အမျိုးသမီးများအား မသမာသူအမျိုးသားအချို့ ၏ အနှောက်အယှက်မှ ကင်းဝေးစေရန် အမျိုးသမီး သီးသန့် ယာဉ်လိုင်း ပြေးဆွဲရန် စီစဉ် လျက်ရှိကြောင်း အဆိုပါယာဉ်လိုင်း ဖြစ်မြောက်ရန် အကောင်အထည် ဖော်နေသူ ဒေါ်ကေခိုင်အောင်ခင်က ပြောသည်။
"ဘက်စ်ကားလိုင်းတွေပေါ်မှာ မသမာသူ အမျိုးသားအချို့ကြောင့် ဒုက္ခ ခဏခဏရောက်ရတဲ့ မိန်းကလေးတွေကို တွေ့နေကြားနေရတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေရဲ့  နှောက့်ယှက်ခြင်းကို ခံနေ ရတယ်။ အချို့ က နှမသားခြင်းမစနာဘဲ လုပ်လာတဲ့ အတွက်ကြောင့် သီးသန့်ယာဉ်လိုင်း ပြေးဆွဲဖို့ စီစဉ်တာပါ။ အမျိုးသမီးယာဉ် သီးသန့်ပေါ့။ ဥပမာ ကား ၁၀ စီးရှိတယ်ဆို ရင် အမျိုးသမီးအတွက်သုံးစီး ဗီနိုင်းထောင်ပြီးဆွဲပေးဖို့ စီစဉ်ထားပါတယ်" ဟု ဒေါ်ကေခိုင်အောင်ခင် ပြောပါသည်
အဆိုပါ အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်း ပို့ဆောင်ရေးဝန်ကြီး၊ လူ့အခွင့်အရေး ကော်မရှင်ရုံးနှင့် ပါရမီယာဉ်လိုင်း ဦးဆောင်ညွှန်ကြားရေးမှူးတို့ထံ စာတင်ပြီး တောင်းဆိုထားကြောင်းသိရသည်။
"ကားပေါ်မှာ ဘေးချင်းကပ် ထိုင်နေတဲ့ အမျိုးသားတစ်ဦးက မဖွယ်မရာလုပ်ပြတဲ့ အကြောင်းကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ ကားကြပ်တဲ့ ညပိုင်း အချိန်တွေမှာ ဒီလို ကိစ္စမျိုးတွေက မြင်တွေ့ကြားနေရတယ်။ အမျိုးသမီးသီးသန့် လိုင်းပြေးဆွဲပေးမယ်ဆိုရင် ကျွန်မတို့ မိန်းမသားတွေအတွက် အရမ်းကို အဆင်ပြေသွားမှာပါ " ဟု အသက် ၂၅နှစ် စွန်းစွန်းအရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် လိုအပ်ပါက အမျိုးသမီးယာဉ်မောင်းနှင့် အမျိုးသမီးယာဉ်အကူထားရှိနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"၁၉၈၁- ၈၂ ဝန်းကျင်လောက်က ဟီးနိုးဘက်စ်ကားတွေမှာ ကားရဲ့  ရှေ့ပိုင်း သုံးပုံ နှစ်ပုံကို သံဆန်ခါခြားပြီး ရှေ့ပိုင်းအမျိုးသားများ၊ နောက်ပိုင်း အမျိုးသမီးသီးသန့် စီနင်းစေတဲ့ ယာဉ်တွေပြေးဆွဲပေးဖူးတယ်။ ဒါပေမယ့် ကားအုံနာနဲ့ယာဉ် မောင်းဝန်ထမ်းတွေ တွက်ခြေမကိုက်ဖြစ်ပြီး မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ အခုခေတ်ကာလ အနေအထားက ကားတစ်စီးရဲ့ တန်ဖိုးဟာ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ တန်ဖိုးနဲ့ သွင်းလို့ရဖို့ အခွင့်အလမ်း များလာပြီး၊ တန်ဖိုးအမှန်နဲ့ ကားသွင်းခွင့်ရပြီ ဆိုရင် အမျိုးသမီးသီးသန့် ကားအစီအစဉ်ဟာ မဖြစ်လာနိုင်စရာမရှိပါဘူး။ အုံနာအတွက်လည်း တွက်ခြေကိုက်ပါလိမ့်မယ်" ဟု အသက် ၄၅ နှစ်အရွယ် ကားဝယ် ရောင်းလုပ်ကိုင်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။
ထိုက်သူရ
The Myanmar Post ဂျာနယ်မှ တဆင့်ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်သည်။

စေတနာကိုလေးစားပါတယ်။ဒါပေမဲ့ မှန်ကန်တဲ့ ဖြေရှင်းမှုလို့ တော့ မထင်ဘူး။အဓိက ကလူတွေရဲ့ ကိုယ်ကျင့် တရားနဲ့ ဥပဒေ စိုးမိုးရေးကိုပြုပြင်ရမှာပါ။လင်မယားတွေ၊မောင်နှမတွေ၊ချစ်သူစုံတွဲတွေ ဘယ်လိုလုပ်ကြမလဲ။
ReplyDeleteစောက်ပေါတွေပါကွာ အမျိုးသမီး သီးသန့်ယာဉ်လိုင်းတဲ့ တစ်ခါမှမကြာဖူးဘူး ဒါမျိုးအခြေအမြစ်မရှိတဲ့ဟာတွေမတင်ပါနဲ့ဗျာ။
ReplyDeleteHow to do for husband and wife? Is it need to bring marriage cert?..
ReplyDeleteဟုတ်တယ်
ReplyDeleteဥပဒေ တခု လုပ်ပြီး အသေချာအရေးယူမှ
နောက်မဟုတ်ဆို ဥပဒေ က စာရွက်မှာပဲ ဘယ်သူမှမလိုက်နာပါဘူး
ဂျိုင်း-ဇာသပြင် တံတားနားက ခရုံဂူ ဆိုတာရှိတယ်
မွန်ပြည်နယ်လားတော့မသိဘူး။ သင်္ကြန်ဆိုရင် ယိုးဒယားလို မျက်နှာ ပေါင်ဒါသုတ် ရေလောင်း။
မိန်းကလေးအတော်များများ နှစ်စဉ် အနှိုက်ခံရတယ်
ခရုံဂူ မှာဘုရားရှိပါတယ်
ဘုရားမှာ အဲလိုဖြစ်နေတာ ဥပဒေမှ သေချာမရှိတာ ဘယ်လို လုပ်မလဲ။
ကွမ်းတံတွေး မထွေးရ ဒဏ်ငွေ ဘယ်လောက် ဆိုတာတော့မြင်ဖူးတယ်။
မိန်းကလေးတွေရဲ့ ကိုကျင့် သိက္ခာ ကိုစော်ကားတာတော့ ဥပဒေရှိသင့်တယ်။
အမျိုးသမီး သီးသန့် ဘတ်စ်ကားကတော့
သမီးရီးစားတွေ အိမ်ထောင်စုံတွဲတွေဆိုဘယ်လိုလုပ်မလဲ။
ပြီးတော့ discrimination ဆိုတဲ့ ခွဲခြားဆက်ဆံခြင်းပဲလေ။
ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့
ဥပဒေ တခုဖြစ်လာအောင် ၀ိုင်းဝန်း ကြိုးစားစေချင်တယ်။
မြန်မာ ပုရိသတွေ နိုင်ငံခြားမှာလို မိန်းကလေးတွေ အပြတ် တွေနဲ့ ဘတ်စ်ကားတိုးစီးနေတာတွေ့ရင် ဘယ်လိုနေမလဲမသိဘူး။
ပြောတော့ သခင်မျိုးတဲ့ ဖြစ်နေတာက တလွဲ။
အမျိုးသမီးတွေ အတွက် အတော့်ကို အစဉ်ပြေမယ့် အစီအစဉ်လေးတခုဖြစ်မယ်။ မြန်မြန်သာအကောင်အထည်ဖေါ်စေချင်ပါတယ်။
ReplyDeleteနှမသားချင်းစာနာမှု့ ကင်းမဲ့တဲ့အမျိုးသားတချို့ ရဲ့ ရုတ်မာတဲ့ အကျင့်စရိုက်ကလွတ်မှာပါ။
အမျိုးသမီးသီးသန့်ကားများလည်းပေါ်စေချင်သလို အမျိုးသမီးများအတွက်သတ်မှတ်ပေးသည့် ရထားတွဲများလည်းပေါ်စေချင်သည်။ မြန်မာနိုင်ငံ၏ ကားများသည် ထုံးစံအတိုင်းအလွန်ကျပ်သည်။ တစ်ဦးနှင့် တစ်ဦးမထိမခိုက်ဘဲ စီးရန်မှာ လုံးဝမဖြစ်နိုင်ပါ။ မတော်တဆထိမိခိုက်မိသည်ကနေစပြီး အမျိုးသားကော အမျိုးသမီးပါ အရှက်တစ်ကွဲဖြစ်ရတာများပြီဖြစ်သည်။ အမျိုးသမီးများတွင်သာမက အမျိုးသားများတွင်ပါ အရှက်ကောသိက္ခာရှိပါသည်။ ယုတ်မာသည့် နှမချင်းမစာနှာသည့် တဏှာကောင်များလည်း ရှိပါသည်။ထိုလူယုတ်မာများကြောင့် အမျိုးကောင်းသားများမှာ အရှက်တကွဲဖြစ်ရ၊ အရိုက်အနှက်ခံရသည်တို့လည်းရှိသည်။ ထို့အတူပင် အချို့သော အမျိုးသမီးများသည် စိတ်ရောဂါအခံရှိပုံပေါ်သည်။ ထိမိခြင်းလည်းမရှိဘဲ အသားလွတ် ပြသာနာရှာလိုသည့် အမျိုးသမီးများကိုလည်း ကိုယ်တွေ့ကြုံဖူးသည်။ အနည်းငယ်မျှ ထိမိခိုက်မိသည်ကိုပင် သည်းမခံ ပုံကြီးချဲ့သဖြင့် ဘေးက ၀ိုင်းပြီးဆွမ်းကြီးလောင်းတာကို ခံရသူများ၊ အရှက်တကွဲဖြင့် ဆင်းပြေးရသည့် အမျိုးကောင်း သားများ လည်းရှိသည်။ ထိုပြသနာများပြေလည်စေရန်အတွက် အရှက်ကာကွယ်လိုသည့် အမျိုးသမီးများ၊ ဆတ်ဆတ်ထိမခံဖြစ်တတ်သည့် အမျိုးသမီးများ၊ အမျိုးသားတစ်ယောက်မိမိနားရပ်စီးသည်ကို ဘ၀င်တစ်မျိုးဖြင့် စိတ်ကယောင်ခြောက်ခြားထင်တတ်သည့် အမျိုးသမီးများအတွက် အမျိုးသမီးသီးသန့်ကားများ စီစဉ်ပေးသင့်ပါကြောင်း အပြည့်အ၀ထောက်ခံလိုက်ပါသည်။ အမျိုးသားကော၊အမျိုးသမီးများပါ မောင်ချင်းနှစ်မချင်း၊အမေအဖေချင်းကိုယ်ချင်းစာစိတ်ထားနိုင်ကြလျှင်အကောင်းဆုံးဖြစ်ပါသည်။
ReplyDeleteအိန္ဒိယမှာတော့ အမျိုးသမီး သီးသန့်စီးရတဲ့ ရထားတွဲတွေ ရှိတယ်လေ။
ReplyDeleteမြန်မာပြည်မှာ အဲဒီ လို ဘစ်ကားတွေ ပေါ်လာတော့ ကောင်းတာပေါ့။
ခေတ်နောက်ပြန်ဆွဲတာပဲ။ယာဉ်လိုင်းတွေချောင်ချိအောင် လုပ်လိုက်ရင် ဖြေရှင်းပြီးသားဖြစ်သွားပြီ။အလုပ်မရှိ ကြောင်ရေချိုး နေကြတယ်။
ReplyDeleteတကယ်တော့ သီးသန့်ယာဉ် လုပ်ဖို့မလိုပါဘူး။ သင့်တော်တဲ့ လူဦးရေ အကန့်အသတ်ကိုသာ လက်ခံ ပြေးဆွဲနေမယ်၊ လိုင်းကားတွေ အလုံအလောက်ရှိနေမယ်ဆိုရင် ဘာမှ မလိုဘူး။ လုပ်နည်းပုံစံတွေ စနစ်တကျမရှိလို့ပါ။
ReplyDeleteလွယ်လွယ်လေး ကျန်တဲ့ကားတွေမှာ အမျိုးသား သီးသန့်လို့မှ မရေးထားတာ စုံတွဲလာတဲ့သူက အမျိုးသားနဲ့ လိုက်စီးပေါ့ မောင်ညီမလေးတို့ရယ်
ReplyDeleteကိစ္စတစ်ခုကို မှန်ကန်စွာ ဖြေရှင်းတက်ဖို့လိုပါတယ် ခရီးသွားတွေဆိုတာ မိန်မချည်း သတ်သတ် သွားလာနေကြတာမှ မဟုတ်တာ ဘယ်လိုလုပ် အစဉ်ပြေနိုင်မလဲ တကယ်တော့ Bus ကားတွေဆိုတာ လူစီးတဲ့ကားနဲ့မှ မတူပဲ ကြက်တွေ ဝက်တွေလို ပိပြား တိုးခွေ စီးနေကြရတော့ ဒါမျိုးတွေဖြစ်ကြတာပေါ့ လူစီးတဲ့ကားနဲ့တူအောင်လုပ်ကြပါ နောက်ပြီး အမျိုးသမီးများကို နှောက်ယှက် စော်ကားမှု့ကနေ ကာကွယ်စောင့်ရှောက်နိုင်မဲ့ ဥပဒေမျိုးနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေးကို လုပ်ဖို့က အဓိကဖြစ်ပါတယ်
ReplyDeleteအင်မတန်ကောင်းတဲ့ အစီအစဉ်ပါဘဲ.. မလေးရှားမှာဆိုရင်လည်း မြို့ပတ်ရထားတွေမှာ
ReplyDeleteအမျိုးသမီးသီးသန့်တွဲထားထားပေးပါတယ်.. လင်မယားနဲ့ စုံတွဲတွေကတော့ ရိုးရိုးတွဲမှာစီးလို့ရပါတယ်..
အခုလည်း လင်မယားနဲ့ စုံတွဲတွေက ရိုးရိုးဘတ်စ်ကားစီးပေါ့ ...
ပြောကြတာတွေကိုတော့ နားလည်ခံစားမိပါတယ်။ အမျိုးသားတချို့ရဲ့ ကိုယ်ကျင့်စရိုက်ဆိုတာထက် လူတွေရဲ့ ကိုယ်ကျင့်တရားနဲ့သာ သက်ဆိုင်တယ်လို့မြင်မိသလို မှန်ကန်တဲ့ ဖြေရှင်းမှုက ပိုကောင်းမယ်လို့ထင်ပါတယ်။ ကျနော်လဲ ကောင်မလေး ချောချောမြင်ရင် ငမ်းမိမယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမယ့် ကိုယ်ကျင့်သိက္ခာပိုင်းအရတော့ ... မြင်တတ်ပါစေဗျာ .. အဓိကနဲ့ သာမညကို ...
ReplyDeleteဒီအခြေအနေကို ကြည့်မယ်ဆိုရင် ဗမာပြည်မှာ အဆင့်အတန်း အလွန်နိမ့်ကျ နေတာကို ပြတာပါ။ ပြောလိုက်ရင် မြန်မာ့ ယဉ်ကျေးမှု့ ၊ ဗုဒ္ဓဘာသာ နိုင်ငံပါလို့  ဂုဏ်ယူဝင့်ကြွားလိုကြတယ်။ စစ်အုပ်စုရဲ့ အမှုအကျင့် စရိုက်တွေကြောင့် တိုင်းပြည်ဟာ ဘက်ပေါင်းစုံက ပျက်စီးနေတယ်။ အတော်ကို မြင်သာထင်သာ ဆိုးရွားတဲ့ လူနေမှု့စရိုက် ဖြစ်နေတာပါ။ ဗမာယဉ်ကျေးမှု့  ဆုတ်ပြတ်သတ်နေတာကို မီးမောင်းထိုးပြတာပါ။ ဗမာ ...ဗမာ... မြန်မာ...မြန်မာ စစ်သားရင့်မာကြီးတွေ အုပ်ချုပ်နေတဲ့ နိုင်ငံ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ တစည တွေ ဝန်ရံနေတဲ့ နိုင်ငံ။ တရားဥပဒေ စိုးမိုးမှု့ ဆိတ်သုန်းနေတဲ့နိုင်ငံ။ မြန်မာ အမျိုးသမီးတွေ တရုပ်ပြည်ကို လူကုန်ကူးခံနေရတဲ့ နိုင်ငံ၊ သဘောထား ကလိမ်ကကျစ် ဗြောင်လိမ်ဗြောင်စား သန်းရွှေ၊ သိန်းစိန်၊ သူရရွှေမန်း၊ ဝဏ္ဏမောင်လွင်၊ ကျော်ဆန်းတို့  ရှိနေတဲ့နိုင်ငံ။ အိမ်နီးချင် နိုင်ငံတွေမှာ ကျွန်ခံနေရတဲ့ နိုင်ငံ။ ရှိသမျှ သဘာဝ သယံဇတတွေကို ဈေးပေါပေါနဲ့ ရောင်းချနေတဲ့နိုင်ငံ။ တရုပ်က လာခဲ့ဆို ချက်ချင်း အရောက် တရုပ်ပေါက်ဖော် ကျွန်ဘဝ ရောက်လုရောက်ခင် နိုင်ငံ။ လူဘုံအလယ် ကမ္ဘာညီလာခံတွေမှာ မျက်နှာ မဖော်ဝံ့တဲ့ နိုင်ငံ။ မာဖီးယားရုရှားကို အထင်ကြီး ပညာသင်လွတ်နေတဲ့နိုင်ငံ။ xxxxx..ာနိုင်ငံ လုံးလုံး ဖြစ်နေပါရောလား။
ReplyDeleteye phyo ဆိုတဲ့ကောင်းတော်တော် ဗဟုသုတ
ReplyDeleteနည်းတာဘယ် ဘယ်တောမှာနေလည်းမသိ
အိမ်နီနာ နိုင်ငံတွေကို လေ့လာကြည့်လိုက်အုန်း
ငနွားရဲ့  သူများနိုင်ငံမှာ ကျင့်သုံလို့ ကားတောင်
ပျက်ကုန်ပြီး မင်းရဲအသိဥာဏ်ကို ဖက်နဲမထုပ်
ထားနဲ့ ။
သီးသန့်ယာဉ်လိုင်းရှိတော့ ကောင်းတာပေါ့ဗျာ။ အမျိုးသမီးတွေအတွက် အဆင်ပြေမှု ရှိတာပေါ့။ သူများနိုင်ငံမှာ မြို့ပတ်ရထားလိုင်းတောင် အမျိုးသမီးသီးသန့်တွဲရှိတယ်၊။
ReplyDeleteIt's was good idea, go ahead ...
ReplyDeleteသောက်တလွဲ မြန်မာ့နည်း မြန်မာ့ဟန်ပေါ့..မယောင်ရာဆီလူး ဖြေရှင်းနည်းနဲ့ ခေတ်မီဖွံ့ဖြိုးမှာတော့မဟုတ်ဘူး..လွဲပြီးရင်းလွဲပဲ ..တရားဥပဒေ စိုးမိုးရေးသာရှိပါစေ..ဥပဒေအရ တိတိကျကျ အရေးယူလိုက်ပါ.. အလိုလိုဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။ စင်ကာပူနိုင်ငံကို ဥပမာယူသင့်ပါတယ်။
ReplyDeleteNon Sense.
ReplyDeleteIf they do (Women only) buses, the waiting time will be double for the male passenger, unless they can provide 5min interval waiting time and the male passengers will get the bus in 10 min.
Please don't be copycat. A few countries may do this, but it's not suitable for our coutry.
Very Very Stupid Idea :)
ReplyDeleteဒါကြတော့ တန်းတူအခွင့်အရေး မတောင်းပါလာ၊
ReplyDeleteငါတို့လည် .....လို့၊
ခွဲခြား ခွဲခြားနဲ့။
ဒါက gender discrimination ဖြစ်သွားပီလို.ထင်ပါတယ်။ အမျိုးသမီးရယ် အမျိုးသားရယ် မခွဲခြားပဲ အဓိက ပြသနာကိုအရင်းအမြစ်ကိုနားလည်သင်.တယ်လို. ထင်မြင်မိပါတယ်။ ဒါတွေဖြစ်လာရတဲ. အဓိကပြသနာက ကားကြပ်လို.မလား။ ဒါဆို ကျမတို. ကားစီးရေတိုးဘို. မစဉ်းစားပဲ ဘာကြောင်. အမျိုးသမီးသက်သက်အတွက် လုပ်ချင်ရတာပါလဲ။ လူတိုင်းကို တူညီတဲ. အခွင်.အရေးပေးသင်.တာပေါ.။
ReplyDelete@ye phyo ...Japan မှာ အမျိုးသမီး သီးသန့်စီးဖို့ ယဉ်လိုင်းတွေရှိပါတယ်။
ReplyDeleteOh, great anyway. I found the news that malaysia will be getting to launch soon the woman taxi driver only for woman passeanger.
ReplyDeleteမြန်မာနိုင်ငံမှာ ဘယ်ခေတ်တုန်းကမှ တရားမျှတတဲ့ ဥပဒေ ရှိတယ်ဆိုတာ မကြားမိဘူးပါ. တရားလိုက မခံရပ်နိုင်လို့ တရားရုံးရောက်သွားရင် တရားခံက တရားသူကြီးကို လဒ်သာ ထိုးပေးလိုက် အလိုလို တရားလို က တရားခံဖြစ်သွားတာပဲ ကြားဘူးတယ်။ ဗမာနိုင်ငံမှာ စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ တကယ်ရော ရှိလို့ လား တလျောက်လုံး စစ်ခွေးဘီးလူးတွေ အုပ်ချုပ်လာတာ။
ReplyDeleteမတင် ပါနဲ.။။ စဉ်းစား ကြည့်ပါ။။။မြန်မာနိင်ငံ ရှိ လမ်း များ မကောင်း ပါ ။ကျည်း သည် ။။ယခုထက် ပို ပြီး လမ်း ကြပ် နိင် သည်။။လမ်းများအလွန်ကောင်းပြီးလမ် မကြပ် တော့ မှတင် ပါ ဟု တိုက် တွန်းအပ် ပါ သည်။။။။
ReplyDeleteဥပဒေကိုတင်းကျပ်ပြီးသေချာလုပ်မယ်ဆိုရင်ဒီအမှုတွေကပျောက်ပါတယ်ဗျာ....ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ပြီးဒီလိုမျိုးတွေရှိနေတာကတော့ခံစားရတယ်...မြန်မာပြည်ထုတ်ထားတဲ့ဥပဒေကလည်း ရှိတာရှိတယ်မကျင့်သုံးတော့ခက်တယ်...အရင်ဦးဆုံးပြင်မယ်ဆိုရင်တော့လူတွေရဲ့ အကျင့်ကိုအရင်ဆုံးပျောင်းလဲမှရမှာဘဲ
ReplyDelete