Pages

Tuesday, November 15, 2011

မန္တလေးသံဃာဆန္ဒပြမှု နောက်ဆက်တွဲ

~





Mandalay Breeze ရဲ့ ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ အချက်အလက်နဲ့ ဓာတ်ပုံများ

နေ့လည် (၁၂) နာရီတွင် ခေတ္တ ရပ်ဆိုင်းထားပြီး နေ့လယ် ၁ နာရီ ၁၅ တွင် ပြန်လည် စတင်မည်ဖြစ်သည်..။

နေ့လယ်ပိုင်းတွင် ဆန္ဒပြ သံဃာတော်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် ဆွေးနွေးပြီး ဆွေးနွေးမှု ရလဒ်များကို ထုတ်ပြန်သွားမည်ဖြစ်သည်..။


သံဃာ့ နာယက ဆရာတော်ဘုရားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှာလည်း ညှိနှိုင်း ဆွေးနွေးလျက်ရှိပြီး ဆွေးနွေးမှုမှာ နေ့လည် (၃)နာရီတွင် ပြီးစီးမည်ဖြစ်သည်။ မဟာမုနိဘုရားဝင်းအတွင်း ဆန္ဒပြမှု ဆက်လက်ဖြစ်မဖြစ်ကို အဆိုပါ ဆွေးနွေးပွဲ ရလဒ် အရ ပြောင်းလဲနိုင်ကြောင်း သိရသည်။










~

6 comments:

  1. ဘုန်းကြီးကျောင်းသားNovember 15, 2011 at 2:54 PM

    ဆရာတော်များဘုရား-
    ဆရာတော်တို့ တောင်းဆိုချက်တွေ ပြည့်ဝအောင် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် လည်း ကြိုးစားနေတာ ဆရာတော်များ သိရှိပြီး ဖြစ်ပါလိမ့်မည် ဘုရား။ ပြည်တွင်းစစ် ဘယ်တော့ရပ်မယ် ဆိုတာ သေသေချာချာ မသိရသော်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်ဖို့ကတော့ ရှေ့ပြေးသတင်းတွေ ကြားနေကြရပြီ ဖြစ်ပါတယ်ဘုရား။ အခုအချိန်မှာ တပည့်တော်များ စိတ်ရှည်ရှည်ထားပြီး ဒကာမကြီးဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရပိုင်းက ပုဂ္ဂိုလ်များ ဆွေးနွေးနေကြတာတွေကို တစ်ဖက်တစ်လမ်းက အားပေးတာကသာ အကောင်းဆုံး ဖြစ်မည် ထင်ပါသည်ဘုရား။ လိုအပ်လာရင်တော့ လိုအပ်လာသလို လုပ်ကြရမှာပေါ့ ဘုရား။

    ReplyDelete
  2. အရှင်သောရေ၊ စိတ်ရှည်ရှည်နဲ့ အမျှော်အမြင်ရှိရှိ ဟောပြောကြပါဘုရား၊
    လူထုဆန္ဒပြပြီး အုံနဲ့ ကျင်းနဲ့ အစိုးရကို ဖြုတ်ချဖို့ကလဲ မဖြစ်နိုင်တော့ပါ၊ အမေစုတို့ကလဲ အစိုးရနဲ့ လက်တွဲပြီး အနာပေါက်ဖြစ်နေတဲ့ အနှစ်လေးဆယ်ကြာ နိုင်ငံပျက်ကြီးကို အတူလက်တွဲပြီးတော့ ပြင်ကြတာပဲ ကောင်းမယ်ထင်ပါတယ် ဘုရား။ ကိုယ်စွမ်းတဲ့ဘက်က ထောက်ပံ့ကူညီပေးခြင်းသာ လက်တွေ့ကျပါတယ်ဘုရား ။ ဆရာတော့် အလိုဆန္ဒတွေ ပြည့်ဝပါစေ

    ReplyDelete
  3. အခုချိန်မှာတော့ ဒါမျိုးတွေကမဖြစ်သင့်ဘူးလို့ထင်ပါတယ်။ အကောင်းဘက်ကို ဦးတည်နေတာလေးတွေ ထိခိုက်သွားမှာမလိုလားဘူး။ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံဖြစ်သွားမှာလည်း မလိုလားဘူး။

    ReplyDelete
  4. အချိန်ဆွဲနေတဲ့ အစိုးရကို အမြန်ဆုံး အကောင်းဘက် ဦးတည်နိုင်အောင် Pressure ပေးသင့်ပါတယ်။

    ReplyDelete
  5. I don't want to get all our innocent people hurt(including all U Zin)government has so many weapons and they are animal they want to keep the power they don't care who ever die.They know all the people are don't like them so please be careful.I don't think they are change only they want to get president position,that's why they be come still and be quiet.

    ReplyDelete
  6. i support to these all U ZINs.they doing thing is correct way.now asian meeting start ready. we all can give to pressure to myanmar government. that is good. now mility is can`t do to U ZINS.bec all ASIAN leaders n world leader interested that case. Government can do that case.sure they will follow for international leaders decition.

    ReplyDelete