Pages

Monday, October 31, 2011

ကျွန်းလုံးပြည့် အားပေးကြတဲ့ အငြိမ့်ပွဲ

.






ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ စနေနေ့က တင်ဆက်ခဲ့တဲ့ ပြည်တော်ပြန် သီးလေးအသီးအဖွဲ့ဝင်များရဲ့ “မျှော်စင်ကျွန်းအငြိမ့်”ကို ပရိတ်သတ်များက ကျွန်းလုံးပြည့် လာရောက်အားဖြည့်ခဲ့တာ တွေ့ရပါတယ်။

ပြက်လုံးတွေထဲမှာ အကျဉ်းထောင်တွေထဲ လူပြည့်နေပြီ၊ မြစ်ဆုံကိစ္စ ရပ်နားခြင်း၊ ကားလမ်းများ ပျက်သည် ပြင်သည် ဆိုတာတွေ ပါဝင်ပါတယ်။

လူရွှင်တော်တွေက သူတို့ လက်ရှိမြင်တွေ့သမျှ မြင်ကွင်းတွေကို အပြုသဘောနဲ့ ပြက်ခဲ့ကြတာပါ။

“ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်” ဆိုတဲ့ ဗမာ့သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း သီချင်းကို အရိုင်းက သီဆိုပြီး မင်းသားကြီး ဦးအောင်လွင်ကလည်း ရွှေဘိုမြို့အလောင်းမင်းတရားအကြောင်းသီချင်း၊ တက်သစ်စ စုဗူးလူရွှင်တော်အဖွဲ့ရဲ့ ပြက်လုံးများလည်း ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်း၊ ခိုဖြူများလွတ်ပြီး အငြိမ့်ပွဲကို အဆုံးသတ်ခဲ့တာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ အချိန်အတော်ကြာ နေထိုင်ပြီး မကြာသေးမီကမှ ပြည်တော်ပြန်လာကြတဲ့ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဆီးသီး တို့ကို ကျော်ထူး၊ ကင်းကောင်တို့က အားဖြည့်ခဲ့ပါတယ်။

“ပြက်လုံးတွေကို ကြိုတင်ပြင်ဆင်ထားရပါတယ်။ ပြည်ပကနေ ရောက်လာတာ မကြာသေးတော့ ပြည်သူတွေရဲ့ အသံကို နားထောင်ရပါတယ်။ ပရိတ်သတ်တွေရဲ့ အသံတွေကို နားထောင်ပြီးတော့ သူတို့ ရင်ထဲမှာဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကိုယူပြီးတော့ ပြက်လုံးတွေထဲ သွင်းပြက်ရတာဖြစ်ပါတယ်” လို့ လူရွှင်တော် ဂေါ်ဇီလာက ပြောပါတယ်။



.

5 comments:

  1. မျိုးမြန်မာOctober 31, 2011 at 3:25 PM

    ကိုဂေါဇီလာတို့ အဖွဲ့ ရဲ့  မျှော်စင်ကျွန်းက ပွဲ အောင်အောင်မြင်မြင်နဲ့  ပြီးသွားတယ်ဆိုတာကြားရလို့  ၀မ်းသာပါတယ်၊ ကိုအရိုင်းတို့ ကပါ ပါဝင်အားဖြည့် လိုက်တော့ ပို မြိုင်သွားတာပေါ့။ အဲသည်လိုဘဲ ဖြစ်သင့်ပါတယ်ဗျာ၊ ကိုဂေါဇီလာတို့ ဆိုတာကလည်း တောက်လျှောက်လုပ်လာခဲ့တဲ့သူတွေဘဲ၊ သီးနှစ်သီးရောပေါ့၊ ကိုဇာဂနာရဲ့  ပြည်၊ပေါင်းတည် ခရီးစဉ်မှာလည်း သူတို့ တွေလိုက်ခဲ့တာဘဲ၊ တစ်ချို့  စာနယ်ဇင်းတွေရဲ့  တာဝန်မဲ့တဲ့ အပြုသဘော မဆောင်တဲ့ ဖွချက်တွေကတော့ စိတ်ပျက်စရာပါဘဲ၊ကိုဇာဂနာက သူနဲ့ မဆိုင်ဘူး ပြောတယ် တို့ ၊ ပျက်လုံးတွေ လုပ်မပေးဘူး ပြောတယ်တို့ ဆိုတာတွေဟာ တကယ်မှန်နေရင်တောင်မှ ဖွရမယ့် အလုံးတွေ မဟုတ်ဘူးလို့ ထင်ပါတယ်၊ ညီအစ်ကိုချင်းကြား ရန်တိုက်ပေးနေတာနဲ့ တူပါတယ်၊ စာပေစိစစ်ရေးက တစ်ဖြည်းဖြည်း ပိုပြီး ဖြေလျော့ပေးချိန်မှာ စာနယ်ဇင်းတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမယ့် အပိုင်း၊ အရည်အချင်း ပိုဖြည့်တင်းရမယ့် အပိုင်းက ပိုပြီး အရေးကြီးလာတယ်ဆိုတာ ထင်ရှားလာပါတယ်၊ ကိုင်း၊ဘာဘဲဖြစ်ဖြစ်၊ မျှော်စင်ကျွန်းက သီးနစ်သီးပွဲရော၊ ချင်းမိုင်က သီးနှစ်သီးပွဲရော တစ်နိုင်ငံလုံးက ပြည်သူတွေ အားပါးတရ ကြည့်ရအောင် ဒီဗွီဘီ က မြန်မြန်လွှင့်ပေးပါတော့လို့ ပန်ကြားချင်ပါတယ်ဗျာ။

    ReplyDelete
  2. ဒိုင်နိုဆော့October 31, 2011 at 8:49 PM

    ပလို့ ဂျိ !!!! ကိုင်းရွာစားနေဇော်နိုင်ရေ အသည်းကောင်းလို့ပွဲတောင်းနေပြီဗျ ရှေ့ထွက်မင်းသမီးလေး သီတာဂွက်ထော်ကိုပါ ထပ်မံအားဖြည့်ပေးပါအုန်းလို့

    ReplyDelete
  3. ဘာပဲဖြစ်ဖြစ် ရွှေမြန်မာပရိသတ်တွေကတော့ အားပေးကြပါတယ် ... တကယ့်ကိုပဲချစ်စရာကောင်းတဲ့ အရိုးခံမြန်မာပရိသတ်လေးတွေပါဗျာ ... တည်တည်တန့်တန့်လေးနဲ့ ပရိသတ်ကိုကျေးဇူးဆပ်ပေးကြပါ...တတ်တဲ့အနုပညာလေးတွေနဲ့ နိုင်ငံတာဝန်ကို ထမ်းဆောင်ပေးကြပါ ... နိုင်ငံရေးသမာဓိနဲ့တည့်မတ်အောင်နေပြီး ပြည်သူတွေကို လမ်းပြပေးပါ .... ဆိတ်လစိတော့ မဖြစ်ပါစေနဲ့ ကိုဂေါ်ဇီလာရေ

    ReplyDelete
  4. အနုပညာသည်ကို ...အနုပညာသည်လို့မြင်တာဘဲကောင်းပါတယ် ..အစကတည်းက သီးလေးသီးဟာ နိုင်ငံရေးအရ လှုပ်ရှားနေတဲ့ အဖွဲ့မှ မဟုတ်တာ...ကိုယ့်တိုင်းပြည်ပြန်သွားတာနဲ့ဘဲ လူထုထောက်ခံမှု မရတော့ဘူးထင်ရင်မှားမှာပေါ့..အခုကြည့်လေ မြန်မာပြည်သူလူထုက ပြန်လာစေချင်လား မလာစေချင်လားဆိုတာ အသိသာကြီးမဟုတ်လား..ကျမတော့ ကိုယ့်တိုင်းပြည်တွင်းမှာ အနုပညာတာဝန်ကျေချင်တဲ့ ဂေါ်ဇီလာနဲ့ အဖွဲ့ကို လေးစားပါတယ်..ပြန်ရောက်တာနဲ့ အချိန်မဆိုင်းဘဲ တာဝန်ထမ်းဆောင်နေကြတာဘဲမဟုတ်လား...စေတနာမှန်တဲ့ ကံတရားပါ

    ReplyDelete
  5. ဆိတ်လစိတော့ မဖြစ်ပါစေနဲ့ ....hoke lar....ha ha....pyi pa ka ..aww nay tar htet...pyi twin ka ..aww tar ko....lu twe ka..are pay tar so tar ko yaw..nar lal yat lar...

    ReplyDelete