်ချ ရန်ပုံငွေရှာဖွေခြင်းမျိုးမပြုသင့်ပါ.. နိုင်ငံတော်သီချင်းနှင့် ဒီအခမ်းအနား ဘယ်လိုမှ မပတ်သက်ပါ.. ပရိတ်သတ်ကို ကြိုတင် အသိမပေးထားပဲ နိုင်ငံတော်သီချင်းကို ထဆို ခိုင်းသည်များကို လုံးဝ (လုံးဝ) မလုပ်သင့်ပါ.. တိုင်းပြည်ကိုချစ်ရင် အငြိမ့်ခွင်ပျက်လုံးများကို အဆင့်ရှိရှိဖော်ထုတ်ပါ.. နိုင်ငံတော်သီချင်းဆိုမှ တိုင်းပြည်ချစ်ရာမရောက်ပါ... သက်ဆိုင်ရာလူကြီးများ သိစေချင်ပါသည်။။
    အချိန်ပေးဖတ်သူများကို ကျေးဇူးတင်လျက်

    ReplyDelete
  4. ပန်းခြူးခြူးDecember 22, 2011 at 6:50 PM

    အရမ်းလည်းကျေးဇူးတင်ပါတယ် .....အားပေးပါတယ် ....ကိုပြေတီရဲ့ ဖောင်ဒေးရှင်း..ကိုလဲ နိုင်ငံကျော်ကိုးဘွဲ့ရဆရာတော် ..အရှင်အာစာရာလင်္ကာရ..ကတောင်သာဓုခေါ်ပါတယ်တဲ့...ကိုပြေတီရေ...သမီးတို့...မကွေးတိုင်းတောင်တွင်းကြီးမြို့မှာတရားဟောရင်းနဲ့ ..ပြောသွားပါတယ်...

    ReplyDelete
  5. အကူအညီတစ်ခုလောက်တောင်းချင် လို့ရမလား။

    ReplyDelete