Pages

Thursday, October 20, 2011

ကဒါဖီကို ဖမ်းမိပြီ

ဖုန်းဖြင့် ရိုက်ထားသော ကဒါဖီ ဒါဏ်ရာများဖြင့်ပုံ

ပုန်းအောင်းနေသော စစ်အာဏာရှင်ဟောင်း မိုဟာမက် ကဒါဖီကို သူရဲ့ ဇာတိမြို့  ဖြစ်တဲ့ ဆာ့တ် (Sirte) မှာ ဖမ်းဆီးရမိပြီလို့ သိရပါတယ်။

"သူ့ရဲ့  အဖွဲ့ နဲ့  ပြင်းပြင်းထန်ထန်တိုက်ပွဲတွေ ဖြစ်တယ်။ သူဒါဏ်ရာတွေရတယ်။ သူ့ခေါင်းကိုလဲ ထိတယ်။ နောက်ဆုံး ဒါဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်"လို့
လစ်ဗျား အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ(NTC) ပြောရေးဆိုခွင့်ရှိသူက Reuters ပြောတယ်။

Al Jazeera သတင်းပြောဆိုချက်အရတော့ တိုက်ပွဲအတွင်း ဖမ်းမိကြောင်း အတည်ပြု ပြောဆိုပါတယ်။


Getty images


လစ်ဗျား လမ်းမတွေပေါ်မှာတော့ လစ်ဗျားပြည်သူ လူထုတွေဟာ ပျော်မြူစွာ သေနတ်တွေကို ဝှေ့ရမ်း မီးရှူးမီးပန်းများဖောက် သေနတ်များဖောက်ကာ မြူတူးနေကြပါတယ်။

NTC ဖက်က တိုက်ခိုက်သူတွေက မြို့ထဲမှာ အလံသစ်ကို လွှင့်ထူပြီး သေနတ်တွေကို အောင်ပွဲခံတဲ့အနေနဲ့ လေထဲကို ပစ်ဖေါက်နေကြတာကို ရုပ်မြင်သံကြားတွေမှာ ပြသနေကြပါတယ်။





...

8 comments:

  1. သေသွားတာ သူ့အတွက် ပိုကောင်းပါတယ် .. Muammar ကဒါးဖီး တော့ သွားပြီ
    Myanmar ကဒါးဖီး တွေ အလှည့် ကျန်နေသေးတယ်

    ReplyDelete
  2. very very good but when is Myanmar turn?

    I think our country will not happen cause Than Shawe is too smart and Burmese people are ridiculously dumb.

    ReplyDelete
  3. တို့ ဗမာပြည်က သန်းရွှေ တစ်ယောက် ဒီသတင်းကို ကြည့်ပြီး အိမ်အပြင်တောင် မထွက်ရဲ ဖြစ်သွားလောက်ပြီး။ ဗမာပြည်က အာဏာရှင် လက်သစ်တွေ အာဏာရှင်ပေါက်စတွေ စရဖတွေ များများ သတိထားဖို့  လို့ ပါတယ်။ လူထုကို အနိုင်ကျင့်ခဲ့တဲ့ ဇာတ်သိမ်းဘဝ မှတ်ထားကြ။

    ReplyDelete
  4. ကိုသန်းရွှေ ဘယ်လမ်းကို ရွေးမှာလဲ။ ကဒါဖီနောက် လိုက်မှာလား။ ဆာဒမ်ဟူစိန်နောက်ကို လိုက်မှာလား။ ပင်လယ်ပြင်ထဲကို ချလိုက်တဲ့ ဘင်လားဒင် နောက်ကို လိုက်မှာလား။ တွင်းအောင်လို့  မလွယ်ဘူး ထင်တယ်နော်။ အကောင်းဆုံး ထွက်ပေါက် တော့ ရှာထားပါ။ မြေးကလေးရဲ့ အနာဂတ် ဇာတ်သိမ်းလှချင်တယ် ဆိုရင် တိုင်းပြည်ကို ဝန်ချတောင်ပန်း ပြီး စစ်မှန်တဲ့ လွှတ်တော် ပေါ်ပေါက်လာအောင် စစ်စိမ်းရောင် ဝတ်တွေကို စစ်တန်းလျား ပြန်ခိုင်လိုက်ပါတော့။

    ReplyDelete
  5. ဘုရင် လိုနေခဲ့တဲ့ သူက သေတော့လဲ
    ကြွက်တကောင်လိုပါပဲလား
    သံဝေဂရမိပါတယ်
    အာဏာက သူ့ဘ၀ကိုလောင်မြှိုက်စေခဲ့တယ်
    သန်ရွှေကြီးလဲ အဲလိုမသေဘူးလို့ ဘယ်သူပြောနိုင်လဲ
    ဘာဘဲ ဖြစ်ဖြစ် လူတွေကို သိက္ခာရှိရှိ သေစေချင်တယ်။
    အာဏာရမက်နောက် မလိုက်ကြရင်ကောင်းမယ်။

    ReplyDelete
  6. အင်း...မောက်မားထောင်လွားခဲ့တဲ့ အာဏာရှင်တစ်ယောက်တော့ သွားရှာပြီပေါ့။ ကိုကိုသန်းရွှေအလှည့် လာတော့မယ်....

    ReplyDelete
  7. Min be phay ma le Mi Than Shwe.cr

    ReplyDelete
  8. ကဒါဖီရဲ့ဇတ်သိမ်းကတော့ ဆိုးဆိုးရွားရွားပါပဲ....တရားကျစရာပါ..သက်ရှိထင်ရှားရှိနေတုန်းကတော့ ဘုရင်တစ်ယောက်လို...သက်တော်စောင့် အမျိုးသမီးအခြံရံတွေနဲ့..ခုတော့ခွေးလိုနွားလိုသေသွားရပြီ...တရားရစရာကောင်းလိုက်တာ....ဗမာပြည်က စစ်အာဏာရှင်တွေ အတုယူသင့်တယ်.....အလှည့်ဆိုတာ ရှိတတ်တယ်လေ....

    ReplyDelete