-
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့လာရောက်ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင်
အမျိုးသား အဆင့်စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့ရာ အစိုးရ၀န်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များက လှိုက်လှဲ ၀မ်းသာစွာကြိုဆိုခဲ့သော်လည်း ပြန်ကြာရေးဝန်ကြီးဌာန နှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီးဦးကျော်ဆန်းက နှုတ်ဆက်ခြင်း လုံးဝမပြုသည့်အပြင် မျက်စိမျက်နှာပျက်စွာ
ဖြင့် တဦးတည်း နှုတ်ဆိတ်နေခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ ထွက်ခွာခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ သမ္မတသစ် ဦးသိန်းစိန်
နှင့် သမ္မတရုံးတွင် တွေ့ဆုံခဲ့ကြောင်း၊ ယင်းနောက် သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာတွင် ပြုလုပ်သည့်
စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
“ဦးကျော်ဆန်းက လုံးဝ စကားလည်းမပြောဘူး။ နှုတ်လည်းမဆက်ဘူး။ ခပ်တည်တည်။
ပြီးတော့ မျက်နှာ ပျက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိနေတဲ့ ပတ်ဝန်းကျင်ကို သိပ်ပြီး သဘောမကျသလိုမျိုးဖြစ်နေတယ်။ ဦးကျော်ဆန်းလိုဒေါ်အောင်ဆန်းစုကြည်ကို မလိုလားတဲ့ သူတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် သတင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်ခန့်အထိ
ဆွေးနွေးပွဲတက်ရောက် ခဲ့ပြီး လက်ဖက်ရည်သောက်နားချိန်တွင်
အစိုးရ၀န်ကြီးများ၊ စီးပွားရေးပညာရှင်အချို့နှင့်အတူ ရယ်မောစွာဖြင့် ရှိနေခဲ့သော်လည်း ဦးကျော်ဆန်းသည်
ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ လက်ဖက်ရည်ဝိုင်း အတူမထိုင်ဘဲ
ရှောင်ဖယ်ရှောင်ဖယ် နေခဲ့ကြောင်း သိရှိရသည်။
“ဗိုလ်ချုပ်သိန်းဌေး၊ ဦးစိုးသိန်း၊ ဦးအောင်ကြည်လို ၀န်ကြီးတွေ၊
ဦးဇော်ဇော်၊ ဦးဝင်းအောင်တို့လို စီးပွားရေး သမားတွေ၊ ဒေါက်တာဦးမြင့်၊
ပါမောက္ခဒေါ်ရီရီမြင့်တို့လို စီးပွားရေးပညာရှင်တွေ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြတယ်။ ဦးကျော်ဆန်းက ထူးထူးခြားခြားပဲ
ရှောင်ဖယ်ရှောင်ဖယ်လုပ်တာတွေ့ရ တယ်။ မျက်နှာကလည်း မကောင်းဘူး” ဟု
အစည်းအဝေးတက်ရောက်ခဲ့သည့် ပြန်ကြားရေးအရာရှိတဦးက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းသည် သြဂုတ်လ ၁၂ ရက်နေ့ သတင်းစာရှင်း လင်းပွဲတွင် သတင်းထောက်တဦး၏ မြစ်ဆုံမေးခွန်းကို ဖြေကြားရင်း မျက်ရည်ကျကာ ငိုကြွေးခဲ့သေးသည်။
“ဦးကျော်ဆန်းကြည့်ရတာ သမ္မတဦးသိန်းစိန်ကို မလွန်ဆန်နိုင်လို့သာ
လုပ်နေရတာ။ သူ အတော်ကို မကျေမနပ်ဖြစ်နေပုံရတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ကြားမှာ ဦးသိန်းစိန်နဲ့
သီဟသူရဦးတင်အောင်မြင့်ဦးတို့ကြား၊ အစိုးရ၀န်ကြီးတွေကြား
ထဲမှာ သဘောထားအမြင် တွေကွဲလွဲမှုတွေ ရှိနေပြီလို့ ပြောလို့ရတယ်။ ဦးကျော်ဆန်း
သတင်းစာရှင်းလင်းပွဲမှာ ငိုခဲ့တာကလည်း ဒီလို မတူညီတဲ့အမြင်တွေကြောင့်
သူရင်ဆိုင်နေရတဲ့ ဖိအား တွေကို မခံနိုင်တဲ့အဆုံး မျက်ရည်အဖြစ်
ပေါက်ကွဲထွက်ပြီး ငိုတာလို့ ပြောလို့ရတယ်” ဟု
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ
ဗဟိုအလုပ် အမှု ဆောင်တဦးက ပြောသည်။
ဦးကျော်ဆန်းသည် ယခင်စစ်အစိုးရလက်ထက် ပြုလုပ်ခဲ့သော
သတင်းစာ ရှင်းလင်းပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စုကြည်ဟု
ရင့်သီးစွာ အမည်တပ် ခေါ်ဆိုပြီး မဟုတ်မမှန် စွပ်စွဲမှုများကို
ပြုလုပ်ခဲ့သူအဖြစ် နာမည်ကျော်ကြားသည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ဦးကျော်ဆန်းသည် ပြန်ကြားရေးဝန်ကြီး၊
ယာဉ်ကျေးမှုအဖြစ်သာမက နိုင်ငံတော် သတင်းထုတ်ပြန်ရေးနှင့်ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင်အဖြစ်
ခန့်အပ် တာဝန်ပေးခြင်းခံထားရသည်။
-
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ဆိုတာမျိုးလို ဖြစ်နေသလားမှ မသိနိုင်တာ။ ကိုယ့်ထက်သာ မနာလို ဖြစ်နေတာလဲ ဖြစ်နိုင်တာဘဲ။ ပါတ်ဝန်းကျင်က ရိပ်မိလောက်အောင် ဖြစ်နေတာဆိုတော့ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။ လူကြီးလူကောင်းမှန်ရင် ဘာအကြောင်းမှ ဒီလိုမျိုး ဖြစ်နေစရာ မလိုပါဘူး။
ReplyDeleteအတိုရှင်းဆုံး ပြောရရင် သြဇာ နဲ့  အာဏာ ပါဘဲ။
ReplyDeleteသြဇာ ကတော့ ချစ်ခင်၊ကြည်ညို၊လေးစား၊မြတ်နိုးမှုအပေါ် အခြေပြုပါတယ်။
အာဏာ --တွေးသာယူကြပါ ခင်ဗျာ။
ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့် ဝံ့ ဆိုတဲ့ မြန်မာစကားပုံ သတိရကြမယ်ထင်ပါကြောင်း ခင်ဗျား။
ကျော်ဆန်းဟာ စစ်အစိုးရတစ်ဖွဲ့လုံးအတွက် ရှေ့တန်းက မားမားမတ်မတ်ရပ်ပြီး လိမ်ညာပေးနေတဲ့ ၀ါဒဖြန့်ပေးနေ တဲ့ မဟာမုသာဝါဒီတစ်ယောက်ဖြစ်တယ်။ ဒီလိုကောင်မျိုးကို ၀န်ကြီးဌာနနှစ်ခုပေးထားပြီး ပြောဆိုခွင့် လိမ်ညာခွင့် ကိုပါ အပြည့်အ၀ပေးထားတာကို ကြည့်ရင် ဘောင်ဘီချွတ်အစိုးရအတွက် တစ်စုံတစ်ရာ ကြီးမားတဲ့ အကြံအစည် ရှိနေမလားဆိုတာ တွေးစရာပါဘဲ။
ReplyDeleteစိတ်ကောက်နေတာနေမှာပါ ချော့လိုက်ရင် ရချင်ရမှာ ချော့ကြည့်ကြပါလားဗျာ :)
ReplyDeleteဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးရဲ့ သဘောထားကို
ReplyDeleteကြည့်ချင် ဖတ်ချင်ယင်...
http://myanmarexpress.blogspot.com/2011/08/blog-post_19.html
ဖေါ်ပြပါဆိုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တစ်တစ်ခွခွ
ရေးထားပါတယ်...
အကုသိုလ် မရှာချင်တော့ပါဘူး ကိုဝင်းနိုင် ရယ်။
ReplyDeleteနင်ဘဲငဆ ဆဲရေးတာသာ လုပ်တတ်တဲ့ ဘလော့ခ်
ပါ။ ဘာမှ အချက်အလက် မပါပါဘူး။
ဝါဒဖြန့် ချိရေးဟာ ၂ ဘက်သွား ဒါးနဲ့ တူတယ်လို့ မော်စီတုန်း ပြောဘူးတယ်။
မသုံးတတ်ရင် ကိုင်ထားသူ ကိုပြန်ထိတတ်တယ်။
လူတောထဲ မျက်နှာမပြရဲ တာ မြင်နေရပီဘဲဗျာ။
ဒီ လူ ဦးကျော်ဆန်း ဆိုတဲ့ လူရဲ့ ပြောပုံ ၊ ဆိုပုံ နဲ့ အမူအရာတွေကို ကြည့်ခြင်းအားဖြင့် လုံးဝ ပညာရှိလူကြီးတစ်ယောက် မဟုတ်ပါဘူး...၊ ကျနော်တော့ အကောင်ကြီးသလောက် အချိန်မစီးတဲ့ သူလိုပဲ ရှင်းရှင်းပဲ မြင်မိပါကြောင်း....
ReplyDeleteမြန်မာမင်းသမီးတွေ ပြူးနေအောင် နို့တွေဖော်ပြတာလောက်တော့ ထိုင်းမင်းသမီးတွေက ပျင်းသနားတယ်။ ဟိုက အယ်ပြီးပြူးနေတာ။ ပေါက်စီနဲ့ ကိုကိုးနတ်လို တခြားစီပဲ။ ညဉ်းတို့ နည်းနည်းကြီးအောင် လုပ်ကြအုံး။
ReplyDeleteBond .. James Bond :) ချီးကြက်.. ချက်ကြီး
သမ္မတကြီး ဦးသိန်းစိန်ကို YouTube ဖွင့်ပေးပြီး အင်တာနက်တွေ မြန်ပေးဖို့ တောင်းဆိုရမယ်။ နို့မို့ဆို သူတို့သီချင်းတွေ လိုလို နဲ့ ဖီလင်ကြီးတွေ နှစ်ပိသာလောက်နဲ့ တက်ဆိုနေတဲ့ သူတွေရဲ့ မူရင်းသီချင်းတွေကို မြန်မာပြည်ကသူတွေ သိစေချင်လို့ပါ။
ငါ့လဲကြိုက်ပေးကြအုံး http://www.facebook.com/pages/DrChat-Gyi/144890138923125
ပြန်ကြား.၀န်ကြီးကျော်ဆန်းဟာ..
ReplyDeleteနအဖ..ခေတ်..တစ်လျှောက်လုံး..
ဒေါ်.အောင်ဆန်းစုကြည်ရဲ့..နာမည်..ဂုဏ်သတင်း
သိက္ခာပိုင်း...ရစရာ..မရှိအောင်..media..
လက်နက်သုံးပြီးတိုက်ခိုက်ခဲ့ပါတယ်..
ခုချိန်ခါ...သူတအားမုန်းတဲ့သူက...
သူမထင်မှတ်ထားတဲ့..နေရာမှာ..တွေ့ရတော့..
မျက်စိမျက်နှာ.ပျက်ပြီး...ဘာလုပ်ဘာကိုင်ရမှန်း
မသိ..ဖြစ်နေပုံပါပဲ..ဗိုလ်ကျော်ဆန်း.ဘ၀တုန်း..က...တအား..စော်ကားခဲ့တာကိုး..