ရွှေနဲ့ ဗထက်ချိုက်တို့ အကြိတ်အနယ် - ဓာတ်ပုံ - getty images
ဒီနေ့ အင်ဒိုမှာ ကန်တဲ့ ဆီးဂိမ်း တတိယနေရာလုပွဲမှာ မြန်မာအသင်း နိုင်ပါတယ်။ ၄ ဂိုး ၁ ဂိုးနဲ့ပါ။
ပထမပိုင်း ၃၄ မိနစ်မှာ ကျော်ဇေယျာဝင်းက တဂိုးရှူးတဲ့အတွက် မြန်မာအသင်း ဘဲဥ စ ကွဲပါတယ်။
ဒုတိယပိုင်း ၇ မိနစ်မှာ ကိုကိုက မြန်မာအသင်းအတွက် နောက်တဂိုး ရအောင် လုပ်ပေးပါတယ်။ ကိုကိုနဲ့ ပြည့်ဖြိုးတို့ အချိတ်အဆက်မိမိ ကစားသွားတာပါ တဲ့။
ဒုတိယပိုင်းမှာပဲ ဗီယက်နမ် အလယ်တန်းလူ Hoang Thinh က ကိုယ့်ဂိုးကိုယ်သွင်းပါတယ်။ ဒီတော့ ပွဲက ၃-၀ ဖြစ်သွားပါတယ်။
မြန်မာအသင်းရဲ့ ၄ ဂိုးမြောက်ကို ကန်သွင်းသူက ကျော်ကိုကိုဖြစ်ပါတယ် တဲ့။ ဂိုးသမား ပေါင်ကြားထဲက သွင်းလိုက်တာလို့ ဆိုပါတယ်။
ဗီယက်နမ်ရဲ့ တလုံးတည်းသော ချေပဂိုးက ပွဲပြီးခါနီး မိနစ်ပိုင်းလိုမှာ ဖြစ်ပါတယ်။
ဘဲဥခွဲသူက Lam Anh Quang လို့ ဆိုပါတယ်။
ကိုးကားသတင်း = http://www.tuoitrenews.vn/cmlink/tuoitrenews/sports/vietnam-myanmar-1-4-second-half-1.51979
~

သတင်းရေးတာကို စိတ်မပါ လက်မပါနဲ့  ........
ReplyDeleteမြန်မာမဟုတ်တဲ့အတိုင်းဘဲ ....၀မ်းမြောက်ကြောင်းမပြော အောင်မြင်သာ မလိုလားတဲ့အတိုင်းဘဲ....
နောက်ဒါမျိုးဆင်ခြင်သင့်တယ်လို့ထင်ပါတယ်.....ဘလော့ဂ်တစ်ခုရေရှည်အောင်မြင်ဖို့
အတွက်ဆိုရင်တော့...... အပြုသဘောနဲ့ပါ ဆောရီးမှားတာပါသွားရင်
ဟုတ်တယ် စိတ်မပါရင်လည်း မရေးနဲ့။ ပို့စ်တခုဖြစ် ပြီးရောဆိုပြီး ရေးနေတဲ့ပုံစံ။ စာဖတ်ပရိတ်သတ်ကို လေးစားမှုမရှိဘူး။ ကိုယ့်အလုပ်ကို လေးစားမှုမရှိဘူး။ မြင်ရတွေ့ရ ဖတ်ရတာ စိတ်မချမ်းသာစရာ... ရိသလို ခနဲ့သလိုလို.. ဒီတစ်ပုဒ်ထဲ မဟုတ်ဘူး ဒါမျိုးတွေ ခဏခဏတွေ့နေရတယ်။ ဒါသတင်းရေးတဲ့ စတိုင်သစ်ပါဆိုလဲ ဒီစတိုင်ဟာ ပရိတ်သတ်ကို စော်ကား အလုပ်ကို အလေးမထားတဲ့ စတိုင်ပဲ..
ReplyDeleteကိုယ့်လူပြောတာမှန်တယ်ဗျို့ ။
ReplyDeleteကျုပ်တောင် ဖတ်နေ၇င်း ဒီလောက်စာအေ၇းအသား အချိုးမပြေတာ ဘယ်ဝက်ဆိုဒ်လဲ သိချင်လို့ အပေါ်ကို SCROLL ဆွဲကြည့်လိုက်တာ။ လား ... လား .... ဧ၇ာဝတီ ဖြစ်နေပါလားဗျို့ ။ စိတ်မပါ၇င်တော့ မတင်တောင် ကောင်းတယ်ဗျို့ ။ တင်မယ်ဆို၇င်တော့ အေ၇းအသားလေးတွေ အဆင်ပြေအောင်လုပ်ဗျာ။
သတင်းရေးတာကို စိတ်မပါ လက်မပါနဲ့  ........
ReplyDeleteမြန်မာမဟုတ်တဲ့အတိုင်းဘဲ ....၀မ်းမြောက်ကြောင်းမပြော အောင်မြင်တာ မလိုလားတဲ့အတိုင်းဘဲ....
နောက်ဒါမျိုးဆင်ခြင်သင့်တယ်လို့ထင်ပါတယ်.....ဘလော့ဂ်တစ်ခုရေရှည်အောင်မြင်ဖို့
အတွက်ဆိုရင်တော့......
ဟုတ်ပါတယ်...စာဖတ်တဲ့သူတွေကိုမလေးစား
တဲ့သဘောပါ.....
သူ့ကိုယ်သူတော့ရွှေတဲ့
ReplyDeleteသူများကိုတော့ ဗ ထက်ချိုင့် တဲ့
မင်းလည်း ဗထက်ချိုင့်ပါပဲ ကွာ(ဗမာ)
It is good that we win with 4-1. Good Counter attacks and Good team movement. My congratulation goes to the Coach he did it ! But we don't have 'Football spirit' at all. I felt frustrated watching that match and it is fair to say what Irrawaddy's report on the match is negative.
ReplyDeleteမျိုးချစ်စိတ်နဲ့..ဘောလုံးပွဲနဲ့..တိုက်၇ိုက်မသက်ဆိုင်ပေမဲ့.ကိုယ့်နိုင်ငံ.ကိုယ်စားပြုပြီး..အောင်နိုင်တဲ့.သတင်းကို.ရေးတာမှာတော့..စကားလုံးအသုံးအနှုံးက..နည်းနည်း..နားဝင်ဆိုးနေသလားလို့..ဘောလုံးဘိုးအေ အင်္ဂလန်ကြီးတစ်ယောက်က..သူ့နိုင်ငံ..အသင်းရဲ့ခြေစွမ်းကို..ခြေဖျားတောင်မမီတဲ့..ဆီးဂိမ်းလို..ပြိုင်ပွဲသေးသေးလေးမှာ..အသင်းငယ်လေးတစ်သင်းက အနိုင်ရတဲ့သတင်းကို..မင်းတို့ အသင်းက တို့ဆီက ကလေးသာသာပဲရှိပါတယ်ကွာဆိုတဲ့ အထာမျိုးနဲ့..စိတ်မပါလက်မပါ..ပျင်းရိပျင်းတွဲ..တာဝန်ကျေ..ပုံစံနဲ့ ဆရာကြီးဂိုက်ဖမ်းတဲ့ အရေးအသားမျိုးပါ..ဒီပွဲကို..အလုပ်အပျက်ခံပြီး..ရင်တမမနဲ့ကြည့်..ဂိုးပြတ်နိုင်လို့..မျက်၇ည် ၀ဲလောက်အောင်.၀မ်းသာကြည်နူးခဲ့၇တဲ့.ကျွန်တော်တို့ကို.စော်ကားသလိုဖြစ်နေလို့..တော်တော်စိတ်ပျက်ရပါတယ်..ဒီသတင်းအရေးအသားကြောင့် ဧရာဝတီကို..အထင်မကြီးတော့တာလည်း..အမှန်ပါပဲ..နောက်နောင် သတင်းတွေတင်ရင်..နည်းနည်းဆင်ခြင်သင့်တယ်လို့ အကြံပြုလိုပါတယ်.........
ReplyDeleteControl you mind.
ReplyDeletehey all- they know how to write about than shwe and his grandson,
ReplyDeletethey do not know about football,