Pages

Sunday, August 14, 2011

ဒဿနဆရာ နန္ဒာသိန်းဇံ ကွယ်လွန်ပြီ

UMFCCI မှာလုပ်တဲ့ သောပြောပွဲမှ ဆရာနန္ဒာသိန်းဇံ

ယနေ့ ၁၄ သြဂုတ် ၂၀၁၁ တနင်္ဂနွေနေ့ ညနေတွင် ထင်ရှားကျော်ကြားသော ဒသနပညာရှင် စာရေးဆရာ၊ အငြိမ်းစား ဒဿနိကဗေဒ ပါမောက္ခ နန္ဒာသိန်းဇံသည် ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ဒေါက်တာ ခင်မောင်ညိုက ဖုန်းဆက် သတင်းပေးပါသည်။

မိတ်ဆွေတစ်ဦးကလည်း Khant Nyi Pe Saya Nandar Thein Zan passed away.14 August 2011,Sunday. ဟု ယခုလေးတွင် သတင်းပေးပါသည်။ ဆရာသည် အသက် ၆၅ နှစ်ခန့် ရှိပါမည်။ ကျန်းမာရေးမကောင်းတာတော့ ကြာပါပြီ။ ခရောင်းတောကို ဖြတ်သန်းခြင်း၊ မိတ်ဆွေကောင်းနှင့် ခရီးသွားခြင်းစသော အတွေးအခေါ်စာပေများကို ရေးသားခဲ့ပြီး လူငယ်ပရိသတ်အပေါ် အထူးလွှမ်းမိုးခဲ့ပါသည်။

(ဆရာမောင်ဝံသ ဖေ့စ်ဘုတ်မှ ကူးယူပါသည်)

ဧရာဝတီမှ သတင်းရေးသားချက် အပြည့်အစုံ ဖတ်ရန်

4 comments:

  1. Update News လေးတွေအတွက်.ကျေးဇူးပါ..
    အားပေးလျက်

    ReplyDelete
  2. ဆရာ
    ဆရာက ဆရာပါဆရာရယ်
    သို့ပေမယ့် ၁၀ ရက်ထဲ တက်ရတဲ့အဝေးသင်ကျောင်းသားဘဝ
    ဆရာ့ ကို အမှတ်တရတွေပေးခဲ့တဲ့ ကျနော်

    စစ်အစိုးရ လက်အောက်
    ဆရာတယောက်ရဲ့ အခက်တွေ့မှု
    ကျနော်မေးလိုက်တဲ့ မေးခွန်းက
    ဆရာ့ အတွက် ဒုက္ခ
    ကျနော်မှားလား
    ဆရာမှားလားဆရာ

    ကျောင်းကျောက်သင်ပုံး
    အစိမ်းရောင်ပေါ်က
    ဘယ်သူရေးမှန်းမသိတဲ့
    ကဗျာ ကိုရင်ခုန်လို့
    ကျနော် မှားလား
    ဆရာမှားလား ဆရာ

    လူအခွင့် အရေးနေ့
    အဖြူရောင်ဝတ်ဖို့
    ကျနော်လိုက်ပြောမိတယ်
    ကျနော်မှားလား
    ဆရာ မှားလား ဆရာ

    ကျောင်းတွင်းက
    ဂစ်တာမတီးရ
    ကဒ်ပြားလေးပေါ်မှာ
    ဟုတ်ကဲ့ လို့ရေးမိတဲ့ ကျနော်
    ကျနော်မှားလား
    ဆရာ မှားလား ဆရာ

    မှားနေတာတော့ မှားနေတာပဲ
    ဆရာက ဆရာပဲ ဘယ်သူမှားလဲ
    တမလွန် ကနေပဲ ဖြေပေးပါဆရာ

    Philo ကျောင်းသားလေး
    ဖိုးရှုပ်လေး

    ReplyDelete
  3. ဆရာ့တပည့်ရဟန်း

    ကမ္ဘာအေး သာသနာ့တက္ကသိုလ်ကျောင်းသားဟောင်း ဆရာ့ရဲ့တပည့်သုံးနှစ်ဖြစ်ဖူးတဲ့ ရဟန်းတော်တပါးပါ။ အထက်ပါ ဖိုးရှုပ်လေးရဲ့ ကဗျာက ဆရာကပဲ့ အစိုးရအကြိုက်အလိုက်ဖားပြီး ကျောင်းသားတွေကို နိုင်ငံရေးကို အားပေးအားမြောက် မပြုဟန်ပုံဖေါ်နေတယ်။ ဒီလိုမဟုတ်ပါဘူးဗျာ။ ဆရာ့ဆီမှာ အရှေ့တိုင်းဒဿနနဲ့ အနောက်တိုင်းဒဿနကို နှိုင်းယှဉ်ခြင်းဆိုတဲ့ ကို့စ်ကို သုံးနှစ်သင်ခဲ့ဖူးပါတယ်။ သူအတန်းထဲဝင်ရင် အတွေးအခေါ်သဘောတရားရေးရာနဲ့ လက်တွေ့အုပ်ချုပ်သူတွေရဲ့ လုပ်ဆောင်ချက်ကို သရော်နေတာက များပါတယ်။ ခေတ်နောက်ကျကျန်ရစ်နေတဲ့ မြန်မာပြည်အကြောင်းကို ဒဿနလေးတွေနဲ့ ရှင်းပြလို့ ကိုယ့်အလှည့်ရောက်ရင် မညံ့စေဖို့ ကျောင်းသားတွေကို နိုင်ငံရေးအသိပေးနေတဲ့ အချိန်က များပါတယ်။ ဒါကြောင့် ဆရာဟာ စစ်အစိုးရရဲ့ တက္ကသိုလ်တွေမှာ သင်ကြားပို့ချနေပေမဲ့လဲ စစ်အစိုးရအလိုကျ ဖော်လံဖားလိုက်ဟောနေတဲ့ ဆရာတယောက်မဟုတ်ပါ။ ကမ္ဘာအေးမှာ လစဉ်ကျင်းပနေကျ စာပေဟောပြောပွဲကို ဆက်ကျင်းပခွင့် မပြုရဲတော့တာကိုသာ ကြည့်ကြတော့။ တချိန်လုံး ကိုယ့်နိုင်ငံကို အုပ်ချုပ်နေသူတွေရဲ့ စနစ်ကို အားမလိုအားမရ အမြဲဖြစ်နေခဲ့တဲ့ ဆရာတယောက်အဖြစ် သုံးနှစ်သုံးမိုး တွေ့ခဲ့ဖူးပါတယ်။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. ကဗျာက ခံစားတာ တယောက်နဲ့ တယောက်မတူပါဘူး
    ကျနော်ရေးတာ ကျနော့် ခံစားချက်နဲ့ ပါ နောက်တယောက်က ဖတ်ရင်လဲ တမျိုးခံစားပါလေ့မယ်
    လွတ်လပ်စွာ ခံစားနိုင်ပါတယ်။
    စိတ်မကောင်းပါဘူး။

    ReplyDelete