နိုဝင်ဘာ ၁၅၊ ၂၀၁၁ နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။
တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ-
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)
တို့ဖြစ်သည်။
အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက မန္တလေးမြို့မှ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆိုထားသော အချက်များမရမချင်း ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊ မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို (ဓာတ်ဆီ(မီးစက်အတွက်)၊ စားစရာ၊ ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။
(နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဖုန်းနှင့်တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။)
ဦးဆောင်ဆရာတော်အမည်မှာ (အထက်ပါ Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။
ညိုကြီး (www.facebook.com/nyogyi) မှ ကူးယူဖော်ပြသည်။

ဒီရဟန်း သံဃာတော်တွေရဲ့ အခုလိုလုပ်ခဲ့ရင် ဘာတွေဖြစ်မယ်ဆိုတာ သိရက်နဲ့ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် နိုင်ငံကောင်းကျိုးအတွက် အနစ်နာခံ ဆောင်ရွက်တဲ့ စိတ်ဓါတ်ကို ကြည်ညိုလေးစားပါတယ် .... အခုလို အများအကျိုးအတွက် ရဲဝံ့စွာ လုပ်ကိုင်ဆောင်ရွက် နေတဲ့သူတွေကို တတ်နိုင်တဲ့ဖက်ကနေ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးကြပါ ... ကူညီပံ့ပိုး ထောက်ခံကြတဲ့ သူတွေကိုလည်း မြင်ရလို့ ကျေးဇူးတင်မိပါတယ် ...
ReplyDeleteဦးဇင်း အခုလို ပြုလုပ်ခြင်းဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး... စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ လျှောက်လှမ်းပါ။
ReplyDeleteအေရာဝတီခင်မျာ သံဂါအများမဟုတ်ပါ ငါးပါးသာဖြစ်ပါတယ်။ သတင်းကို တမျိုးဖြစ်အောင်မေ၇းပါနဲ့
ReplyDeleteစည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ လျှောက်လှမ်းပါဆိုတာ ဦးသိန်းစိန်တို့ကို အရင်ပြောသင့်တယ်။ အားလုံးက လျှောက်နေလို့ ကန့်လန့်ခံနေရင်သာ ပြောသူအပြစ်
ReplyDeleteအစိုးရသစ်တက်ပြီး မြန်မာနိုင်ငံဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲ လာပါတယ်၊ ကျေနပ် အားရဖွယ် အဆင့်တော့ မရောက်သေးပါဘူး၊၊ အပြောင်းလဲလုပ်ဖို့ ကြောက်ရွံနေတဲ့ အစိုးရသစ်ကို အခုလို ထိတွေ ဆက်ဆံတာတွေဟာ အပြောင်းလဲတွေကို နှေးကွေးစေဖို့ မှားယွင်းတဲ့ လုပ်ရပ်တွေပါပဲ....
ReplyDelete.... ဦးဇင်း အခုလို ပြုလုပ်ခြင်းဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး... စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ လျှောက်လှမ်းပါ။ လိုဆိုတဲ့ ... Anonymous ရေ ...
ReplyDeleteအခုလည်း သံဃာတော် တွေက ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြနေကြတာပါ ...
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်တာဟာဒီမိုကရေစီသက်တမ်းမရင့်ကြသေးတဲ့ အာစီယံနိုင်ငံတွေမှာတောင် ထမင်းစားရေသောက်လောက်ကစ္စပါ ... ဒီမိုကရေစီရဲ.အနှစ်သာရတစ်ခုဖြစ်လို. ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြ ခြင်းကို မှားယွင်းတဲ့လုပ်ရပ်လို.မမြင်သင့်ကြောင်းပါခင်ဗျား ....
မှန်ပါတယ်..သံဂါ..မဟုတ်ပါ..သံဃာ..သာဖြစ်ပါတယ်၊ ရဟန်းအစုအဝေးကို..သံဃာ..လို့ခေါ်ပါတယ်၊
ReplyDeleteလေးပါးပြည့်ရင်..သံဃာ..ခေါ်နိုင်ပါတယ်။
ွှThere is no discipline democracy in the world except Burma ! Ha HA!
ReplyDeleteIn English Grammar rules!
more than one you have to put "s"!
Also In Burmese Grammar rules!
More than one you have to put "myar" များ Ha Ha!
That is why you two need to learn!
Learn Grammar and politics!
မိုက်ခဲ http://www.facebook.com/nativepde
ယခု သံဃာတော်များ တောင်းဆိုနေတာတွေသည် in the process ဖြစ်နေသည့်အတွက် သိပ်မထူးလှပါ။ သို့သော်လည်းပဲ ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားထားဖို့ ဆိုလိုချင်တာက သာသနာ့အရေးကို အစိုးရက ၀င်ရောက် စွတ်ဖက် အုပ်ချုပ်တာမျိုးမရှိဘဲ သာသနာ့အရေးကို သာသနာ့ ခေါင်းဆောင်များကသာ အုပ်ချုပ်စီမံခွင့် ရှိစေတာမျိုးအတွက် တောင်းဆိုရင်တော့ သိပ်ကောင်းလိမ့် မယ်ထင်တယ်။
ReplyDeleteုသိန်းစိန်တို့ရဲ့လှည့်ကွက်တွေကိုလူတိုင်းနားမယောင်ဘူးဆိုတာပြလိုက်တာဘဲ။မပြီးဆုံးသေးတဲ့ဒီမိုကရေစီတိုက်ပွဲရဲ့ခြေလှမ်းတလှမ်းမို့ထောက်ခံပါတယ်။
ReplyDeleteဟေ့အပေါ်က ၂ကောင်၊မင်းတို့လိုလူမျိုးအများကြီးသာရှိရင်မြန်မာပြည်
ReplyDeleteဘယ်တော့မှဒီမိုကရေစီရမှာမဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောဖူးတယ်၊
သူတယောက်ထဲလုပ်လို့မရဘူးဆိုတာ၊
အခုဒီသံဃာတွေကသူပုန်ထနေတာမဟုတ်ဘူးကွ
အများဆန္ဒဖော်ထုတ်နေတာ၊နားလည်လား။
နောက်တကောင်ကိုပြောချင်တာက၊မင်းကျောင်းပညာ
ရောသင်ဖူးရဲ့လား။
သံဃာတစ်ပါးထက်ပိုလို့ရေးတဲ့လူက၊သံဃာများလို့ရေးတာ။
မင်းလိုသဒ္ဒါမတတ်၊စာမတတ်တဲ့ကောင်ကိုကလော်ဆဲလဲ
အပိုပဲ၊အလကားဆန်ကုန်မြေလေး။ထမင်းစားပြီးလူလိုမတွေးတတ်
တဲ့ကောင်တွေ။
ဘုန်းကြီးတွေကလည်း လူတွေ မြှောက်ပေးတိုင်း လိုက်လုပ်တာပဲ။
ReplyDeleteလူတွေကလည်း ဘုန်းကြီးတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်တော့ မထုတ်ကြနဲ့ပေါ့လေ။
ဗုဒ္ဓဘာသာက ဘာတွေ ဖြစ်နေမှန်းကို မသိတော့ဘူး။
သံဃာတော်တွေ ဆန္ဒပြ တာကို ထောက်ခံအားပေးပါတယ်။ ရင်ထဲက ဆန္ဒ မည်သူမဆို ထုတ်ဖော်ပိုင်ခွင့်ရှိပါတယ်။ ဆန္ဒပြတာ ကို မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူး ဆိုရင် ခြုံခို ပြီး မိန်းမကျင့်  မိန်းမအကြံ ဖမ်းဆီးထောင်ချ လူမြင်ကွင်းမှာ စစ်တပ်က ပစ်သတ်တာ ရော မှန်ကန်တဲ့ နည်းလမ်းလား။ မင်းမဲ့စရိုက်ကို လုပ်နေတာက ကြံ့ဖွတ် အမတ်တွေ၊ လွှတ်တော် ထဲမှာ စစ်စိမ်းရောင်ဝတ် အာဏာရှင် ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ အာဏာကို လူထုက မပေးပဲ အတင်းလုယက်ပြီး လွတ်တော်ထဲ ဝင်ထိုင်နေတာ က နည်းလမ်းမမှန် အလွန် ရှက် စရာကောင်းတဲ့ စစ်တပ်ရဲ့ သမိုင်း ဖြစ်ပါတယ်။ ဘာအစိုးရလဲ ဗမာပြည်မှာ ကလိန်ကကျစ် အစိုးရ အမည်ခံ ကြံ့ဖွတ်အစိုးရ ကို အစိုးရလို့ ပြောလား။ မြန်မာပြည်သား သမိုင်း ရိုင်းလွန်းလှပါတယ်။ SNM
ReplyDeleteလူတွေမြှောက်ပေးလို့လုပ်တာမဟုတ်ဘူး ပြည်သူတွေဒုက္ခ ရောက်နေတာကို မကြည့်ရက်လို့ပါကွယ် . . .
ReplyDeleteဦးဇင်းဘုရား နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီး လုပ်စေချင်ပါတယ်။ ဘာသာရေးကို ခုတုံးမလုပ်သင့်ပါ။ ဘာသာ သာသနာ အကျိုးစီးပွားကို လုပ်ဆောင်ချင်ရင် ၀ိနည်းနဲ့အညီ စည်းကမ်းဥပဒေနှင့်အညီ နေထိုင်သင့်ပါတယ်။ သူများ မြောက်ပေးတိုင်း(သို့) လူအထင်ကြီးစေချင်တိုင်း မလုပ်သင့်ပါ။ တာဝန်အရ ရပ်ရွာအေးချမ်းရေး ထိန်းသိမ်းရသူတွေကို ငရဲမပေးပါနဲ့ ဘုရား။
ReplyDelete''SUPRISE AND GOOD NEWS,I' DO SUPPORT OVER 100%....''
ReplyDeleteကြည့်စမ်းပါဦး.. ခုလိုသံဃာတွေ ၀င်ဆန္ဒပြမှပဲ ရက်ပိုင်းအတွင်း နိုင်ငံရေးသမားတွေ လွတ်တော့မယ်.. ဘယ်.. ရှေ့က ဒေါ်စုတို့ တခြားပြည်ပတို့ ၀က်ဝက်ကွဲအော်နေတာ လွတ်မှမလွတ်တာ.. ရှယ်သံဃာတွေပါပဲ.. သွပ်သွပ်သွပ်
ReplyDeleteအစိုးရ သတင်းစာ မှာ NLD မှတ်ပုံတင်ရမည်။ NLD ရွေးကောက်ပွဲဝင်ကိုဝင်ရမည် ဆိုပြီး စာလုံးအမဲကြီးနဲ့ရေးထားရင် NLD ကိုထောက်ခံတဲ့သူတွေ ဘယ်လိုတုံပြန်မလဲ။ အခုလို ဦးသိန်းစိန်အဖွဲ့နဲ့ ကာလုံအဖွဲ့ အကျဉ်းသားတွေ လွှတ်ပေးဘို့ ညိုနေတဲ့အချိန်မှာ ဒီဆန်ဒပြမှူက အဟန့်အတားဖြစ်နိုင်ပါတယ်။ အကျဉ်းသားတွေ လွှတ်ပြီးလို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား အတွက် ဆန်ဒပြရင်တော့ ထောက်ခံပါတယ်။
ReplyDeleteWe, the people must pressure on Thein Sein's government in all direction. We support Sang-ha. The movement is according to the Rights of Democracy. Keep it up.
ReplyDeleteThis movement will certainly help one way or another the quicker release of all political prisoners. After all Daw Suu's position has been enormously weakened due to the absence of solid and concrete results and she has been under heavy pressures since her release by the supporters from the west to soften her position and cooperate with the military government. Their slogan is "if you can not beat them you join them". She has no other choice at all. Therefore only with the discontentment of the people towards government, things can be progressed quicker. There is almost nothing NLD or Daw Suu can do or make progress. They have lost all of their bargaining chips as well as the influence on the decisions of international community. What they are doing now is (meetings with foreign diplomats, US, UN envoys, various interviews, speeches) simply in view to make sure "(empty) face saving" in order for NLD to be able to register again and contest the By Elections. After all Myanmar democracy movement has lost totally it's momentum and needs to refresh , it may take time. Now it may be time for NLD and Daw Suu to enter into legal fold by the back door. We should blame no one. Take a step backward now simply to make two steps forward later.
ReplyDeleteဒေါ်စုကတော့ပြောထားတယ် အခုအချိန်ဟာ အင်မတန်မှ သိမ်သိမ်မွေ့မွေ့နဲ့ သွားနေရတဲ့အချိန်ဖြစ်တယ်တဲ့ အခုလိုနှစ်ပေါင်းများစွာ မတရားအုပ်ချုပ်မှုစနစ်ကို ပြုပြင်ဘို့ဆိုတာ အခက်အခဲများပါတယ် ငြင်သာစွာနဲ့ပြောင်းလဲမှုကို လုပ်နေတဲ့အချိန်မှာ စောင့်ကြည်သင့်တယ် စောင့်ကြည့်ခဲ့တာ ကြာပြီလို့ပြောနိုင်ပါတယ် ဒါပေမဲ့ အချိန်ကာလ မတူတာတော့ ထည့်တွက်ပါ အစိုးရကလဲ မလွတ်ဘူးလို့မပြောပါဘူးလွတ်ပါမယ်လို့ နိုင်ငံတကာကိုပြောပါတယ် တခုတော့ရှိတယ် အခြေနေအရလွတ်မှာကို ကိုက ၀င်ပြီး ဆန်ဒပြလိုက်လို့လွတ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့နိုင်ငံရေးအမြတ်ထုတ်ဘို့ရည်ရွယ်ချက်ရှိရင်တော့ပိုပြီးကြာသွားနိုင်ပါတယ် ကိုတပ်ကို ပြန်မနင်းမိပါစေနဲ့ လုပ်ချင်ရင် အရင်ကတည်းကလုပ်ပါလား ဘာဖြစ်လို့အခုမှ လုပ်ရလဲ စဉ်းစားစရာနော် အပြောင်းအလဲ မလုပ်ချင်တဲ့ သူတွေက မြှေုာက်ပေးနေလား သူ့လူကိုယ့်ဖက်သားလား စဉ်းစားစရာပါ 23 ကျော်ဖြတ်သန်းမှုအရ ခံခဲ့ရတာတွေများနေတော့ သံသယ ရှိတာကိုတော့ ခွင့်လွတ်ပါ
ReplyDeleteဆန္ဒပြတာ ရဟန်းဝိနည်းနဲ့ညီညွတ်ပါတယ်။
ReplyDeleteမိမိဆန္ဒသဘောထား ထုတ်ဖော်ခွင့်ကို ဘုရာှးရှင်က ပေးထားပါတယ်။သံဃာတွေ စည်းဝေးတဲ့အခါသိမ်ထဲမှာ ဆန္ဒတောင်းခံပြီး အများသဘောတူမှ အတည်ဖြစ်ပါတယ်။