

ရန်ကုန်မြို့ မီးလောင်မှုမှာ ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ ပြောပါတယ်။ မီးလောင်မှု၊ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက် ဒီထက် ပိုပြီး တိုးလာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ဒီမနက် သူတို့ရဲ့ ပြောဆိုချက်အရ သေဆုံးသူ အရေအတွက် ၁၇ ဦး ရှိပြီး ဒဏ်ရာရသူ ၈၀ ၀န်းကျင် ရှိတယ်လို့ ဆိုပါတယ်။

သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ မီးသတ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ပါတယ်။ (ဓာတ်ပုံများ - ဧရာဝတီ)
"သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ မီးသတ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ပါတယ်'' တဲ့။ စိတ်မကောင်းပါဘူး။ အိမ်ပြန်လမ်းစောင့်နေသူတွေကို မြင်ရောင်မိတယ်။ အသက်ပေးသွားသူတွေကိုလဲ ဂုဏ်ပြုမိတယ်၊ ငါဆိုရင်ကော အဲလို လုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားကြည့်ရင် ခံစားမိတယ်။ ကိုယ့်အတွက်မဟုတ်ပဲ အသက်ပေးသွားရှာကြပြီ။ ကောင်းရာဘုံဘ၀က လက်ကမ်းကြိုဆိုကြပါစေလို့ ဆုတောင်းပေးမိတယ်။ သေဆုံးသူတွေအားလုံးကို ၀မ်းနည်းစိတ်မကောင်းဖြစ်ရတယ်။ ဘယ်သူမှမျှော်လင့်မထားတဲ့ ကိစ္စ။ အခုတော့ ခံလိုက်ရပြီ။ အားလုံး ဒုက္ခမှလွတ်မြောက်နိုင်ကြပါစေ။ နောက်နောင် ဘယ်သူ့ဘယ်သူမှ ဒီလိုအဖြစ်ဆိုးတွေ မကြုံကြပါစေနဲ့။ မီးဆိုတာ တွေ့သမျှလောင်တတ်တာမို့ ဉာဏ်နဲ့သတိနဲ့ ကာကွယ်ထားတာ အကောင်းဆုံးပါ။ သတိဆိုတာ ပိုသည်မရှိတဲ့။
ReplyDeleteမင်္ဂလာတောင်ညွှန့်၊ စက်ဆန်း သင်္ဘောကျင်း အနီး လောင်ကျွမ်းနေသော မီးကြောင့် မီးသတ်သမား (၄) ဦး တိုင်းပြည် အတွက် အသက်ပေး လှူသွားခဲ့ရသည်။အဆိုပါ မီးသတ် ၀န်ထမ်း(၄)ဦး၏ နာမည် များမှာ ဦးမျိုးကျော်ကျော် ၊ ဦးအောင်အောင် ၊ ဦးဇော်ဌေး ၊ ဦးတင်စိုးတို့ ဖြစ်ကြောင်း ဒဏ်ရာရသူ ကျား (၅၅) ဦး၊ မ (၁၆) ဦး၊ ပျောက်ဆုံးဆဲ (၂၃) ဦး ဖြစ်ကြောင်း လျှပ်တစ်ပြက် အထူး သတင်းထောက်က နံနက် (၅) နာရီခွဲ အချိန် တိုက်ရိုက် သတင်း ပေးပို့သည်။
ReplyDeleteသြော်.....၂၀၁၁ တနှစ်လုံးကို ပြန်ပြီးခြုံငုံ သုံးသပ်ကြည့်ရင် မကောင်းတဲ့ သတင်းထက် မင်္ဂလာသတင်းတွေက များပါတယ်။ နှစ်ကုန်ခါနီးကျခါမှ ဒီ အမင်္ဂလာသတင်းဆိုးကြီးက ၂၀၁၁ တနှစ်လုံး ကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီ။ အကျည်းတန်သွားစေခဲ့ပြီ။ စိတ်မကောင်းယုံကလွဲပြီး ဘာတတ်နိုင်တော့မှာလဲ။
ReplyDeleteတို့မြန်မာပြည်သားတွေ ဘ၀မှာ မင်းဆိုး၊မင်းယုတ် နဲ့လည်း ကြုံခဲ့ကြရတယ်။ ရေဘေး၊လေဘေးတွေလည်း ခံခဲ့ကြရပြီးပြီ။ အခုလည်း မီးဘေးတဲ့။ နောက်ထပ် ဘယ်လိုအခြေအနေတွေက ထပ်ပြီး ဒုက္ခပေးဦးမှာလဲ။ ဘ၀တွေက ကြမ်းတမ်းလိုက်တာနော်။
လာမယ့် ၂၀၁၂ နှစ်သစ်မှာတော့ သဗ္ဗေသတ္တာ သတ္တ၀ါတွေအားလုံး ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ။ ရန်သူမျိုး ၅ ပါးမှ ကင်းဝေး၊ ငြိမ်းအေးကြပါစေ။ အရာအားလုံးကို အသိ၊ သတိ နဲ့ အမြဲနေထိုင်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်။ ဘာပဲလုပ်လုပ် (ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ်ပါ) မိမိယုံကြည်ရာ ဘာသာတရားကို အမြဲတမ်းနှလုံးသွင်း၊ လက်ကိုင်ထားနိုင်ကြပါစေ။
ပစ္စည်း သိုလှောင်ရုံ၊ စက်ရုံ အလုပ်ရုံတွေ ရဲ့ လုံခြုံရေးကို နိုင်ငံတကာ အဆင့်မှီ ထားတက်ဖို့  လို ပါတယ်။ နိုင်ငံတကာ အဆင်မှီ လုံခြုံရေး၊ စည်းကမ်းရှိဖို့  အထူးကြပ်မတ်ပေးရတယ်။ မကြာခဏ စစ်ဆေးပေးရတယ်။ ဖြစ်နိုင်မယ်ဆိုရင် လူကြီး လုပ်တဲ့ သူတွေက နေ့ တိုင်း ဆင်းကြည့်နိုင်ရတယ်။ အချိန်မပြတ် စစ်ဆေးနေရတယ်။ ပြင်းနေလို့  ရုံးခန်းထဲမှာ ဇိမ်ခံနေလို့  မရဘူး။ အလုပ်သမားတွေ နှင့်အတူ အလုပ်ခွင်ထဲမှာ အောက်ခြေမှာ ရှိနေရတယ်။ လူနေ အိမ်တွေ အဝေးမှာ ထားရပါမယ်။ ဒါသင်ခန်းစာပါ။ လုံခြုံမှု့ ၊ စည်းကမ်းပြည့်ဝမှု့  မရှိသေးဘူးဆိုရင် ဒီထက်မက လောင်နိုင်ပါတယ်။ နောက်နောင် ဒီိလို ဆုံးရှုံး မှု့ တွေ မဖြစ်အောင် အားလုံးမှာ တာဝန် ရှိပါတယ်။ ဒါဟာ နိုင်ငံရေးပါ။ ဒါဟာ လုံခြုံရေးပါ။ ဒါဟာ လူမှု့ ဘဝ စားဝတ်နေရေးပါ။ ဒီနိုင်ငံက ကြီးမားတဲ့ ပေါက်ကွဲသံ ဆိုတာ ဒီနိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။ စစ်တပ်က အမိန့်  လာပေးရုံ မျှ လုပ်လို့ မရပါဘူး။ နည်းပညာတွေ တက်ကျွမ်းသူတွေ ကို ခေါ်ယူပြီး နိုင်ငံတကာ အဆင့်မှီ လုံခြုံ စိတ်ချ စည်းကမ်း ရှိအောင် ဘယ်လို လုပ်ရမယ်ဆိုတာ လေ့လာဖို့  လိုပါတယ်။ ခေတ်မှီချင်တယ်ဆိုတာ ဒါကိုပြောတာပါ။ အရည်အချင်း မရှိတဲ့ ကြံ့ဖွတ် လွှတ်တော်ကြီး ထဲမှာ လက်ညိုးထောင် ခေါင်းညိတ် ကျွေးတာ စား လုပ်နေလို့  မရပါဘူး။ လောင်နေတဲ့ မီးတွေ ငြိမ်းနိုင်ဖို့ လို ပါတယ်။ တစ်နိုင်ငံလုံး မှာ လောင်နေတဲ့ မီး တွေ ကိုလည်း အမှန်တကယ်ငြိမ်းနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
ReplyDeleteအခုလိုမျိုး လူတွေရဲ့ ပေါ့ဆမှုကြောင့်၊ သတိ အသိဥာဏ်မရှိမှုကြောင့် ဖြစ်ရတဲ့ဒုက္ခ၊ ကချင်ဒေသမှာ ဖြစ်နေတဲ့ မာန ဒေါသ အာဃာတတွေကို အခြေခံတဲ့ စစ်ကြောင့်ဖြစ်ကြရတဲ့ ဒုက္ခ၊....စတဲ့ဒုက္ခတွေကနေ မြန်မာပြည်ကြီး လွတ်မြောက်နိုင်ပါစေ။ အသိဥာဏ်ပညာနဲ့ယှဉ်တဲ့ မေတ္တာတရား ဂရုဏာတရား လူသားအချင်းချင်း ကိုယ်ချင်းစာတရားများ လူ့နှလုံးသားတွေမှာ ကိန်းဝပ်လျက် နှစ်သစ်ကို စနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။
ReplyDelete၀မ်းနည်းပါတယ် ဆုံးရှုံးနစ်နာမှုတွေအတွက် အထူးသဖြစ်အသက်ပေးသွားတဲ့မီးသတ်တပ်ဖွဲ့တွေနဲ့
ReplyDeleteသေဆုံးသူတွေ အတွက်ပါ။
ကျုပ်တို့က ရန်ကုန်အနောက်ပိုင်းမှာနေသူတွေပါ အိပ်ပျော်နေတုန်း တုံဟီးပေါက်ကွဲသံကြီးကြောင့်လန့်နိုးခဲ့ကြတယ် နိုးနိုးချင်း ငလျင်လှုပ်တယ် မိုးကြိုးကြီးပစ်တယ်ထင်မိတယ် ပြီးတော့ကြံကြံဖန်ဖန် ညဦးပိုင်းကကင်းဂျုံအီးအသုဘပို့သတင်းကြည့်ထားတော့ ဒီကလူဂျီးတွေ သူတို့မိတ်ဆွေကြီးအတွက် ၀မ်းနည်းကြောင်းအထိမ်းမှတ် အကြီးစားဖေါက်ခွဲပြလိုက်တာလို့ထင်မိတယ်၊
ဖြစ်လိုက်မှဖြစ် ဟိုသိပ်မကြာခင်နှစ်တွေက မန်းတလေးရတနာပုံဈေးမီး ရန်ကုန်မင်္ဂလာဈေးမီး ဒီလိုဆုံးရှုံးမှုပမာဏကြီးတာတွေပါ ကြီးကြပ် သူပေါ့ပေါ့လျော့လျော့အထက်အထက်လူတွေမှာ လုံးဝတာဝန်ရှိပါတယ် ဒါနဲ့များ နျူကလီးယားလိုဟာမျိုးကြီးကို ဒီလူတွေအကောင်ထည်ဖေါ်ဘို့ လုပ်ခဲ့သေးတာ အမယ်လေးလေး.....
အသက်ပေးသွားလိုက်ရတဲ့ မီးသတ်ရဲဘော်တွေအတွက် တော်တော်လေး ကြေကွဲရပါတယ်...ကျန်ရစ်ခဲ့တဲ့ မိသားစုများကိုလည်း သက်ဆိုင်ရာက ဂရုတစိုက်နဲ့ ကူညီမှုများ ပေးလိမ့်မယ်လို့ ယုံကြည်မိပါတယ်...အမိမြန်မာနိုင်ငံတော်ကြီး အေးချမ်းပါစေ.....
ReplyDeleteအမေရီကားမှာဆို အသက်ပေးသွားတဲ့ မီးသတ်သမားတွေအတွက် ရန်ပုံငွေတည်ထောင်ပြီး ကျန်ရစ်သူတွေကို ထောက်ပံ့ကျေးတွေ ပေးဆိုပဲ၊
ReplyDeleteHero ဆိုပြီးလည်း ဂုဏ်ပြုသေးတယ်တဲ့