Pages

Thursday, November 17, 2011

နေရွှေသွေးအောင် နောက်ဆက်တွဲ

.







နေရွှေသွေးအောင် အခု ဘာလုပ်နေသလဲ။
ဥရောပနိုင်ငံတခုမှာ iPad တလုံးနဲ့ အချိန်ဖြုန်းကောင်း ဖြုန်းနေနိုင်ပါတယ်။
facebook ကိုတော့ သိပ်သုံးမယ် မထင်ပါဘူး။
သူ့
facebook မှာ ရေးသမျှကတော့ သူငယ်ချင်းမွေးနေ့တွေအတွက် ရေးလေ့ရှိတဲ့ Happy birthday!! ဆိုတာလောက်ပါပဲ။

ပြီးခဲ့တဲ့လထဲမှာတော့ ထူးထူးခြားခြား လို့ ဆိုနိုင်တဲ့ တခုတော့ ရေးပါတယ်။

MANCHESTER UNITED 1 vs. 6 MANCHESTER CITY!!!!!!!!!!!!
YEEEEHAAAAAAAAAAAAAA!!!!!!!!!!!!!
HAPPY!!!! HAPPY!!!!!!
WOOT WOOT!!!!!!!!!!!!! :P ဆိုတာပါပဲ။

မန်ယူ ရှုံးတဲ့အတွက် အင်မတန် ပျော်မြူးပါသည် ပေါ့။

သူ့
facebook မိတ်ဆွေတယောက်ကတော့ ပြန်ငေါ့ထားပါတယ် - မင်းအားပေးတဲ့ အာဆင်နယ်လည်း ရှုံးနေတာပါပဲ တဲ့။

သူ အခု ဥရောပ ရောက်နေတယ်လို့ ဆိုပါတယ်။ ဘောလုံးပွဲသွားကြည့်တာလည်း ဖြစ်နိုင်တယ်။

သူ့ခရီးစဉ်အကြောင်း မနေ့တုန်းက ဧရာဝတီ ပင်မ စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။

နေရွှေသွေးအောင် ဥရောပသို့ ခရီးထွက်
ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခုက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သော နေရွှေသွေးအောင်၏ ၁၆ နှစ်မြောက် မွေးနေ့ဧည့်ခံပွဲတွင် တွေ့ရသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နေရွှေသွေးအောင် နှင့် လုပ်ငန်းရှင် ဦးဇော်ဇော်

ဦးသန်းရွှေ၏ မိသားစုဝင်များအပါအ၀င် ယခင် စစ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ၎င်းတို့နှင့် အချိတ်အဆက်ရှိသည့် လုပ်ငန်းရှင်ကြီးများကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သော်လည်း နေရွှေသွေးအောင် ရရှိထားသော ဗီဇာသည် ရှန်ကန်းဗီဇာ (Schengen Visa) ခေါ် ဥရောပနိုင်ငံအများအပြားကို သွားရောက်နိုင်သည့် ဗီဇာဖြစ်သည်ဟု ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခုထံမှ သိရသည်။

ဗီဇာထုတ်ပေးသည့် သံရုံးမှာ ပြင်သစ်သံရုံး ဖြစ်သည်ဟု ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။

ဤသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ပြင်သစ်သံရုံးကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်။

“မည်သူမည်ဝါကို ဗီဇာထုတ်ပေးလိုက်တယ်ဆိုတာ ကျမတို့ ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ပြီးတော့ ဗီဇာပိတ်ပင်မှုစာရင်းမှာ ပါနေတဲ့သူတွေကိုလည်း ဗီဇာထုတ်ပေးလေ့မရှိပါဘူး” ဟု ပြင်သစ်သံရုံး၊ ဗီဇာဌာန အရာရှိတဦးက ဧရာဝတီကို ယနေ့ ပြောကြားသည်။

ဖိုးလပြည့်ဟု လူသိများသည့် နေရွှေသွေးအောင်သည် မြန်မာနိုင်ငံကူးလက်မှတ် ၃ အုပ်ခန့် ကိုင်ဆောင်ထားသူဖြစ်သည်ဟု သူ၏ မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

နေရွှေသွေးအောင် ပြည်ဝင်ခွင့်ဗီဇာလျှောက်စဉ်က မည်သည့် အမည်ဖြင့် လျှောက်ထားကြောင်း၊ ဥရောပခရီးစဉ်တွင် သူနှင့်အတူ မည်သူ လိုက်ပါသွားကြောင်း မသိရသေးပေ။

ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခု၏ အဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် ဥရောပသို့ သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က ရရှိသော သတင်းများအရ နေရွှေသွေးအောင်သည် စီးပွားရေး လုပ်ငန်းအများပြားကို အဘိုးဖြစ်သူ၏ သြဇာသုံးပြီး လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

နေရွှေသွေးအောင်က အဘိုး၏ အရှိန်အ၀ါကို စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုခြင်း မဟုတ်ပေ။ ၂၀၀၉ ခုနှစ်ကလည်း ရန်ကုန်မြို့ရှိ စစ်ဗိုလ်ချုပ်မိသားစုဝင်များ၏ “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍ ဖျက်ဆီးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ယခင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ တဦးသည် နေရွှေသွေးအောင်၏ ဆုံးမသြ၀ါဒကို ၂ နာရီခန့် နားထောင်ခဲ့ရသည်ဟု ဆိုသည်။

ဦးသန်းရွှေ၏ အချစ်ဆုံးမြေးတဦးဖြစ်သည်ဟု ထင်ရှားသည့် နေရွှေသွေးအောင်သည် ဒေါက်တာ နေစိုးမောင် နှင့် ဒေါ်ကြည်ကြည်ရွှေ တို့၏သား ဖြစ်သည်။






.

10 comments:

  1. နေရွှေသွေးအောင် facebook မှာ တင်တဲ့ message သည် သတင်းမဟုတ်ပါ။ ဘယ်သူ့ကိုမှလည်းမထိခိုက်သလို ဘယ်သူ့အတွက်မှလည်း အသုံးမဝင်ပါ။ ထောက်ပံ့ကြေးတွေငါတို့ပေးထားတာ အလကားထိုင်ပြီး facebook ကနေ သတင်းရှာဖို့မဟုတ်ပါ
    အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ပါ
    ဒီလောက်ပဲပြောမယ်

    ReplyDelete
    Replies
    1. နေရွှေသွေးအောင်ကသူအလုပ်သူလုပ်တာ။နင်တောင်သူ့လိုမလုပ်နိုင်ဘဲသူ့ကိုမဝေဖန်နဲ့။ရှက်ဖို့ကောင်းတယ်

      Delete
  2. We need to find out who provides his visa to Europe and we need to campaign somethings if we know.Now former militants members are attempting to wipe out the sanction.They have lot of money at their hand and they want to invest some business all over the world legally.Stupid embassy provided stupid family visa.

    ReplyDelete
  3. http://www.facebook.com/home.php?#!/htettayza
    Htet tay za living in switzerland...

    ReplyDelete
  4. http://www.facebook.com/htettayza?sk=wall

    ReplyDelete
  5. This comment has been removed by a blog administrator.

    ReplyDelete
  6. သတင်းဌာနများခင်ဗျား.. သတင်းများကို တင်ရာတွင် သေချာစိစစ်ပြီးမှ တင်ကြပါရန် အထူး မေတ္တာရပ်ခံလိုပါတယ်..။ အခုအချိန်မှာ အားလုံးက သတင်းတွေကို မျှဝေနေကြတဲ့အတွက် အဓိက သတင်းဌာနကြီးများအနေနဲ့ ပိုမို ဂရုပြုပေးကြပါခင်ဗျာ.။ သတင်းမှားတပုဒ် ဖြန့်ဝေမိပါက ဖတ်ရှုရသူတွေအတွက် ငြင်းခုန်စရာ စိတ်အနှောက်အယှက်ဖြစ်စရာ ကိစ္စများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် အထူး ဂရုပြုပေးပါရန် တောင်းဆိုအပ်ပါသည်..။
    လေးစားစွာဖြင့်..

    ReplyDelete
  7. ကဲကိုဝဏ္ဏရေကြားတယ်နော်၊ပစ်မှတ်ကဗမာပြည်အပြင်
    တောင်ထွက်လာပြီ။အပြတ်မရှင်းချင်ရင်တောင်၊သူ့အဖိုး
    ကိုအကြပ်ကိုင်ပြီး၊အပေးအယူလုပ်လို့ရတယ်။
    ဒီကောင်ဗီဇာအလွယ်တကူရရင်၊ခဏခဏနိုင်ငံခြား
    ထွက်နေမှာပဲ။သူ့ဘက်ကဘယ်လောက်ပဲလုံခြုံရေးကောင်း
    ပါစေ၊ဗမာပြည်ထဲမှာထက်လုပ်ရလွယ်မှာပဲ။
    ခင်ဗျားအကြံအစည်အောင်မြင်ဖို့အတွက်၊လိုအပ်တဲ့
    အကူအညီ(အလှူငွေ)တွေပေးလို့ရအောင်website or blog
    တစ်ခုလောက်လုပ်စေချင်ပါတယ်။

    ReplyDelete
  8. ဖိုးလပြည့် ဆိုတာ အခုချိန်ထိ အာဏာပိုင်တွေ သူဌေးတွေဆီ ကအခွင့်အရေးအပြည့်ယူနေတုန်းဘဲ။
    ရှင်းရှင်းပြောရင် သည်swiss ကိုသွားခွင့်ရတာလဲ မြန်မာပြည်က အရက်သူဌေးကြီးလုပ်ပေးလိုက်တာဘဲ။
    အရက်သူဌေးကြီး လေလံမြေတွေပါမစ်တွေ ရအောင် ဖိုးလပြည့်က ကူညီတယ် .ဖိုးလပြည့် swiss သွားခွင့်ရအောင် အရက်သူဌေးကြီးက လုပ်ပေးတယ်. ဖိုးလပြည့် ပျော်ပါးလို့ရအောင် အက်စ်စကော့ဆားဗစ် တောင် swiss မှာပေးထားသေးတယ်။ သူဌေးကြီးလည်း ဖိုးလပြည့်ပျော်ပါးလိုက်တာ 3million လောက်ကုန်သွားတယ်ကြားတယ်။
    အခုလည်း သူဌေးကြီးအစီအစဉ်နဲ့ ခရီးတခုထွက်သွားတယ်ကြားတယ်။။။ အခုနောက်ဆုံး သတင်းကတော့ အရက်သူဌေးကြီး အုပ်ချုပ်သူလုပ်နေတဲ့ seagame မြန်မာအသင်း ၇ှိရာ jakarta ကို လိုက်သွားတယ်ဆိုဘဲ. ဦးအောင်မိုးကျော် နဲ့တူတူ ထွက်သွားတယ် လို့ သတင်းရထားတယ်

    ReplyDelete
  9. ဟုတ်ပါတယ်။ ဦးဇော်ဇော်၊ဦးအောင်မိုးကျော်တို့နဲ့အတူ အင်ဒိုကို ဘောလုံးပွဲ ၂ရက်လာကြည့်ခဲ့ပါတယ်။ဆီမီးပွဲကို လာကြည့်တဲ့ဖိုးလပြည့်အတွက် ခေတ်ပျက်သူဠေးဇော်ဇော် ဒေါ်လာ တစ်သိန်းကျော်ကုန်သွားတယ်တဲ့။အစိုးရသာပြောင်းတယ်
    ပြောတာ...တပ်ချုပ်ကြီးမိသားစုက အရင်လိုပါဝါရှိနေဆဲပါပဲ။

    ReplyDelete