Pages

Wednesday, November 16, 2011

ထောင်ပြောင်းသတင်း








နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေနဲ့ နီးတဲ့ ထောင်တွေကို ရွှေ့ပေးဖို့ အစိုးရရဲ့ လူ့အခွင့်အရေး ကော်မရှင်က မေတ္တာရပ်ခံပြီးနောက် ထောင်အပြောင်းအရွှေ့ သတင်းများလည်း ထွက်ပေါ်လာပါတယ်။



ပြည်တွင်းသတင်းဌာနများရဲ့ ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။

ကလေးထောင်နှင့် ရခိုင်ထောင်ပြည်နယ် ကျောက်ဖြူထောင်များတွင် ထောင်ဒဏ် ကျခံနေရသော ကိုသူရိန်အောင်၊ ဦးညီပုနှင့် ဦးစန္ဓောဘာသ တို့သည် နိုဝင်ဘာလ ၁၆ ရက် ညနေ ၅ နာရီခွဲမှ ၆ နာရီအတွင်း လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းတို့အား အင်းစိန်ထောင်သို့ ပို့ဆောင်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရပါသည်။ (Eleven Media Group)

ယနေ့ညနေ ၄ နာရီဝန်းကျင် ကလေးမြို့လေဆိပ်မှ ဦးဂမ္ဘီရအား ခေါ်ဆောင်သွားသည့် လေယာဉ် ရန်ကုန်သို့ထွက်ခွာသွားပြီဟု ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ရေးက အတည်ပြုပြောကြားသည်။ (Yangon Press International)
ဧရာဝတီက တင်ပြတဲ့ သတင်းအသေးစိတ်ကိုတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

























2 comments:

  1. ဧရာဝတီ ရေ . poll vote တ ခု လုပ် ပေး ပါ လား...90 ရွေး ကောက် ပွဲ မဲ ကို withdraw လုပ် ချင် တယ် မ လုပ် ချင် ဘူး ဆို တာ လေး ကို
    ဒီ တ ရက် လောက် မှာ ပြော ပြ နိုင်အောင် လို့  ပါ ဗျာ။။။။။။

    ReplyDelete
  2. ချက်ချင်းလွှတ်ပါ။ စစ်သားဆိုတာ ပြတ်ပြတ်သားသား ဖမ်းရဲရင် လွှတ်ရဲရတယ်။ ဝှေ့ လည်ကြောင်ပတ် လုပ်မနေနဲ့။

    ReplyDelete