
မြန်မာပြည်မှာ အင်တာနက် နှေးကွေးနေတာကို ထိုင်းပညာရှင်တွေအကူအညီနဲ့ စစ်ဆေးနေပါတယ်လို့ နောက်ဆုံးထုတ် အင်တာနက်ဂျာနယ်မှာ ရေးထားတာ ဖတ်ရပါတယ်။
သတင်းအချက်အလက်နဲ့ နည်းပညာဌာန အင်ဂျင်နီယာချုပ်က “အရင်တုန်းက အင်တာနက် ပေါ်လစီက အားလုံးကိုပိတ်တယ်။ ပြီးတော့မှ ဒါလေးကို ဖွင့်ပေးပါတယ်ဆိုပြီး ကြေညာတယ်။ နိုင်ငံတကာမှာက အားလုံးကိုဖွင့်ပြီးမှ ဒါလေးကိုတော့ ပိတ်ပါတယ်ဆိုပြီး ကြေညာတယ်။ ဒီလိုမျိုး အချို့အင်တာနက် ပေါ်လစီတွေကို ပြောင်းလဲသွားဖို့ ရှိပါတယ်” လို့ ပြောကြောင်း ဖော်ပြထားပါတယ်။
အင်တာနက် အမြန်နှုန်း ကောင်းမွန်စွာ ပြန်လည် အသုံးပြုလာနိုင်ရေးအတွက် Proxy ကို ဖြုတ်ပေးခြင်း၊ IP အစစ်များအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် စီစဉ်နေခြင်းနဲ့ အိတ်ချိန်းရှိ Capacity များကို တိုးမြှင့်ခြင်းများလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လူကြီးမင်းများခင်ဗျာ အင်တာနက်နှေးနေသောကြောင့် ကျနော်တို့အစိုးရမှ အောက်တိုဘာလ လစဉ်ကြေးများကို လူကြီးမင်းများ၏ နစ်နာမှုအနေနှင့် ပေးဆောင်ရန်လုံးဝလုံးဝမလိုအပ်ပါ။
ReplyDeleteပုံ
အစရိုး
သူများနိုင်ငံမှာဘယ်လိုလုပ်နေလဲ မေးလိုက်ပါ။အပိုတွေလျှောက်ပြီးလုပ်ကွက်တွေပြနေမဲ့အစား..သူများလုပ်ပေးတာကိုပဲ လက်ခံလိုက်ပါ။နှေးတာကတော့အစကတည်းက မြန်အောင်လုပ်ချင်စိတ်မရှိလို့နေမှာပါ။စိတ်စေတနာ အရေးကြီးပါတယ်လို့ပဲပြောပါရစေ။
ReplyDeleteတရားခံကို လိုက်ရှာနေစရာမလိုပါဘူး .....အစဉ်အဆက်လုပ်စားသွားတဲ့  စစ်အစိုးရကိုယ်တိုင်ပဲ ဖြစ်တယ် အစထဲက စိတ်ကောင်း စေတနာကောင်း မထားပဲ အဖြစ်သဘောလောက်လေး လုပ်ပြ ပိုက်ဆံကျတော့ ပြည်သူလူထုဆီး မတရားတောင်း ဒီစစ်သားဆိုတဲ့  ကောင်တွေမှာပဲ တာဝန်ရှိတာပါ .... မြန်မာမှာ စစ်သားဆိုတာ သူဆိုး နဲ့  ဓါးပြတွေချည်းပဲ ... ထွီ ..
ReplyDelete