ဒေါ်အောင်ဆန်းစုကြည်က အစ်ကို ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်ပိုင်ရှင်၊ အယ်ချုပ် ဦးမြတ်ခိုင်တို့ကို တရားစွဲမယ့်ကိစ္စ ကြားနာဖို့ ရုံးချိန်းကို ရန်ကုန်တိုင်း ဒေသကြီးတရားရုံးက ဒီနေ့ သတ်မှတ်ခဲ့ပါတယ်။ အဲဒါကြောင့် NLD ရဲ့ ဥပဒေအကျိုးဆောင် ဦးကြည်ဝင်းက ဒီမနက် တရားရုံးကို သွားခဲ့ပါတယ်။ အမှုဖြစ်နေတဲ့ နေအိမ်ပိုင်ဆိုင်မှု ကိစ္စကို ဦးအောင်ဆန်းဦးက မော်နီတာဂျာနယ်မှာ အင်တာဗျူးပေးခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က စွဲတာပါ။ ဒါပေမယ့် ဒီအမှုကို ကြားနာမယ်၊ မကြားနာဘူး ဆိုတာကတော့ ညနေမှသိရပါမယ်။ ဦးကြည်ဝင်းကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ဘာမှ ထင်မြင်ချက် မပေးသေးပါဘူး။ ဦးကြည်ဝင်း တရားရုံးက ထွက်လာတဲ့ပုံတွေပါ။ (ဓာတ်ပုံ - ဧရာဝတီ)
ကျေဇူးပါ
ReplyDeleteဦးအောင်ဆန်းဦးဟာ ရှက်တတ်ရင် ကိုယ့်ကိုယ်ကို သတ်သေလိုက်ဖို့ ကောင်းပြီ။ အဲဒါမှ ပျက်နေတဲ့ နာမည်လေး အဖတ်ဆယ်လို့ရမှာ။
ReplyDeleteမကူညီရင်နေပါ မနှောက်ယှက်ပါနဲ့ ဆိုတဲ့ စကားကိုတောင် နားမလည်တဲ့သူ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားလို့ မပြောစမ်းပါနဲ့ဗျာ။ခင်ဗျားအစား ကျွန်တော်တို့ ရှက်လွန်းလို့ပါ။
နိုင်ငံခြားမှာပဲ ခင်ဗျားရဲ့ မေတ္တာဦးနဲ့ပဲ နေပါ။
I think Daw Aung San Su Kyi first should do good relate with her brother.She can't do it ,how she can do unity between the dispute of nations
ReplyDeletebest regard
I think Daw Aung San Su Kyi first should do good relate with her brother.She can't do it ,how she can do unity between the dispute of nations.
ReplyDelete==================
ဆုံးမသင့်တဲ့လူကို ဆုံးမတာပါ။ တခါရိုက်ရင် သုံးကောင်ရတယ်ဆိုတဲ့ အခြေနေပါ။ ဒေါ်စု အထိမ်းသိမ်းခံနေရစဉ်က မြတ်ခိုင်နှင့် ဦးအောင်ဆန်းဦး ဗိုလ်ချုပ်တွေကိုဖားတဲ့ကိစ္စပါ။
အဲဒီအတွက် ဒေါ်စု စိတ်ဒုက္ခရောက်အောင်ရည်ရွယ်ပြီး ဖားပြခဲ့တာပါ။
ကိုမြတ်ခိုင် အခုတော့ကျနော်မပါ ပါဘူးဆိုပြီး အရှက်မရှိပြောရဲနေပါပြီ။ ဦးအောင်ဆန်းဦး ကလည်း "ကျနော်မှားပါတယ် ညီမလေးရယ် "လောက်နှင့် ကျေအေးလို့ရပါတယ်။
ပြောကောင်းပြောပါလိမ့်မည်။ (မရှက်တတ်ရင်)။ ဒေါ်စု ဘာရည်ရွယ်ချက်နှင့် တရားစွဲတယ်ဆိုတာ သာမာန် လူဥာဏ်ရည်နှင့် နားလည်နိုင်ပါတယ်။ ဒေါ်စု ပြည်သူ အားလုံးကို နစ်နာလိုစိတ်မှရှိပါ။
ဒေါ်စု (သို့) ပြည်သူကို မိမိကိုယ်ကျိုးအတွက် မကောင်းတဲ့စေတနာနှင့် ပြုမိခဲ့တဲ့ကံ၊ ထူထောင်ခဲ့တဲ့ကံတွေ အတွက် နမူနာဖြစ်ပါစေ။
ကိုယ်ပိုင်ခံယူချက်မရှိပဲ နိုင်တဲ့ဘက်မှာပဲကစားချင် သူများ အတွက် အသင်းပြောင်းကစားဘို့ အချက်ပေးတာပါ။ မနှောင်းသေးဘူး။