-
အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံပြီးတဲ့နောက် ပူးတွဲ ကြေညာချက် ထုတ်ပြန်နေပုံများ ဖြစ်ပါတယ်။ (ဓာတ်ပုံများ-ဧရာဝတီ)



အရပ်သားအစိုးရလက်ထက် ဒုအကြိမ်မြောက် တွေ့ဆုံမှုအပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ကို RFA သတင်းဌာနမှာ အခုလို ဖော်ပြထားပါတယ်။
“ယနေ့ တွေ့ဆုံမှုတွေ နှစ်ဘက်စလုံးက အောက်ပါအတိုင်း သဘောတူညီ ခဲ့ကြပါသည်။
(၁) ပြည်သူလူထု တရပ်လုံး၏ ပကတိ လိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်း ပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် နှစ်ဘက် လက်တွဲ ဆောင်ရွက် သွားမည် ဖြစ်သည်။
(၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ဆက်လက် တိုးတက် ထွန်းကား စေရေးအတွက် လည်းကောင်း၊ စီးပွားရေးနဲ့ လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် လည်းကောင်း၊ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားမည်။
(၃) ပဋိပက္ခ အသွင်ဆောင်သော အမြင် သဘောထားများကို ရှောင်ရှား ကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် ဦးတည်ချက်ထား ဆောင်ရွက်သွားမည်။
(၄) တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ် သွားမည်”
-
သိပ် နားထောင် လို့  ကောင်းတာဘဲ။
ReplyDeleteစေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ။
စေတနာ ဟာ ကံ မြောက်ပါတယ်။(ဘုရား ဟောပါ)
ဒေါ်စု စေတနာ ကောင်းတွေ ကို ပြည်သူတွေ အားလုံး
လေးစားစွာ အသိအမှတ် ပြုပါတယ်။
လူဝတ်လဲ နအဖ လူထွက်တွေ ဘက်က ကော?
ဘာနဲ့ ပြမလဲ။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် ။
နယ်စပ်မြေခြား က တိုင်းရင်းသား တွေ ကော။
ထမိန် ချွတ်ခံနေရ ပီ ဖြစ်တဲ့ မိခင် ဧရာဝတီ ကိစ္စ ကော။
မျက်ရည်ကျ ငိုပြ လို့ ရကြေး ဆိုရင် --ဧယျာဉ် သာ သွားကျူး နေကြပါတော့။
ဒေါ်စုလဲ အချိန်ဆွဲလိမ်ညာ ချော့မော့အချိုသပ် မဟာဗျူဟာကြီးထဲ မျောသွားပြန်လေပြီ။ တိုင်းပြည်နဲ့ လူမျိုးအပေါ်တကယ်အစစ်အမှန်သာ သန့်ရှင်းသောစေတာနာသန့်သန့် ရှိခဲ့ပါမူ နအဖအာဏာရှင်အစိုးရသည် ယခုအချိန်အထိ အာဏာကိုဆုပ်ကိုင်ထားမည်မဟုတ် --
ReplyDeleteလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် ကို တွေ့ ဆုံခြင်ဟာ စစ်မှန်တဲ့ ထွက်ပေါက်ဖြစ်ပါတယ်။ ပြည်သူတွေ ရဲ့ အကျိုးစီးပွားဖြစ်လို့ ကောင်းကောင်းမွန်မွန် ဖြူဖြူစင်စင် ဆက်လက်တွေ့ ဆုံသင့်ပါတယ်။ ပြည်သူတွေ အတွက် တကယ်အကျိုးရှိမည့် လူထုမျှော်လင့်ထားတဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးအကျဉ်းသား တွေကို ချွင်းချက်မရှိ လွတ်ပေးလိုက်မယ်ဆိုရင် နိုင်ငံတကာက လက်ရှိ အစိုးသစ်ကို ကြိုဆိုထောက်ခံ ကြမှာ မလွဲပါ။ နိုင်ငံတကာမှာ မျက်နှာပွင့်လာမှာပါ။ လူထု မျက်နှာပွင့်ဖို့ ကတော့ ဆက်ပြီး တည်ငြိမ်အောင် ကြိုးစားနိုင်မှာ လူထုအစိုးရလာမှ ဖြစ်မှာပါ။
ReplyDeleteမောင်ဒေါင်းဟာ ပြည်ပရောက် ဒုက္ခသည် လက်မှတ်ကိုင်ဆောင်ပြီး အနောက်ကို ထွက်ဖို့ စောင့်ဆိုင်းနေသူလေလား၊ ဒါမှမဟုတ် ဒုက္ခသည် လက်မှတ် ထုတ်လုပ်ရေး အဖွဲ့အစည်းတွေကပဲလား၊ တစ်ခုခုတော့ တစ်ခုခုပဲ၊ သူ့လေသံက ဒေါ်စုနဲ့အစိုးရ အေးအေးဆေးဆေး ပူးပေါင်းဆောင်ရွက်သွားကြမှာကို မလိုလားတဲ့အသံ
ReplyDeleteအခု အစိုးရက (အရင်အစိုးရ အတူတူပါပဲ) ဒေါ်စုအပေါ် လူထုက မောင်ဒေါင်းတို့မြင်သလို မြင်အောင် လုပ်နေတာပါ။ သူတို့တွေ့တာလည်း စေတနာအမှန်မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒေါ်စုက သတိနဲ့လက်ခံတွေ့နေတာကို ဒေါ်စုမျက်နှာကြည့်ရင် နားလည်လို့ရပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကောင်းကျိုးတခုခု ဖြစ်ထွန်းမလားဆိုတဲ့စိတ်နဲ့ဒေါ်စုက လက်ခံနေတာပါ။
ReplyDeleteဒီလိုတွေ့ဆုံဆွေးနွေးတယ်ဆိုတာကြားကောင်းအောင်လုပ်တာတွေပါဗျာ၊တစ်ဖက်ကပါတီကိုလည်းအသိအမှတ်မပြုဘူးလို့ကြေငြာပီးပီ၊ဒါဆိုဒီပါတီကိုကိုစားပြုသူနဲ့ဘာကြောင့်ဆွေးနွေးနေမှာလဲ၊ဒီကြားထဲ၈၈မျိုးဆက်ဆိုတဲ့ဟာတွေကလည်းဘာမသိညာမသိကြိုဆိုပါတယ်ဆိုတာကပါလိုက်သေးတယ်၊တကယ်တော့ဒေါ်စုဟာစစ်အစိုးရရဲ့နိုင်ငံရေးအသုံးချခံတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေပီ၊အစိုးရကသူသေသွားမှာတောင်ကြောက်နေဦးမယ်၊ခုချိန်မှာတစ်ခုခုဆုံးဖြတ်ချက်ချပီး do or die ပဲလုပ်ရတော့မှာ
ReplyDeleteဟေ့ကောင်ခက်ထန်...မင်းတို့လဲအတူတူပဲ.ယိုးဒယားမှာနေဆော်တွေနဲ့ကဲနဲ့...ဘိုကြည်တို့တိတ်နိုင်တို့နဲ့ပုလင်းတူဘူးဆို့တွေ၊ဘီယာသောက်တာတောင်ချီးယားစ်လုပ်ရင်မြန်မာ့ဒီမိုကရေစီအရေးအဓွန့်ရှည်ပါစေဆိုပီးဆုတောင်းနေတဲ့ကောင်တွေ
ReplyDeleteအော် မောင်ဒေါင်းရယ် အခုကြတော့ ဒေါ်စုလည်း ပါ သွားပြီပေါ့.. နိုင်ငံ တည်ငြိမ် သွားရင် US တို့ နော်ဝေတို့ မရောက်တော့မှာ ဆိုးလို့ လား။။။။
ReplyDeleteမဆွေးနွေးဘူး ဆိုရင် ဘယ် လို ဒီ အာဏာရှင်ကို တော်လှန်ရမှာလဲ နည်းလည်းလေး ပေးပါအုံး။။။ ဟို စောက်ပေါ မိုးသီးဇွန်လို တော့ မင်းသားမလုပ်ရ ရင် ပတ်မကြီး ထိုး ခွဲမယ် မကြံ ပါနဲ့..တိုင်းပြည်ထဲ က ပြည်သူတွေ ရဲ့ အသံလည်း နားထောင်ပါအုံး
ဒီလိုတွေ့ဆုံဆွေးနွေးတယ်ဆိုတာကြားကောင်းအောင်လုပ်
ReplyDeleteတာတွေပါဗျာ၊တစ်ဖက်ကပါတီကိုလည်း
အသိအမှတ်မပြုဘူးလို့ကြေငြာပီးပီ၊
ဒါဆိုဒီပါတီကိုကိုစားပြုသူနဲ့ဘာကြောင့်ဆွေးနွေးနေမှာလဲ၊
ဒီကြားထဲ၈၈မျိုးဆက်ဆိုတဲ့ဟာတွေကလည်း
ဘာမသိညာမသိကြိုဆိုပါတယ်ဆိုတာက
ပါလိုက်သေးတယ်၊တကယ်တော့
ဒေါ်စုဟာစစ်အစိုးရရဲ့နိုင်ငံရေးအသုံးချခံ
တစ်ယောက်ဖြစ်မှန်းမသိဖြစ်နေပီ၊
အစိုးရကသူသေသွားမှာတောင်ကြောက်နေဦးမယ်၊
ခုချိန်မှာတစ်ခုခုဆုံးဖြတ်ချက်ချပီး
do or die ပဲလုပ်ရတော့မှာ
ဟေ့ကောင်ခက်ထန်...မင်းတို့လဲအတူတူပဲ.ယိုးဒယားမှာနေဆော်တွေနဲ့ကဲနဲ့...ဘိုကြည်တို့တိတ်နိုင်တို့နဲ့ပုလင်းတူဘူးဆို့တွေ၊
ReplyDeleteဘီယာသောက်တာတောင်ချီးယားစ်လုပ်ရင်
မြန်မာ့ဒီမိုကရေစီအရေးအဓွန့်ရှည်ပါစေဆိုပီး
ဆုတောင်းနေတဲ့ကောင်တွေ..
ထောင်ထဲရောက်နေတဲ့နိုင်ငံရေးအကျဉ်းသား
စစ်စစ်တွေကိုလည်းအားနာပါဦးကွာ....
ကြိုဆိုပါတယ်...ကြိုဆိုပါတယ်... မြန်မြန်အကောင်အထည်ဖော်နိုင်ပြီး ငြိမ်းချမ်းရေး မြန်မြန် ရပါစေဗျာ...မြန်မြန်တိုးတက်ပြီး မြန်မြန် လွတ်လပ်စွာနဲ့ အမိမြေကို ပြန်ချင်လှပါပြီ... မြန်မြန်လေး လုပ်ဆောင်ကြပါ အန်ကယ်... ကြီးကြီး တို့ရေ...
ReplyDeleteI do not hope that tangible result from this dialogue will come out because the government is holding up strongly the provisions of 2008 constitution.
ReplyDeleteမောင်ဒေါင်း မင်းရှက်တက်ရင် လဲသေဖို့ကောင်းတယ် ဘာမှမယ်မယ်ရရ မဆောင်ရွက်နီုင်ပဲ သူများကို အပုတ်မချသင့်ဘူး ရှက်တတ်ပါ၊ မီမီအဆင့်ကိုမီမီ နားလည်ပါ
ReplyDeleteအန်တီစုရေသတိထားတော့၊
ReplyDeleteပြည်ပဒီမိုသမားတွေတော်တော်တုန်လှုပ်နေပြီ၊
တွေဆုံဆွေနွေးခြင်းမှစစ်မှန်သောဒီမိုကရေစီရသွားမှာ
စိုးရိမ်နေကြပြီ၊
အန်တီဘေးမှာဝိုင်းရံပါမည်ဆိုတဲ့သူတွေစစ်မှန်တဲ့
ငြိမ်းချမ်းရေးရမှာစိုးလို့ဆန့်ကျင်နေကြပြီ၊မှတ်ချက်တွေ
ကိုဖတ်ကြည့်ပါတော့အန်တီခင်ဗျာ၊ပြည်ပဒီမိုသမား
တွေရဲ့စိတ်ဓါတ်တစ်စိပ်တစ်ပိုင်းပါခင်ဗျာ။