Pages

Wednesday, August 17, 2011

ပြည်ပရောက်သူတွေ ပြန်လာနိုင်


သြဂုတ် ၁၇

၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားအားလုံး အမိနိုင်ငံသို့ ပြန်လာခွင့်ပြုလိုက်ကြောင်း ဦးသိန်းစိန်က ယနေ့ မွန်းလွဲ ၂ နာရီအချိန် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။ (The Voice Weekly/Facebook)

38 comments:

  1. တကယ်ဟုတ်မဟုတ် တယောက်ယောက်များ ၀င်မကြည့်ချင်ပေဘူးလား.....။ ဘယ့်နှယ်ကြောင့် မသိဘူး အိမ်လွမ်းစိတ်က ပေါ်လာတယ်..။

    ReplyDelete
  2. တကယ်သေချာလား တယောက်ယောက်လောက် ၀င်မကြည့်သင့်ပေဘူးလားးးးး။ ဘယ်နှယ့်ကြောင့် မသိဘူး အိမ်ပြန်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ်။

    ReplyDelete
  3. အားလုံးအတွက် အနစ်နာခံပြီး ခင်ဗျားပဲ အရင်ဝင်ကြည့်ပါလား ... အိုကေတယ်ဆို ဘလော့ဂ်မှာ ကွန့်မန့် ပြန်တင်ပေးလေ ... စောင့်နေမယ် :)

    ReplyDelete
  4. အင်း .... ပြန်လာချင်ပေမဲ့ ... စိတ်လိုလက်ရ မရှိတဲ့အချိန် အမှုဆင် ဖမ်းချုပ်ထောင်ထဲထည့်ရင် မခက်ပေဘူးလား ..... အဲဒီလိုမျိုး လုပ်ခဲ့တာတွေက ရှေ့မှာတပုံကြီး မယုံဘူးဆိုတဲ့သူတွေ ထောင်ထဲသွားလေ့လာကြည့် ... ယုံကြည်ရအောင်ကလည်း အရင်တုန်းက ယုံကြည်စရာမဲ့အောင် လုပ်ပြထားတာကိုး ..... တရားဥပဒေစိုးမိုးမှု အားနည်းပြီး ဘဝအတွက် လုံခြုံမှု အာမခံချက်မရှိတာမို့ အဲတာတွေ ထင်ထင်ရှားရှား မြင်တွေ့နိုင်တဲ့အထိတော့ စောင့်ကြည့်ပါဦးမယ် .... ပုံစံကတော့ နည်းနည်းပါးပါး ပြောင်းလဲလာတာတွေ့ရတယ် .... ဒါပေမဲ့ သိပ်အများအကြီးတော့မဟုတ် ..... အနည်းအကျဉ်းလောက်ပါ ဒီထက်ပြောင်းလဲမှုတွေ တိုးတက်လာမှုတွေ မြင်တွေ့ချင်ပါသေးတယ် ....... နိုင်ငံလည်း စုတ်ပြတ်မွဲတေနေပါပြီ .... ဒီလောက် ဖွတ်ဖွတ်ညက်ညက်ကျေအောင် ဒုက္ခပေးပြီးတာ တော်လောက်ရောပေါ့ .........

    ReplyDelete
  5. အများပြည်သူAugust 17, 2011 at 6:18 PM

    ရုပ်သေးဖြစ်တဲ့ သမတသိန်းစိန်က သူများတွေ ကြားကောင်းအောင်ဟစ်ပြနေတာပါ... ပြည်တွင်မှာရှိတဲ့ လူတွေကိုတောင်မှ နည်းလမ်းအမျိုးမျိုးရှာပြီးဖမ်နေတာဘဲ .ပြည်ပကပြန်လာတဲ့သူတွေကြတော့ အစုလိုက်အပြုံးလိုက်ဖမ်းပြီး သတ်ပြနေမလားမသိဘူး... မယုံရဘူး အမြဲတမ်းလိမ့်ညာတဲ့ ကမ္ဘာကျော် လူလိမ်လူညာတွေ ဆိုတာ ပြည်သူအားလုံးအသိဘဲ.. မြန်မာပြည်မှာ ဘာဥပဒေမှ မရှိပါဘူး.သူတို့ဖါစပ်ကထွက်လာတဲ့ အမိန့်မှန်သမျှ ဥပဒေပါဘဲ.....မယုံနဲ့ဟေ့..ကောက်ကျစ်တဲ့ မြေခွေယုတ်တွေကို မယုံကြနဲ့ဟေ့

    ReplyDelete
  6. အိမ်ပြန်ချင်စိတ်ပေါက်လာရင် ဝင်ကြည့်ကြလေဗျာ။ အဲ.. မဝင်ခင်တော့ အင်းစိန်၊ သာယာဝတီ၊ သရက်၊ ခန္တီး၊ အို.. ရေလို့မဆုံးနိုင်တဲ့ နိုင်ငံအနှံ့ ထောင်တကာထောင်ပေါင်းစုံထဲက နိုင်ငံရေးအကျဉ်းသားတွေ ထွက်မလာသေးဘူးဆိုတာလဲ အရင်ဆုံးသတိရထားကြအုံး၊ ဘာမဟုတ်တဲ့ သန်းခေါင်စာရင်းဆိုတာနဲ့တင် ငြိသွားနိုင်တယ်ဆိုတာလဲ မှတ်ထားအုံး၊ အီလက်ထရောနစ်ဥပဒေတဲ့ မယုံနိုင်စရာတွေ၊ အဲ့လိုငြိနိုင်စရာမျိုးတွေ အများကြီး မဖျက်ရေးချ မဖျက်ပေးသေးဘူးဆိုတာလဲ မှတ်ထား။

    ReplyDelete
  7. Limousine အပြာကြီး၊ တောက်ပ ပြောင်လက်နေသော စတိန်းလက်စ်စတီး လက်ကောက် ၊ အလင်းကာ ခေါင်းစွပ်အိတ် တွေ နဲ့ ကြိုနေပါမတဲ့ဗျာ။
    ဆင့် စေ့ လေး တပြား နဲ့ တင် နိုင်ငံခြားငွေလဲလယ်ရေးအက်ဥပဒေ နဲ့  (နိုင်ငံရေးအမှုမပါဘဲ) ဆွဲထည့် ထားလို့ ရတယ်နော်။
    ဘာ ကတိ မှ မတည် ဘူးတွေ လူတွေ ကို ယုံနေကြရင်လဲ သဘောတခုပါဘဲ ဗျား။

    ReplyDelete
  8. မောင်သိန်းစိန် မင်းနောက်က မုဆိုးခိုင်းတိုင်း ဟန်ပြ ကပြမနေနဲ့။ ယုံကြည်စေချင်တယ်ဆိုရင် ယုံကြည်လို့ ရအောင် ဖမ်းထားတဲ့ နိုင်ငံရေးသူရဲကောင်း တိုင်းရင်းသား ခေါင်းဆောင်တွေ ကျောင်းသားတွေ ကို အရင်လွတ်ပြလိုက်ဦး။ မင်းတို့ လည်း မုဆိုး ငါတို့ လည်း မုဆိုးပါ။ ဗမာပြည်မှာ မွေး ဗမာပြည်မှာ ကြီးလာတဲ့ ကျား။။ အကြောင်းသိတွေလေ။ ကမ္ဘာကို လိမ်ချင်လိမ်လို့ ရမယ်။ မုဆိုး ချင်တော့ လိမ်လို့ မရဘူး။ အဓိက အကျဆုံး ရိုးသားမှုကို ထုတ်ပြစမ်းပါ။ မင်းတို့ သတ္တိ တကယ်ရှိတယ် ရိုးသားတယ်ဆိုရင် ချက်ချင်းလွတ်သင့်တဲ့ သူတွေ အရင်လွတ်လိုက်စမ်းပါ။

    ReplyDelete
  9. သမ္မတကြီးအနေနဲ.အကျဉ်းကျနေတဲ့နိုင်ငံရေးသမားတွေအလုံးကိုအရင်လွှတ်ပေးပြီးမှဒီစကားပြောသင့်ပါတယ် ...ဒီအတိုင်းဆိုရင်ယုံဖို.ခက်ပါတယ် ...

    ReplyDelete
  10. မြန်မာပြည်သူပြည်သားများ အမိနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လာနိုင်ပါစေ ...

    ReplyDelete
  11. ကျော်ဆန်း၊ သိန်းစိန် ၊ သန်းရွှေ တို့ က တော်တော် ရီစရာ ကလေးအကွက်တွေ လုပ်ပါလား။ ဇေကမ္တာ ခင်ရွှေလို လူမျိုးသာ ယုံမှာမလွဲ။ ကမ္ဘာကလည်း သိပြီးသား မြန်မာကလည်း သိပြီးသား။ သန်းရွှေ ဘယ်အကွက် ကနေတယ်... ကျော်ဆန်း ဘယ်လို မျက်ရည်ကျပြနေတယ် ဆိုတာ။ မကြာခင် ဘယ်အသွင် ဆောင်ထားတဲ့ ဘီလူးခေါင်းအစစ် ထွက်လာပေါ်လာမှာပါ။ လွယ်လွယ်နဲ့ သန်းရွှေ ဒီဇာတ်ကို ကနေတာ မဟုတ်ဘူးနော်။ သန်းရွှေ နဲ့ကျော်ဆန်၊ သိန်းစိန် လိမ်စဉ်ကြီး ဆက်ကြည့်ကြပါဦး။

    ReplyDelete
  12. သတင်းကြားရတာ အံ့သြစရာကောင်းတယ် ဟေ့..... တရားဝင် စာနဲ့ ဥပဒေနဲ့ ထုတ်ပြန်သင့်တယ်။ နယ်စပ်တွေမှာ ကြိုဆိုရေး စခန်းတွေ ဖွင့်ပေါ့။ အရင်ဆုံးလွှတ်ပေးရမှာက နိုင်ငံရေး အကျဉ်းသားတွေပါ။ ဒီလူတွေ ပါးစပ်လေအလကား ရတိုင်း လျှောက်ပြောနေသေးတယ်။ မယုံ -ာ မယုံ

    ReplyDelete
  13. မြန်မာပြည်မှာတရားဥပဒေ စိုးမိုးမှုမရှိဘူး...
    အစိုးရကိုယ်တိုင်ပြောသွားတာ....
    အရင် ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး ကိုယ်တိုင်
    ပြောထားတာ..မကြာသေးပါဘူး..ရခိုင် မှာ ပြောသွားတာ..
    အရာရာကို တရားဥပဒေအတိုင်းလုပ်လို့မရဘူးတဲ့..
    တရားဥပဒေဆိုတာစာအုပ်မှာပဲရှိတယ်..
    လုပ်ပိုင်ခွင့်ဆိုတာ သူတို့လက်ထဲမှာရှိတယ်ဆိုတာ
    ပြောသွားတာ...
    အဲလိုယုံကြည်မှု မရှိသေးတဲ့အခြေအနေ..ဘယ်သူဝင်
    ရဲမလဲ...

    ReplyDelete
  14. မောင်ကောင်းAugust 17, 2011 at 9:08 PM

    စမ်းသပ်တဲ့အနေနဲ့ " သီးလေးသီးဆေးရောင်စုံအဖွဲ့ " ကို အရင် ပြန်ခိုင်းကြည့်ရင်ကောင်းမလားမသိဘူး ဟီးဟီး သူတို့ကို ဘာကွိုင်မှ မရှာတော့ရင်တော့ ကျန်တဲ့သူတွေလဲ အေးဆေးဖြစ်မှာပါ :P

    ReplyDelete
  15. ပြန်ချင်လိုက်တာ။ ဒါပေမဲ့ မယုံဘူး။နိုင်ငံရေး အကျဉ်းသားတွေတောင် မလွှတ်သေးဘဲ လူကြားကောင်းအောင် လုပ်နေတာက ရှင်းနေတာဘဲ။

    ReplyDelete
  16. အစိုးရပြောတာကိုယုံ ....... ပလုံ ပြီသာမှတ်.............
    အခုထိ ယုံချင်သူတွေရှိသေးတယ် ဟုတ်လား................. သန်းရွှေ မသေးသေးဘူးနော်...............

    ReplyDelete
  17. ကျွှန်တော်အရင် ပြန်မယ်ဗျာ။
    အပြစ်ရှိတဲ့ လူတွေလျှော့ပေါ့ပေးဘို့(စဉ်းစားပေးမယ်တဲ့)
    ၅ပြားဘိုးလောက်လား။ကျေးဇူးရှင်ကြီးရယ်။
    ကျွှန်တော်ပြန်ပြီး ၁၀ နှစ်ကြာတဲ့အထိအခြေအနေကောင်း
    ရင် ခင်ဗျားတို့ကို လှမ်းခေါ်လိုက်မယ်။
    ဘဒင်။

    ReplyDelete
  18. ဘယ်လို အာမခံချက် ပေးမှာမို့ လို့ လဲ...ခေါ်သွင်းပြီးတော့ရော ဘာအလုပ်တွေကို ပေးနိုင်မှာလဲ ..

    ReplyDelete
  19. သမ္မတ သိမ်းစိမ် တော့ လူစိတ်နဲနဲ ၀င်လာပြီနဲ့တူတယ်

    ReplyDelete
  20. အဲလိုဆိုရင်တစ်ကောင်တောင်လာရဲမှာမ

    ReplyDelete
  21. ဒီမှာ အခုပဲ အထုပ်အပိုးပြင်ပြီး လိမ်ပျံလက်မှတ်သွားဝယ်တော့မလို့ဟာ မေးမြန်းကြည့်တော့ ကျုပ်တို့ရွာနားမှာ ပေါ်တာဆွဲနေတုန်းလို့ပြောတယ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဘို့ ပေါ်တာသွားမထမ်းချင်ဘူး ဘီလိုလုပ်ရမီလဲသမ္မတကြီးရဲ့?

    ReplyDelete
  22. i think u guys are too negative.

    ReplyDelete
  23. ပြန်လာဖို.တော. သမ္မတကြီးက ခေါ်နေပေမယ်. ဆိုင်ရာ ဆိုင်ရာမြန်မာ သံရုံး ကအခွန်တွေကို အရင် စဉ်းစားကြပါ ထွက်လာတဲ.နှစ်တွေကြာပြီဆိုတော. သံရုံး မှာ ဘယ်လို စပြီးနှုတ်ဆက်ရမယ် မသိဘူးဖြစ်နေပြီ ဟ ၊နိုင်ငံတကာမှာ သံရုံးကကိုယ်.နိုင်ငံသားတွေကို ပြူးပြဲပြီး အခွန်ကောက်တာ၊မပေးရင်စိတ်ကောက်တာ ကျနော်တို.မြန်မာတနိုင်ငံတည်းရှိတာကိုတော.ရှားပါးနိုင်ငံအဖြစ် ဂုဏ်ယူဝင်.ကြွားစွာနဲ. သံရုံးထဲခြေလှမ်းပြီးဝင်ချင်ပေမယ်. နိုင်ငံ ကိုပြန်မရောက်ခင် သံရုံးပေါက်ဝမှာတင် ခြေတွေခွင်နေပြီဗျာ သမ္မတ ကြီးရာ......

    ReplyDelete
  24. သမ္မတကြီးရဲ့ ကမ်းလှမ်းချက်ကြောင့် ပြန်မလို. အခု ဖယောင်းတိုင်၊ လက်နှိပ်ဓါတ်မီး တို.ကို လိုက်ရှာနေပါတယ်..။ ပြီးရင် ကိုယ့်ဟာကိုယ် ဆေးကုဖို. ဂွမ်း၊ ပတ်တီးလိပ် တခါတည်း နိုင်ငံခြားကနေ ဝယ်သွားမယ်..။ အစာကြေဆေးကတော့ ယူမသွားတော့ဘူး..။ ဟိုရောက်ရင် မြို.ထဲမှာ ကားစီးမှာကိုး...။ ယူကျူ.လည်း အားရအောင် ကြည့်ပြီးပြီ..။ အလှူခံတွေ.ရင် ထည့်ရအောင် အကြွေလေးတွေလည်း တခါတည်း ဆောင်ထားတယ်..။ ညဘက် ဧည့်စာရင်း လာစစ်ရင်လည်း နိုးအောင် ခုတည်းက ကျင့်ထားတယ်..။

    ReplyDelete
  25. ညီညီအောင်ကိုသတိရပါနော်...

    ReplyDelete
  26. အင်း....ခွင့်လွတ်လောက်တယ်...ခွင့်မလွတ်လောက်ဖူးဆိုတာ..
    ဘယ်ပေတံနဲ့ဆုံးဖြတ်မှာလဲ..အထဲကလူတွေ
    ကိုကော ဘာဖြစ်လို့ခွင့်မလွတ်သေးတာလဲ.
    .တွေ့ဆုံဆွေးနွေးဖို့ပြောတဲ့ ကိုမျိုးဇင်ကိုအခု တွေ့ဆုံဆွေးနွေးနေကြတာတောင်
    အီးပုဒ်မနဲ့ စွဲတယ်ဆိုတော့.......ဟာဟ...
    .ဘာကိုယုံရမှာလဲ

    ReplyDelete
  27. အရူးတွေ လုပ်ချင်တာ လုပ်တိုင်းရအောင် မင်းမဲ့ တိုင်းပြည်မှမဟုတ်တာ ကိုယ်လုပ်ပြီးရင်တော့ ခံပေါ့ မခံချင်လို့  ပြည်ပတောင်ထွက်နေပြီပဲ ရှက်တက်ရင်သေလို့ ရပြီ

    ReplyDelete
  28. Thein Sein a twae a lote lote pay dae thu so yin dot pyan yin personal a kyole shi ng dal,ta pyi lone neyin chan yae doe, tine yinn tharr dwae nae neyin chan yae a twae shwae nwae pe, MM pyi gyi kg kyole a tawe Thein Sein gyi ko taung so yin dot phyit ng mhe ma hote br bu, a khu hr,thu doe sit shone nay loe!,tine yinn tharr dwae ko ma ng dr ko, htwae pout shar poe, a kyaung pyat dr pr,De kg dwae ka, de a tine lu lal kyat nay kyat pr.

    ReplyDelete
  29. "မသိချင်းများ"

    အဲဒီနေ့ကပြောတာ
    ပြန်လာ

    ဘယ့်နဲ့များပြောတာ
    ပြန်လာ

    လာချင်လိုက်တာ
    တပိုင်းသေပါ

    လာရင်ကြိုမှာ
    ဘာနဲ့လဲ ဗျာ

    မေးခွန်းတွေက
    သိပ်များတာ

    အရင်တခါလို .... အုန်းမှာလားဗျာ?
    အရင်တခါလို...... အုန်းမှာလားဗျာ?
    အရင်တခါလို .... အုန်းမှာလားဗျာ?
    အရင်တခါလို...... အုန်းမှာလားဗျာ?
    အရင်တခါလို .... အုန်းမှာလားဗျာ?
    အရင်တခါလို...... အုန်းမှာလားဗျာ?
    အရင်တခါလို .... အုန်းမှာလားဗျာ?
    အရင်တခါလို...... အုန်းမှာလားဗျာ?
    အရင်တခါလို .... အုန်းမှာလားဗျာ?
    အရင်တခါလို...... အုန်းမှာလားဗျာ?

    သိပ်မမေးပါနဲ့
    ငါ့တူ ရာ
    အဖြေရကြပ်တာ ကျနော့် မှာ

    ဘဘပြောခိုင်းတာတခုထဲပါ
    ပြန်လာ ပြန်လာ ပြန်သာလာ

    ဘဘလုပ်မှာကျနော်မသိပါ။
    အအ လို့ပြောလဲခံရမှာ...
    ခေါ်သာခေါ်ပါ ကျနော်မရှက်ပါ။

    *ငအ*

    ReplyDelete
  30. သဘောထားကြီးလိုက်တာ စိန်စိန်ရယ်....
    ပြန်မလာနှိင်တာတော့တကယ်စိတ်မကောင်းဘူး..
    အရမ်းခံစားရတယ်သိလား....
    စိန့် နဖူးပြောင်ပြောင်လေးကို အဝေးကဘဲ အာဘွား ပေးလိုက်တော့မယ်နော်.......
    အာ....ဘွား.......
    အဟိ...

    ReplyDelete
  31. comment တွေမှာ ဦးသိန်းစိန်ဆီ ရည်ရွယ်ပြီး ပြောထားကြတယ်၊ ဘာအတွက်ကြောင့်လဲတော့မသိ? ဦးသိန်းစိန်က အပြင်ရောက်နေတဲ့ လူတွေကို စကားလေး တပိုဒ်လောက်နဲ့ ပွဲဆူအောင် လုပ်သွားတာပဲ၊

    ReplyDelete
  32. မှတ်ချက်။ ။ မြန်မာသံရုံးတွင် အခွန်ဆောင်စရာ မလိုပဲ ပြန်လာနိုင်သည်။ ... ဆိုမှာပဲ ပြန်လာမယ်။ ပိုက်ဆံကြောင့် မဟုတ်ပါ၊ ရိုင်းပျတဲ့ ဆက်ဆံရေးကြောင့်ပါ။

    ReplyDelete
  33. တကယ်ပြောတာလား စိန်စိန်
    ဟင်း....................မနှေက်နဲ့နော်။
    ယုံဘူး ။ သူများကိုဆွဲစားချင်လို့ခေါ်တာမဟုတ်လား။

    ReplyDelete
  34. သူတို့မကောင်းတာက သူတို့တွက်ပါ အစ်ကိုတို့အနေနဲ့ ကျန်ခဲ့တဲ့ပြည်သူတွေထောက်ထားပြီပြန်လာစေချင်ပါတယ်။သဲလေးတစ်ပွင့်နဲ့ဘာမှမဖြစ်ပေမယ့်သဲလေးတွေပေါင်းပြီးဘူ၇ားစေတီဆိုတာတွေတော့ဆောက်လို့၇ပါတယ်။

    ReplyDelete
  35. သိပ်မယုံပေမယ့် တစ်ခုတော့ရှိတယ်။ မြန်မာပြည်တါင်းမှာ စီးပွားရေး ဖွံ့ဖြိုးဖို့ဆိုတာ ယိုစိမ့်နေတဲ့ ဦးနှောက်တွေ ပြန်လာဖို့ အရေးကြီးတယ်။ ဒီတစ်ခုကို ထောက်ရှုလို့ ပြန်လာခွင့်ပေးဖို့ ဆုံးဖြတ်တာလဲ ဖြစ်နိုင်တယ်။

    ReplyDelete
  36. 17 Aug 11, 10:11 PM
    TRUE-MMCP: ပြည်ပကလူတွေပြန်လာလို့ရတယ်ဆိုတာက ထောင်ထဲကလူတွေလောက် ကြောက်စရာမကောင်းတော့ဘူးလို့ယူဆလို့များလားလို့
    17 Aug 11, 10:06 PM
    TRUE-MMCP: ပြန်လာမလာတော့မသိဘူး .. အနောက်နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့် မြန်မာမှန်သမျှပေးမယ်ဆိုရင်တော့ .. မြန်မာနီုင်ငံထဲမှာလူကျန်မယ်မထင်ဘူး

    ReplyDelete
  37. ခင်ဗျားတို့က ဘာတွေမို့လို့ သမ္မတက ကြော်ငြာစာထုတ်ပြီးပြန်လာခိုင်းရမှာလဲ ကော်ဇော်နီခင်းပြီး ကြိုရမှာလား ကြီးကြီးကျယ်ကျယ် ဒီမိုတွေပါးစပ်ရွှေချထားဖို့ကောင်းတယ်

    ReplyDelete
  38. မောင်ကောင်းAugust 18, 2011 at 9:37 PM

    တွေ့တယ်မဟုတ်လား ခေါင်းဆောင်ဆိုတာဒီလိုအနစ်နာခံစမ်းသပ်ရဲတဲ့ သတ္တိရှိရတယ် မောင်ကောင်း အိုင်ဒီယာလေး ကွန့်မင့်ထဲစပေးကြည့်လိုက်တာ လူရွှင်တော်ကိုဂေါ်ဇီလာအာရုံရသွားပုံရတယ် သူအရင်ပြန်မယ်ဆိုပဲ လေးစားပါတယ်ကိုဂေါ်ဇီလာ ဆက်လုပ်ပါ ပြည်ပမှာလဲ ပွဲဂွင်တွေကပျောက်ကုန်ပြီဆိုတော့ :)

    ReplyDelete