Pages

Friday, October 21, 2011

ကဒါဖီရဲ့ နောက်ဆုံးနေ့

...





အောက်တိုဘာ ၂၀ ရက်နေ့က ဒဏ်ရာအပြင်းအထန်ရထားတဲ့ ဗိုလ်မှူးကြီးကဒါဖီကို ဖမ်းမိတဲ့ပုံကို ရုပ်သံလိုင်းတခုက ထုတ်လွှင့် ပြသသွားပါတယ်

ကားရှေ့ဖုံးပေါ်က သူ့ကို ဆွဲချနေကြတုန်း "သူ့ကို အရှင်ရချင်တယ်" လို့ တယောက်က လှမ်း အော်ပြောပါသေးတယ်။

ဗိုလ်မှူးကြီးကဒါဖီကို လစ်ဗျားတော်လှန်ရေးတပ်သားတွေ ကားပေါ်ကနေ ဆွဲခေါ်လာပုံပါ

ပုန်းခိုနေတဲ့နေရာမှာ ဖမ်းမိတော့ သူက သူ့ကို မသတ်ဖို့ တောင်းဆိုတယ်လို့ သတင်းတွေက ဆိုပါတယ်

တော်လှန်ရေးတပ်သားတချို့ သူ့ကို အကာအကွယ်ပေးပါသေးတယ်
မသတ်ဖို့ တောင်းပန်ပြီး တနာရီအတွင်းမှာပဲ သူ သေဆုံးသွားပါတယ်။ သေနတ်သမားတွေ ၀န်းရံနေပြီး အခြေအနေ ရုပ်ရုပ်သဲသဲ ဖြစ်နေတဲ့အတွက် ဘယ်သူ့ရဲ့ လက်ချက်မှန်း မသိရပါဘူး

ကဒါဖီပုန်းခိုခဲ့တဲ့ နေရာ အနီးတ၀ိုက်မှာ တွေ့ရတဲ့ သူ့ရဲ့ သစ္စာခံ တပ်သားတချို့ရဲ့ ရုပ်အလောင်းများ

ကဒါဖီ အဖမ်းခံရတဲ့နေရာကို စစ်ဆေးနေတဲ့ တော်လှန်ရေးတပ်သားများ


ကဒါဖီရဲ့ ရွှေရောင် သေနတ်

လစ်ဗျားကို ၄၂ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ကဒါဖီ သေဆုံးမှု သတင်းကြောင့် အောင်ပွဲခံနေတဲ့ တော်လှန်ရေးတပ်သားများ၊ အရပ်သားများ





...

9 comments:

  1. အာဏာရှင်တို့သွားရာလမ်း...

    ReplyDelete
  2. Than Shwe is next of course! In Libya,Libyan revolutionists are working together so finally they got what they want. This is a lesson for the Burmese junta and all the ethnics, the Chinn, Kachin,Shan,Kayin and the rest of the Burmese divisions should unite to make one army to take over Than Shwe's army.

    ReplyDelete
  3. ဟားဟား..... ကဒါဖီ သနားတယ်... သူကျတော့ ပြည်သူတွေရဲံ့အသက်ကို ကြိုက်သလို နှိပ်စက်သတ်ဖြတ်ပြီးမှ သူ့အလှည့်ကျတော့ မသတ်ပါနဲ့ လို့ တောင်းပန်ရတယ်ဆိုပါလား... အရှားပါး......တော်တော်လေးကို gentlement ဆန်တဲ့ လူတွေပါလား.... မြန်မာပြည်က ပြည်သူတွေရဲ့အသက် ရဟန်းသံဃာတော်တွေကို လူမဆန်စွာ နှိပ်စက်သတ်ဖြတ်နေတဲ့ ကြံ့ဖွတ်စစ်ဗိုလ် (တစ်ချိန်က နအဖ )ချုပ်တွေအားလုံးနဲ့ နောက်လိုက်အပေါင်းအပါ စစ်ဗိုလ်အချို့တွေလည်းပဲ ဗိုလ်မှူးဆုတ်ကဒါဖီ လို ဘ၀နိဂုံး လျင်မြန်စွာ ချုပ်တည်းသွားကြပါစေ....လှို....ရည်ညွန်းလျက်......

    ReplyDelete
  4. Than Shwe & His family can't sleep n can't eat any more. Will be next idols are their family sure.

    ReplyDelete
  5. ကဒါဖီပြီးရင် ဘယ်သူလဲဆိုတာ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှူစားကြတာပေါ့...

    ReplyDelete
  6. လူတွေ...အလကားနေရင်း သူများအကုသိုလ်ကို ကိုယ့်အကုသိုလ်ဖြစ်အောင် ၀င်ယူနေကြတယ်။ ကျွတ်...ကျွတ်...ကျွတ်။

    ReplyDelete
  7. ကျနော်တို့ လဲ အောင်ပွဲခံခြင်နေပြီှးဗျာ

    ReplyDelete
  8. အာဏာရှင်မုန်းသူOctober 23, 2011 at 12:03 AM

    ကြည့်ထား ကဒါဖီလဲ သေပြီ အာရပ်ကမ္ဘာနွေဦးလဲရောက်နေပြီ.. ဟင်းဟင်း တစ်ယောက်ပဲကျန်တယ်နော်.. သတိတော့ထားပါ.. သန်းရွှေ့ မင်းလဲ သတိထားနော်.. အာဏာရှင်တွေဘယ်လိုသေလဲဆိုတာ ကြည့်ထား.. ၀အောင်စား ၀အောင်အိပ်ထားနော်...

    ReplyDelete