အဲဒီ ဆွေးနွေးပွဲကို ရုပ်ရှင်လောကမှ အနုပညာရှင် ၁၀၀ ကျော် တက်ရောက်ပြီး ဗိုလ်ချုပ်ရဲ့ ငယ်စဉ်ဘဝ ဖြတ်သန်းမှုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို ရိုက်ကူးစေလိုကြောင်း၊ သရုပ်ဆောင်ရွေးချယ်ရေး စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က အကြံတောင်းခဲ့ကြောင်း ဆဲဗင်းဒေး သတင်းဂျာနယ်က ရေးသားထားပါတယ်။
ဓာတ်ပုံများ - Eleven Media Group ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ







အားလုံး ကျက်သရေ ရှိ ပါ တယ်၊ ကြံ့ဖွံ့ လွင်မိုး က လွဲရင်။ ဧရာဝတီ ရေ လွင်မိုး သောင့်ကျင့် မကောင်း ပါ ။ မေးမြန်း စုံစမ်း နိုင်ပါသည်။
ReplyDeleteဗိုလ်ချုပ်အောင်ဆန်းကားဆိုတော့ ရှိသင့်တယ်၊ လုပ်သင့်တယ်၊ စိတ်လည်း ၀င်စားပါတယ်။ ဒါပေမယ့် မြန်မာက လူတွေ တကယ် ပီပြင်အောင် လုပ်နိုင်မှပဲ လုပ်စေချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကလေးကလား ဆန်သွားတာမျိုး လုံးဝ မဖြစ်စေချင်လို့ပါ။ နိုင်ငံခြားက အဖွဲ့တစ်ဖွဲ့ ရိုက်ကူးမယ်လို့ ၂၀၀၇ ခုနှစ်လောက်ကတည်းက ကြားနေရပါတယ်။ ဇာဂနာကိုယ်တိုင်လည်း လုပ်ချင်ပေမယ့် မလုပ်နိုင်လို့ ဇာတ်ညွှန်းကို သူများလက်ထဲ အပ်လိုက်တယ် လို့ကြားဖူးပါတယ်။ အကောင်းဆုံးဖြစ်အောင် တကယ့် ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်မှ အဆင်ပြေမယ် ထင်တယ်။ မြန်မာကလူတွေကို အထင်သေးတာမဟုတ်ပါ။ အခြေနေကိုက မလုံလောက်လို့ပါ။ ပေါက်ကရ မဖြစ်စေချင်ပါ။
ReplyDeleteသမိုင်းမှတ်တမ်းတင်ကျန်စေမည့် ဗိုလ်ချုပ်အတ္ထပ္ပတ္တိဇာတ်ကား
ReplyDeleteမျိုး မြန်မာပြည်တွင် အမှန်တကယ်ရှိသင့်ပါသည်။ ထိုကဲ့သို့အကြံပြုသော ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုအကြံအတိုင်း အကောင်အထည်ဖော်ပါဝင် ဆောင်ရွက်ပေး
ကြမည့် သရုပ်ဆောင်များ ဒါရိုက်တာများ အဖွဲ့ဝင်များ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ယခုကဲ့သို့ ပရိတ်သတ်ထဲပြောဆိုရာ တွင် အသံဖမ်းသူများပါ ကြည်ကြည်လင်လင်ကြားနိုင်စေရန် စီစဉ်သူများအနေနှင့် မိုက်တစ်လုံးလောက်စီစဉ်ပေးစေလိုပါ သည်။ ကွင်းပြင်ကြီးမှာ စီစဉ်မည့်အစား ခန်းမတစ်ခုခုထဲမှာ စီစဉ်သင့်သည်ဟုလည်း ထင်မြင်မိပါသည်။ ဒီကိစ္စမျိုးဟာ သာမန်ကြည့်ရင် သာမညလေးပါလို့ထင်စရာ ရှိပေမယ့် တကယ်တော့ တကယ့်သမိုင်းဝင်မည့်ကိစ္စကြီးပါ။ ဒေါ်စုဆိုတာလည်း ကမ္ဘာသိပုဂ္ဂိုလ် ရိုက်မည့်ဇာတ်ကားကလည်း ကမ္ဘာကသိသည့်ပုဂ္ဂိုလ်ဆိုတော့ သာမန်လေးလို့ မထင်စေလိုပါ။ နောင်လည်း ဒီကိစ္စအတွက်ဆွေးနွေးပွဲများ ရှိလာအုံးမည်ဖြစ်ပါသည်။ အလေးအနက်ထားစေလိုပါသည်။
လွင်မိုး က သာကူး အရင်က မျက်နှာထားတင်းတင်းနဲ့ သူလဲအာနိုးလိုနိုင်ငံရေးလုပ်မယ် ဘာဖြစ်လဲ ဘာညာ နဲ့ စစ်အစိုးရလုပ်ငန်းတွေ ၀င်ကူနေရင်းအင်တာဗျူးခဲ့တယ်
ReplyDeleteဒါကတော့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သမိုင်းဝင်ဇာတ်လမ်းအဖြစ်ဖန်တီးတာ သိပ်ကိုကောင်းပါတယ် ..
ReplyDeleteသူများယောင်လို့လိုက်ယောင်တာမျိုးဆိုရင်တော့မကောင်းဘူးဗျာ ... ဒီကနေလူတိုင်းဖြစ်နေတာက ဒီမိုကရေစီကို ပါးစပ်ထဲကနေ ပြောတိုင်း အထင်ကြီးနေကျ အားကိုးနေကြ..လိုက်ပြီးယောင်နေကျတယ်.. အရင်ကတည်းက တိုင်းပြည်ကို နိုင်ငံရေးသမားများလက်ထဲကို အပ်ခဲ့တာအကြိမ်ကြိမ်ပါ သမိုင်းကိုသေချာမလေ့လာပဲနဲ့တော့ ပြောတိုင်းမယုံကြပါနဲ့ ... နိုင်ငံရေးသမားဆိုတဲ့သူတိုင်းကိုလည်း မယုံကြလေနဲ့ တကယ်လုပ်ပြတဲ့သူမျိုးကိုသာ ကိုယ့်ရဲ့ပင်ကိုဥာဏ်နဲ့ယှဉ်ပြီးတော့ယုံကြည်ကြပါ.. ဒီကနေ့ဖြစ်နေတာက ဒီနိုင်ငံမှာ လူတိုင်း ကိုယ်ကျင့်ပျက်နေကြတာပါ .. အဲဒီတော့ စာရေးတတ်တဲ့သူက မရေးတတ်တဲ့သူကို မကောင်းကြောင်းပြောတယ်.. စကားပြောတတ်တဲ့သူကလည်း ဒီလိုပဲ .. အဲဒီရေးတဲ့သူကိုယ်တိုင်တွေကရောဘယ်လောက်များကောင်းကြလို့လဲ... ရေးခွင့်ရှိတိုင်း.. ပြောခွင့်ရှိတိုင်း သာ သူများမကောင်းကြောင်းပြောနေကြရင်ဖြင့် ... လူကြီးလူကောင်းတွေပြောတဲ့စကားဆိုတာဘာလဲ သိအောင် အန်တီစု နည်းနည်းတော့ တိုင်းပြည်ကိုရှင်းပြဖို့လိုပြီ.. အဲဒါထက် လူကြီးလူကောင်းဆိုတာ ဘာလဲ အရင်ရှင်းပြရမယ်ထင်တယ်... လက်ရှိနိုင့်ငံ့အကြီးအကဲတွေလည်း တိုင်းပြည်ကို ကောင်းစေချင်ကြတာပါပဲ သူတို့တတ်နိုင်သလောက်ကြိုးစားနေကြတာပဲလေ.. ဒါကို ဘာမှမကူညီပဲ ဘေးထိုင်ဘုပြောတဲ့အလုပ်ကို လူတိုင်းလုပ်နိုင်ပါတယ် .. အဲဒါက သာမန်လူတွေလုပ်တဲ့အလုပ်ပါ .. လူကြီးလူကောင်းဆိုတာ ဒီနိုင်ငံက လူတွေနားကိုမလည်ကြသေးတာ
ဧရာဝတီက မမခင်ဦးသာရေ....လွင်မိုးကို နောက်တခါထပ်ပြီး အင်တာဗျူးလုပ်ပေးပါဦး။ နောက်ပြီး ဒီတခါမေးရင် ဒေါ်အောင်ဆန်းစု ကြည် နဲ့ သွားတွေ့ချင်စိတ် ပေါ်ရတဲ့အကြောင်းအရင်းကို မေးပေးပါဦး။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားမှာရော ၀င်ပြီး သရုပ်ဆောင်ဖို့ စဉ်းစားထားသေးလားလို့။
ReplyDeleteကျေးဇူးပါ။
ဗိုလ်ချုပ်နေရာသရုပ်ဆောင်မည့် မင်းသား ရွေးချယ်မှု မှာ အလွန်အရေးကြီးမယ်ထင်ပါတယ်...
ReplyDeleteမင်းသားရွေးချယ်မှု အရေးကြီးမယ်ထင်တယ်...
ReplyDeleteမြိတ်အမတ်လောင်းကြီး ခြံစည်းရိုးပေါ် ခွထိုင်နေသည် အဆင်မသင့်လျှင် သေနိုင်ပါသည်။ ၂၀၁၅ ရွေးကောင်ပွဲတွင် မြိတ်ပြန်ပြီး ဦးဌေးမြင့်ကို မဲမပေးလိုက်ရဘဲ နေရပါလိမ့်မည်။
ReplyDeleteပြည်သူချစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကားရိုက်ပြီရင်တော့။ ပြည်သူမချစ်တဲ့ နေ၀င်း၊ သန်းရွှေ ကားကိုလည်းရိုက်အုံးနော် . . . ကဲဦးသိန်းစိန်ရေ . နောက် သမိုင်းမှာ ခင်ဗျားလည်း ဘယ်ထဲကိုပါမလဲ ခုချိန်မှာတော့် စဉ်းစားလို့ရသေးတယ်နော် . . .
ReplyDeleteအကောင်းဆုံးဇာတ်ကားဖြစ်မြောက်ဖို့ အကောင်းဆုံးရိုက်ကူးစက် ၂၀၁၁ မောင်ဒယ်လ်ကိုဝယ်ယူရမယ်။ဒါဆို သူ့စီးပွားဘာမှမလုပ်ပဲ တိုင်းပြည်အတွက် လုပ်ခဲ့ကြတဲ့ဒီသားအဖ ငွေလိုကြမှာ အလှူငွေထဲ့ကြပါစို့။ ဒီဇာတ်ကားကို စံတင်လောက်တဲ့ အမေရိကန်ဒေါ်လာနဲ့ ဖြစ်ဖြစ်မြောက်မြောက် ရှိစေဖို့ အလှူငွေထဲ့ကြပါစို့။သူများပေးထာတဲ့ ဆုကြေးတွေရှိပါတယ်ဆို ဒို့လူမျိုးတွေ အချောင်သမားဖြစ်သွားမှာမို့ပါ။ကျွန်တော် စင်္ကာပူဒေါ်လာ ၁၀၀ လက်ခံမည့်သူ ဆက်သွယ်ပါ။
ReplyDeleteWhere is ZIN YAW MG MG?HE IS ONE OF THE DIRECTOR OF POLICY MOVIES DURING THAN SHWE REGIME.Whereabout thar kuu Lwin Moe?Please defend them not to involve this process.
ReplyDeleteမရိုက်ပါနဲ့ဗျာ။ဗိုလ်ချုပ်ကိုသမိုင်းထဲမှာသူ့ဘာသာနေပါစေ။
ReplyDeleteလိုအပ်ချက်တွေကဗျာ
၁။ ။နိုင်ငံတကာအဆင့်မီဘို့ဆိုဒေါ်လာသန်းရာချီသုံးနိုင်ရမယ်။
၂။မြန်မာပြည်ကစက်အစုတ်တွေနဲ့ဘယ်လိုမရနိုင်ဘူး။
၃။မြန်မာပြည်မှာအကောင်းဆုံးလို့ပြောနေတဲ့ဒါရိုက်တာတွေ
မင်းသား မင်းသမီးတွေဟာ နိုင်ငံတကာအဆင့်လုံးဝမီဘူး။
၎။ဗိုလ်ချုပ်တို့ သူနဲ့ခောတ်ပြိုင် များဟာ တကယ်သက်
ရှိထင်ရှား ရှိခဲ့ပြီ သရုပ်ဆာင်များဟာ အဲဒိခေါင်းဆောင်ကြီးများအတိုင်းဘယ်လိုမှသရုပ်ဆောင်နိုင်မှာမဟုတ်ဘူး
၅။ India မှာ၈န်ဒီ ကြီးကားကိုရိုက်နိုင်တယ်ဆိုတာက India က ရုပ်ရှင်အင်အားကြီးဟောလ၀ုတ်နဲ့အပြီုင်ဖြစ်တယ်။
တကယ့်ပညာရှင်တွေ ရှိတယ်။
၆။ကျိန်းသေပြောရဲတယ်အဲဒိကားကြောင့်ဗိုလ်ချုပ်တန်ဘိုးတက်မလာဘဲကျဘို့ပဲရှိတယ်။
That's right. In my opinion, nobody can act at the place of Bogyoke. First of all, the person who will act as Bogyoke must be sincere and selfless to be able to act the same as the real person.
ReplyDelete၀မ်းသားစရာပါ ... ၀ီစမစ်က ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်..။
ReplyDeleteဒို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမိုင်းကို စာတင်မက သူများတကာ နိုင်ငံမှာလို ဟောလိဝုဒ် တွေမှာပါ ရှိစေချင်တာပေါ့.. ရုပ်ရှင်မရိုက်လဲ နိုင်ငံပေါင်း ၁၀၀ကျော် ရှိတဲ့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရယ်လို့ မသိတဲ့လူ မရှိပါဘူး.. ဒါကြောင့် ရိုက်ခဲ့ရင်လဲ ဒို့ရဲ့ ဖခင်ကြီးရဲ့ သမိုင်းကို ထပ်ပြီး တင်မြှောက်အောင်ပဲ ရိုက်ပေးစေချင်ပါတယ်... မြန်မာပြည်ရဲ့ ရုပ်ရှင်လောက ကိုတော့ အထင်မသေးပါဘူး..ဒါပေမယ့် ဒို့တွေရဲ့ ဗိုလ်ချုပ်သမိုင်းအတွက်ကိုတော့ မြန်မာရုပ်ရှင်ဘက်က အရည်အချင်းလောက် မလုံလောက်သေးဘူးလို့ ထင်ပါတယ်...သေချာစွာ တိုင်ပင်ကြပါဦး.. ပေါက်ကရ မဖြစ်စေချင်လို့ပါ...
ReplyDelete