Pages

Tuesday, November 29, 2011

ဦးအောင်သိန်းလင်း ဦးကျော်ဆန်းကို ကြောက်ရွံ့

...











ဦးအောင်သိန်းလင်းက ဦးကျော်ဆန်းကို လေးစား ကြောက်ရွံ့တဲ့အကြောင်း မြန်မာ့အလင်း သတင်းစာမှာ ဒီနေ့ ဖော်ပြပါတယ်။

အရပ် အမောင်း နိမ့်သွားအောင် ဖိနပ်ချွတ်လိုက်တာဖြစ်တယ်လို့ ထင်ရပေမယ့် အရိုအသေပေးတဲ့အနေနဲ့ ဖိနပ်ချွတ်ထားတာပါ တဲ့။

ထိတ်လန့် နေတဲ့ ဦးအောင်သိန်းလင်းက ပြန်ကြားရေးဝန်ကြီးလက်ထဲ စက္ကူဘူးလွတ်တဘူး ပေးနေတဲ့ပုံကို မြန်မာ့အလင်းဓာတ်ပုံဆရာက အမိအရ မှတ်တမ်းတင်ထားပါတယ်။ အနားမှာရှိသူတွေက ဦးအောင်သိန်းလင်းရဲ့ ခြေထောက်ကို ကြည့်ရှုစစ်ဆေးနေတာ တွေ့ရပါတယ်။

"ပြန်ကြားရေးဝန်ကြီးက ဖိနပ်ချွတ်ခိုင်းလိုက်တာပါ၊ မင်းရဲ့ ဆင်ကြယ်ဖိနပ်ကြီးနဲ့ ဆိုရင် ယတြာခြေတယ်လို့ ထပ်ပြီး အပြောခံနေရအုံးမယ်၊ ချွတ်လိုက် ချွတ်လိုက် ဆိုပြီး ခိုင်းလိုက်တာ" လို့ ဓာတ်ပုံရိုက်တဲ့အချိန်က သူတို့နဲ့ မလှမ်းမကမ်းအကွာ်အဝေးမှာ ရှိနေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ရန်ကုန်မြို့တော်ခန်းမ အခမ်းအနားတခုတွင် ဆင်ကြယ်ဖိနပ်ဖြင့် တွေ့ရသော ဦးအောင်သိန်းလင်း
ဓာတ်ပုံ - ဧရာဝတီ









...

3 comments:

  1. မြန်မာပြည်မှာ၊မြင်ရ၊တွေရတာတွေဟာတလွဲကြီးပဲ။

    ReplyDelete
  2. ဟိုတလောကလည်း ဘယ်သူတုန်းပဲ နိုင်ငံခြားဧည့်သည်ကို လက်ခံတွေ့ဆုံတာမှာ ဖိနပ်လေးချွတ်ပြီး စိမ်ပြေနပြေလုပ်နေတာလေ... ရယ်လိုက်ရတာ

    ReplyDelete
  3. ဖိနပ်ချွှတ်မှ ရိုသေတာ မဟုတ်ပါဘူး၊ နိုင်ငံတော်ပစ္စည်းမခိုးမှ ၀န်ထမ်းကောင်းအရည်အချင်းပီသတာ..ဟဲဟဲဟဲ

    ReplyDelete