Pages

Friday, November 25, 2011

ဦးခင်ရွှေကို သတင်းသမား ၂၀၀ ၀န်းကျင် ကန့်ကွက်

.









အမတ်မင်း ဦးခင်ရွှေ (ဓာတ်ပုံ-Reuters)




စာ ၁၊ ၂၊ ၃

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ(ဇေကမ္ဘာ)က သတင်းစာဆရာများရဲ့ ကျင့်ဝတ်နဲ့ အတတ်ပညာအပေါ် ပုတ်ခတ်ပြောကြားခဲ့တဲ့အတွက်
မြန်မာပြည်က သတင်းထောက် ၂၀၀ ၀န်းကျင် ကန့်ကွက် လက်မှတ်ထိုးကြပါတယ်။



၎၊ ၅၊ ၆




ဦးခင်ရွှေ ပြောဆိုချက် အသံဖိုင်


ဆက်စပ်သတင်း -
ဦးခင်ရွှေအား သတင်းထောက်များ ကန့်ကွက်
http://burma.irrawaddy.org/archives/2651





.

21 comments:

  1. ဒီလူကြီးက အပြောဆိုးပေမဲ့ စေတနာမှန်ပါတယ်။
    သူလည်းတိုင်းပြည်ကောင်းစေချင်တဲ့စေတနာဒေါသနဲ့ပါ။
    နောက်ဒီမိုကရေစီရင့်သန်လာရင် ဒါတွေကအရေထူသွားမှာပါ။

    ReplyDelete
  2. သူပြောတာတွေလည်း အမှန်တွေပဲ။ ခုလက်ရှိမီဒီယာမှာ လုပ်နေတဲ့ကိုကိုတွေ မမတွေကိုက sensitive သိပ်ဖြစ်နေတယ်ထင်ပါ့ဗျာ။ ၀န်ကြီးများရုံးကို ဟော်တယ်လုပ်ကိုင်ဖို့ဆိုတာကလည်း မီဒီယာတွေမှာ ရေးထားသလိုသဘောမဟုတ်ကြောင်း ရှင်းထားတာကြားရပါတယ်။ နိုင်ငံမှာ ခရီးသွားတွေများမှာဖြစ်တဲ့အတွက် အဲဒီအဆောက်အဦးလို အရေးကြီးအဆောက်ဦးမျိုးကို တောင်ပေးသုံးရမလို ဆိုတဲ့သဘောမျိုး ပြောတယ်လို့သတိထားမိပါတယ်။
    နိုင်ငံတည်ဆောက်ရေးမှာ သူဌေးတွေကို မတိုက်တွန်းရပဲ စိတ်ပါလက်ပါ လုပ်နေစေခြင်းကလည်း မင်္ဂလာတစ်ခုပါဗျာ။ ဥပမာ အနေနဲ့ ပြောရရင်ဘုရားလူကြီးရာထူးကို သူဌေးခန့်ထားရင် ဘုရားပွဲအတွက်ကားဘာညာ လိုတဲ့အခါ ရွက်ကွက်က အဲဒီသယ်ပို့အစီအစဉ်အတွက် ခေါင်းမခြောက်ရတာပေါ့ခင်ဗျာ။ နိုင်ငံတည်ဆောက်ရေးအတွက် လူတန်းစားပေါင်းစုံရဲ့ အားတွေ ခုချိန်မှာအများကြီး အသုံးချကြဖို့၊ အသုံးချနိုင်အောင် လုပ်ကြဖို့လိုပါတယ်။ တစ်ဦးချင်းရဲ့ အတ္တလေးတွေ၊ အမြင်မကြည်လင်မှုတွေ၊ သမိုင်းအမှားတွေကို တက်နိုင်သမျှ ရှေ့တန်းမတင်ကြပဲ၊ နိုင်ငံအတွက် လောလောဆည်မှာ အပြုတရားတွေကို ပူးပေါင်းလုပ်နိုင်အောင် ကြိုးစားကြပါစို့ဗျာ။

    ReplyDelete
  3. ဥပမာ အနေနဲ့ ပြောရရင်ဘုရားလူကြီးရာထူးကို သူဌေးခန့်ထားရင် ဘုရားပွဲအတွက်ကားဘာညာ လိုတဲ့အခါ ရွက်ကွက်က အဲဒီသယ်ပို့အစီအစဉ်အတွက် ခေါင်းမခြောက်ရတာပေါ့ခင်ဗျာ။ နိုင်ငံတည်ဆောက်ရေးအတွက် လူတန်းစားပေါင်းစုံရဲ့ အားတွေ ခုချိန်မှာအများကြီး အသုံးချကြဖို့၊ အသုံးချနိုင်အောင် လုပ်ကြဖို့လိုပါတယ်။ တစ်ဦးချင်းရဲ့ အတ္တလေးတွေ၊ အမြင်မကြည်လင်မှုတွေ၊ သမိုင်းအမှားတွေကို တက်နိုင်သမျှ ရှေ့တန်းမတင်ကြပဲ၊ နိုင်ငံအတွက် လောလောဆည်မှာ အပြုတရားတွေကို ပူးပေါင်းလုပ်နိုင်အောင် ကြိုးစားကြပါစို့ဗျာ။

    Noy ခင်ဗျာ အတွေအခေါ်က တစ်ကယ်စုပ်
    ပြတ်လှကြီးလာ သူဋ္ဌေးကို ဘုရားလူကြီးခန့် 
    အဲဒီဘုရာခွက်ပျောက်ဖိုဘဲရှိတယ်

    ReplyDelete
  4. ဒီခင်ရွှေက၉၀ခုနှစ်အလယ်ပိုင်းလောက်ကမီဒီယာနဲ့အင်တာဗျူးတခုမှာ သူငယ်ငယ်တုံးကဦးနှောက်ဘယ်လောက်ကစားလဲဆိုတော့ကောင်းကင်ပေါ်ကလေယဉ်ပျံကို
    ကြည့်ပြီး ‘အထီး’ လား ‘အမ’လားလို့ခွဲကြည့်တယ်လို့ ဂုဏ်ယူဝင့်ကြွားပြီးပြောဘူးတယ်။စဉ်းစားသာကြည့်ကြပါတော့။ဒီလိုပေါတာမျိုးက ‘အထီး’ လဲမဟုတ် ‘အမ’ လဲမဟုတ်တဲ့ ‘ဟိုဒင်း’ လွှတ်တော်မှာ အမတ်မင်းဖြစ်နေတာပေါ့။

    ReplyDelete
  5. Khin Shwe is Myanmar word Ng Pei.
    He is a Lobbyist. Very obviously 2 times.

    ReplyDelete
  6. ဒီ လူ ဟာ အခုမှ မြင်ဘူး တာ တွေေ

    ပြာ တာ၇ယ်၊ သမတ ကို ဖါး ဖို့ ဘဲ သိတာဘာ၊ပညာကို နားမလည်လို့ အတုတောင်ဝယ် ပြီးဟန်ဆောင် ချငိတဲ့ လူ၊ဖါးတာ က ၀ါသနာ လို ဖြစ်နေ ပြီး၊ usa၊singapore ကို သွား လည်း အလားကား မတ၇ား ၇ထားတဲ့ ငွေ တွေ နဲ့ထိုင် စားတာ ဘဲ ရှိ မှာ ၊ဘယ်သူက မှ လူတင်ခံ ၇မဲ့လူမှမဟုတ်တာ၊

    ReplyDelete
  7. Personal ကိုမကြည့်ဘဲ ဖြစ်လာတဲ့ ပြသာနာအပေါ်စဉ်းစားစေချင်ပါတယ် ဝေဖန်တယ်ဆိုတာလွယ်ပါတယ်။ဝေဖန်မှုဆိုတာအပေါ်စားမဆန်စေချင်ပါ။

    ReplyDelete
  8. ကိုခင်ရွှသို.....
ိ့မြန်မာ.လွတ်လပ်ရေးသမိုင်းမှာအဓိကသမိုင်းဝင်အေ
    ဆာက်အဦးကြီးဖြစ်တဲ့အတွင်းဝန်ရုံးကြီးဟာအာရှတိုက်မှာအကြီးဆုံးနဲ.ရှေးအကြဆုံး၊ထည်ဝါခန်းနားဆုံးအေ
    ဆာက်ကြီးဖြစ်ပါတယ်။

    ရှေးနှစ်ပေါင်း ရ၀,၈၀ ကျော်ထဲကမြန်မာလူမျိုးတို.
    ရဲ့ခန်းနားထည်ဝါမှု၊ကြွယ်ဝချမ်းသာမှူ၊ဂုဏ်သိက္ခာကိုဖေါ်
    ပြနေသောအဆောက်အဦးကြီးကိုစီးပွားရေးသရဲသ
    ဘက်တွေရဲ့ အာခေါင်ထဲ မိုက်မဲစွာထိုးထည်.ဘို.စိတ်
    ကူးရဲတဲ့ ကိုခင်ရွှေ....
    ဗီယက်နန်နိုင်ငံတောင်ပိုင်းက ဟိုချီမင်းမြို.ကိုတ
    ခေါက်လောက်သွားကြည်.ပါဦး။
    ကျနော်တို.အတွင်းဝန်ရုံးကြီးရဲ.ဆယ်ပုံတစ်ပုံလောက်သာရှိတဲ့လွန်ခဲ့သောနှစ် ၅၀ လောက်ကအမေရိကန်
    တွေဆောက်သွားတဲ့ရှေးဟောင်းစာတိုက်ကြီးကို၊ညာဏ်
    ပညာနဲ့မျိုးချစ်စိတ်ကြီးမားသောဗီယက်နန်လူမျီုးများက
    မည်ကဲ့သို.ထိမ်းသိမ်းပြုပြင်ပြီးTouris Site အ
    ဖြစ်ဖန်တီးထားကာTouris များတဖွဲဖွဲလာရောက်လေ့
    လာကြည့်ရ၊FE များနေ.စဉ်သဲ့ယူသလိုရနေတာတွေ.
    ရပါလိမ်.မယ်.၊ ကိုခင်ရွှေ.. ဆယ်တန်းပြန်ဖြေပါ။
    ဘွဲ့ယူပါ၊စာများများဘတ်ပါ။နိုင်ငံတကာထွက်လေ့လါပါ.
    မိတ်ဆွေဟောင်းတဦး

    ReplyDelete
  9. သူပြောတာတွေက ရှင်းမယ်ဆိုရင် ရှင်းရပါသေးတယ်။ သူ့သား ငတုံး Facebook ပေါ်မှာ ပတ်ရမ်းနေတာကမှ အခြေအနေတွေ ပိုဆိုးသွားတာ။ ဒီကောင် Public မှာ စကားမပြောတတ်ရင် ငြိမ်ငြိမ်နေဖို့ကောင်းတယ်။

    ReplyDelete
  10. ရှင်းရှင်း ပြောရမယ်ဆိုရင် ကျွန်တော်က မီဒီယာနဲ့ မကင်းပါဘူး။ အတော့ကို မကင်းတာ၊ ဒါပင်မဲ့ ဒီအသံဖိုင်ကို လက်မှတ်ထိုးတဲ့ မီဒီယာ သမား ၂၀၀ လုံး နာထောင်ပြီးပြီလားလို့ စိတ်ပူမိတယ်။

    ကျွန်တော်တို့ တိုင်းပြည်တိုးတက်ဘို့ လုပ်တဲ့ အခါ သဘေားထားကြီးရမယ်၊ တရာသေ၀ါဒကို ပြစ်ပယ်ရမယ်၊ မီဒီယာက ပြည်သူ့ မျက်လုံးဖြစ်ရမယ်၊ မြင်တာကို မြင်တဲ့ အတိုင်းရေးရမယ် မီဒီယာတွေရဲ့ လွတ်လပ်ခွင့်က ယခုထက်ပိုရသင့်တယ်

    မီဒီယာတွေရဲ့ ရှုမြင်မှု့ အဆင့်ကို တိုးမြှင်ရမယ်၊ မီဒီယာတွေက ပြည်သူတွေ သိချင် မေးချင်တဲ့ မေးခွန်းတွေကို ပိုမိုမေးနိုင်၊ ဝေဖန်နိုင်ရမယ်၊ မီဒီယာတွေ ကလဲ ဝေဖန်အခံနိုင်ရမယ်။

    ReplyDelete
  11. ဒီမိုကရေစီသမားဆိုတာ ဝေဖန်တာ ခံနိုင်ရမယ်ပေါ့ သူဌေးကြီးရယ်၊ စေတနာနဲ့ ပြောပေမယ့် ဝေဒနာဖြစ်သွားတာလဲ ရှိတတ်ပါတယ်။ အကြောင်းအကျိုးနဲ့ ပြောတာကို လက်ခံနိုင်တာ ပြန်လည်ချေပနိုင်ငံတာဟာ ဒီမိုကရေစီနိုင်ငံတွေမှာ မထူးဆန်းတော့ပါဘူး။ ကိုယ်မှန်နေယင် ကြိုက်သလောက်ဝေဖန်ပါ ခံနိုင်ရည်ရှိနေတာဟာ ဒီမိုကရေစီသမားလေ သူဌေးကြီးရေ။ သတင်းသမားတွေကသာ ဒီမိုကရေစီ သမားတွေ မဟုတ်ကြတာပါ၊ သူများကိုပဲ သတင်းသမားတွေက ဝေဖန်မယ်၊ သူတို့ကို ဝေဘန်ယင်တော့ ကလောင်အားနဲ့ ကျီးကန်းလို ပြန်သုတ်မယ်ပေါ့ဗျာ။

    ReplyDelete
  12. Please listen the audio file before comment.

    Cheers

    ReplyDelete
  13. U Khin Shwe's daughter mrried to Shwe Mann's son.... SO there he is...

    ReplyDelete
  14. အပေါ်ကရေးထားတဲ့ KO Nyo တို့ Ko Anonymous တို့ကမှ ခင်ရွေပေးတာစားပြီး ခင်ရွှေပြောတဲ့အတိုင်းရေးသေးတယ်။ ပေးရကျွေးရတာတန်တယ်။ နောက်တခါလာရင်ဟိုလူတွေထက်ပိုထည့်ပေးမယ်နော်။

    ReplyDelete
  15. ၀န်ကြီး ရုံး ဟောင်း တချို့  ကို hotel အစား museum ပြု လုပ်ရန် အကြံပြုပါ သည်။

    ReplyDelete
  16. ချီးထုပ်ကြီး၊ လုပ်လို့  ရမလားဆိုပြီး၊ မောင်းတင်တုန်းက တင်ပြီးတော့၊ မနိုင်တော့ပြန်လျှောချတယ်။ လာအိုခရီးသွားများတာလာမပြောနဲ့။ ဒို့ နိုင်ငံထက်အေးချမ်းတယ်။ ဘက်ကဒက်မှာ စစ်ဖြစ်နေတာတောင်၊ သတင်းယူပြီး၊ မသေတဲ့ ဂျပန်သတင်းထာက်၊ မြန်မာပြည်မှာ သတင်းယူတာ ပစ်သတ်ခံရတယ်။ ခရီးသွားတဲ့ ဂျပန်မ၊ လမ်းပန်းဆက်သွယ်ရေးမကောင်းတော့၊ ဆိုင်ကယ်ကယ်ရီစီးတာ၊ မုဒိန်းကျင့်အသတ်ခံရတယ်။ အခုမှ
    နိုင်ငံတော်ကကောင်းတဲ့လားရာကိုရွေ့ တာဆိုတော့၊ အရင်တုန်းက အုပ်ချုပ်တဲ့သူတွေက ဘာတွေလုပ်နေလဲ၊ ချောက်ထဲတွန်းပို့ နေတာပေါ့။ ဘယ်သူတွေက အုပ်ချုပ်ခဲ့တာလဲ။ ရှင်းပြပေးပါ ဒေါက်တာရယ်။...။

    ReplyDelete
  17. ကျုပ် ကလဲ ပြည်သူ တစ်ယောက်ပါပဲ။ သူပြောတာတွေအားလုံးဟာ စေတနာ စကားတွေပဲ။
    မြန်မာလူမျိုး က ဗိုလ်ချုပ်အောင်ဆန်းပြောသလို ရိုင်းရိုင်း ပြောမှရတာလေး။
    ဘာတဲ့ သတင်းသမား ၂၀၀ က ကန့် ကွတ်တယ်တဲ့။
    ကျုပ်သာ သမ္မတဆိုရင် အဲ့ဒီ သတင်းသမား ၂၀၀ ကို သူတို့ ရဲ့ ဘ၀တလျောက်မှာ တိုင်းပြည်အတွက် ဘာတွေကောင်းအောင်လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းကိုပါ ပူးတွဲပြီးတော့ မှန်ကန်တဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံ နဲ့ လူကြီးလူကောင်းဆန်ဆန် ကန့် ကွတ်စေချင်တယ်။

    ReplyDelete
  18. Who shall watch the watchdogs ?
    The truth always in the midst of two edges.
    Don't swing utterly to opponent even your totally right, give options and understand on looser.

    ReplyDelete
  19. I have listened.
    I have read the ' complaint / letter.
    A number of points in his ' speech ' reflecting his ' positions ' and his ' status ' .

    1. Reference to U Thein Sein
    2. Reference himself as ' parental guide '
    3. stating of his prosperity
    4. Comparing and contrasting him against D A S S K ( He is saying DASSK can push 10 times than he can ) .......No point to compare to him with D A S S K .

    5. He is referring ' media team members are ' fed and catered ' ? by his sponsorship ? ... and so have an obligatory duty to write about ( ? in support of OR in the meaning of support of _

    6 He is obviously trying to ' suck up ' the media in Myanmar.

    Those above lists are not exhaustive. Overall speaking after careful analysis of speech and his words. .....He is definitely to be eliminated from system. No harm to be made.

    Just ask him out. I would strongly suggest All Admin Team in Myanmar including D A S S K to travel with him for good fortune of Myanmar. There might be a few more.

    Those are the hidden enemies ( Snake in the grass ) . No personal . Just train him.

    I would like U Khin Shwe to present your ' full report how you become rich in last 15 -20 years ' and stay away from Parliamentarian member ship . Please resign by yourself.

    Or you may face harder repercussion in future. You' d better be of stay away from ' VIPs ' and political panorama. Just emphasize on your Buddhism but not disturbing others religions.

    World is changing . If you like to suck up the media and people by using your prosperity - please thinks twice. If you do not fall now, you will, later.

    For High Ranked Admin, for e.g, His in-law, please ' sone Ma ' your in-law for the sake of Myanmar Reputation.

    This man's behaviour needs remedial action, most effectively by the authoritative members in Myanmar.

    I wish you all the best U Khin Shwe. Well..if you can't do this job, you can do others. One has to do one thing at all time. Keep Occupied.

    I spent 13 minutes to write this . This is also for Myanmar . I just give my input into this discussion .

    Irrawaddy - Please keep on trying yourself and try to train others by posting right. Thanks.

    I will write more if time allows.

    ReplyDelete
  20. သူပြောတာသေချာနားမထောင်ဘဲ မဝေဖန်ကြပါနဲ့ဆိုသောသူများနှင့်
    ဦးခင်ရွှေ သို့၊

    ကျွန်တော်မီဒီယာသမားမဟုတ်ပါ။ မီဒီယာကို လေးစား သလို တခါတခါ စိတ်ပျက်ဘူးပါသည်။ သို့ရာတွင် နားလည်ပေးနိုင်ခဲ့ပါသည်။ အရာရာ ပုံပျက်ပန်းပျက်ဖြင့်စကြရသော နိုင်ငံပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်မှာ သူတို့လည်း ဦးခင်ရွှေတို့လို အိုးနင်းခွက်နင်း လုပ်ကိုင်နေကြရကြောင်း သိ၍ဖြစ်ပါသည်။ ဦးခင်ရွှေတို့ အိုးခွက်နင်းသည်က သိန်းပေါင်းသန်းနှင့်ချီသည့် ငွေပုံပေါ်မှာ ဆိုဆုံးမသူမရှိ၊ မကျေနပ်လျှင် ဘေးထွက်ထိုင်ကာ (ဦးခင်ရွှေပြောသလို) ဇိမ်ခတ် နေနိင်ကြသေး သော်လည်း သူတို့မှာ သူတို့ဘဝ သူတို့ထမင်းအိုးကို ရင်းပြီးနင်းနေကြရသည့်အတွက် ပို၍ပင် စာနာရပါသည်။ တခြားကြည့်စရာမလိုပါ ယ္ခုဦးခင်ရွှေ ကိုဝေဖန်သလိုမျိုး လွန်ခဲ့သောနှစ်နှစ်ခန့်ကသာ (ပုန်းလျှိုးကွယ်လျှိးဖြစ်ဖြစ်) ဝေဖန်ခဲ့မိလျှင် ထိုပုဂ္ဂိုလ် ထိုစာပေလုပ်သား ဘာဖြစ်သွားမည်၊ ထိုအချိန်က ဦးခင်ရွှေဆိုလျှင် ဝေဖန်သူတွေအား ယ္ခုသို့ (ဆောင့်ကြီးအောင့်ကြီး) လေပြေပင် ထိုးပါမည်လား စဉ်းစားကြည့်လျှင် သိနိုင်ပါမည်။ မလွှဲရှောင်သာ၍ဖြစ်ဖြစ် ထိုးရသော ယ္ခု လေပြေမှာပင် ဇာတိသံကမပျောက်ချင်ပါ။ “တက်ရောက်လာတဲ့..အရာရှိလေးတွေ” ဆိုသောအသုံးအနှုံးမျိုးဖြင့် စင်အောက်က လူတွေကို “ပါမွှား” စာရင်းသွင်းလိုက်သော အဇ္ဈတ္တမှ အစပြုပါသည်။ ပို၍ဆိုးသည်က “ဒီလောက် အိပ်စိုက် အကုန်အကျခံ ကျွေးမွေးတာတောင် အကောင်းပြောဖေါ်မရကြဘူး” ဆိုသော လေသံ ပင်ဖြစ်ပါသည်။ ငါပေးတာယူ၊ ငါကျွေးတာစား၊ ပြီးရင် ငါ့အကြာင်း အကောင်းဘဲပြောရမယ် ဆိုသော အမူအကျင့် (Attitude) မျှကို မပြောင်းနိုင်သေးဘဲ နိုင်ငံကိုပြောင်းလဲဘို့ ဘယ်လိုလုပ်မှာလဲဟု မေးလိုပါသည်။ သမ္မတကြီးက စတုတ္ထမဏ္ဍိုင် ပြောလို့သာ၊ ကျုပ်အလိုဆို နုပ်နုပ်စဉ်းပစ်ချင်တယ် ဟု မပြောသော်လည်း ပြောဘိသကဲ့သို့ ဖြစ်နေပါသည်။ ကျွန်တော်သာ မီဒီယာဆို ထိုစကားကို ပါးရိုက်တာထက် နာမိပါမည်။ ယ္ခုလည်း နာသူတွေ ရှိနိုင်ပါသည်။ သူတို့အဆိုးမဟုတ်ပါ။

    ဝန်ကြီးရုံးဟော်တယ်ပြောင်းမည့်ကိစ္စ မီဒီယာက သေချာမစူးစမ်းဘဲဖွသည်ဟု ဝါးချရာ၌ ရည်ရွယ်ရင်းမရှိဘဲ တရားဝင် အခန်းအနား တခုတွင် ဘာကြောင့် ထိုအကြောင်း ထည့်သွင်းပြောခဲ့သည်၊ အကယ်၍ မစူးစမ်းသော ထိုမီဒီယာမှတဆင့်သာ သမ္မတကြီးထံ မပေါက်ကြားခဲ့လျှင် ဦးခင်ရွှေတို့ ဘာဆက်လုပ်ကြမည် ဆိုသည်ကို သိလိုလှပါသည်။ ကျွန်တော်ကတော့ ရှားရှားပါးပါး ကျန်ရစ်သည့် သမိုင်းဝင် အဆောက်အအုံတခု စီးပွားရေး အတွက် အပေါစား ဆန်ဆန် အသုံးချခံရခြင်းဘေးဆိုးမှ ကယ်တင်နိုင်ခဲ့မှုကြောင့် ထို မစူးမစမ်း မီဒီယာနှင့်၊ စတုတ္ထမဏ္ဍိုင်ဟု ပြောလည်းပြော တကယ်လဲ (ဦးခင်ရွှေ တို့ထက်) အလုပ်ဖြင့် လေးစားပြသော သမ္မတကြီးတို့အား ကျေးဇူးတင်ရင်း သာဓုခေါ် မိပါသည်။

    ငွေလုံးချင်းထပ်ရုံမှလွဲ၍ မှတ်သားဘွယ် မရှိလှသော ဦးခင်ရွှေစကားတွေထဲမှ မဆင်မခြင် ပါသွားခဲ့သော ဂျောက်ကျဘွယ် စကားတခွန်း ကိုလည်း ထောက်ပြလိုပါသည်။ “ဦးဗဆွေ မီးခွက်မှုတ်” ဆိုသော ပုံခိုင်းစကားဖြစ်ပါသည်။ သိပ်အဝေးကြီးမဟုတ်သော မြန်မာ့နိုင်ငံရေး သမိုင်းတွင် ဦးဗဆွေ အမည်နှင့် မီးခွက်မှုတ် သတင်းတို့ အထင်ကရရှိခဲ့ကြပါသည်။ သို့ရာတွင် ထိုနှစ်ခုတွဲ၍မရှိခဲ့ပါ။ ဆိုလိုသည်မှာ မီးခွက်မှုတ်ခဲ့သူ ဦးဗဆွေ မဟုတ်ပါ။ မီးခွက်မှုတ် ဆိုသော မြန်မာစကား၏ တာသွားပုံကို အများသိသလို သိကြမည်ဖြစ်သော ကျန်ရစ်သူမိသားစုအနေဖြင့် ထိုသို့တလွဲတွဲခံရခြင်း အပေါ် မည်မျှ နာသာခံခက်ကြ မည်ကို တွေးသိနိုင်ပါသည်။ မြန်မာနိုင်ငံ တရားစီရင်ရေးမဏ္ဍိုင်သာ ကြံ့ခိုင်ဦးမည်ဆိုလျှင် ယ္ခုပြောဆိုမှုကြောင့် ဦးခင်ရွှေကြွယ်ဝသမျှထဲမှ သိန်းပေါင်းသောင်းချီ၍ ဖဲ့ယူသွားမည့် ပွဲကြီးပွဲကောင်း တရားမမှုကြီး တခု ဖြစ်လာဘွယ်ရာရှိ ပါသည်။ မီဒီယာအထိန်းအကျောင်း နှင့် တရားဥပဒေစိုးမိုးရေး ဆိုသည်ကို ဦးခင်ရွှေတယောက် နဖူးတွေ့ဒူးတွေ့ သိရှိဆင်ခြင် သွားနိုင်ဘွယ်ရာလည်း ရှိပါသည်။

    ဦးခင်ရွှေကြွယ်ဝပုံကို၎င်း၊ ထောင်မြင်ရာစွန့်မဟုတ် သည့်တိုင် ထောင်ဝင်ထား၍ရာပြန်စွန့်ခြင်း၌ မတွန့်မတို လုပ်ဆောင်နေခြင်းကို၎င်း သံသယမရှိပါ။ သို့ရာတွင် လူပုံအလယ်စကားအမှား တခုကို နောက်ထပ် လူပုံအလယ်မှာ မန်းသထက်ြ-ဲ ပြသည့် စေတနာကိုမူ သံသယရှိပါသည်။ အပြောမတတ်လို့ ပါဟု တချို့မြင်သလို ကျွန်တော်မမြင်နိုင်ပါ။ အပြောမတတ်တာ သေချာပါက မပြောလျှင်အကောင်းဆုံး (ဝါ) ပြောရသည့်နေရာမှာ (ဘာအကြောင်းနှင့်မျှ) မနေလျှင် အကောင်းဆုံး ဖြစ်ပါမည်။ အပြောတွေထဲမှာ ဇာတိတွေပါတတ် လွန်းသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ဦးခင်ရွှေအား နိုင်ငံတော်ပြန်လည် ထူထောင်ရေး အလို့ငှါ ယုံမှတ်အပ်နှံထားသည့် အဖွဲ့အစည်းသည် အပြောအဆို အသုံးအနှုံး လွန်စွာ အရေးပါသည့် အဖွဲ့အစည်းတရပ် ဖြစ်ကြောင်း နားလည်ယုံကြည်ထားသောကြောင့် ဖြစ်ပါသည်။

    ဤမျှဝေဖန် ထောက်ပြနေခြင်းမှာလည်း နိုင်ငံ အကျိုးအတွက် ဖြစ်သည်ကို သံသယမရှိစေလိုပါ။ ကိုယ့်သမိုင်းကိုယ်ရေးသည် ဟူသော ဦးခင်ရွှေ၏ စကားကို သဘောတူနှစ်ခြိုက်သဖြင့် မိမိသမိုင်း၏ အစိတ်အပိုင်းတခုတွင် ယ္ခုသို့ ဝေဖန်ခဲ့ခြင်းသာ ဖြစ်ပါသည်။

    ဦးခင်ရွှေ သမိုင်းလှပါစေ။

    (ငတေ)

    ReplyDelete
  21. Thank you ' Nga Tay '

    thank you.

    I wish you could spend your time a bit more to ' such an vital issue ' like this.

    You just did ' good citizen duty'. I do not appreciate as ' Ah Tinn '. This is valuable input.

    You did your part well.

    I wish people comprehend very well between ' Ah Tinn and Ta Dinn ' .

    Ah Tinn = Gossip. There are some rooms for media for gossip. We call is ' gossip media ' . for instance. . Paparazzi, The Who, People magazine.

    Well done ' nga Tay " . Well done.

    ReplyDelete