Pages

Wednesday, September 14, 2011

နိုင်ငံရေးက လုံးတယ်

.....




(ap ဓာတ်ပုံ)

ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့မျက်စိရှေ့ ၂၃ နှစ်တာ ကာလမှာ သူမလုပ်ဖူးတာတခုကို မကြေညာဘဲ လုပ်ထည့်လိုက်ပါတယ်။ အဲဒါကတော့ ဒီညနေခင်းမှာ ဘောလုံးပွဲသွားကြည့်လိုက်တာပါပဲ။

ဒီနေ့ ရန်ကုန် သုဝဏ္ဏကွင်း မှာလို ၂ နာရီ နီးပါး ကြာတဲ့ ဘောပွဲ အစအဆုံး ထိုင်ကြည့်ဖြစ်မယ်ဆိုတာကို သူကိုယ်တိုင်ရော၊ သူ့ကို စိတ်ဝင်စားထောက်ခံအားပေးသူများရော စဉ်းစားမိခဲ့မှာ မဟုတ်ပါဘူး။

ဒီနေ့ပွဲက ဘယ်လိုမှ ကြည့်လို့မကောင်းနိုင်တဲ့ အာဆီယံ ၁၉ နှစ်အောက် မြန်မာလာအိုပွဲ ဖြစ်တာကြောင့် ဘောလုံးရသ ခံစားဖို့ သွားတာမဟုတ်မှန်း အရမ်း သေချာနေပါတယ်။

အဖွားကြီး သုဝဏ္ဏကွင်း ဘာကြောင့်သွားတာလဲ၊ ဘာသွားလုပ်တာလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ ခုချိန်မှာ ဘယ်သူမှ ရေရေရာရာ မဖြေနိုင်သေးပါ။

ဒေါ်စု ကွင်းထဲ ရောက်နေပြီ ဆိုတဲ့ သတင်းက ဘောလုံးကန်နေကြစဉ်မှာပဲ အင်တာနက်မှာ ရောက်လာပါတယ်။ ပြည်ပရောက် ပန်းချီထိန်လင်းက - facebook မှာ "ကိုယ်တွေကတော့ အစွဲရှိတယ် ပြောပြော ဒီပွဲမှာ မြန်မာအသင်း နိုင်ခဲ့ရင်တော့ ဒေါ်အောင်ဆန်းစုကြည် လာအားပေးလို့ပဲလို့ ယူဆပါမယ်" ဆိုပြီး မှတ်ချက်ပြုပါတယ်။

သူ့ယူဆချက် မှန်ပါတယ်၊ မြန်မာအသင်း တဂိုးသုညနဲ့ အောင်ပွဲခံပါတယ်။

ဒီနေ့ပွဲ အောင်ပွဲခံသူတွေထဲ သေချာပေါက်ပါသူက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်ပါလိမ့်မယ်။

ခြောက်ကပ်ကပ် ဘောလုံးပွဲကြည့်ဖို့ ဒေါ်စုကို ဆွဲခေါ်နိုင်တဲ့ စီးပွားရေးသမားကြီး ဦးဇော်ဇော်ဟာ နှစ်ဆန်းပိုင်းတုန်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဘလတ္တာ မြန်မာပြည်ရောက်လာအောင် လုပ်ပြခဲ့ပါသေးတယ်။

ဘောလုံးပွဲတွေ အရောင်းသွက်အောင် မင်းသမီး မင်းသား ဘယ်သူ့ကိုဖြစ်ဖြစ် ကွင်းထဲ ခေါ်သွားတာ မထူးဆန်းပေမယ့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုကို ခေါ်သွားတာကတော့ ဗိုလ်ချုပ်ကြီးတို့ ဦးသိန်းစိန်ကြီးတို့ဆီက မီးစိမ်းပြမှု၊ ညွှန်ကြားမှုကြောင့်လား ဆိုတာ မေးစရာဖြစ်လာပါပြီ။

တခြားသော ဧရာမ လုပ်ငန်းရှင်ကြီးများလိုပဲ အကောင်ကြီးတွေနဲ့ ချိတ်ထားတယ်လို့ နာမည်ကြီးတဲ့ ဦးဇော်ဇော်ဟာ အနောက်နိုင်ငံများရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခံရသူစာရင်းထဲ ပါပါတယ်။

မြန်မာပြည်ရဲ့ အရှေ့အနောက်တောင်မြောက်နေရာအနှံ့ လုပ်ငန်းကြီးတွေရှိတဲ့ လုပ်ငန်းရှင် ဦးဇော်ဇော်က ဒီညနေပိုင်းမှာ လှလှပပ ကစားပြသွားပါပြီ။ သူ နဲ့ အာဏာပိုင်တွေ ရသွားတဲ့ အများမမြင်နိုင်တဲ့အကျိုးအမြတ်တွေက ဘာပါလိမ့် ဆိုတာကို ပရိသတ်က မေးခွန်းထုတ် ကျန်ခဲ့ပါတယ်။

ဒါဆိုရင် ဒေါ်စု ဘောလုံးပွဲ အသွားပြတာကရော ဘာကြောင့်လဲ။ သုဝဏ္ဏကွင်းကိုဖိတ်ခေါ်မှုဟာ သမ္မတကြီးရဲ့ အစီအစဉ်တခုဖြစ်တယ်လို့ ယုံကြည်လို့လား။ ဗိုလ်ချုပ်ကြီးတွေနဲ့နီးစပ်သူကိုတွေ့ခြင်းဖြင့် ဒိုင်ယာလော့ ဖြစ်မြောက်ရေးအတွက် အသုံးတည့်မယ် ယူဆလို့လား။ ဒါမှမဟုတ် အစိုးရနဲ့မကြာသေးခင်ကမှ သဘောတူထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတခုများလား။

နိုင်ငံရေးသမားမဟုတ်သူ ဘောလုံးပရိသတ်တွေကတော့ ဒေါ်စု ကွင်းထဲရောက်လာလို့ ၀မ်းသာကြပါတယ် တဲ့။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနွယ်သူတွေကတော့ '"ဟင် - ဘာပါလိမ့်" ဖြစ်နေကြပါပြီ။

နိုင်ငံရေးမှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုပြောလို့ မရသလို ဘောလုံးပွဲလည်း တခါတရံ ထိုနည်းတူပါပဲ။

ဘောလုံးပွဲတွေမှာ သေချာပေါက် ကောက်ချက်ချလို့မရဘူး ပြောချင်ရင် "ဘောလုံးက လုံးတယ်၊ ပုံသေတွက်လို့ မရဘူး" လို့ ဆိုတတ်ကြပါတယ်။

အခု ဒေါ်စု
သုဝဏ္ဏကွင်းထဲက ထွက်လာတာ မြင်ရတော့ အင်း - မြန်မာပြည်နိုင်ငံရေးက လုံးတယ်လို့ပဲ ဆိုရတော့မှာပါ။




.....

41 comments:

  1. မောင်ကောင်းSeptember 15, 2011 at 12:13 AM

    အင်း.. တဖက်ကလှည့်ကြည့်မယ်ဆိုရင်တော့ ဒေါ်စု မလဲကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အချိန်လေးတော့ ရှိမှာပါ အဲ့ဒီအချိန်လေးတွေမှာ ဘောလုံးပွဲပဲကြည့်ကြည့် သူ့ခြံထဲမှာပဲ ကြက်တောင်ရိုက်ရိုက်ပေါ့ဗျာ နိုင်ငံရေးနဲ့လဲမပတ်သက်ပါဘူး၊ ပြီးတော့ ပြည်သူတွေကရော မီဒီယာတွေကပဲ ထစ်ခနဲ့ဆို ဒေါ်စုကိုပဲ ပါးစပ်အဟောင်းသားလေးနဲ့ ငေးငေးကြည့်နေလိုက်ကြတာ ဒေါ်စုက ကယ်တင်ရှင်မဟုတ်တာတော့ ကျိန်းသေပါတယ်၊ အာဏာရှင်အစိုးရလက်အောက်ကနေ ဥုံဖွ!! ဆိုပြီး လွတ်မြောက်အောင်လုပ်ပေးနိုင်မှာလဲမဟုတ်ပါဘူး၊ ပြည်သူတွေကိုယ်တိုင်က ဒေါ်စုနဲ့လက်တွဲလုပ်မှဖြစ်မှာပါ၊ သူလဲ အကျဉ်းကလွတ်တာလာမကြာသေး ပြည်သူတွေက ကယ်ပါယူပါ တစာစာဆိုတော့ ကြာတော့ ညစ်လာမှာပေါ့ဗျာ။

    ReplyDelete
  2. အဲ့ဒီလောက်ကြီးလဲ အကောင်းမမြင် မဖြစ်ပါနဲ့
    ဧရာဝတီက နေရာတကာ အဆိုးမြင်နေသလိုပဲ

    ReplyDelete
  3. အဲ့ဒီလောက်ကြီးလဲ အကောင်းမမြင် မဖြစ်ပါနဲ့
    ဧရာဝတီက နေရာတကာ အဆိုးမြင်နေသလိုပဲ

    ReplyDelete
  4. လုံးသလားတော့မမေးနဲ့ ဘာတွေမှန်းကို မသိတော့ဘူး
    လုံးထွေးရောယှက် နေတော့တာဘဲ၊

    ReplyDelete
  5. ကျနော်ကတော့ ဒေါ်စု အပြင်ထွက်တာ ကောင်းတယ်..ထင်တာဘဲ..။ အားလုံးသိတဲ့ အတိုင်း သူ.လုပ်ပိုင်ခွင့်ကလည်း အမြဲစောင့်ကြည့်ခံနေရပြီး အခန်.မသင့်ရင် နှောင့်ယှက်ကြမှာ...။ ဒီတော့ သူ.ခမျာ ရသမျှ အခွင့်အရေးလေး ပြည်သူ၊ မီဒီယာနဲ. တတ်နိုင်သမျှ ထိတွေ.အောင် ကြိုးစားနေတယ်...ထင်တာဘဲ..။ ဘောလုံးကလည်း ပြည်သူတွေကိုယ်တိုင် အားပေးတာဘဲ မဟုတ်လား..။ ဒါကြောင့် ပြည်သူတွေ အားပေးတဲ့ ဘောလုံးကို ဒေါ်စု လိုက်အားပေးတာ မလွန်ဘူးလို. ထင်တာဘဲ...။

    ReplyDelete
  6. ဗိုလ်ချုပ်အောင်ဆန်းတို့ လူစု အင်္ဂလန်ကို သွားပြီး အောင်ဆန်းအက်တလီ စာချုပ်ချုပ်ဆိုခဲ့တုန်းကလို .... ဦးစော၊ ဦးဘမော် ဦးပေါ်ထွန်းတို့က ဗိုလ်ချုပ်တို့ လူစုကို အင်္ဂလိပ် လက်ပါးစေဖြစ်သွားပါပြီလို့ စွပ်စွဲခဲ့သလို ဖြစ်နေပါလား။ အခုလဲ ဘာဖြစ်ဖြစ် ကျနော်တို့တော့ ယုံကြည်တယ် အန်တီစု စစ်အုပ်စုနဲ့ ပေါင်းစည်းသွားတာ မဟုတ်တာတော့ သေချာတယ်ဆိုတာ ယုံကြည်လျက်ပါပဲ။

    ReplyDelete
  7. လိုအပ်လို့  ဘောလုံးပွဲလာကြည့်တာကွာ။ အချိန်ကုန်ခံပြီး လူထုခေါင်းဆောင်တစ်ယောက်က ကွင်းထဲ ဆင်းလာမလား။

    ReplyDelete
  8. ဧရာဝတီကစာတွေလဲ တဖြည်းဖြည်း အပေါစားဆန်လာပြီ.. နားမလည်ရင်လဲ မရေးနဲ့ပေါ့.ရေးပြီး ဟိုလိုလိုဒီလိုလို လုပ်မနေနဲ့..ကြော်ငြာတွေများလို့ စိတ်ညစ်ရတဲ့ထဲမှာ.. နောက်ဆိုလာမဖတ်တော့ဘူး.. bye bye ဧရာဝတီရေ

    ReplyDelete
  9. ဒေါ်စု နဲ့  ဦးဇော်ဇော် တို့  နေပြည်တော်မှာ ကျင်းပခဲ့ တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တွေ့ တုန်းက ဦးဇော်ဇော်က ဒေါ်စုကို မြန်မာအသင်းကန်တဲ့ ပွဲ လာကြည့်ဖို့  ဖိတ်ခဲ့တာ သတင်းတွေမှာ ပါပြီးသားဘဲ၊ မြန်မာအသင်းကန်တဲ့ ပွဲမို့ ဘယ်လောက်ဘဲ ပွဲက (ပရီးမီးယားလိဂ်နဲ့ ယှဉ်ကြည့်ရင်)အဆင့်နိမ့်တယ်၊ဘော်လုံးရသ မပေးနိုင်ဘူးဆိုပေမယ့် မြန်မာတစ်ယောက်အတွက်က တော့  မြန်မာအသင်းကန်တဲ့ ပွဲက အ၊မြဲ ရသတွေ အပြည့်ရှိနေမှာပါ၊ အော်လိုက် ဟစ်လိုက် အားမရဖြစ်လိုက်နဲ့ ပေါ့၊ နိုင်သွားတယ်ဆိုတော့ အတိုင်းအထက်အလွန်ပေါ့၊တကယ်တော့ သက်တမ်းအလိုက်ဘောလုံးပြိုင်ပွဲတွေမှာ လာအို က ကြောက်စရာအကောင်းဆုံးအသင်းပါ၊ဘာဘဲ ဖြစ်ဖြစ် ဒေါ်စုကို ဒီလို မြင်ရတာ ၀မ်းသာစရာပါ၊ ဒီလို မဟုတ်ဘဲ နေအိမ်ထဲမှာ တစ်သက်လုံး တစ်ယောက်တည်းနေသွားရမှာလား၊ သူ တိုင်းပြည်အတွက် လုပ်ပေးနိုင်တာ အများကြီးပါ၊ အခြေအနေမပေးခဲ့ တော့  တိုင်းပြည်အတွက် အချိန်ကာလတွေ အများကြီးနစ်နာသွားခဲ့ ရဘီ၊ ဘာဘဲ ပြောပြော ခေတ်သစ်တစ်ခုကို ပြောင်းသွားခဲ့ ဘီ ဆိုတာတော့ အများ လက်ခံကြမှပါ၊ ကိုယ်လိုချင်တဲ့ ပုံစံ နဲ့ အနေအထားမဖြစ်တာ က လွဲရင်ပေါ့၊ အခုလို ဒေါ်ါစုနဲ့ အစိုးရသစ်နဲ့  တိုးတက်လာတဲ့  ဆက်ဆံရေးအနေအထားအသစ်ကို ကိုယ့်နိုင်ငံကိုချစ်တဲ့ သူတိုင်းက မျှော်လင့်ချက်နဲ့  လက်ခံကြ ကြိုဆိုကြမယ်ထင်ပါတယ် နိုင်ငံရေးသမား ဆိုသူတွေကရော ဘာလက်မခံနိုင်စရာရှိပါသလဲ မယုံရဲသေးဘူးဆိုရင်တော့ တစ်မျိုးပေါ့၊ ဦးဇော်ဇော်လို ဦးဝင်းအောင်လို စီးပွားရေးသမားတွေက ဒေါ်စု နဲ့  အလုပ်ရုံဆွေးနွေးပွဲမှာတွေ့ တော့ တရင်းတနှီးနှုတ်ဆက်ကြတာတွေ့ မှာပါ၊ တကယ်တမ်း ဘယ်လောက်ဘဲ တရားဝင် တက်လာပါတယ်ပြောပြော ဒေါ်စုကို စိတ်ထဲ က လေးစားယုံကြည်မှုမရှိဘဲနဲ့  ဒီလို နှုတ်ဆက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး၊ မြန်မာနိုင်ငံရဲ့ အနေအထားက နေရာတိုင်းမှာ လိုအပ်ချက်တွေ ရှိနေပြီး အမြန်ဆုံး ပြန် စ နိုင်တာ အကောင်းဆုံးမို့  အခုလို အစိုးရသစ်ရဲ့  ၆ လ တာ ကာလအတွင်း ဒေါ်စုနဲ့ ဆက်ဆံရေး တိုးတက်လာမှုတွေကတော ကြိုဆိုသင့်တယ်လို့ မြင်ပါတယ်၊ ဒါဟာ Pro-Govt မဟုတ်သလို Pro-DASSK လည်း မဟုတ်တဲ့  သာမာန် ပြည်သူ့ ဝန်ထမ်း တစ်ဦးရဲ့  အမြင်ပါ။

    ReplyDelete
  10. Please dont use any rude word to our admiarable DASSK. She may has other reason that u cannot know. NO need to blame her.

    ReplyDelete
  11. I hate the tone of this article. The word "အဖွားကြီး'" reflects the writer's disrespectful attitude toward DASSK. Also he insulted Burmese U19 team and tens of thousands of its fans. Beware of your tongue! It can bless and curse others! And don't talk too much unnecessarily.

    ReplyDelete
  12. အလှူငွေမရမှာစိုးလို့လား။နိုင်ငံရေးကောင်းသွားယင်။ဒီမိုယောင်တွေခွက်ဆွဲရမှာမို့လေ။

    ReplyDelete
  13. ကေကေအိုSeptember 15, 2011 at 9:27 AM

    ကဲ ဧရာဝတီရေ
    သဘောပေါက်နော်။ လျှောက်မဖွနဲ့။ ပုံကြီးလဲ မချဲ့နဲ့။ မောင်ရင်တို့ဟာက သတင်းကနေ အတင်းဖြစ်နေပြီ။

    ReplyDelete
  14. အမေစုကိုတော့ "အဖွားကြီး"လို့ မခေါ်သင့်ပါဘူး။
    ဒါဟာ ပျက်ရယ်ပြုတာဘဲ။
    ဒီသတင်းကိုရေးတဲ့ ကောင်ကို "ဟဲ့..အကောင်" လို့ ခေါ်ရင် ကြိုက်မလား?

    ReplyDelete
  15. Irrawaddy,
    Be careful to pass message to media as professional media. Do not involve your own tongue. Otherwise your image will spoil in a short time..

    ReplyDelete
  16. စကားစကား၊ ပြောပါများက၊ စကားထဲက၊ ဇာတိပြ၏။
    လူ့အခွင့်အရေးဆိုတာကြီးကို အသံပျောက်အောင် ကြုံးအော်နေကြပြီး လူထုခေါင်းဆောင်လို့ မြှောက်ပင့်နေကြသူတွေက သူ့ရဲ့သာမန်အခွင့်အရေးလေးကိုတောင် မရှုစိမ့်နိုင်ကြတော့ဘူးလား။ ပြီးတော့ မလောက်လေးမလောက်စားနဲ့ အမေစု အသုံးချခံနေရပြီလား မေးလို့မေး။ အသုံးချခံရတယ်ဆိုရင်တောင် တိုင်းပြည်ကောင်းစားရေး အတွက်မို့ အမေကျေနပ်ပါတယ်လို့ ရိုးရိုးရှင်းရှင်း လေးလေးစားစားနဲ့ ပြန်ဖြေတာကို
    မိုက်ရိုင်းတယ်ပြောလို့ပြော။ မင်းတို့ကိုဘယ်လိုနားလည်ရမှာလဲ။ ခုလဲလာပြန်ပြီ အဖွားကြီးတဲ့။ ဒေါ်စု အရွယ်ဟာ (မြန်မာ့ အတိုင်းအတာနဲ့) အဖွားကြီးခေါ်လို့ရတဲ့အရွယ် ဆိုတာ လူတိုင်းသိတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ မနာလိုသံ၊ ဝန်တိုသံ၊ ဣဿာမစ္ဆေရ သံတွေနဲ့ ထင်တိုင်းကြဲရအောင် ဒါလမ်းဘေးစကားဝိုင်း မဟုတ်ဘူး။ အဲလိုတွေဘဲ ပြောပြောနေလို့ကတော့ မင်းတို့လမ်းဘေးရောက်ပြီမှတ်။
    ဒေါ်စုကို ဟိုဘက်ကအသုံးချချင်တာထက် မင်းတို့ကပိုပြီးအသုံးချခံပစ္စည်းလို သဘောထားနေကြတာ ရင်နာတယ်။

    (ငတေ)

    ReplyDelete
  17. ဒေါ်စု နိုင်ငံအတွက်ဒီလောက်ထိပေးဆပ်နေတာကို
    ကိုယ်ချင်းစာတက်ဖို့ကောင်းတယ်။
    အဖွားကြီလို့ပြောတာတော့ တော်တော်ရိုင်းတယ်။
    သူ့အနေအထားနဲ့ နေတက်ရင်အနေသာကြီး။
    ခင်းဗျားတို့ သူ့လိုသတ္တိရှိရင် မြန်မာပြည်ပြန်
    မြေအောက်လှုပ်ရှားမူလုပ်ပြီး
    ပြည်သူတွေကိုမျတ်စိပွင့်အောင်လုပ်ပါလား။
    ပြည်ပကနေလုပ်နေတာ
    လူနည်းစုအတွက်ပဲထိရောက်တယ်။

    ReplyDelete
  18. အဖွားကြီးလို့ ခေါ်တဲ့အသုံးအနှုန်းကို ကန့်ကွက်ပါတယ်..ပြောရရင် အစိုးရသတင်းစာမှာတောင် အဲလို မရေးတော့ဘူး...သတင်းအပုဒ်တိုင်းဟာ အရေးကြီးပါတယ် ဧရာဝတီ..

    ReplyDelete
  19. Why DASK din't attend the KHU HTUN OO birthday anniversary

    ReplyDelete
  20. အနောက်တိုင်း စီးပွားရေးပိတ်ဆို့မှု တွေမှာ ဒေါ်စုက တော်တော်သြဇာရှိတယ်ဆိုတာ ဇော်ဇော်ဆိုတဲ့ ငတိက ကောင်းကောင်းသိတယ် ဒါကြောင့် စီးပွားရေးအရ အပိုင်ပေါင်းနေတာ

    ReplyDelete
  21. Nothing to do with Ms. Suu Kyi. She was a fruit grow among the thorns. I noticed she got thinner and thinner. I worried she may be disappeared in the air.
    However, I like the title that, the politicians always lied. They always shuffle the cases like Burmese sounded "Lone".
    If you know that you know what to do; don't trust sweet talks.

    ReplyDelete
  22. အန်တီစုကိုအဖွားကြီးလို့‌ခေါ်တာကိုလုံးဝကန့်ကွက်ပါတယ်
    ပြည်သူ‌တွေချစ်တဲ့‌ခေါင်း‌ဆောင်တ‌ယောက်ကိုဒီလိုရင့်
    ရင့်သီးသီးသုံးနှုန်းတာဟာပြည်သူ‌တွေကို‌စော်ကားတာ
    နဲ့အတူတူဘဲ..အန်တီစု‌ကော‌ဘောလုံးပြွဲကည့်ခွင့်မရှိ
    ရဘူးလား..စိတ်အပမ်းေ ဖြတာဘြဲဖစ်ဖြစ်၊ကိုယ့်မြန်မာ
    အသင်းမို့အား‌ပေးတာဘြဲဖစ်ဖြစ်..ဒါကိုအပြစ်မြင်၊ပြုံကီး
    ချဲ့စရာမလိုဘူးထင်တယ်...။

    ReplyDelete
  23. ဒေါ်စုက ဒေါ်စုပေါ့ ဗျာ။ စစ်အစိုးရရဲ့ လူတွေ စီစဉ်တဲ့ 
    ဘော်လုံးပွဲကြည့်တာနဲ့ တင် ရေးထားတဲ့ အရေးအသားက မိန်းမလို မိန်းမရနဲ့ ၊ အယ်ဒီတာမင်းများ လဲ လူတွင်ပါလို့  နွားကို ကျားကိုက်တာနော်။ ခင်ဗျားတို့ လှော်ပေးလို့  ဒီလေသံ နဲ့ သတင်းပါလာတာ။

    ReplyDelete
  24. This time, I really disappoint to Irreawaddy. I totally disagree with you. I always with our mother and totally believe to her more than my life. You cannot know and reach her intention as you are not Aung San Su Kyi who has Optimum Thinking and you are just a media who has just a Secondary Student Thinking.

    ReplyDelete
  25. Be careful of your words!

    So far we have accepted that the Irrawaddy is a highly respected Burmese exile media. When they started the Irrawaddy blog, I thought that they know strategies to interact and discuss with the people using modern technologies. This kind of blog, a place of lively discussion is really necessary and good for both the media and the consumer.

    However, I do not want the Irrawaddy to take the blog lightly. They should be really careful not to make the blog informal for people judge the standard of the media based on both the main site and blog. If you study carefully, all big media organization have blogs. However, they will still try to keep the blog formal while providing rather more relaxed and lively discussion board which the main site cannot.

    Using words like အဖွားကြီး to refer to prominent Burmese leader really shows how informal the Irrawaddy's blog is. Moreover, although there is media freedom to express their opinions freely, they should not create such kind of political confusion about DASSK's move, especially at the verge and gentle point of Burmese politics.

    Her visit to the football match, in my opinion is to serve different purposes (i) show her flexibility to interact with people of different walks of life, cronies, the poor, the middle class etc. to win all people's heart, (ii) to really expose to the media as much as possible since a football game is a centre of media coverage in Burma, (iii) to have a hands-on knowledge of lives outside her compound and headquarter by watching and judging the spectators and footballers. Of course, there might have been other purposes which she only knows.

    Therefore, please be careful, the Irrawaddy. We really want you to maintain formal while more re-laxed and free. Also, be mindful not to stir up unrealistic confusion if you were to support democracy movement.

    ReplyDelete
  26. There is always a reason behind when a person like Daw Su does or say something. Why people can not think from the point that she might have some message to deliver through the act of visiting to the football match. Let alone Daw Su who is 60+ year old woman, even I(30+) don't watch a football match. So why can you all be a little more open-minded and think logically? At least, she might went there to study how Burmese people behave in a large crowd.
    She has the wisdom to know what she is doing. Please be more optimistic and constructive.

    ReplyDelete
  27. ဖြုတ်ဦးနှောက်နဲ့ စာမရေးစမ်းပါနဲ့ ဧရာဝတီဘလော့ရယ်...
    စာမရေးခင် ဒေါ်စုရဲ့ brain ကို စဉ်းစားသင့်တာပေါ့။
    ဒေါ်စုနဲ့ပြည်သူ ထိတွေ့ဖို့လိုတယ်လေ။
    ခင်ဗျားတို့ပြည်ပမီဒီယာတွေမှာပဲ သတင်းပါနေလို့ အဲဒီသတင်းကို ပြည်တွင်းက လူတွေသိတာမဟုတ်ဘူး။
    ပြည်သူနဲ့ နီးစပ်ဖို့ အတွက် ဒေါ်စု သတင်းတွေကို ပြည်တွင်း သတင်းဂျာနယ်တွေမှာ ဖော်ပြနိုင်ဖို့လိုတယ်လေ....
    အခုလိုမျိုး လုပ်ဆောင်ခြင်းဖြင့် ဒေါ်စု သတင်းကို ပြည်တွင်း ဂျာနယ်တွေက ကောင်းကောင်း ဖော်ပြခွင့်ရပြီး ပြည်သူနဲ့ ဒေါ်စု ပိုပြီးနီးစပ်သွားတာပေါ့။
    ဒေါ်စု နိုင်ငံရေး လှုပ်ရှားတဲ့ သတင်းကို ပြည်တွင်းမှာ ဖော်ပြဖို့ မလွယ်ဘူးလေ။ (နိုင်ငံရေးသတင်းကို ခင်ဗျားတို့ ဖော်ပြပေမဲ့ ပြည်တွင်းက လူတွေဆီ မရောက်ဘူးလေ)...
    ဒီတော့ ဒေါ်စု အခုလုပ်တာ နိုင်ငံရေး ဗျူဟာ တမျိုးပဲလေ။ (ခင်ဗျားတို့ လိုက်မမီတာကိုတော့ နားမလည်ဘူး)
    ဘောလုံးပွဲကြည့်တော့ ဒေါ်စုသတင်းက ပြည်တွင်း သတင်းဂျာနယ်တွေသာမက အားကစား ဂျာနယ်တွေမှာပါ ဖော်ပြဖို့ လွယ်သွားပြီ။
    ဒီတော့ ဘာပဲ ဖြစ်ဖြစ် ဒီလိုဒေါ်စုလုပ်တာဟာ ပြည်သူနဲ့ ပိုပြီး နီးစပ်မှုရှိလာတယ်။ ပြည်တွင်း သတင်းတွေမှာ ဒေါ်စု သတင်းတွေ ပါလာမယ်။ ဒါတွေဟာ မကောင်းဘူးလား။
    အစိုးရ အသုံးချတာ ဒေါ်စု သိတာပေါ့ဗျ။ ခင်ဗျားထက် ပိုသိတယ်။
    ဒါပေမဲ့ အခု လို လုပ်တာက နိုင်ငံရေး ကစား တာပဲ။
    ခင်ဗျားတို့ က နိုင်ငံရေးလုပ်ပြီး ဗျူဟာမရှိ၊ အတိုက်အခံ ဆိုတိုင်း အကုန်လုံး အတိုက်အခံလုပ်မှ ကောင်းတယ် ထင်နေလို့ (ဗျူဟာမသုံးဘဲ လမ်းရိုးကြီးပဲ သွားနေလို့ကတော့) ခင်ဗျားတို့ ဘယ်တော့မှ မအောင်မြင်ဘူး မှတ်ပါ။
    ပြည်သူနဲ့ ဒေါ်စု နီးစပ်နိုင်တဲ့ နည်းလမ်းမျိုးကို ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ သုံးစွဲသွားရမှာပဲ။
    အဲဒါကို ခင်ဗျားတို့က ဆန့်ကျင်နေစ၇ာမလိုဘူး။
    ဘယ့်နှယ်ဗျာ....
    အကုန်လုံး ကန့်လန့်နေလို့ ဒီမိုကရေစီရမယ်လို့ ဧရာဝတီက ခင်ဗျားတို့ ထင်နေသလား။

    ReplyDelete
  28. သန်းရွှေတို.သိန်းစိန်းတို.ကိုဝေဖန်သတင်းရေးပေးသည့်အခါသင်တို.ကသာဓုခေါ်သြဘာပေးပြီးတော့ဒေါ်စုကြည်ကိုဝေဖန်တဲ့သတင်းနဲနဲလေးရေးသားတဲ့အခါရေးသားသည့်သူရောသတင်းဌာနကိုပါအပြစ်တင်ဖင်ကျယ်အော်ဟစ်နေတာဟာသတင်းလွတ်လပ်ခွင့်နှင့်ဒီမိုကရေစီစနစ်ကိုတန်ဘိုမထားနာမလည်တဲ့ဒီမိုအမည်ခံတွေပါလား၊အဝေဖန်မခံနိုင်သည့်သူသည်သူများကိုဘယ်လိုခေါင်းဆောင်နိုင်မလဲ၊If you cannot lead yourself, how can you lead others ဒါပါဘဲ၊

    ReplyDelete
  29. She is STILL an ALIVE Human.. Leave Her Alone Or Respect Her Privacy.. Feel like the writer of this article is so GAY. :-S

    ReplyDelete
  30. (အဖွားကြီး သုဝဏ္ဏကွင်း ဘာကြောင့်သွားတာလဲ၊ ဘာသွားလုပ်တာလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ ခုချိန်မှာ ဘယ်သူမှ ရေရေရာရာ မဖြေနိုင်သေးပါ။)
    ဒေါ်အောင်ဆန်းစုကြည့်ကို အဖွားကြီးလို့ စစ်အစိုးရခေါ်ခဲ့သလို ဧရာဝတီသတင်းဌာနကနေပြီးတော့ ဘာကြောင့်ရေးသွားတာလဲ ဆိုတဲ့ မးခွန်းကိုတော့ ခုချိန်မှာ ဘယ်သူမှ ရေရေရာရာ မဖြေနိုင်သေးပါ။

    ReplyDelete
  31. အစ်ကိုတို့ အပြင်မှာတော့မသိဘူး ကျနော်တို့ ပြည်တွင်းမှာတော့ မျိုးဆက်သစ်အများစု အဖွားကြီးကို support လုပ်ချင်စိတ်မရှိကြတော့ဘူး သူက ပြည်သူတွေထက် အာဏာရှင်နဲ့ ချမ်းသာသူတွေအတွက် ပိုပြီးတန်ဖိုးရှိနေပါပြီ ဒီဇင်ဘာထလကုန် ထိဘာမှ မလုပ်နိုင်ရင် ကျနော်တို့ down down Aung San Suu Kyi လို့ အော်ရတော့မလိုဖြစ်နေပြီ။

    ReplyDelete
  32. To the third last anonymous who said,

    "သန်းရွှေတို.သိန်းစိန်းတို.ကိုဝေဖန်သတင်းရေးပေးသည့်အခါသင်တို.ကသာဓုခေါ်သြဘာပေးပြီးတော့ဒေါ်စုကြည်ကိုဝေဖန်တဲ့သတင်းနဲနဲလေးရေးသားတဲ့အခါရေးသားသည့်သူရောသတင်းဌာနကိုပါအပြစ်တင်ဖင်ကျယ်အော်ဟစ်နေတာဟာသတင်းလွတ်လပ်ခွင့်နှင့်ဒီမိုကရေစီစနစ်ကိုတန်ဘိုမထားနာမလည်တဲ့ဒီမိုအမည်ခံတွေပါလား၊အဝေဖန်မခံနိုင်သည့်သူသည်သူများကိုဘယ်လိုခေါင်းဆောင်နိုင်မလဲ၊If you cannot lead yourself, how can you lead others ဒါပါဘဲ၊"

    --------------------------------------------------------
    You must know the difference between criticism and unnecessary stirring up of confusion. Criticism must be based on facts. Here in this article, there is no enough factual information to stir up confusion like this. It is just the author's opinion. Every experienced reader knows that it is not factual but opinionated.

    Besides, no highly respected media would use such an informal language to refer to a person whether he/she is a good or bad person. They may still use bad words but not informal words.

    I really hope Burmese media should publish articles based on factual information not based on personal. If opinionated articles are to be published, the author should and must take full responsibility of his/her own words and must provide an explanation or apology (whenever necessary) whenever there is public discontent.
    They should be formal in terms of language and presentation.

    If you still want to complain about it, just have a look of BBC World Service site.

    ReplyDelete
  33. ဧရာဝတီရေ...
    ကျွန်တော် ဧရာဝတီရဲ့ ဘလော့ကို အမြဲတမ်းအားပေး ၀င်ရောက်ဖတ်ရှု့နေတဲ့ ပရိတ်သတ်တယောက်ပါ...
    ဧရာဝတီဘလော့ကလဲ ဒီမိုကရေစီလိုလားသူတွေရဲ့ အားပေးမှူ့ကိုရရှိနေတဲ့ ဘလော့တခုပါ...
    လူတိုင်း အမြင်ကွဲပြား ဝေဖန်နိုင်ပါတယ်...
    ဒါပေမယ့် အမေစုကိုတော့ အဲဒီလို အမြင်ေ၀၀ါးစေမယ့်စာမျိုး မရေးစေချင်ပါဘူး...
    ကျွန်တော့် အနေနဲ့ကတော့ အမေစုကိုယုံတယ်...
    အမေစုက ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ ကောင်းမွန်ဖို့ လုပ်နေတယ်.. ကြိုးစားနေတယ်ဆိုတာ...
    နောက်ဆုံး အမေစုက စစ်အစိုးရနဲ့ ပေါင်းပြီးစားသွားရင်လည်း ကျွန်တော်ကတော့ အပြစ်မမြင်တော့ဘူး...
    အောက်က လင့်လေးတွေကို ကြည့်ဖို့ share လိုက်ပါတယ်...

    http://www.soccermyanmar.com/

    http://www.first-11.com/index.php?option=com_content&view=article&id=10148:2011-09-14-11-48-41&catid=42:2009-11-10-07-36-59&Itemid=112

    ReplyDelete
  34. ဘုန်းကြီးကျောင်းသားSeptember 15, 2011 at 6:07 PM

    ဒေါ်စု ဘောလုံးပွဲသွားကြည့်တာဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်လို့ ဝေဖန်စရာမရှိပါ။ ဒေါ်စုကို အဖွားကြီးလို့ ခေါ်ဝေါ်တာနဲ့ ပတ်သက်ပြီး ဆတ်ဆတ်ထိမခံနိုင်အောင် ဖြစ်နေကြသူတွေကိုတော့ ပြန်လည်ဝေဖန်ပါရစေ။ ကျနော် ပြည်တွင်းမှာနေနေတာပါ။ ပြည်တွင်းက သာမန်ပြည်သူတွေအများစုက ဒေါ်စုကို အဖွားကြီးလို့ ခေါ်ဝေါ်နေကြတာကို ကျနော့် နားနဲ့ ဆတ်ဆတ်ကြားနေရပါတယ်။ နာမည်မခေါ်ချင်လို့တော့ ဟုတ်ပုံမရပါ။ ဖိနှိပ်အုပ်ချုပ်သူတွေကို ကြောက်နေရတဲ့အတွက် နာမည်မခေါ်ရဲလို့ အဖွားကြီးဆိုပြီး နာမ်စားနဲ့ ခေါ်ဝေါ်နေကြရခြင်း ဖြစ်ပါတယ်။ ဒါဟာ ရိုင်းပြတယ်လို့ မဆိုနိုင်ပါ။ ခုလည်း စာရေးသူက အဖွားကြီးဆိုပြီး ခေါ်ဝေါ် သုံးစွဲသွားတာဟာ သာမန်ပြည်သူအများစုရဲ့ အခေါ်အဝေါ်အတိုင်း လိုက်ခေါ်လိုက်ခြင်းဘဲ ဖြစ်မယ်ထင်ပါတယ်။ ဒီလောက်ကလေးတောင်မှ လက်ခံနိုင်တဲ့ အင်အားမရှိကြသေးသူတွေအတွက် ဒီမိုကရေစီဆိုတဲ့ စကားလုံးကို မသုံးကြတာဘဲ ကောင်းမယ် ထင်ပါတယ်ဗျာ။

    ReplyDelete
  35. Don't compare Than Shwe, Thein Sein and Aunty Su. Chee brain military govt.
    Dont use aphwargyi.

    ReplyDelete
  36. ဦးဇော်ဇော်က တလေးတစားနဲ့ အသိအမှတ်ပြုပြီး လာရောက်ကြည့်ရှုဖို့ ဖိတ်ကြားတယ် အမေစုကလည်း ပြန်လည်အသိအမှတ်ပြုပြီး သွားရောက်ကြည့်ရှုတယ် ... ဘာဆန်းလဲကွာ ... ဒါ လူ့ကျင့်ဝတ်အရ လုပ်ရိုးလုပ်စဉ်ပဲ ကလေးကလားနဲ့ စိတ်ကောက်ပြီး နေရာတကာ အဆိုးမြင် ကန့်ကွက် ကန့်လန့်လုပ်ရမှာလား .... ဒီပို့စ်တင်တဲ့သူကို သိပါတယ် ဘယ်လိုဖြစ်ပါလိမ့်ဆိုပြီး အံသြသွားတယ် ဒီလူကော ဟုတ်မှဟုတ်ရဲ့လားလို့ ...
    ထားပါတော့ ..... တချို့လဲ သူတို့အမြင်လေးတွေ အောက်မှာသုံးသပ်ရေးသွားတာပဲ အမြင်အယူဆတွေ ကောင်းပါတယ် ....
    အဲဒီလိုသွားတဲ့အတွက် လူထုနဲ့ အပြင်မှာ ထိတွေ့ခွင့် ပြည်တွင်းသတင်းဂျာနယ်မှာ ဖေါ်ပြခွင့်ရတာပေါ့ ဒါအမှန်ပဲလေ အကျိုးရှိတာတွေ ရှိတာပေါ့ ....
    နိုင်ငံရေးအရ တဖက်ကအသုံးချတယ်လို့ ပြောကြပြန်တယ် ... ရှင်းရှင်းလေးပဲကွာ တယောက်က တလေးတစားနဲ့ လာရောက်ဖို့ ဖိတ်ကြားတယ် ... ကိုယ်ကဖိတ်တာကို အသိအမှတ်ပြုပြီးသွားတယ် .... လျှောက်အတွေးချောင်မနေပါနဲ့ကွာ ...

    ReplyDelete
  37. အဖွားကြီး ဘောလုံးပွဲကြည့်တာကို ကျွှန်တော် ထောက်ခံပါသည်။ သို့ သော်လဲ ခရိုနီဦးဇော်ဇော်နှင့် ၂နာရီနီးပါး(ပထမပိုင်း+ဒုတိယပိုင်း+အားလပ်ချိန်) သွားထိုင်ပြတာ ကိုတော့ အံ့သြမိပါသည်။

    ReplyDelete
  38. ဒီသတင်းကို ကြံ့ဖွတ်တယောက်ေ၇းတယ်လို့  ထင်မိပါတယ်။ ဧ၇ာဝတီ သတင်းတွေ အတော်များများကို လိုက်ဖတ်ကြည့်ပြီးပါပြီ။ ဒေါ်အော င်ဆန်းစုကြည်လို့ ဘဲေ၇းထားပါတယ်။ နာမ ည်ကို အပြည့်အစုံ လေးေးလး စားစားေ၇းပါတယ်။ ဒါပေမယ့် ဒီသတင်းမှာတော့ နာမည် အပြည့် အစုံကို နဲနဲဘဲေ၇းပြိး အများအားဖြင့် ဒေါ်စု လို့ေ၇းပါတယ်။အယ်ဒီတာ တွေ ဒီသတင်းကို မတည်းဖြတ်ပဲ ထည့်လိုက်တယ်လို့  ယူဆပါတယ်။
    လုပ်ငန်းခွင်ထဲ နားလည်မှူလွှဲတာမျိုး ဖြစ်တတ်ပါတယ်။

    အကြံပြု၇၇င်
    ဒေါ်စုလို့ မေ၇းစေချင်ပါ။ ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ အဖွားကြီးလို့ လဲမေ၇းသင့်ပါ။

    အောင်စိုး - နယူးယောက်

    ReplyDelete
  39. ဒီ စာကို မဖတ်ခင် ကော်မန့် တွေကို အ၇င် ဖတ်ပါတယ်။
    ဘာကြောင့် ကော်မန့် တွေ အများကြီး ပေးနေ၇သလဲပေါ့လေ။ ( ကော်မန့် ဖတ်ပြီးမှ မူ၇င်းစာကို ဖတ်တာလည်း အကျင့် ဖြစ်နေပါပြီလေ )
    ကော်မန့် တွေက ထုံးစံအတိုင်း တူနေတာ တွေ့ ၇တယ်။ ကန့် ကွက်၇င်လဲ တူတယ်။ ထောက်ခံ၇င်လဲ တူကြတယ်။
    ကျွန်တော် တစ်ခု သိချင်ပါတယ်။
    လွန်ခဲ့တဲ့ ၁၀ နာရီကျော်လောက်က ကျနော် ပေးတဲ့ ကော်မန့် မှာ ၇ုန့် ၇င်း ကြမ်းတမ်း တာတွေ မပါပါဘူး။
    ဘာကြောင့် မတင်ပေးလည်း သိချင်ပါတယ်။

    အောင်စိုး - နယူးယောက်

    ReplyDelete
  40. ဇော်ဇော် က အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ခွင့်ရှိမှာ၊ ဖိတ်ရဲ မှာ မဟုတ်ဘူး။ ဒီတော့ ဒီလို ဖိတ်တာက အစိုးရရဲ့  ခွင့်ပြုချက် ရှိလို့ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ ပထမဆုံး ဖိတ်တာ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က လည်း မငြင်းချင်လို့ ၊ လူထုနဲ့ ပိုပြီး ထိတွေ့ ချင်လို့ ၊ နိုင်ငံရေးသဘောအရဖြစ်ဖြစ် သွားတာ ဖြစ်မယ်။ ဘယ်သူဘဲဖြစ်ဖြစ် တိုင်းပြည် အတွက် ကောင်းအောင် လုပ်တာ၊ လူထုအတွက် ကောင်းအောင် လုပ်မယ်/ တယ် ဆိုရင် အားပေး ရမယ်။ တိုင်းပြည်နဲ့ လူထု အတွက် မကောင်းဘူး ဆိုရင် ဝေဖန်ထောက်ပြပြီး ရှုတ်ချ ရမှာဖြစ်တယ်။ အခုက " အဖွားကြီး " လို့ သုံးနှုန်းထားတာ ပြည်သူတစ်ယောက် အနေနဲ့ ကန့် ကွက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ တစ်ယောက် အနေနဲ့ အခုထိ လုံးဝယုံကြည်တယ်။ သူဘာလုပ်လုပ် ပြည်သူ့ အတွက်နဲ့ တိုင်းပြည်အတွက် သာ ရှေးရှု့ တယ် လို့ ပြည်သူတစ်ယောက် အနေနဲ့ တစ်ထစ်ချ ယုံကြည် တယ်။ သူ့ ထက်ပိုပြီး ဘယ်သူ့ ကိုမှ ယုံကြည်လို့ မရသေးဘူး။ (ကိုမင်းကိုနိုင်တို့ အုပ်စု မပါပါ။) တိုင်းပြည်နဲ့ လူထု ကောင်းမယ်ဆိုရင် ကြိုက်သလို နိုင်ငံရေး ကစားကြ၊ စိတ်မ၀င်စားဘူး၊ အခုဆို တိုင်းပြည်မှာ နဲနဲတော့ ကောင်းတဲ့ဘက်ကို ဦးတည်လာတယ်လို့ ပြည်သူတစ်ယောက် အနေနဲ့ ခံစား ရတယ်။ ဒီအရွေ့ လေးကို အားလုံး ပိုကောင်းလာ အောင်၊ အားပိုရှိလာအောင် ၀ိုင်းပြီးတွန်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် မတရားအကျဉ်းကျခံ နေကြ ရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ကြ စေဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ၀ိုင်းတွန်းပေးကြပါ။ ကြိုးစားပြီး တိုင်းပြည်နဲ့ ပြည်သူလူထု ကောင်းအောင်လုပ်နေကြ သူတွေကို ၀ိုင်းအားပေးကြပါ။

    ReplyDelete
  41. မြန်မာ့နိုင်ငံရေး လုံးတယ်...ဆိုရင် ...ဘယ်သူက ဘယ်သူ့ကို လုံးတာလဲ။
    ဥပမာ...ဇော်ဇော်က ဒေါ်စုကို လုံးတာလား။ဒေါ်စုက ဇော်ဇော်ကို လုံးတာလား။
    လား.....လား....လား.....

    ReplyDelete