Pages

Friday, December 16, 2011

ခိုးဝင်တဲ့ မြန်မာ ၄၀ ထိုင်းမှာ အဖမ်းခံရပြန်



ထိုင်းနိုင်ငံ ကန်ချနဘူရီနဲ့ စံခလဘူရီ ခရိုင်တို့ကနေ ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ ကြိုးစားတဲ့ တရားမ၀င် မြန်မာနိုင်ငံသား အယောက် ၄၀ ကို ထိုင်း အာဏာပိုင်တွေက ဒီကနေ့ မနက် ၉ နာရီခွဲမှာ ဖမ်းဆီးလိုက်ပါတယ်။

သတင်းပေးမှုကြောင့် မြန်မာနိုင်ငံသားတွေကို နယ်မြေခံ စစ်တပ်နဲ့ အာဏာပိုင်တွေက အလုပ်သမားတွေ ပုန်းနေတဲ့ နေရာအထိ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့ လူတွေထဲမှာလည်း အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေ ပါတယ်လို့လည်း အဲဒီ ထိုင်းသတင်းထဲမှာ ရေးသား ဖော်ပြထားပါတယ်။




သူတို့ကို အခု လတ်တလော စံခလဘူရီခရိုင်မှာ အခြေစိုက်တဲ့ ထိုင်းစစ်တပ်ထဲမှာ ယာယီ ထိန်းသိမ်း စစ်ဆေးမေးမြန်းပြီး နယ်ရဲတွေကို ပြန်လွှဲပေးမယ်လို့ သတင်းက ဆိုပါတယ်။ ထိုင်းတရား ဥပဒေအရတော့ အဖမ်းခံရသူတွေ အရေးယူ ခံရနိုင်ပါတယ်။

မြန်မာနိုင်ငံသားတွေကို စစ်တပ်က စစ်ဆေးမေးမြန်းထားချက်နဲ့ ပတ်သက်ပြီးတော့ ဘာတွေပြောကြားထားလဲ ဆိုတော့ အားလုံးဟာ အယုဒ္ဓယမြို့နယ်နဲ့ တခြားမြို့နယ်က ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သွားလုပ်ကြဖို့ လာကြတာ၊ ပွဲစားနဲ့ တယောက် ကို ဘတ် ၆၀၀၀ (ကျပ် တသိန်းခွဲခန့်) ပေးပြီးတော့ ဘုရားသုံးဆူမြို့ နယ်စပ်ကနေ ၀င်လာတာလို့ ပြောပြကြပါတယ်။

သန်းထိုက်ဦး



3 comments:

  1. ...ဒီသတင်းတွေကိုဖတ်ရတာများသာ ..အော်သာခေါ်ဆဲပစ်ပီးပေါက်ကွဲပစ်ချင်ပါတယ်..အသုံးမကျတဲ့ အာဏာရှင်သူခိုးတကိုယ်ကောင်းသမားတွေကြောင့် ငါတို့ မြန်မာနိုင်ငံသားတွေဆင်းရဲတွင်းနက်ပီးတော့ သူများနိုင်ငံကို ကျွန်ခံသွားတာတောင်ပွဲစားတွေကိုလဘ်ထိုးငွေပေးပီးတော့ သူများနိုင်ငံမှာ အဖမ်းခံရတာတွေးကြည့် ရင်နာဖို့ ကောင်းလွန်းလှပါတယ်...သယံဇာတအရင်းမြစ်ပေါကြွယ်လှပီး အရှေ တောင့်အာရှမှဒုတိယအကြိးဆုံးဖြစ်ပီးတစ်ချိန်ကရွှေထီးဆောင်းခဲ့သောမြန်မာနိုင်ငံဟာ ယခုအခါမှာတိုင်းပြည်နဲ့ ပြည်သူတွေကအဆင်းရဲဆုံးဖြစ်ပီး စစ်ဗိုလ်ချုပ်ကြိးတွေကတော့ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်နေတာ.ဘာကြောင့် လဲတွေးကြည့် ရင်နာဖို့ ကောင်းလွန်းလှပါတယ်..

    ReplyDelete
  2. အေးဗျာ.. ကျွန်တော်လည်း ခင်ဗျားလိုပဲ ခံစားမိတယ်... သူများကိုအထင်မကြီးချင်တာတော့မဟုတ်ပါဘူး.. ယိုးဒယားတွေက အတော်ကြီးမဟုတ်ပါဘူး..သူတို့ရဲ့ ခေါင်းဆောင်တွေကောင်းလို.ပါ..ဗမာတစ်ယောက်အနေနဲ့ ကိုယ့်လူမျိုးတွေ သူများနိင်ငံမှာ ဒီလိုအခြေအနေတွေနဲ့ တွေ့ရတာ ရင်နာလိုက်တာဗျာ..ခေါင်းမရှိတဲ့ လူတွေကြောင့် အနှစ် ၃-၄၀ အတွင်းမှာ ကျွန်တော်တို့နိင်ငံကကျသွားလိုက်တာ အ၀ီစိအထိလောက်နီးနီး ပါပဲလားဗျာ..

    ReplyDelete
  3. အသုံးမကျတဲ အာဏာရှင်စစ်အစိုးရလို.သားကျွန်တော်တို.ကထင်တာ သူတို.ကိုယ်သူတို.ကတော့ သူတို.သူသာ ကမ္ဘာမှာအတတ်ဆုံးထင်ပြီး ဘ၀င်လေဟပ်နေကြတာ (လျှပ်စစ်ဝန်ကြီးဇော်မင်းအဆိုးဆုံး)

    ReplyDelete