Pages

Sunday, November 20, 2011

သမ္မတဦးသိန်းစိန်ရဲ့ သတင်းစာ ရှင်းလင်းပွဲ




အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတဦးသိန်းစိန် ဘာပြောသွားသလဲ။ ဗီအိုအေက တင်ဆက်တာကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ဗီအိုအေမှ သတင်းဖတ်လိုလျှင် ဒီနေရာမှာ ကြည့်ပါ

2 comments:

  1. သိန်းစိန် စိတ်ဓါတ် အတော်ကို အောက်တန်းကျ နေတုန်း ပါ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတာကိုလည်း လက်မခံရဲ သလို ၊ နိုင်ငံရေး အကျဉ်းသားဆိုတာကိုရော အမည်မခံရဲပါဘူး။ သမ္မတ တစ်ယောက်အနေနဲ့ ဗြောင်လိမ်တာပါ။ ဒီအတွက် ပေးဆပ်၇ပါလိမ့်မယ်။ မိမိလုပ်ရပ်ကို မိမိတာဝန်မခံရဲတာ၊ ဝှေ့ လည်ကြောင်ပတ် ဖြေနေတာ ကို ကြည့်မယ်ဆိုရင် အမှားကို ဝန်မခံသေးတာပါ။ ဒါတောင် ရိုက်မစစ်ရသေးပါဘူး။ နိုင်ငံတကာက နိုင်ငံရေး အကျဉ်းသား ရှိတယ်လို့ ပြောနေတယ်။ ပြည်တွင်ပြည်ပ လူအခွင့်အရေး အဖွဲအစည်းတွေက ပြောနေတယ်။ သမ္မတ အကြံပေးအဖွဲတွေက လိုက်လျော်ညီထွေစွာ အကြံ့ပြုထွက်ဆို နေကြတယ်။ ဒါပေမဲ့ သိန်းစိန်၊ ကျော်ဆန်း၊ ဝဏ်ဏမောင်လွင်တို့ က အတင်းဆန်ကျင့် ရှုမြင် နေဆဲဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားဆိုတာ အင်္ဂလိပ်အုပ်ချုပ်တဲ့ ခေတ်မှာလည်း ရှိခဲ့တယ်။ ဂျပန်ဝင်လာတဲ့ ခေတ်မှာရော ရှိခဲ့တယ်။ တိုင်းတပါးသားတွေ ဝင်ရောက်စိုးမိုး အုပ်ချူပ်တဲ့ ခေတ်မှာ ရှိခဲသလို မဆလ၊ နဝတ၊ နအဖ၊ ယနေ့ မဲလိမ်မဲခိုး ဖြောင်လိမ်ဖြောင်စား သိန်းစိန်အစိုးရ ခေတ် ခေါ် ကြံ့ဖွတ် စွမ်းအားရှင်ခေတ်မှာ လည်း ရှိနေတုန်း ဆိုတာ ဘယ်လိုမှ ငြင်းပယ်လို့  မရပါ။ စစ်သား ဆိုတာ သတ္တိရှိရတယ်။ အမှား ရှိရင် ခံရဲရတယ်။ ဘယ်လို စစ်သား လဲ ကလိမ်ကကျစ်စစ်သား ဆိုရင်တော့ သိပ်ရှက်ဖို့ ကောင်းပါတယ်။ ကလိမ်ကကျစ် စစ်သားတွေ သရဲဘောကြောင်စစ်သားတွေ ဗမာ့မြေပေါ်က အမြန်ဆုံး ပျောက်ဆုံးကျဆုံး ပါစေလို့  ဆုတောင်းလိုက်ပါတယ်။ SNM

    ReplyDelete
  2. "သို့သော်လည်း အချိန်တော့ ယူရမယ်။ ဒီအထဲမှာလည်း ကျနော်တို့ ညှိရပြုရတာ ခေါင်းဆောင်ပိုင်းတွေမှာလည်း စာတတ်တဲ့ ပေတတ်တဲ့သူတွေ ပါသလို စာမတတ်ပေမတတ်တွေကလည်း ပါနေတာ။" Nice comment, Mr President. You would achieve the peace you are talking about by explaining like that.

    ReplyDelete