ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီး
ဒီကလေးကို ပြေသုဒြာ လို့ အမည်ပေးထားကြောင်း Fackbook မှာ အထက်ကဓာတ်ပုံ၂ပုံနဲ့အတူ တက်လာတဲ့ သတင်းတွေက ဆိုပါတယ်အောက်တိုဘာ ၁၅ ကလေးမွေးတဲ့နေ့က (ဓာတ်ပုံ - ၀ိတိုရိယဆေးရုံ ဖေ့စ်ဘုတ်)

ကလေးလာကြည့်တဲ့ လူမင်းတို့ မိသားစုနဲ့အတူ (ဓာတ်ပုံ - ၀ိတိုရိယဆေးရုံ ဖေ့စ်ဘုတ်)

မင်းကလေးကော ဟုတ်လို့လား
ReplyDeleteအဲလိုမျိုးသတင်းတွေက ပြည်တွင်း၊ ပြည်ပက လူတွေ အလွယ်တကူ ရှာဖတ်လို့ရပါတယ်။ ပြည်တွင်းမှာ ဆင်ဆာနဲ့ ငြိတဲ့ သတင်းထဲမှာလည်း ပါတာမဟုတ်ဘူး။
ReplyDeleteပြည်ပသတင်းဌာနတွေရဲ့ အလုပ်က ပြည်တွင်းမှာ ဆင်ဆာ နဲ့ ငြိတဲ့ သတင်းတွေ၊ ဖော်ပြခွင့်မရှိတဲ့သတင်းတွေ၊ ပြည်သူလူထုအတွက် မျက်စိ၊နား ဖွင့်ပေးတဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီဆိုင်ရာသတင်း တွေပါ။
ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ ကလေးရတဲ့ သတင်းမျိုးကတော့ အတိုက်အခံမီဒီယာဖြစ်တဲ့ ဧရာဝတီက ဖော်ပြရမယ့် သတင်းမျိုး မဟုတ်ပါဘူး။ အဲဒါမျိုးက ပြည်တွင်းမှာ ပြန်ပြီး အခြေစိုက်ခွင့်ရရင်တော့ တင်ရင်တင်ပေါ့။
ဒီလိုသတင်းမျိုးက အင်တာနက်ပေါ်မှာ ကိုယ်တင်ပေးမှာမဟုတ်ဘူး။ ဧရာဝတီသတင်းဌာန (သတင်း ၀က်ဘ်ဆိုဒ်ကိုရော၊ ဘလော့ကိုရော) ကို စိတ်ဝင်စားတာ ဒီလိုသတင်း မျိုးကြောင့်မဟုတ်ဘူး။ နိုင်ငံရေး သတင်းတွေကြောင့်ပါ။ ရည်မှန်းချက်မပျောက်ပါစေနဲ့။ ရည်မှန်းချက်ပျောက်ရင်၊ ပန်းတိုင်ပါ ပျောက်တတ်တယ်။
နာမည်လေးပြောင်းပါအုံး။မလှပါ။
ReplyDeleteI agreed with the one who thought this news shouldn't be posted on Irrawaddy.
ReplyDeleteအထက်က အရှည်ဆုံးကောမန့် မှာ ရေးထားတဲ့ဟာကို ထောက်ခံပါတယ်။ ဧရာဝတီရဲ့ ပရိသတ်တဦးအနေနဲ့ ဧရာဝတီကို အပြုသဘောဆောင်ပြီး အကြံပေးချင်တာက လူတွေက ဘာဖြစ်လို့ ဧရာဝတီ မဂ္ဂဇင်း (သတင်းဌာန) ကို နှစ်သက်ကြတာလဲ။ ဘယ်လို သတင်းမျိုးတွေကြောင့် ဧရာဝတီကို နှစ်သက်ကြတာလဲဆိုတာကို ဧရာဝတီ အနေနဲ့ ပြန်ပြီး မိမိလုပ်ငန်းပိုင်းကို ပြန်လည်သုံးသပ် (evaluation) စေချင်ပါတယ်။
ReplyDeleteဥပမာ - ဘလော့ဂ်ရဲ့ အပေါ်ဆုံးမှာ မဲဆန္ဒပေးခိုင်တာမျိုးပေါ့။
ဧရာဝတီသတင်းဌာနကို နှစ်သက်ရခြင်းမှာ
(၁) နိုင်ငံရေး သတင်းများကြောင့်
(၂) ဖျော်ဖြေရေး နှင့် celebrities သတင်းများကြောင့်
(၃) သရော်စာကြောင့်
(၄) ................
အဲလိုပုံစံမျိုးပေါ့။ အဲလိုမဟုတ်ရင်လည်း ပုံစံတူလေးပေါ့။ ဒါမှ လုပ်ငန်းပိုင်းမှာ ပိုပြီး တိုးတက်မှုရှိမယ်လို့ မြင်ပါတယ်။ ကျနော့်တို့မှာ အလုပ်က ပြန်လာရင် ဧရာဝတီဝက်ဘ်ဆိုဒ်နှစ်ခု နဲ့ ဘလော့ဂ်ကို အရင်ဝင်ပါတယ်။ ပြီးမှ တခြားသတင်းတွေကို ဖတ်တာပါ။ အချိန်လုပြီး ဖတ်ရတဲ့အခါမှာ ဧရာဝတီသတင်းတွေက အခုလို celebrities တွေရဲ့ အကြောင်းဖြစ်နေရင် နိုင်ငံရေးအကြောင်း သိချင်လို့ အပြေးလာတဲ့လူကို တံခါးဝရောက်မှ တွန်းလွှတ်လိုက်သလိုပါပဲ။ အချိန်ကုန်တာပဲ အဖတ်တင်တယ်။
အမှတ်ပြောရရင် ဧရာဝတီ မြန်မာပိုင်း၊အင်္ဂလိပ်ပိုင်း နဲ့ ဘလော့ဂ် စုစုပေါင်း သုံးခုမှာ အင်္ဂလိပ်ပိုင်းကို အကြိုက်ဆုံးပါ။