Pages
Friday, August 12, 2011
ဦးကျော်ဆန်း ချုံးပွဲချငို
-
ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ စာနယ်ဇင်းသမားတွေကို ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက ငိုယိုပြလိုက်ပါတယ်။
ကနဦး မိန့်ခွန်းချွေတာတွေတော့ အဆင်ပြေပါတယ် တဲ့။ ဒါက ကျွမ်းကျင်ပြီးသားပဲလေ။
KIA က စတင် ပစ်ခတ်တဲ့အတွက် ကချင်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေရတယ်ပေါ့။
KIA ပါဝင်တဲ့ UNFC - ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီဟာ သောင်းကျန်းသူနဲ့  ဖွဲ့ထားတယ်။
လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ UN အရာရှိ အိုဟေးကင်တားနားကြီးကို လာခွင့်ပြုမယ်။
NLD က ဒီတိုင်းနေလို့မရဘူး၊ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ရမယ်။
ဒေါ်လာနဲ့ကျပ် ငွေလဲနှုန်းအတွက် သင့်တော်တဲ့နှုန်း သတ်မှတ်မယ်။ အချိန်တန်ရင် နိုင်ငံတော်က လုပ်ပေးမယ်။
ဒေါ်လာသဘောသုံးတဲ့ FEC တွေကို ပြန်သိမ်းမယ်။
FEC သုံးသူများ မနစ်နာအောင် နိုင်ငံတော်က လုပ်ပေးမယ်။
အဲဒီလို အဲဒီလို မိန့်ခွန်းချွေပါတယ် တဲ့။
သတင်းထောက်တယောက်က မြစ်ဆုံဆည်တွေအကြောင်း မေးပါတယ်။ ဒီ မြစ်ဆုံဆည်စီမံကိန်းကို အများက ကန့်ကွက်နေကြပြီ။ ဘယ်လို ဆက်လုပ်မလဲ တဲ့။
ဝန်ကြီး ဖြေပုံက
“တပ်မတော်အစိုးရက ၁၉၈၈ ခုနှစ်ကတည်းက ဒုက္ခခံခဲ့တယ်။ နိုင်ငံတော်အကြီးအကဲတွေက
အနစ်နာ ခံပြီး လုပ်ဆောင်ခဲ့တာ။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့် ကိစ္စ
ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျ နော် တို့ ကို
ဝိုင်း ဖိ နှိပ် ပြီး................................................”
ပြောရင်းနဲ့ ချုံးပွဲချငိုချလိုက်ပါတယ်။ ၀န်ကြီးရဲ့ ငိုကြွေးမှု ၁၅ မိနစ် ကြာသွားပြီးတဲ့နောက်မှာ သတင်းစာရှင်းလင်းပွဲကို အဆုံးသတ်လိုက်ရပါတော့တယ်။
KIA ဘာဖြစ်တယ်၊ NLD ညာဖြစ်တယ်။
မေးလာတော့လည်း ဖြေရသေးတာပေါ့။ ကဲ -
အဖြေတ၀က်တပျက်မှာ ထွက်လာတဲ့ မျက်ရည်တွေကို သုတ်မယ်
အဟင့်
-
61 comments:
  1. မိကျောင်းမျက်ရည် မျောက်မျက်ရည် (နောက်ခံ အနေနဲ့ မြန်မာဇာတ်ကားတွေထဲကလို နှဲကြီးတောင် ချွဲချွဲပြစ်ပြစ် မှုတ်ပေးလိုက်ချင်သေးရဲ့)
    ReplyDelete
  2. ဟားဟားဟား .... အပေါ်က အကိုဂျီး လူနောက်ကြီး ... လူကြီးကို ပြောစရာလား ဒါမျိုး .... ဒီထက်တောင် ပိုပြောသင့်တာ ...
    ReplyDelete
  3. တပ်မတော်အစိုးရက ၁၉၈၈ ခုနှစ်ကတည်းက ဒုက္ခခံခဲ့တယ်။ နိုင်ငံတော်အကြီးအကဲတွေက
    အနစ်နာ ခံပြီး လုပ်ဆောင်ခဲ့တာ။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့် ကိစ္စ
    ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျ နော် တို့ ကို
    ဆိုတဲ့စကားကို ဘ၀င်မကျလို့ တစ်ခုလောက်မေးပါရစေ
    တပ်မတော်အစိုးရက ဘယ်လိုများဒုက္ခခံခဲ့တာပါလိမ့်
    ရသမျှအခွင့်အရေး စစ်တပ်ကလူတွေကဘဲယူ
    အထက်ပိုင်းက လူကြီးတွေက အကောင်းဆုံးအိမ် အကောင်းဆုံးစိန် လက်ထဲမှာ ဒေါ်လာသန်းပေါင်းများစွာ ကိုင်ထားပြီး အနစ်နာခံခဲ့တယ် ဒုက္ခခံခဲ့တယ်လို့ပြောတော့ ဟားတိုက်ပြီး ရယ်လိုက်ချင်တယ်။ ရှက်တတ်ရင်လဲသေသင့်တယ် ကျော်ဆန်း။ တိုင်းပြည်ကို ဂုတ်သွေးစုတ် အမြတ်ထုတ်ပြီးမှ အနစ်နာခံတယ်လို့ လူကြားထဲ လာအော်နေတယ် .. ကျက်သရေတုံးတယ်
    ReplyDelete
  4. ဟား... ဟားးး
    ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူးတဲ့...
    ငိုနဲ့... တိတ်....
    ပြည်သူပြည်သားတွေ ထမင်းပိုငတ်နေဦးမယ်...
    ReplyDelete
  5. ပြိတာမျက်ရည်မြေမကျကောင်းဘူးဟဲ့။
    ဆန်ရေစပါရှားတတ်တယ်ကွဲ့၊သံပုံးတီးပြီးနှင်ထုတ်ကြစို့။
    ReplyDelete
  6. သားသိတယ်နော်...
    ဒီလူကြီး လူလည်ကြီး...
    ဘာဖြေရမှန်း မသိလို့ မဖြေချင်လို့ ချော်လဲရောထိုင် ငိုချလိုက်တာ... ဟ ဟ
    ReplyDelete
  7. သောက်ရှက်မရှိလံကြုပ်စကားတွေပြောပီးသောက်ရှက်မရှိ...ငိုပြလို့..ပြည်သူကမသနားဘူး..ဂျပုလူလိမ်ပလောင်းပလဲရေ....
    ReplyDelete
  8. "ပြိတာတို့မျက်ရည် မြေ၀ယ်မကျ စကောင်းတည်း"တဲ့
    မငိုပါနဲ့ မငိုပါနဲ့ အဲ့အဲ့...
    ReplyDelete
  9. အင်း...
    မင်းသမီး မေကျော်ဆန်းတစ်ယောက်တော့ "G3 ကိုင်သောလက်ဖြင့် မျက်ရည်သုတ်ခဲ့ရလေသောမေ့ပါးပြင်" ဆိုတဲ့ သမိုင်းဖြစ်ရပ်မှန် ဇာတ်ကားကြီးရိုက်ဖို့အတွက် သရုပ်ဆောင် လေ့ကျင့်နေတယ်ထင်ပ
    ReplyDelete
  10. မျိုးမောင်August 12, 2011 at 6:41 PM
    အဲ့ဒါ မီဒီယာကို မာမီဆန်းက မျက်ရည်နဲ့ နှာရည်နဲ့တိုက်နေတာဗျ။ အရင်က သူပြောခဲ့တဲ့ မီဒီယာကို မတ်တရာနဲ့တိုက်မယ်ဆိုတာ အလုပ်မဖြစ်တော့လို့ နောက်ဆုံးပေါ်လက်နက်ဆန်းနဲ့ ပြောင်းတိုက်တာ။ အဟီးဟီးရွှတ်ရှလူးဖူးရရွှီးအဟင့်အဟင့်...
    ReplyDelete
  11. မောင်ကျော်ဆန်းရေ ပိတ်တာတို့မျက်ရည် မြေ၀ယ်မကြစကောင်းတဲ့ကွယ် တိုင်းပြည်ပျက်တယ်တဲ့ အခုတော့ မောင်ရင်က ပိတ်တာတော့မဟုတ်ဘူး ပိတ်ပုဆိုတော့ ပိုဆိုးတယ်
    ReplyDelete
  12. ကွယ်..နောက်တစ်ခါအဲလိုမေးတော့ဘူးနော်...တိတ်တော့နော်...အာဘွား..အဟိ
    ReplyDelete
  13. အိုပါး (ခေတ္တကိုရီးယား)August 12, 2011 at 7:41 PM
    သတင်းပဲတင်ပါဗျာ
    မိန်းမလိုမိန်းမရ တွေ မတင်ကြပါနဲ့
    တောင်းပန်ပါတယ်
    ReplyDelete
  14. ၀မ်းနဲရမှာလား
    မိကျော်ဆန်း....
    ReplyDelete
  15. အများပြည်သူAugust 12, 2011 at 7:44 PM
    ဟားဟား နည်းမျိုးစုံ လိမ်တတ်တဲ့ အရူးကျော်ဆန်းကြီးက ပြောင်လိမ်ပြောင်းစား ကောက်ကျဉ်းတဲ့ပညာများကျွမ်းကျင်သည့်အပြင် အခုတော့ မျက်ရည်ထွက်ပြပြီး မူရာမာယာ အတတ်တွေပါ ထုတ်ပြနေပါလား.. အခြားကောက်ကျစ်လိမ်ညာတဲ့ စကားတွေ ဘာထပ်ပြောအုံးမလဲ မသိဘူး.
    ReplyDelete
  16. အများပြည်သူAugust 12, 2011 at 7:45 PM
    ဟားဟား နည်းမျိုးစုံ လိမ်တတ်တဲ့ အရူးကျော်ဆန်းကြီးက ပြောင်လိမ်ပြောင်းစား ကောက်ကျဉ်းတဲ့ပညာများကျွမ်းကျင်သည့်အပြင် အခုတော့ မျက်ရည်ထွက်ပြပြီး မူရာမာယာ အတတ်တွေပါ ထုတ်ပြနေပါလား.. အခြားကောက်ကျစ်လိမ်ညာတဲ့ စကားတွေ ဘာထပ်ပြောအုံးမလဲ မသိဘူး.
    ReplyDelete
  17. ပြိတ္တာတို့မျက်ရည်မြေဝယ်မကျကောင်းဘူး တိတ်တိတ်...
    ReplyDelete
  18. မနောက်ကြပါနဲ့ဗျာ။ နောက်ခံတီးလုံးအနေနဲ့ နှဲကြီးတောင် ချွဲချွဲပြစ်ပြစ်မှုတ်ပေးမဲ့သူနဲ့၊ မိချောင်းမျက်ရည်၊ မျောက်မျက်ရည်ထက် ပိုပြောချင်တဲ့သူနဲ့၊ ပြိတ္တာတို့မျက်ရည် မြေကျနေပါဦးမယ်ဗျာ။
    ReplyDelete
  19.့ ဒါလေးမေးတာငိုစရာလား..သောက်ရှက်ပဲ.စစ်သားကောဟုတ်ရဲ.လားဗျာ.အခြောက်ကြီးများလား...ကြောင်တောင်တောင်နဲ.ပေါပါ.
    ReplyDelete
  20. ဟေ....လွင်မိုးက အမတ်လုပ်မယ်ဆိုလို. ....သူကအားကျမခံ မင်းသားလုပ်မလို. ကျင့်နေတာလား..
    :P
    ReplyDelete
  21. တော်စမ်းပါ .. ကျော်ဆန်း ရာ ..
    ReplyDelete
  22. ပြန်ကြားရေးဝန်ကြီး ၊ရုပ်ရှင်အကယ်ဒမီပွဲတိုင်းကျော်လုပ်လာတာ ဒိလောက်ကတော့ အပျော့ပါ ။ မယုံမရှိပါနဲ့ ။တကယ်ငိုတာပါ ၊ ဘာပြောရမှန်းမသိတော့လို့ ၊
    ငိုချလိုက်တော့ မေးတဲ့သူလဲဘာဆက်မေးရမှန်းမသိ ၊ ဆက်လဲပြောဖို့ မလိုတော့ဘူး ၊ ဆိုက်ဝါးဆရာကြီးရဲ့တပည့် ဆိုက်ဝါးဆရာလေး ၊မီဒီယာကို မျက်ရည်နဲ့တိုက်လိုက်တာ
    ReplyDelete
  23. အဲဒီလူကြီး တာတိုင်းပြည်ကိုချစ်လို့မဟုတ်ပါဘူး..သူတို့ မဟုတ်တာတွေလုပ်ထားတာ ပြည်သူလူထုကသိကုန်လို့
    ကြောက်လန့်ပီး ငိုတာ..အဲလို အရှက်မရှိလို့လဲဒီလိုနေရာမြဲနေတာပေါ့...ဟား..ဟား... သူ့မိန်းမတောင် အဲလိုငိုရဲမှာ မဟုတ်ဘူး...
    ReplyDelete
  24. Crocodile tear.....
    ပိတ္တာ ကြီး ငိုသတဲ့ ဗျို့ ဒုက္ခပါဘဲ .. တော်တော့ တော်ပါသေးရဲ့ လက်ကိုင်ပုဝါ နဲ့ သုတ်ပေလို့ ... ပိတ္တာမျက်ရည် မြေကျ ရင် မိုးခေါင်တတ်သတဲ့ .. ရီချင်တာတောင် .. မရီရဲဘူး နောက်ငိုရင် မျက်ရည် မြေကြီး ပေါ်ကျမှာ စိုးလို့ ...
    ReplyDelete
  25. မျက်ရည်နဲ့ ဖြေတယ်ဆိုတာမိန်းကလေးတွေရဲ့ အလုပ်ဗျ...
    ReplyDelete
  26. (သြော်မယ်သုမနရဲ့)...နင့်လိုဟာ...နင့်လိုဟာရှား...နင့်လိုဟာ...နင့်လိုဟာရှား...
    ReplyDelete
  27. It's lucky his tears may not drop to ground. Because I heard proverb that if monster's tear drop to the ground, there will be no rain during 10 years.
    ReplyDelete
  28. တော်ပါတော့ပြိတာတို့မြက်ရည်မြေမကျကောင်းဘူး ဆန်ရေစပါးရှားတတ်တယ်
    ReplyDelete
  29. အာသောက
    ကိုယ်ချင်းစာတရားကိုအဘစိတ်ထဲမှာရှိရင် ''သမုဒရာထက် ခ, လာတက်သည့် ရေပွက်ပမာ ခဏတာတည်း" လို့စဉ်းစားမိရင် မြတ်စွာဘုရားရဲ့စွယ်တော်မြတ် တရုတ် ပြည်ကနေရောက်ရှိနေခိုက် ရှိခိုးကော်ရော်နေလိုက်၊ ဒါပေမယ့် ရေပွက်ပမာနော် ရေပွက်ပမာ ရေပွက်ပမာ .. မမြဲခြင်းကိုမမေ့လျှော့လေနှင့် ...
    ReplyDelete
  30. ပြိတ္တာတို့ မျက်ရည်မြေမကျကောင်းဘူး
    နိုင်ငံဒီလောက်ဒုက္ခရောက်နေတာ
    နည်းအသစ်သုံးပြီးနှိပ်စက်တာလား ဒါမှမဟုတ်
    သရုပ်ဆောင်ကျင့်တာဆိုရင်
    ဦးကျောက်လုံးနေရာအစားဝင်မလို့ လား
    ReplyDelete
  31. လူေရှ့သူေရှ့မှာေတာ့ မိေချာင်းမျက်ရည်ေလးတစမ်းစမ်းနဲ့ေပါ့၊ ကွယ်ရာမှာကျရင် ေမျာက်ရူးအကနဲ့ ေကွးေနေအာင် အရင်ဓာတ်ပုံထဲကလို ‘က’ ေနမှာြမင်ေယာင်ေသးတယ်။ ေငွစက္ကူအေြကွမရိှလို့ လက်လဲွှသံုးေနရတဲ့ တစ်ရှူးေလးတထုပ်ေလာက် မာမီဆန်းထံကိုလက်ကမ်းလိုက်ပါဗျာ။ သူ့ခမျာ အဟီးဟီးရွှတ် ရှလူးအဟင့်ြဖစ်ေနတာ။ တတိုင်းြပည်လံုးကိုလဲ အေပါ်စီးကေနြပီး နိှပ်ကွပ်သတ်ြဖတ်ေနေသး၊ နှပ်ရှလူးအဟီးဟီးလဲ ငါးစိမ်းသည်မ,လင်ေပျာက် လုပ်ြပေနေသးတယ်။ ေအာ်ဂလီဆန်စရာလူမျုိးေတွ။
    ReplyDelete
  32. နောက်တစ်ခါ သတင်းစာရှင်းလင်းပွဲလုပ်ရင် အငှားငိုမဲ့သူ ခေါ်လာခဲ့ပါ ၀န်ကြီး ရယ်။ ငိုရတာ ပင်ပန်းနေပါ့မယ် :P (လာဘ်စားရတဲ့နေရမှာတော့ သူတို့က မပင်ပန်းကျဘူး :P ညသန်းခေါင်းယံလဲ ထ စားချင် စားကြတာ ဟိ ဟိ )
    ReplyDelete
  33. "အမေရိကန်လို နိုင်ငံကြီးတွေက ကျ နော် တို့ ကို
    ReplyDelete
  34. ဟိ..ဟိ..ကွန်မန်.တွေ လိုက်ဖတ်ရတာ..ပျော်စရာ..။ ဒီလူကြီး အူးကျော်ဆန်း..စကားပြောတာ တီဗွီမှာ ကြည့်ဖူးတယ်.။ စကားတစ်လုံးနဲ. တစ်လုံး အကြာကြီး.နားနားပြီး ပြောတာ ကြားထဲမှာ မတ်တပ်ကြီး လေဖြတ်နေသလားဘဲ...။ ဥာဏ်နီဥာဏ်နက်တွေ ထုတ်နေပုံရတယ်..။ အခုတော့ ကြံရာမရဖြစ်ပြီး ငိုချလိုက်ပြီ..ဟိ..။ သူငိုတာ သူတို.စစ်တပ်အဖွဲ.က ပစ်သတ်တာတွေ၊ ထောင်ချခံရတဲ့ မိသားစုတွေရဲ့ မျက်၇ည်နဲ.စာရင် မဟာသမုဒ္ဒရာနဲ.ချောင်းငယ်လောက်ဘဲ ရှိတယ်..။ ဧရာဝတီက vote လုပ်ခိုင်းရင် ဒီလူကြီး လူမုန်းအများဆုံး ရမလား မသိဘူးနော်..။ သူငိုတာ လူတော်တော်များများ ပျော်ကြလို.....ဟိ..ဟိ။
    ReplyDelete
  35. ဝဋ်ဆိုတာ လိုက်တတ်တယ် ။ ဒီမျက်ရည် မမျှသေး။
    ငိုပွဲနဲ့ အဖြေကို ရှောင် မသွားနဲ့ ကလေး။
    ReplyDelete
  36. ဟီး.. သရုပ်ဆောင်ရွေးချယ်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲမှားသွားတယ် ထင်တယ်..
    ReplyDelete
  37. အကယ်ဒမီများရှင်August 13, 2011 at 1:10 AM
    ဘာပဲပြောပြော ယနေ့ မီဒီယာမှာအပေါက်ဆုံးသတင်းကတော့ ပျံကျားရေးဝံဂျီးလေးလေးပု ရဲ့ သတင်းပါ။ ရှင်းပါတယ် တပ်မတော်အနေနဲ့ လူကြီးများအနေနဲ့ နိုင်ငံတော်အတွက်အနစ်နာလဲခံနေစရာမလိုပါဘူး ဘယ်သူကမှလဲ အတင်းအနစ်နာခံခိုင်းနေတာလဲမဟုတ်ပါဘူး၊ တပ်မတော်လူကြီးမင်းတို့ထက် အပုံကြီးအဆပေါင်းများစွာ သာတဲ့ တိုင်းပြည်နဲ့လူမျိုးတိုးတက်စေမယ့် အသိပညာရှင်အတတ်ပညာရှင်တွေ အများကြီးရှိပါတယ် ရိုးရိုးလေးပါ ထိုင်ခုန်ပေါ်ကဆင်းပေးလိုက်ပါ လုပ်တတ်တဲ့ သူတွေကိုလွဲပေးလိုက်ပါ၊ ဒါမှ စေတနာအစစ်ပါ။
    ReplyDelete
  38. ရွှေမန်းAugust 13, 2011 at 1:15 AM
    ကမ္ဘာ့အအောင်မြင်ဆုံးနှင့်အကျော်ကြားဆုံး သတင်းစာရှင်းလင်းပွဲပဲ .. ဒါ ကမ္ဘာက သိအောင် ပြသင့်တယ်
    ReplyDelete
  39. He didn't cry or any of his masters including Than Shwe didn't shed a tear during Nargis when 100,000 people died.
    His master Than Shwe was busy asking international for 2 billion in donation showing peoples' devastation so that he can keep in that donation money in his pocket.
    Now, Kyaw San is crying in case the project might stop and he and his masters will not be able to collect the money from the project.
    He is only worry about his share of profit money from his investment that's why he cry.
    Don't be fooled. They will sell all 55 million people's future dead or alive if they get money from puppet master China.
    ReplyDelete
  40. လာမဲ.အကယ်ဒမီပေးပွဲအတွက်အကယ်ဒမီဆုကိုဦးကျော်ဆန်းချိန်ပြီ။န.အ.ဖ ရဲ.စည်းကမ်းပြည်.၀တဲ.ဒီမိုကရေစီ ဇတ်ကားဋ္ဌကီးရဲ.ဇတ်လိုက်ကျော် ဟဲဟဲ
    ReplyDelete
  41. Is he officially admitting that SLORC, SPDC and current so called elected civilian Government are same organisation?
    It's that a case, we must record for future reference.
    ReplyDelete
  42. TRICKY kyaw san .I am so sorry for your tears.But remember that yr junta had been killing its several thousands of civilian.The time is coming to you . don't be so soft when you get the turn..BE BRAVE TO SERVE YR MISDEEDS as retribution.
    much love
    Tony
    ReplyDelete
  43. တလွဲကွာ။ မျက်ရည်ကျတာပဲကို ချုံပွဲးချငိုတယ် တဲ့။ irrawaddy blog ကို လုပ်တဲ့သူ့..မသိရင်မှတ်ထား။ ကိုယ်ချစ်တဲ့သူသေမှ ချုံးပွဲချငိုတယ်လို့ခေါ်တယ်။ တစ်စိတ်ကို တစ်ကျည် မလုပ်ပါနဲ့။ အရှိကို အရှိအတိုင်းရေး။ အဲ့ဒါကြောင့် မင်းတို့ကို ဟိုက အော်တာ။ မကောင်းဘူးလို့။ သူတို့လည်းမကောင်းပါဘူး။ မင်းတို့က အရှိကို အရှိတိုင်းမရေးပဲ နဲနဲပိုရေးပြီး ပြည်သူတွေကို သွေးထိုးနေတာ။ ကြာတို့ ဒို့ပြည်သူတွေပဲ ကြားထဲက နေခံရတာ။ example နဲ့ပြော ရရင် မင်းတို့ website ကို ကြည့်လို့မရဘူး။ access deni လုပ်တယ်။ Youtube မရဘူး။ rules တွေအများကြီးထုတ်တယ်။ ငါတို့ပဲကြားထဲကနေ ခံ၇တာကွ။ အရှိကို အရှိအတိုင်းရေး။ မျက်ရည်ကျတာကို မျက်ရည်ကျတယ်လို့မရေးပဲ..ချုံပွဲချငိုတယ်တဲ့..ကောင်ကွာ...
    ReplyDelete
  44. သြော်....
    သူငယ်ချင်းတို့ ရယ်...
    တပ်မတော် အစိုးရ က တကယ်ကိုဒုက်ခ ခံခဲ့ရတာပါ..
    ချမ်းသာခြင်း ဆိုတဲ့ ဒုက်ခကြီးပေါ့... အဲဒီချမ်းသာခြင်း ကြီး မြဲဖို့အတွက် ဘယ်လောက် ဒုက်ခရောက်လိုက် သလဲ... တစ်ရက်မှ ခင်ဗျားတို့ ကျွန်တော်တို့ လို နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲဘူး.. လူကြားတည်း လွတ်လပ်စွာ မသွားရဲတဲ့ ဒုက်ခ.. ဖြုတ် ထုတ် သတ် ဘယ်လိုလုပ်ရ မလဲလို့ အချိန်ပြည့်စဉ်းစားနေရတဲ့ ဒုက်ခ.. ထင်တာမမှားရင် အစားအစာတောင် ခင်ဗျားတို့ ကျွန်တော်တို့လို စားချင်တဲ့နေရာမှာ စားချင်တာ ၀ယ်မစားရဲလောက်ဘူး... တော်တော်လေး အားငယ်နေပုံရတယ်.. လူကြားထဲ ငိုတယ်ဆိုတော့... ဗေဒင်ဆြာက ခိုင်းလို့ ယတြာ ချေတာလား မသိ...ဟီး..
    ReplyDelete
  45. ကိုကျော်သူရေ..ဒီသူတောင်းစားလေး(ငကျော်ဆန်း)ကိုအလုပ်ခန်.လိုက်ပါလား ၊ မသာချရင်ဘေးကနေ၀ိုင်းငိုပေးဖို.အတွက်လေ........အ..ရီး....ဟီးဟီးဟီး...........ဟီး
    ReplyDelete
  46. လွန်ခဲ့တဲ့ရက်တွေမှာ ကေအိုင်အေဖက်မှပစ်ခတ်မူကြောင့်အ​ပြစ်မဲ့ပြည်သူတချို့ အသက်စတေးခဲ့ရပါတယ် ကေအိုင်အေဖက်မှပထမဦးဆုံးအကြိမ်​လွဲမှားပစ်ခတ်ပါ ဒါပေမဲ့အဲဒီပစ်ခတ်မူဟာ ကားတစီးကိုကေအိုင်အေဖက်မှရပ်ခို​င်းရာ မရပ်ပဲအတင်းမောင်းပြေးသောကြောင့်​ပစ်ခတ်မူဖြစ်ပွားခဲ့ရပါတယ် အဲဒီကားထဲမှာအစိုးရနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့လူတွေချည်းပါပဲ ဒီတာပိန်လျှပ်စစ်ကနေစစ်ပွဲကစတင်​လာပါတယ်ဆိုနေမှ ဒီလူတွေကဒီဒေသကိုဘာလာလုပ်ကြတာလဲ​ ဒီတော့ စစ်ဆေးမေြး...မန်းဖို့ ရာတားတာကိုအတင်းမောင်းပြေးတယ် မောင်းပြေးရတာကလည်းဒါရိုင်ဘာကို​သေနတ်နဲ့ ချိန်ပြီးမောင်းပြေးခိုင်းတာ ဒီတော့ကေအိုင်အေဖက်ကပစ်ဖို့ ရာပဲရှိတော့တယ်လေ အဲဒီဖြစ်စဉ်မှာကချင်လူမျိုးတယော​က်အသက်ပေးသွားရတယ် ကချင်လူမျိုးရယ်မှမဟုတ်ပါဘူး လက်နက်မဲ့ပြည်သူတွေအသက်ပေးကြရတာ​ကတော့မနှစ်မြိုစရာပါ ဒါကလတ်တလောဖြစ်ပျက်ခဲ့တဲ့ကေအိုင်အေရဲ့ မှားယွင်းမူလို့ သမုတ်ကျပါစို့  တဖတ်မှာ နိုင်ငံဦးလျှောင်အစိုးရတပ်မတော်ကဘာတွေကျူးလွန်နေကြသလဲ ရှေ့ တန်းထွက်တယ် အမျိုးသမီးတွေကိုသားမယားပြုမုဒိ​မ်းကျင့်တယ် ကချင်အမျိုးသမီးစုစုပေါ်င်း ၄၀ကျော်ကအဲဒီလူမဆန်တဲ့ကျူးလွန်မူကိုခါးစည်းခံရပြီးပြီ ကားမိုင်းနယ်မှာ ကချင်အမျိုးသားတယောက်ကိုအရှင်လတ်လတ်မြေမြုပ်သတ်ဖြတ်ခဲ့တယ် ရိုင်းစိုင်းယုတ်မာမူတွေကပြောလို့ ဆုံးမယ်မထင်ပါဘူး ပြောရအုံးမယ် ကေအိုင်အေကငြိမ်းချမ်းရေးကာလမှာ​သေနတ်သံတချက်မှမဖောက်ခဲ့သလို ဘယ်သူ့ ရဲ့ စည်းစိမ်ကိုမှခိုးယူလုယက်တာလည်းမရှိခဲ့ပါဘူး အခုအစိုးရကဘာတွေကျူးလွန်ခဲ့တာလည်း၊ဘာကြောင့်မြန်မာတနိုင်ငံလုံး​ကရဟန်းရှင်လူပြည်သူလူထုကတော်လှန်နေကြသလဲ၊တိုင်းရင်းသားတွေအားလုံးကဘာကြောင့်လက်နက်စွဲကိုင်နေကြ​ရတာလဲ ဒါတွေကိုအရင်စဉ်းစားပြီးနာစရာရှိရင်နာ၊လွမ်းစရာရှိရင်လွမ်းပြီး​တွန်းလှန်ပစ်ရမဲ့တာဝန်ကလူတိုင်း​မှာရှိရပါမယ် အနှစ်ချူပ်ပြီးပြောပြချင်တဲ့အြေ​ကာင်းကတော့ ကေအိုင်အေရဲ့ ပစ်ခတ်မူကြောင့်လူခုနှစ်ဦးသေဆုံးခဲ့ရတာကိုအပြစ်တင်ကြသလို တဖက်မှာလူမဆန်အောင်ယုတ်မာရိုင်း​စိုင်းနေကြသူတွေကိုလွတ်မြောက်စေ​မှာလား ၊မိမိကိုးကွယ်တဲ့ဘုရားရှင်ရဟန်သံဃာတော်တွေရဲ့ သွေးစက်တွေပေလူးနေတဲ့သေနတ်ပြော​င်းဝတွေကိုမြည်ဟီးစေဖို့ တထောင့်တနေရာကနေပါဝင်ရဲကြသလား ပါဝင်ဝံ့ကြသလား ခင်ဗျားတို့ ကိုမေးကြည့်ချင်ပါတယ်
    ReplyDelete
  47. KIA က ကားရပ်ခိုင်းတာ မရပ်လို့ ပစ်ရပါတယ်လို့ ဖြေတာကို ယုံတယ်ပေါ့.. အရပ်သားတွေမှန်းသိရက်နဲ့ ပစ်စရာလား.. ငါတို့မြို့ မှာ သေသွားတာ မင်းမိသားစုမဟုတ်လို့ ဒီလိုပြောတာလာ.. သေတဲ့ အလောင်းတွေကို မြင်ရလား.. ကားသမား လက်ဘာကြောင့် ပြတ်နေရလဲ့.. ဒုရဲအုပ် ခေါင်းပွင့်သွားတာ သိလား.. ကားကို KIA က ဘယ်ကနေ ပစ်တာလဲ သိလား.. စစ်တပ်မကောင်းပြောချင်တာကို လက်ခံတယ်.. သူပုန်ကို မယုံကြည့်နဲ့ .. အဲဒီကောင်တွေက ကိုယ့်လူမျိုး ကိုယ့်ဒေသလို့ပြောပြီး ကိုယ်အုပ်စုကောင်းစားရေးကိုလုပ်နေတာ.. ဒုက္ခရောက်တာ ကချင်ပြည်သူတွေဘဲ..စစ်ပြေးဒုက္ခသည်လည်း ကချင်ပြည်သူအများစုဘဲ.. တံတားတွေချိုးနေတာလဲ ကချင်ပြည်သူတွေသုံးနေတဲ့တံတားတွေ.. ကိုယ့်အမျိုးဒုက္ခရောက်နေတာကို သိသိကြီး ကိုယ်အဖွဲ့အစည်းလုပ်ချင်တာ လုပ်မရတိုင်း ပြည်သူတွေကြားထဲက ဒုက္ခရောက်တယ်.. ရွာတွေ ဘာကြောင့် မီးရှို့လည်းသိလား.. ကချင်လူမျိုးတွေကြားထဲမင်းလာနေကြည့်..မင်း ဗန်းမော်ဒေသကို ရောက်ဖူးလား.. KIA ဘယ်လိုသောင်းကျန်းတယ်ဆိုတာ သိလား.. ငါတို့ မွေးကတည်းက KIA ကြောက်လို့ အိမ်အောက်မှာ မြေကျင်းတူးပြီး ကြီးလာရတာကွ.. မင်းအဖေတွေက အိမ်မှာ ညပိုင်းမီးထွန်းထားရင် သေနတ်နဲ့ လှမ်းလှမ်းပစ်တယ်..မြို့မီးစက်ကို မိုင်းခွဲတယ်.. ဆက်ကြေးမပေးလို့ ရပ်ကွက်ထဲက အိမ်ကို သေနတ်နဲ့လာပစ် လူသတ်တယ်.. အဲဒါ စစ်အစိုးရကို တော်လှန်နေတဲ့ KIA လား.. လူမရှိရင် တောထဲ ရွှေတူး၊ ကျင်နေတဲ့သူကိုဖမ်းတယ်.. ဒါးတစ်ချောင်းဘဲ ပေးထားတယ်.. အဲဒါ ကချင်တပ်မတော်လား.. ကိုယ်တွေ့တွေကွ.. လာနေကြည့်ပါ ငါ့တို့ဒေသကို.. မင်းပြောတာတွေအတွက် ရှက်တတ်လာလိမ့်မယ်..
    ReplyDelete
  48. There will be a draught in Burma in coming years as ပြိတာတို့မျက်ရည် မြေ၀ယ်ကျ ;)
    ReplyDelete
  49. ♫♪¸¸.•* ကြမ်းခန်းလေးရောာာာာာာာာာာာက်ခဲ့ ရင် အားလုံးလက်ခုပ်တီးကြတယ် တီးရင်းတီးရင်းလက်ခေါက်တွမှုတ် ¨♫♪¸¸.•*¨ အလှည့်ကျနွဲ့ လို့ မရဘူးကွာ ♫♪¸¸.•* လူကြမ်းတွေလဲရင် ကြိုက်လားးးးးး .. ¨♫♪¸¸.•*¨♫♪¸လွမ်းခန်းတွေရောာာာာာာက်ရင် လူသားတွေ မျက်ရည်ဝဲမယ် ¸.•*¨♫♪¸¸.•*¨
    ReplyDelete
  50. မောင့်မျက်ရည်ဝိုင်း..မောင့်မျက်ရည်ဝိုင်း..တွေးမိလေတိုင်း..စိန်ကျော်ဆန်းငိုချင်တယ်.....
    ReplyDelete
  51. ဘုရားဆုပန်မင်း‌ယောက်ျားကြီး‌တွေဖြစ်ပါရက်နဲ့..မိန်းမထမီ‌တွေ‌ခေါင်း‌ပေါ်ကစွပ်ချ‌နေကြမှတော့...‌ခြောက်ပြီ‌ပေါ့..အဲဒီ‌တော့လူထူထူကင်မရာ‌ရှေ့လဲ‌ရောက်‌ရော..မယားငယ်အိုက်တင်နဲ့...မျက်ရည်ခံထိုးပြ‌နေတာ‌လေ..တကယ်ခံစား
    တတ်ရင်နှစ်‌ပေါင်းနှစ်ဆယ်‌ကျော်အနိုင်ကျင့်ခံ‌နေကြရတြဲ့ပည်သူ‌တွေဖက်ကခံစားကြည့်စမ်းပါ..မျက်ရည်
    တင်မကဘူး..တကိုယ်လုံးကအရည်‌တွေထွက်သွားရလိမ့်
    မယ်မိကျော်ဆန်း....။
    ReplyDelete
  52. i thought The Hangover2 movie is the funniest one in 2011 but now i know i was wrong.#This is the funniest one in 2011{{i give u no 1}} now
    ReplyDelete
  53. ကိုကျော်ဆန်း ။ အိပ်ယာလိပ်ပြင်ထားတော့ ။
    ReplyDelete
  54. ခင်ညားတို့ကလဲဂျာ အလိုအနောက်ပါနဲ့ ခင်ညားတို့က လူကြီးတွေ သေသနာကို နားမလည်ကြဘူး ဟီးဟီး ရွှတ်ဖက် ဘေးကသတင်းထောက်တွေ မှန်သွားဘီ
    ReplyDelete
  55. @moemaka
    ဟုတ်တယ်ဗျ၊ အမေးအဖြေလုပ်တုံးမှာ ငိုချလိုက်တာ။ ပြီးတော့ ခဏနေမှ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ကျွန်တော်တို့လုပ်သမျှ အကောင်းမမြင်တဲ့စိတ်ကြောင့်​ Emotion မထိန်းနိုင်လို့ပါ။ တောင်းပန်ပါတယ်။ ဒါကို မဖွကြပါနဲ့လို့ တောင်းပန်သတဲ့။ ဂျာနယ်လစ်များ ကလည်း လိုက်နာရှာပါတယ်။ ဟီးဟီး နှစ်နာရီလောက်ကြာတော့ အင်တာနက်ေ ပ်ါမှာ မောင့်မျက်ရည်ဝိုင်းဇာတ်ကား​တက်လာတော့တာပဲ။ ဘာပဲဖြစ်ဖြစ် ဧရာဝတီကတော့ ဒင်းတို့ အသဲနှလုံးကို ထိုးနှက်နေပြီ။
    ReplyDelete
  56. ဒါကြီးက အရူးပါး- ငလည်ကြီး ပါ ။ ဗိုလ်ချုပ်တွေစါးထားသမျှ လူရှေ.သူရှေ. သူ.ကိုပဲ မေးခံရတော့ မဖြေတတ်တာနဲ. ငိုပြတာ။ "ကျနော်တို. အစိုးရ ခိုးတာ လူသတ်တာကလွဲ လို. တိုင်းပြည်ကောင်းအောင် ဘာမှ မလုပ်တတ် လို.ပါဗျာ " လို့ ဝန်ခံဖို. ကောင်းတာ ကြာပြီ ။
    (( မြန်မာနိုင်ငံတွင်း ငွေကြေး လည်ပတ်မှု ပမာဏနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိသည့် အပေါ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက “အမျိုးသား အကျိုးစီးပွား ဖြစ်သည်” ဟုဆိုကာ ဖြေဆိုရန် ငြင်းဆန် သွားသည်။
    တိုင်းပြည် ငွေကြေး လည်ပတ်မှုမှာ မထုတ်ပြန်သင့်သော အရာဟု ဝန်ကြီးပြော .. http://www.mizzimaburmese.com/news/inside-burma/8132-2011-08-12-11-59-15.html ))
    ReplyDelete
  57. တိုင်းပြည် ငွေကြေး လည်ပတ်မှုမှာ မထုတ်ပြန်သင့်သော အရာဟု ဝန်ကြီးပြော ..
    တကမ္ဘာလုံး နိုင်ငံအားလုံးက ငွေကြေး လည်ပတ်မှု ထုပ်ပြန်နေကြတော့ ကျော်ဆန်းပြောသလိုဆိုရင်
    တကမ္ဘာလုံးနိုင်ငံအားလုံး ရူးနေကြလို့ဘဲဖြစ်မယ်။
    ဘဒင်။
    ReplyDelete
  58. ငိုလို့ကျလာတဲ့မျက်ရည်တွေတော်ကြာပုရွက်ဆိတ်တွေ
    ခြတွေထိပြီးသေနေဦးမယ်။
    လူယုတ်မာမျက်ရည်အဆိပ်ရှိတယ်တဲ့။
    ခိုင်ထူးသီချင်းထဲကလိုပြောရမလား
    အခုမှတော့ပိုမနေနဲ့တော့၊
    အခုမှတော့ငိုမနေနဲ့တော့။
    စိုင်းထီးဆိုင်သီချင်းထဲကလိုဆိုရမလားပဲ။
    ငိုမနေနဲ့အပိုပဲ။အပိုပဲ။ ပဲ...ဟဲ...ဟဲ။
    ReplyDelete
  59. မငိုပါနဲ့တော့သားလေး မျောက်ဆန်း
    နောက်ထပ်လေးငါးနှစ်စားရလဲ မနည်းပါဘူး :P
    ReplyDelete
  60. ဘာမှ နားမလည်တဲ့ စစ်ခွေးတွေ လုပ်ချင်တာတွေ လုပ်လို့ကုန်တော့မှ ငိုပြတတ်တာလား။ဘယ်သူမှ မင်းတို့ကို မသနားဘူး သိလား။အပြစ်မဲ့တဲ့ လူတွေကို သတ်၊တိုင်းပြည်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊အပျိုတော်လေးတွေကို ချေတော်တင် ဖျက်ဆီးနေတဲ့ မင်းတို့လို့ စစ်ခွေးတွေကို ဘယ်သူမှာ မသနားဘူး။နောက်ဆို ငိုမပြနဲ့ အရင်လိုလေးပဲ ညာပြောပေါ့။ဒို့တွေလည်း နားလည်းပါတယ်.....ညာပြောစရာတွေကုန်လို့ ငိုပြတာကို မသနားမိပါဘူး......ဟား.....ဟ
    ReplyDelete