Pages

Wednesday, August 24, 2011

နယ်ခြားစောင့်တပ်ကို DKBA ၀င်တိုက်၊ သုံ့ပန်း ၇ ဦးရရှိ

-



DKBA အရာရှိများ (ဓာတ်ပုံ-ဧရာဝတီ)

ယမန်နေ့နံနက်ပိုင်းတိုက်ပွဲတခုတွင် ဗိုလ်မှူးစောဘိ ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက် ၈ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု DKBA တပ်မဟာ ၅ ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်ကြီးစောသရီးထူးက ဧရာဝတီသို့ ယနေ့ ပြောကြားသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ အနောက် ဘက်ခြမ်း ကံညီနောင်ရွာတွင် အခြေစိုက်သည့် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၇ ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သုံ့ပန်းများကို မြန်မာအစိုးရကို ပြန်လည်တော်လှန်ရန် အတွက် စည်းရုံး သိမ်းသွင်းသွားမည်ဟုလည်း စောသရီးထူးက ပြောသည်။


-

2 comments:

  1. ဖထီး စောလားပွယ်ရေ စောချစ်သူ ကိုအသေရရအရှင်ရရဖမ်းပေးပါဗျ အသားထဲကလောက်ထွက်တဲ့အကောင်ကိုသာလဖေါ့ဟင်းချက်စားချင်လို့

    ReplyDelete
  2. အင်း... ကိုယ့်အိမ်ကြက်ချင်း သွေးခွဲပြီး အိုးမဲသုတ် ခွပ်ခိုင်း... တဲ့ ကိစ္စကို ယုံကြည်နေကြမှတော့....

    ReplyDelete