Pages

Wednesday, December 7, 2011

ရဲတပ်ဖွဲ့ဝင်များကို လက်နက်အသစ် တပ်ဆင်

~









အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လက်နက်အသစ်အဆန်းတမျိုး မကြာသေးမီက တပ်ဆင်လိုက်သည်။

လက်နက်အပြောင်းအလဲသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူး အလေးပေးထားကြောင်း တွေ့ရှိရသည်ဟု အကဲခတ်များက ခပ်တည်တည် သုံးသပ်နေကြသည်။

"
အခုက ဒမိုကလေစီ အစိုးရလေ။ အရင်လို သေနတ်ကြီး တကားကားဆို လူတွေ လန့်မှာ စိုးလို့လေ။ အခု လက်နက် အသစ်ကို environment friendly သေနတ်လို့ခေါ်တယ်။ ငှက်ပျောသီးလက်နက် ဆိုတော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတယ် မဟုတ်လား။ environment friendly သေနတ်များ မြန်မာရဲများ စတင် အသုံးပြုနေပြီ ဆိုပြီး သတင်းတပုဒ် ရေးလိုက်အုံးမယ်" ဟု ဒေသတွင်း လုံခြုံရေးဆိုင်ရာများကို နှစ်အတန်ကြာ သုံးသပ် အကဲဖြတ်နေသည့် နယူးဒေလီ အခြေစိုက် အမည်မဖော်လိုသူ ဒေါ်ဇာနည်မာနက ပြောသည်။

photo; Nanda Win Facebook






~

6 comments:

  1. NO,,,
    Banana is robbed from shop.
    In this moment he is having foods without paying money.
    Everyday they are always doing regular job.

    ReplyDelete
  2.ှုငှက်ပြောသီးကိုကြည့်ရတာ တော်တော်သနားဖို့ကောင်းပါတယ်(ကြည်ကြည်ဖြူဖြူနဲ့ သဘောတူ တန်ရာတန်ကြေး ပေးလာခဲ့ဟန်မတူပါ) တရားမဲ့ ခြိမ်းခြောက် ထိမ်းသိမ်းခံရပြီး ထမင်းစားပြီးတာနဲ့ နောက်ဆက်တွဲ အစတေးခံရမဲ့ အနေအထားပါ

    ReplyDelete
  3. ပေါတောတောနဲ့
    ဘာတွေရှောက်ရေးမှန်းမသိဘူး

    ReplyDelete
  4. i agree with it .Police around the world, almost all countries are call 'dog' by the people generally. And, they are.

    ReplyDelete
  5. တင်ပြသူ သင်ဘာကိုတင်ပြချင်တာပါလဲ။ အောက်ကကွန့်မန့်သမားတွေကိုလည်းပြောချင်ပါသည်။တင်ပြသူ၏ရည်ရွယ်ချက်ကို သင်သိပါသလား။ အရာအားလုံးကို သင်ကအဆိုးမြင်နေတာလား။ သင်ထင်နေသလို မဟုတ်ခဲ့ဘူးဆိုရင်ရော...ဟုတ်ခဲ့တယ်ဆိုရင်တောင် သူလိုလူမျိုးချည်းပဲလို အားလုံးကိုသတ်မှတ်လိုက်ပြီလား...အရာအားလုံးဟာ တစ်စုံရှိတယ်ဆိုတာ သင်သိပါရဲ့လား။

    ReplyDelete
  6. တကယ်ပဲ ရဲတပ်ဖွဲ့တွေကို လက်နက်ပြောင်းတပ်ဆင်ပေးတယ်အမှတ်နဲ့....ဖတ်လိုက်ရတာ....ဖတ်ရင်းနဲ့လည်း..ဟင် အမည်မဖော်လိုသူလဲ ပြောလို့..ဒေါ်ဇာနည်မာနဆိုပြီးလည်းထည့်ထားပြန်တော့ ...ဘယ်လိုကြီးလဲပေါ့...အားလုံးလဲဖတ်ပြီးရော ပုံတွေကြည့်လိုက်တော့မှ..ကိုယ့်ကိုယ်ကို အသံထွက်သွားလောက်အောင်တောင် ရယ်မိတယ်....တစ်ခါတစ်ခါကျတော့လည်း ဒီလိုလေး...အတည်ပေါက်ကြီးနဲ့ သတင်းလိုလို အရွှန်းဖောက်တာလေးတွေဖတ်လိုက်ရတော့...စိတ်ထဲမယ် တစ်မျိုးလန်းရလို့...အဲဒီလို ဥာဏ်ကွန့် မြူးနိုင်ကြတာလေးတွေကိုလည်း ချီးကျူး..ကျေးဇူးတင်မိပါတယ်...။

    ReplyDelete