Pages

Thursday, August 18, 2011

DKBA မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲမယ်


တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့ဟာ လာမယ့် ပွင့်လင်းရာသီမှာ မြန်မာအစိုးရတပ်တွေရဲ့ ထိုးစစ်တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ကရင်ပြည်နယ်အတွင်းမှာ မြို့တွင်းတိုက်ပွဲတွေ ဆင်နွဲသွားမယ်လို့ ဒီလ ၁၄ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်းမှာ ပြုလုပ်တဲ့ တပ်မှူးများဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ စစ်ဆင်ရေးမှူးတဦးဖြစ်တဲ့ စောဆန်းအောင်က ဧရာဝတီကိုပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ DKBA တပ်မဟာ ၅ ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွေးနဲ့ တပ်မှူးတွေအားလုံး တက်ရောက်ခဲ့ကြပြီး သူတို့အဓိက ထိုးစစ်ဆင်မှာကတော့ ကော့ကရိတ်၊ မြ၀တီနဲ့ လှိုင်းဘွဲမြို့နယ်တွေဖြစ်တယ်လို့ ပြောပါတယ်။


သူတို့ပြောတာကတော့ မြန်မာအစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းသရွှေ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ DKBA တပ်မဟာ ၅ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ရခိုင်လူငယ်တပ်ဖွဲ့ ၀င်တွေ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့လည်း ဗိုလ်မှူး ဆန်းအောင်က ပြောပါတယ်။

(ဓာတ်ပုံ - ဧရာဝတီ)

16 comments:

  1. မောင်ကောင်းAugust 18, 2011 at 1:53 PM

    ကဲ ကဲ ကိုဆန်းအောင်တို့ ဦးနှုတ်ခမ်းမွှေးတို့ရေ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဆရာတို့လက်ထက်လက်စွမ်းလေးပြခဲ့ပါအုန်း ရိုးရာမပျက်ဆက်ထိန်းသိမ်းမယ်ဆိုရင်တော့ နှစ် ၆၀၀ ကျော်လဲ ကရင့်မြေမှာဒုက္ခတွေပင်လယ်ဝေနေအုန်းမှာပဲ

    ReplyDelete
  2. ကျမကတော့ မြို.တွင်းတိုက်ပွဲဆိုတာတွေကို လုံးဝမထောက်ခံပါ....တိုက်ရတာ ဝါသနာ ဆိုရင်တော့ တောတွင်းမှာ တိုက်ချင်သလိုသာတိုက်ကြ..အပြစ်မဲ့တဲ့ ပြည်သူတွေကို ဒုက္ခမပေးကြနဲ...
    ကျမ ငယ်ငယ် ကရင်ပြည်နယ် ဘားအံ့ မြိုင်ကလေး ဖက် ရောက်ခဲ့ဖူးတုန်းက ကြားလိုက်ရတဲ့ သေနတ်သံ လောင်ချာသံတွေ... သေလိုက်ကြတဲ့ အပြစ်မဲ့ ခရီးသွားတွေ... မုန်းလိုက်ကြတဲ့ သူပုန်တွေ...ဒါဟာ ကရင်ပြည်နယ်တွင်းမှာနေတဲ့သူတွေကိုက မုန်းတာ..
    လက်နက်ကိုင်တိုက်တာနဲ. လိုချင်တာရမှာလား...ကိုယ်လုပ်ချင်တဲ့သူကို ထိမှာလား...ကြားထဲက ကိုယ်ချစ်ပါတယ်ဆိုတဲ့ မြေ ၊ ကိုယ်ချစ်ပါတယ်ဆိုတဲ့ ပြည်သူတွေကို ကြည့်သင့်ပါတယ်... ဒီလိုလုပ်ေ်နသရွေ.တော့.....

    လေးစားစွာဖြင့်
    SV

    ReplyDelete
  3. Must Fight!!
    This is the FINAL!!
    Should get result of Black (OR) White!!
    Every gain comes along with the pain!!
    We are standing and staying in our own land!! We are not taking the land of Burmese!!
    All deserve equal rights!!
    We can't let our generation to suffer this again!!
    Until we suffer, it's enough!!
    Enough is Enough!!
    We should FIGHT!!
    BRAVO!!!!!!!

    ReplyDelete
  4. မြို့တွင်းတိုက်ပွဲတိုက်သင့်တာကြာပြီး...ကျွန်တော်တော့လုံးဝထောက်ခံတယ်. တောတွင်းမှာတိုက်ရင်လဲ..ရန်သူကိုမတိုက်ဘဲနဲ့ရွာသူရွာသားတွေ..ရွာကိုမီးနဲဖျက်စီးခဲတာဘဲ..ဘာမှမထူးဘူးပြည်သူလုထူထိတာချင်းအတူတူဘဲ..ပိုပြီးတော့ကောင်းသေးတယ်..Mediaသတင်းထဲရောက်ပြီးနိုင်ငံတကာပိုပြီးသိရတယ်..တောင်းမှာတိုက်ပွဲဖြစ်တ်ာဗမာစစ်သားတွေကရွာသူရွာသားကိုရှောင်မယ်လို့ထင်လား..မြို့ထဲမှနေတဲ့လူတွေစစ်ပြေးဒုခသယ်မပြေးခဲ့ဖူးဘူး..တောမှာနေတဲ့လူတွေပြေးလို့ဝပြီး...ဆက်လုပ်ရဲဘော်တို့

    ReplyDelete
  5. စိုင်းသိန်းဝင်းAugust 18, 2011 at 10:01 PM

    လက်ခုပ်ဆိုတာ တစ်ဖက်တည်း တီးရုံနဲ့ အသံမပြည်ဘူး SV ရေ..

    ReplyDelete
  6. ပြည်တွင်းမှာကြီးပြင်းတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီကေဘီအေရဲ့ မြို့ တွင်းတိုက်ပွဲ ကို လုံးဝသဘောမတူပါ...အခု ဒီကေဘီအေက ဆင်နွဲမဲ့ မြို့ တွင်းတိုက်ပွဲဆိုတာက ပြည်သူတွေအတွက် ကောင်းသောအကျိုးရလဒ် တခုမှ မရှိပါ....ဆိုးကျိုးသာများသွားမှာဖြစ်ပါတယ်...အစိုးရနဲ့ အဝေမတည့်လို့ သူ့ ဟာသူ ထပီးအခု တိုက်တဲ့ တိုက်ပွဲသာဖြစ်ပါတယ်...လုံးဝသဘောမတူပါ....

    ReplyDelete
  7. မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီပေါ်ပေါက်လာဖို့အတွက်ဆိုရင်မြို့တွင်းရောမြို့ပြင်ပါတိုက်ရမှာဘဲဒီမိုကရေစီစနစ်နဲအုပ်ချုပ်တဲ့နိုင်ငံတွေမှာတိုင်းဆိုတာမရှိဘူးထားလို့ကိုမရတဲ့ကိစ္စတစ်ခုပါအဲဒါသိသိနဲတိုင်းဒေသကြီးဆိုပြီးကမ္ဘာမှာမရှိတဲဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတယ်ဒါတရားသလားဒါတွေကိုအောင်ဆန်းစုကြည်ကပိုနားလည်တယ်ဒါပေမဲ့တစ်ခွန်းမှမပြောဘူးတိုင်းရင်းသားတွေကိုကျွန်ဘဝမှာဆက်လက်ထိန်းသိမ်းသွားဖို့အတွက်အောင်ဆန်းစုကြည်ကဦးဆောင်နေတာတိုင်းရင်းသားလူငယ်ပညာတတ်တွေကိုမျိုးတုန်းအောင်သတ်သွားတာလည်းအောင်ဆန်းစုကြည်ကဖေါ်ထုတ်ပေးရင်းသန်းရွှေကသတ်လိုက်ရင်းနဲလူငယ်ပညာတတ်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီလက်ရှိတိုင်းများကိုသမိုင်းကြောင်းအရခွဲဝေပေးနိုင်ပြီးမှစစ်မှန်တဲ့ဒီမိုကရေစီကိုဖေါ်ဆောင်နိုင်မှာဖြစ်တယ်ဒီကိစ္စတွေကိုမလုပ်မချင်းမြို့တွင်းရောတောတွင်းရောတိုက်ရမှာဘဲတိုက်တဲ့နေရာမှာတိုင်းရင်းသားလက်နက်ကိုင်အားလုံးညီညွတ်ဖို့လိုတယ်စစ်တပ်ထဲမှာရောက်နေတဲ့တိုင်းရင်းသားနွားတွေကလည်းဒါတွေကိုသဘောမပေါက်ဘူးအညာသားတွေကတိုက်ခိုင်းတိုင်းတိုက်နေတာဘဲဘာအကျိုးအမြတ်လည်းခံစားခွင့်ရှိတာမဟုတ်ဘူးတိုင်းရင်းသားထဲကထိပ်တန်းစစ်ခေါင်းဆောင်တွေမရှိတာဘာကြောင့်လဲသသနာရေးဆိုင်မှာရောတိုင်းရင်းဘုန်ကြီတွေထဲကသံဃာတော်များနေရာမပေးတာဘာကြောင့်လဲဒါဟာအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ဆောာင်ပုဒ်နဲကိုက်ညီလားအုပ်ချုပ်တဲ့လူတန်းစားတွေရဲ့လုပ်ရပ်လားစစ်မှန်တဲ့ဒီမိုကရေစီကိုမဖေါ်ဆောင်ပေးနိုင်သမျှတိုက်ပွဲဝင်သွားကြဖို့တောင်းဆိုပါတယ်လူမျိုးတုန်းရင်တုန်းသွားပစေရအောင်တိုက်ရမှာဘဲတိုင်းရင်းသားအားလုံးစုပေါင်းတိုက်နိုင်ဖို့အတွက်ဘာတွေအခက်အခဲ့ရှိနေလို့ဒီလောက်အချိန်နှောင်းနေရတာလဲတိုင်းရင်းသားအားလုံးပူးပေါင်းတိုက်ကြဖို့အားပေးပါတယ်
    လေားစားစွာဖြင့် နာကိုလီ

    ReplyDelete
  8. အချိန်မှီပါသေးတယ်။ နိုင်ငံတော်စိုးရထံတွင်လက်နက်ချပြီး ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင် ရွက်ပါဟုတိုက်တွန်းပါတယ်။ကျွန်တော့်ရဲ့ထင်မြင်ချက်တစ် ခုကိုတင်ပြချင်ပါတယ်။ မြို့သိမ်း/မြို့တွင်းတိုက်ပွဲဖော် ဆောင်လိုက်သည်နှင့် ခင်ဗျားတို့ရဲ့ရပ်တည်ချက်တွေကွာခြားသွားပါလိမ့်မည်။ ခင်ဗျားတို့အဲဒီလိုလုပ်လျှင် မြန်မာပြည်သူတစ်ရပ်လုံးက မုန်းတီးသွားပါလိမ့်မည်။ ထို့အတူနိုင်ငံတကာဥပဒေနှင့် လည်းကင်းကွာသွားပါ လိမ့်မည်။ ဆိုလိုသည်မှာနိုင်ငံတကာဥပဒေအောက်တွင် ခင်ဗျားတို့ ရပ်တည်နိုင်တော့မည်မဟုတ်ပါ။ အဲဒီလိုဖြစ် လာလျှင် နိုင်ငံအစိုးရ၏ချေမှုန်းခြင်းခံရပြီး ခင်ဗျားတို့ DKBA ပျောက်ကွယ်သွားပါလိမ့်မည်။ သူပုန်တွေကမြို့ကိုသိမ်းလျှင် လေကြောင်းထိုးစစ်ကို ပြင်းထန်စွာ သုံးစွဲခွင့်ရှိပါသည်။ ဒါကအမှန်ပင်ဖြစ်ပါသည်။ ဗုံးကြဲခွင့်၊ဝေဟင် မှမြေပြင်ပစ်ဒုံးကျည်များကိုသုံးစွဲခွင့်ရှိပါသည်။ ထိုကဲ့သို့ဖြစ်လာလျှင် မည်သည့်နိုင်ငံကမျှ ၀င်ရောက်ပြောပိုင်ခွင့်မရှိတော့ပါ။ နိုင်ငံတကာအဖွဲ့အစည်းကြီးတွင် မူကြီးများရှိပါသည်။ လေ့လာပါဟု ကျွန်တော် ရိုးသားစွာတိုက်တွန်းပါသည်။ စစ်ကိုကျွန်တော်မကြိုက်ပါ။ လူတိုင်းလည်းမကြိုက်ပါ။ ဒါပေမယ့်စစ်ပွဲကြီးများက အမှန်ပင်ဖြစ်ခဲ့ပါပြီ။ ကျွန်တော့်ကိုမုန်းချင်မုန်းပါ။ ဒါပေမယ့် စစ်၏သားကောင်ဖြစ်ရသော ပြည်သူတို့၏မျက်နှာကို ကြည့်ပါ။ လက်နက်ကိုင်လမ်းစဉ်ကိုလုံးဝစွန့်လွှတ်ပါဟု ကျွန်တော်ရိုသေစွာ တောင်းဆိုလိုက်ပါသည်။

    ReplyDelete
  9. မြိ့တွင်းပဲတိုက်တိုက် မြို့ ပြင်ပဲတိုက်တိုက် နေပြည်တော်က မင်းတို့မုန်းတယ် ဆိုတဲ့ ဘဘတွေ ကဘာမှ ဂရုစိုက်မှာမဟုတ်ဘူး မင်းတို့သိပ်ချစ်ပါတယ်ဆိုတဲ့ ဒေသကလူတွေပဲ ထိခိုက်မှာဘဲ ကိုယ်ပိုင်ဦးနှောက်လေးနဲနဲသုံးကြဦး

    ReplyDelete
  10. ထိုးစစ်ဆင်မယ်ဆိုရင်လည်း ကိုယ့်ရှိတဲ့သူတွေနဲ့သာတိုက်၊
    ပြည်သူတွေ အရွယ်မရောက်သေးတဲ့ကလေးတွေကိုအဓမ္မ
    စစ်ထဲဝင်ခိုင်းပြီးမတိုက်ခိုင်းနဲ့။ နင်တို.အားလုံးအတူတူဘဲ။အပြောတမျိုး၊ အလုပ်တမျိုးတွေ။ လုံးဝ အယုံအ့ ကည်မရှိဘူး။

    ReplyDelete
  11.ြ​မို့​​တွ​င်း​တိုက်ပွဲ ဆို​ေ​တာ့ ၿ​မိ​ဳ​႕​သား​ေ​တြ​က လူထု​ကို ထိ​ခိုက္တယ္တဲ့။ ေ​တာ​ထဲ​မွာ တို​က​္​ၾ​က​တာ​ကေ​တာ့ ေ​တာ​သား​ေ​တြ​ကို မ​ထိ​ခိုက္ဘူး​တဲ့​လား။ က်ဳပ္တို​႔ ေ​တာ​သား​ေ​တြ အတြ​က​္​ေ​တာ့ မ​ထူး​ပါ​ဘူး။ ေ​တာ​ထဲ​မွာ​ေ​တာ​င် တို​က်​ေ​န​ၾ​က​ၿ​ပီ​ပဲ ၿ​မိ​ဳ​႕ေ​ပ​ၚ​လ​ည်း တက်တို​က်ြ​ကေ​ပါ့။ ချဗျာ

    ReplyDelete
  12. ဒီကေဘီအေ က အ၇င်တုန်းကအစိုး၇နဲ့ အဆင်ပြေနေတုန်းကပေါ့လေ မြို.ကြီးတွေမှာတောင် သေနပ်တကားကားနဲ့
    သာမန်ပြည်သူတွေကိုသူတို့မလို၇င်မလိုသလို
    သူတို့နဲ့ဘာမဟုတ်တဲ့ ပြသနာလေးဖြစ်၇င်တောင်
    အမှုန်.ချေမယ့်အလုပ်တွေလုပ်ခဲ့တာသူတို့ငြင်းမလားမေးချင်ပါတယ်
    ကိုယ်လူကိုယ်ထိန်းနိုင်မှအများယုံကြည်မှု၇မှာပါ
    မြို.တွင်းသင်္ကြန်ပွဲကအစ
    ဟဲ့...ဒီကေဘီအေတွေကိုသွားမထိနဲ့နော်...
    ဆိုတဲ့စကားတွေ
    မကောင်းပါဘူး
    လူရွံစ၇ာမဖြစ်၇ပါဘူး
    လူချစ်တာပဲဖြစ်သင့်ပါတယ်
    အဲဒီတော့
    စည်းကမ်းထိန်းနိုင်မှလူထုလေးစားမှုကို၇ပါမယ်
    မှတ်ချက်-ကျနော်သည်အစိုး၇ဖေါ်လံဖားလုံးဝ(လုံးဝ)မဟုတ်ပါ

    ReplyDelete
  13. တော်တော်ကိုရွှေဥာဏ်တော်စူးရောက်ကြတဲ့ ဒီကေဘီအေ (ခွဲထွက်)ကရင်တပ်မှုးတွေပါဘဲ။ မြိုံ့တွင်းတိုက်ပွဲတွေလုပ်မယ်ဆိုရင်..ခင်ဗျားတို့ဟာ..အစိုးရကိုတိုက်တာမဟုတ်ဘဲ..ပြည်သူလူထုအားလုံးကို သေကြေ၊ပျက်စီး၊ဒုက္ခပင်လယ်ဝေရအောင်လုပ်တာဘဲ။ ဒါဆိုရင် ခင်ဗျာတို့ကို အားလုံးကဝိုင်းပြီးချေမှုန်းကြရမှာဘဲ။ ဒါပေမဲ့ခင်ဗျားတို့ သောင်းကျန်းသူခေါင်းဆောင်ပိုင်းနဲ့ နောက်ပါတစ်ချိုံတွေကတော့ နယ်စပ်ကိုပြေး၊ဒုက္ခသည်ဟန်ဆောင်၊ပုဆိုးခြုံထဲကနေလက်သီးပြနေကြဦးမှာဘဲမဟုတ်လား။

    ReplyDelete
  14. ပါပဲ​​ပြောပြော,ကရင်ကိုမြင်ချင်ရင်ပြတိုက်ထဲမှာပဲမြင်ရ​တော့မယ်ဆိုတဲ့စကားကိုကျွန်တော်အခုထိနားနဲမဆန့်​အောင်ကြား​နေရတယ်...
    တိုက်ရတာဝါသနာပါတယ်ဆိုတဲ့စကားကိုတောဘယ်စစ်သားရဲစိတ်ထဲမှာရှိမယ်လို့​တော့မထင်ဘူး we all want peace...(WAR IS WAR MANY PEOPLE DIED BUT NOT 50 YEAR AFTER WORLD WAR ENDING)...You Can't Kill Every Villages people that u saw...i think i agree with ဦးနှုတ်ခမ်းမွှေး

    လေးစားစွာဖြင့် DM

    ReplyDelete
  15. ဝါသနာပါလိုတိုက်တယ်ဆိုတဲ့စကားကိုတော့ကျွန်တော်လူငယ်တယောက်အနေနဲ့လုံးဝကန့်ကွဲ့တယ်....ပါဖြစ်လို့လဲဆိုတော့..သူတိုအခုတိုက်နေတဲတိုက်ပွဲဟာသူတို့အတွက်တိုက်နေတာမဟုတ်ဘူးလေ။
    မြို့တွင်းတိုက်ပွဲလုတ်ရင်မြို့ကလူတွေထိခိုက်မယ်ဆိုတာနဲ့အားလုံးဟာသိကျတယ်....တောထဲမှာဖြစ်တာဖြစ်သလိုဖြစ်တဲ့...OK တောထဲကလူတွေကော။သူတို့အတွက်,တွက်ပြီးတော့စေးစားပါအုံးဗြာ..သေတဲ့သူကလဲထောင်ပေါင်းမနဲတော့ဘူ။
    WAR IS WAR IN A MANY PEOPLE DEAD BUT NOT 50 YEAR AFTER WAR HAD ENDING!

    ReplyDelete