...
ဘန်ကောက်မြို့ ရေကြီးမှုကို မတားဆီးနိုင်တော့ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောလိုက်ပါပြီ
"ရေကြီးတာကို တားထားရင် ရေက ပိုပြီး မြှင့်တင်လာမှာပဲ။
ရေထွက်ပေါက်ကို ကျမတို့ ဖန်တီးပေးမှ ဖြစ်မှာပါ။ ဒါမှ ရေက ပင်လယ်ထဲ စီးသွားနိုင်မှာ" လို့ ၀န်ကြီးချုပ်က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။
"ရေက နေရာပေါင်းစုံကနေ ၀င်နေတယ်၊ ရေထုအင်အား ကြီးလွန်းလို့ ဘယ်လိုမှ မထိန်းနိုင်တော့ဘူး" လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။
"ဒီပြဿနာက အရမ်းကြီးတယ်၊ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာကြီးပါ။ ဒါကြောင့်မို့ အားလုံးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်မယ်လို့ ကျမ မျှော်လင့်ပါတယ်" လို့ ပြောလိုက်ပါတယ်။
မနက်ဖြန်ကစပြီး ဘန်ကောက်မြို့ ကို ရေဖြတ်ဆင်းတော့မယ်လို့ ဘန်ကောက်မြို့ တော်ဝန်က သတိပေးလိုက်ကြောင်း ဘန်ကောက်အခြေစိုက် ဘီဘီစီသတင်းထောက် ဦးဝင်းမြင့်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
- ဆင်းလာတဲ့ရေတွေဟာ တရက်ကို ကုဗမီတာ တသောင်းကျော်ရှိတယ်၊
စုတ်ထုတ်နိုင်စွမ်းက ကုဗမီတာ တစ်ရာကျော်သာဖြစ်တယ် လို့ ထိုင်းဝန်ကြီးချုပ်က ပြောတယ်၊
- ကြက်ဥ၊ ခေါက်ဆွဲခေါက်၊ ဆန်၊ သောက်ရေသန့် တွေကို ၀ယ်ယူစုဆောင်းနေတာနဲ့ ရေဘေးဒုက္ခသည်တွေ အကူအညီပေးဖို့ ဝယ်ယူနေတာကြောင့် ကုန်တိုက်တွေမှာ ပစ္စည်း ပြတ်လတ်နေပြီ -
- ကိုယ်ပိုင်ကားတချို့ ကို ဟိုင်းဝေးလမ်း မိုးပျံတံတားပေါ်မှာ သွားရပ်ထားလို့ လမ်းပိတ်ဆို့ ဖြစ်မှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြတယ် -
- ရေမြှုပ်နေတဲ့ ဒေသက စက်မှုဇုန်က စက်ရုံတွေ ၂ လလောက် ပိတ်ထားမယ်လို့ ဆိုတဲ့အတွက် မြန်မာအလုပ်သမားတွေ နေရပ်ရင်း ပြန်ဖို့ ဘန်ကောက်ကနေ မဲဆောက်ကို ပြန်သွားနေကြတယ် လို့် ဦးဝင်းမြင့်က ရေးထားပါတယ်။


အင်း " ဒေါ်ရင်လတ် " လဲ သနားပါတယ် ခမျာမှာ ဂိုက်ဆိုဒ်ကြမ်းကြမ်းထုတ်ဖို့နေနေသာသာ ရှေ့ရေးသမိုင်းတောင်လှဖို့မလွယ်တော့ဘူး http://www.nationmultimedia.com/politics/Lack-of-government-leadership-to-blame-30168080.html
ReplyDeleteထိုင်းရေဘေးကလည်းေုကာက်စရာုကီးဘဲ။ လူတွေပြောနေသလို ဘန်ကောက်ဟာ နောင်နှစ်၂၀ လောက်ုကရင် ရေအောက်ကိုတကယ်ရောက်သွားမလားမသိဘူး။
ReplyDeleteမြန်မာပြည်လာ ပြည်သူလူထု ကိုယ်စားလှယ် ဒေါ်စုကိုမအားလို့ မတွေ့ ဘူးလုပ်တယ်။ မအားဘူးလေ..သဲအိပ်လုပ်နေရပြီ။ နေပြည်တော်က ယတြာလုပ်ထဲ့ ကံနိမ့် အောင်လုပ်ထဲ့လိုက်တာခံရတာဘဲ။
ReplyDeleteထိုင်းနိုင်ငံအတွက် ယင်လတ်တက်လာတာ မကောင်းတဲ့နမိတ်ဆိုတာ ပေါ်လွင်နေပြီ။
သဘာဝဘေးအန္တရယ်ဆိုတာ အုပ်ချုပ်သူကြောင့် ဖြစ်လာတာမဟုတ်ပါ။ အုပ်ချုပ်သူကသာ သဘာဝဘေးအန္တရယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုဘဲ စဉ်းစားကြမှာပါ။
ReplyDelete