...
ရန်ကုန်တဖက်ကမ်း သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်မှာ မြန်မာ ကိုရီးယား ဖက်စပ်မြို့ တည်မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ် တဲ့။ ဒီနေ့ရက်စွဲနဲ့ ထုတ်ဝေတဲ့ Bi Weekly Eleven မှာ ရေးထားပါတယ်။မြန်မာ ကိုရီးယား နာမည် ၂ ခုလုံး ပါဝင်အောင် မြို့နာမည်ကို မြန်ကို လို့ ပေးမယ်လို့ ဆိုတယ်။
အာရှနိုင်ငံများမှာ စလိုးမိုးရှင်းနဲ့ အမြစ်တွယ်လာတဲ့ ကိုရီးယားယဉ်ကျေးမှု (တချို့အခေါ် ကိုရီးယားရောဂါ) က မြန်မာပြည်မှာ မြို့တည်မယ့် အခြေအနေအထိ ရောက်နေပါပြီ။
အဲဒီမြို့မှာ ကျောင်း၊ ဆေးရုံ၊ အားကစားခန်းမတွေကို နိုင်ငံတကာ အဆင့်မီ ဆောက်ဖို့တောင် ဆွေးနွေးနေပါတယ် တဲ့။
...
ကောင်းကွာ။တိုးတက်ရင်တော့။
ReplyDeleteတိုးတက်မဲ့အရေးဆိုရင်တော့ကြိုဆိုပါတယ်...
ReplyDeleteဖက်စပ် ဆိုတာကနိုင်ငံတကာမှာ အလျင်အမြန်တိုးတက်ဖြစ်ထွန်းနေတာပါ...
ဒီဟာကတော့ အဲဒီအထဲက တစ်ခုလို့ မြင်မိပါတယ်...
ခေတ်မှီဖွံ့ဖြိုးတဲ့မြို့ပြတွေ နိုင်ငံတကာ အဆင့်မှီ ဖြစ်ပေါ်သင့်တာ ကြာပါပြီ..အခုဟာက ကိုးရီးယားနည်းပညာ ပိုင်းတွေ ပါဝင်လာမယ်ထင်ပါတယ်..
အကောင်းဘက်ကပဲရှူမြင်မိပါတယ်..
မြန်ကိုမြို့မှာဘယ်လိုလူတန်းစားမျိုးတွေနေထိုင်ခွင့်ရှိပါသလဲ။ယာမြေအသိမ်းခံရတဲ့လယ်သမားတွေ၊ဓါတ်ငွေပိုက်လိုင်းတစ်လျောက်မြေယာဖယ်ပေးလိုက်ရတဲ့ပြည်သူတွေအတွက်နိုင်ငံတော်က စောနှုန်းသက်သာစွာဖန်တီးပေးတာလား။
ReplyDeleteThis is the great news, the new techno city will brings opportunities and fortunes to Myanmar people, but this should be real and Govt. should make sure not another scam, coz this remind me of the 'new dala city' project that 'Aye Zaw Win' and 'General Able' tried to do with some Japanese many years ago, and those japanese turn out to be scam and disappeared after they sold tens of million dollars worth of shares in Japan using that project, as a consequence Gen. Able was discharged. Govt. should first find a reason why Korean wants to invest 5 billion dollars in a country like Myanmar? and how they will finance the project? bcoz 5 billion dollars is not a matter of joke. Govt should not just look at the amount of investment and corruption money they will received...
ReplyDeleteSimilar project in Cambodia called "CamKo"
ReplyDeletehttp://www.youtube.com/watch?v=bhRptGXVXOE&feature=related
Their project cost US$ 2 billions
I think Korea is much better than China interm of moreal and attitude.
ReplyDeleteနိုင်ငံတကာ အဆင့်မီလို့ခေါ်တဲ့ သဘာဝဖျက်၊ အာရုံခံစား၊ လောဘအားပေး၊ အမှိုက်ဖွ အန္ဓဗာလ အသိုက်ဖြစ်မဲ့မြို့မျိုး မတည်ပါနဲ့။ သပ္ပာယမျှရုံ သီလ၊သမာဓိ၊ ပညာ တိုးပွါး နိုင်ငံသားတို့လည်းအကျိုးများ၊ ကိုရီးယား လုပ်ဖော်ကိုင်ဖက်တွေလည်း သဘာဝပတ်ဝန်းကျင်ကို လေးစားတဲ့ ဂါရဝတရား ဗုဒ္ဓစကား နဲ့ယဉ်ပါး အားလုံးအကျိုးများကြစေမဲ့ ရွာသာယာလေးဖြစ်အောင် တည်ကြပါ အိုမြန်မာတို့။
ReplyDeleteကောင်းကောင်းနားမလည်ဘူးရှင့်..။ ဖက်စပ်ဆိုတဲ့ စကားရဲ့ အတိမ်အနက်ကိုလေ.. ။ ကြိုဆိုသင့် မကြိုဆိုသင့်ဆိုတာ.. အချက်အလက်တွေတော့ ပိုပြီးလိုဦးမယ်ထင်တာပဲ..။
ReplyDeleteတရုတ်နဲ့ဖက်စပ်မြို့ကို မန်းတလုပ် မြို့လို့ ပြောင်းခေါ်ကြပါစို့...။
ReplyDelete