Pages

Wednesday, August 3, 2011

ဗိုလ်လောင်းကို နတ်ပြရခြင်း

.




ဆယ့်နှစ်ရာသီပတ်လုံး ပန်းမျိုးစုံနဲ့ ဝေဆာနေတဲ့ ပြင်ဦးလွင်မြို့လေးမှာ ကိုးမြို့ရှင်နတ်နန်းကြီး ထည်ထည်ဝါ၀ါ ရှိနေတယ်ဆိုတာ တော်တော်များများ သိကြမှာ ဖြစ်ပေမယ့် သာမဏေပြုခါနီး ရှင်လောင်းကို နတ်ပြရသလို ကျောင်းဆင်းခါနီး ဗိုလ်လောင်းကို နတ်ပြရတယ်ဆိုတာတော့ သိတဲ့သူ တော်တော်နည်းမယ် ထင်ပါတယ်။

တကယ်ကို နတ်ပြရတာပါ။ အစဉ်အလာ ရှိခဲ့ဖူးသလား မသိပေမယ့် ကျောင်းဆင်းဖို့ ငါးရက်အလို ၁-၄-၂၀၀၁ တနင်္ဂနွေနေ့ မနက်ခင်းပိုင်း ၀တ်စုံပြည့် စစ်ရေးပြ လေ့ကျင့်မှု အပြီးမှာ နည်းပြမှူးချုပ် ဒုမှူးကြီး အောင်စောဝင်းရယ်၊ ဗိုလ်မှူး ၀င်းနိုင်သော် ရယ်က ကျွန်တော်တို့ကို ကားပေါ်တက်တက်ဆိုလို့ တက်လိုက်သွားတော့ ကားဟာ မြို့ထဲကို ထွက်သွားပါတယ်။

ဆင်းဆင်းဆိုလို့ ဆင်းလိုက်တော့ အဖကိုးမျြိ့ရှင် နတ်နန်းဖြစ်နေပါတယ်။ တော်တော်သားသားနားနားပါ။ နတ်နန်းပေါ်တက်တော့ စစ်ဖိနပ်ကြီးတွေချွတ်ပြီး ဓားတွေ တကားကားနဲ့ တက်သွားပါတယ်။

စစ်ရေးပြမှူးလုပ်တဲ့ဗိုလ်လောင်း အလံတော်အဖွဲ့မှူး၊ ကျောင်းဆင်းတပ်ခွဲမှူး(၂)ယောက်၊ နောက်ရံတပ်ခွဲက တပ်ခွဲမှူး(၈)ယောက်၊ ပေါင်း ဗိုလ်လောင်း (၁၂) ယောက်တို့ဟာ အဖကိုးမြို့ရှင်နတ်နန်းက နတ်ရုပ်တု ရှေ့မှာ တန်းစီရပ်ရင်းက သတိပဲဆွဲရမလိုလို၊ သက်သာပဲခွဲရမလိုလို၊ အလေးပြုရမလိုလို၊ လက်အုပ် ချီရမလိုလို ဖြစ်နေတုန်း အောင်မြင်ခန့်ညားတဲ့ နတ်ဆရာရဲ့အသံက အခုလို ပေါ်လာပါတယ်-

“အဖေ့ရဲ့မြေးတော်များ အခစားဝင်ပါတယ် အဖေ

စစ်တက္ကသိုလ်ရဲ့ စစ်ရေးပြကြီး အောင်မြင် ချောမွေ့အောင် နိုင်ငံတော် အကြီးအကဲ ကြွရောက်မယ့် အခမ်းအနားကြီး ဘေးရန်ကင်းအောင် ကူညီမှိုင်းမတော်မူပါ ဘေးများလည်း ရှင်းတော်မူပါ ရန်များလည်း ရှင်းတော်မူပါ အနှောင့်အယှက် အတားအဆီးများ ရှိရင်လည်း ပယ်ရှားတော်မူပါ အဖေ့ရဲ့မြေးတော်များကို ကျန်းမာရေးကစလို့ အစစအရာရာ ကောင်းမွန် အဆင်ပြေအောင် စောင့်ရှောက်တော်မူပါ။

စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်၊ အစိမ်းတိုက်၊ အင်းအိုင် ခလှဲ့ အဆောင်အယောင်များနဲ့ မကောင်းဆိုးဝါး ပြုစားထားတာများရှိရင် ပယ်ခွင်းတော်မူပါ။ အဖေ့ရဲ့နယ်ပယ်အတွင်းက သားတော်၊ မြေးတော်တို့ကို အာဏာစက် ၊ ဓမ္မစက်နဲ့ ကူညီမှိုင်းမ စောင့်ရှောက်တော်မူပါ။’’

စစ်တက္ကသိုလ် အပတ်စဉ် ၄၃ - DSA 43 ရဲ့ ဘလော့ www.dsa43intake.com က ယူပါတယ်။
ဓာတ်ပုံတွေကိုတော့ Wagaung ရဲ့ www.flickr.com စာမျက်နှာက ယူပါတယ်။




.

9 comments:

  1. ငါ့လခွီးထဲမှပဲ... သောက်ရှက် ..

    ReplyDelete
  2. စစ်တက္ကသိုလ်မှာ ကျွေးထားတဲ့ ထမင်းက တရုပ်ကို အလုပ်အကျွေး ပြုဖို့  သန်းရွှေကို အကာအကွယ်ပေး ဖို့  မဖြစ်စေပါနဲ့။ ကိုယ့်တိုင်းရင်းသာအချင်းချင်း သတ်ဖို့  နိုင်ငံသားအချင်းချင်း အပေါ် အမြတ်ထုတ် ဗိုလ်ကျဖို့  မဖြစ်ပါစေနဲ့။

    ReplyDelete
  3. အိုပါး (ခေတ္တကိုရီးယား)August 3, 2011 at 9:36 PM

    စည်းကမ်းရှိပါ ဧရာဝတီ
    စည်ကမ်းဟူသည် လူ့တန်ဖိုး
    တန်ဖိုးမရှိတဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘလော့မဖြစ်စေချင်ပါ
    ဘလော့ပိုင်ရှင်၏ ခွင့်ပြုချက်တောင်းခံပြီးမှသာ ဖော်ပြသင့်သည်

    ReplyDelete
  4. သောက်ရူးတွေ။ မကြာခင်သေမှာ။

    ReplyDelete
  5. တကယ်လားဟင်

    ReplyDelete
  6. ဟင်..... ကြုံဖူးပေါင် ဂုဏ်ထူးဆောင်တို့ရယ်... အင်းလေ... အဲလို ဗိုလ်လောာင်းဘဝ ကတည်းက အဲလို.. စ.. ကျင့်ပေးလိုက်မှတော့ နောက်နောင် .. ရာထူးပိုကြီးလာလေ... ပိုဆိုးလာလေ ဖြစ်တာ ဘာဆန်းမတုန်း...

    ReplyDelete
  7. Yes Hote Pa, Sout Shet Ma Shi Bu!

    ReplyDelete
  8. ဟုတ်ပါ့မလား မောင်ဧရာဝတီရယ်..

    ReplyDelete
  9. ဗိုလ်သင်တန်း မဟုတ်ဘူး။
    ဂန်ဒူးသင်တန်းပါ။
    ကြီးနိုင်ငယ်ညှင်း လုပ်တတ်အောင်သင်ပေးတဲ့နေရာလေ။
    jungle law.
    တောထဲက တိရိစ္ဆာန်တွေ အတိုင်းဘဲ။
    အင်အားကြီးတဲ့သူက အနိုင်ဘဲ။

    ReplyDelete