ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ်ရှင်နာဝပ်ဟာ မြန်မာပြည်ကို ၂ လ ကျော်အတွင်း ၂ ကြိမ် သွားခဲ့ပါတယ်။သူ့ရဲ့ ဒုတိယခရီးစဉ်မှာ မဲခေါင်ဒေသ ခေါင်းဆောင်များနဲ့ နေပြည်တော်မှာ တွေ့ဆုံသလို မြန်မာအစိုးရ ခေါင်းဆောင်များနဲ့လည်း တွေ့ပါတယ်။
မနေ့ကတော့ ရန်ကုန်မှာ ရွှေတိဂုံဘုရားဖူးပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းသံအမတ်အိမ်မှာ တွေ့ဆုံ စကားပြောပါတယ်။
ရွှေတိဂုံစေတီက နာမည်ကျော် ဆင်းတုရှေ့မှာ တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ်





ရွှေတိဂုံ ဘုရား လာဖူးတဲ့ သူက ခြေသလုံး ပေါ် နေတာ လက်ခံ ရသလား။ မြန်မာ ယဉ်ကျေးမှု့  ကို ထိုင်းတွေ မလာထားတာလား။ မြန်မာကို ဂရုမစိုက်တလား။ ဘုရားဂေါ်ပကဘယ်ရောက်နေလဲ။ သံဃာ မဟာနာယာဂ အဖွဲ့ က မဆုံးမတော့ ဘူးလား။
ReplyDeleteတက်ဆင် က သူ့ ညီမ နှင့် ဒေါ်အောင်ဆန်းစုကြည့်ဖို့  စစ်တပ်အစိုးရကို လာညှီနိုင်းပေးရတယ် ဆိုပါလား။ နောက်ကွယ်မှာ မရိုးသားမှု့ တွေ ရှိပါတယ်။ မြန်မာ အပေါ် အဆီထုတ် အသားလှီပြီး အမြတ်ထုတ်မည့် တရုပ်သွေးပါတဲ့ တပ်ဆင်ကို အထူး သတိထားရမယ်။ ဒီလို ပြည်ပြေး ရာဇဝတ်သားကို စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေနှင့် အကျိုးတူ စီပွားရေးသမားတွေ တိတ်တိတ်ပုံး တွေ့ ကြတယ်ဆိုတာ မရိုးသားမှု့ ကို ကျူးလွန်နေတာပါ။ တက်ဆင် နှင့် စစ်အစိုးရ အရှုပ်တော်ပုံ ကို မြန်မာ့ မီဒီယာ သမားတွေ ကြိုးစားပြီး ဖော်ထုတ်ပေးကြပါဦး။
ReplyDeleteအပေါ်ယံ တွေ ဆုံ မှု့ ပါ။ စီးပွားရေး သက်သက် လာတွေ့ တဲ့ ထိုင်းတွေပါ။
ReplyDeleteစကတ်တိုတာတောင်ဒူးအထိတိုတာ သူတို.ထိုင်းကမြဘုရားကိုသွားဖူးတာ ဘောင်းဘီခြေသလုံးအထိဝတ်ထားတာမ၀င်ရဘူးတဲ.အပြင်ကဆိုင်တဆိုင်မှာထမိန်ဝယ်ဝတ်ရတယ် ဒီမိန်းမ မထီတာ ဂရုမစိုက်တာ အထင်သေးတာ ဟီလာရီကလင်တန်တောင် ဘောင်းဘီရှည်နဲ.သွားတာ ဗုဒဘာသာဖြစ်ပြီး တော်တော်အောက်တန်းကျတဲ.သူဘဲ ကလိန်ကကျစ်ဥဏ်နဲ.သူတို.မောင်နှမတွေအောက်လမ်းနည်းတွေလုပ်နေတာ သတိထားကြပါ မြန်မာပြည်မတိုးတက်စေချင်တာ သူတို.ထိပ်ဆုံးက မဟန ကမမြင်ဘူး ခြေကလုံးကိုငန်းနေလို.သုတို.ဆုံးမတာက ခုတ်ရာတခြား ရှရာတလွဲလေ
ReplyDeleteShe pray the than-shwe statue also like Gan-fa-lar ad Mr Bankimoon.
ReplyDeleteBut, why Ms H. Clinton and she did same photo like gave water.
something !!!!
သူ့ကျွန်ဘ၀တုံးက ဗြိတိသျှတွေ ရွှေတိဂုံ ဘုရားပေါ်တက်တုံးက တမျိုးသားလုံးနာကြတယ်၊ အုတ်သြော်သောင်းတင်း ဖြစ်လို့ အင်္ဂလိပ်တွေ နောက်မလုပ်တော့ဘူး၊ အမျိုးသားရေးစိတ်ဓါတ်ပြောပါတယ်၊
ReplyDeleteအခုတော့ စစ်တပ်က ပြောတော့ အမျိုးသားရေး အမျိုးသားရေးနဲ့ စကတ်နဲ့မိန်းမတော့ ဘာတွေလဒ်မြင်တယ်မသိ ဘုရားပေါ်အတက်ခံတယ်၊ ရင်လပ် ရေ အစဉ်မပြတ်ကြည့်နေတယ်နော်။ စိတ်တိုအောင်လုပ်ပြီးပြီ၊ စိတ်နာအောင်တော့ လုပ်မယ်မကြံနဲ့နော်
ထိုင်းတွေက ဗမာတွေအပေါ်ဆက်ဆံတာ နှိမ်တဲ့ အကြည့် ၊ အပြောတွေရှိတာက အသားကျနေပါပြီ၊ ဘာကြောင့်လဲဆိုတော့ အခု နိုင်ငံကို ဦးဆောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိစစ်၊ ၀န်ကြီးချုပ်အသစ် ယင်လပ်တို့ ငယ်ငယ်ကတည်းက သူတို့အတွက် အောက်ခြေသိမ်း အလုပ်လုပ်ပေးရတဲ့သူတွေက ဗမာအိမ်ဖော်တွေဖြစ်နေလို့လေ၊ သူတို့ အော်ချင်သလိုအော်၊ ငေါက်ချင်သလောက်ငေါက်ခွင့်ရခဲ့တဲ့ သူတို့ မိဘအရွယ် ဗမာအိမ်ဖော်တွေအပေါ်မှာ ကျွဲနိုင်း နွားနိုင် နိုင်ခဲ့ကြတယ်။ ဗမာဆိုယင် အထင်သေးနေတတ်တာ ထိုင်းလူမျိုးတော်တော်များများရဲ့ စိတ်ထဲက ဗီဇတွေပါပဲ၊ ဗမာတွေလဲ ဘာထူးတုန်း ဘာလောက်ချမ်းသာချမ်းသာ၊ နိုင်နီးချင်းက ဘင်္ဂလားဒေခ်ျက ကိုထက် ငွေကြေးနဲ့ လူ့အခွင့်အရေးတွေသာနေတာကိုတောင် အထင်သေးနေတာ အသားကျနေကြပီလေ၊ ထိုင်းတွေ ဗမာတွေ သူတို့ထက်ကြောသွားမှာကိုတော့ သေမလောက်ကြောက်နေပါတယ်။
ReplyDeleteဆရာလုပ်တာမဟုတ်ပါဘူး။ရထားတဲ.အခွင့်ေ၇းတွေဆုံးကုန်မှာစိုးလို့အောက်ကစာကိုရေးရတာပါ။
ReplyDeleteအမြင်ကျဉ်းတဲ.မင်းတို.တွေကြောင်ဗမာနိုင်ငံခောတ်နောက်ကျနေတာ၊အဂ်လိပ်ကစစ်ဖနပ်ဝတ်ပြီးတက်တာကွ။
ကမ္ဘာကြီးတိုးတက်နေပြီ၊ထိုက်သင့်တဲ.ယဉ်ကျေးမှု.ကို၊အမြင်မရိုင်းတဲ.၀တ်စားဆင်ယင်မှုကိုခွင်.ပြုကြရမှာပေါ.။ န၀တအစိုးရလက်ထက်ကလွန်ကဲစွာတင်းကြပ်မှု့တွေကိုလွမ်းနေကြရင်တော့န၀တခောတ်ကိုပြန်ရောက်သွားကြလိမ့်မယ်။
လူကြီးတွေကမင်းတို.ထက်နားလည်လို.ခွင်.ပြုတာ၊နေ၇ာတကာအမြငိကျဉ်းနေရင်ရှေ.လျောက်စည်းလုံးဘို.ထက်အရင်ကဘ၀ပြန်ရောက်သွားဖို.ဘဲရှိတော.မှာပေါ့၊ လွတ်လပ်ရေးရပြီးကွဲကြလို့တော်လှန်ရေးအစိုး၇အာဏာသိမ်းသွားတာမမေ့ကြနဲ့။အလကားရတိုင်းconment တွေရေးမနေကြနဲ့သေချာစဉ်းစားပြီးမှရေးကြပါ။ပြုပြင်ပြောင်းလဲမှု့ကိုလိုလားရင်ပေါ့။
"ယင့်လတ်" အုပ်ချုပ်မှု့ညံ့လို့ ဘန်ကောက်မြို့ တဝက်နီးပါး ရေမြုတ်ပြီးပြီ။ အခုလည်း မြန်မာပြည်ကို ဒုတိယအခေါက်သွားပြန်ပြီ၊ ရိုးသားမှုရှိတယ်လို့ ယူဆလို့ မရပါ။ သူ့အစ်ကို "တပ်ဆင်" ဟာ ကိုယ့်နိုင်ငံကို ရောင်းစားပြီး ထွက်ပြေးရတဲ့ ဘဝ ရောက်နေပြီ။ မြန်မာလူမျိုးအားလုံး နိုးကြားပြီး သတိရှိကြပါ။ "ကိုယ့်အိမ် သူခိုး ကပ်နေပြီ" လို့ နူလုံးသွင်းကြပါ။ မြန်မာနိုင်ငံမြောက်ပိုင်း ဦးခေါင်းကို တရုတ်နိုင်ငံက မြစ်ဆုံရေကာတာ နဲ့ ဖြတ်ဖို့လုပ်နေပြီ၊ ထိုင်းက ဓါတ်ငွေ့ပိုက်ပိုက်လိုင်း နဲ့ မြန်မာနိုင်ငံခြေထောက်ကို ဖြတ်ပြီးသွားပြီး၊ အခု "ထားဝယ်ရေနက်ဆိပ်ကမ်း" နဲ့ အပြီးအပြတ် "ဖြတ်"ဖို့ ကျိုးစားနေပြီ။ မြန်မာတွေ ဆင်းရဲတွင်း နက်သထက် နက်တော့မယ်။ မြန်မာနိုင်ငံသားများ အနာဂတ် မြန်မာနိုင်ငံ နဲ့ မိမိတို့၏ သားသမီးမြေးမြစ် များအတွက် နိုင်ငံရေးအသိဖြင့် နိုးကြား ထကြွကြပါ။
ReplyDeleteဘယ်နေ၇ာ ဘာဝတ်၇မယ်၊ဘယ်အချိန်မှာ ဘာလုပ်၇မယ်
ReplyDeleteဆိုတဲ့ သာမန်အသိဥာဏ်လေးတောင်မ၇ှိတဲ့သူတစ်ယောက်
က ၀န်ကြီးချုပ်တက်ဖြစ်နေတာ ထိုင်းနိုင်ငံအတွက်ေ၇ာ
ထိုင်းပြည်သူ ပြည်သားတွေအတွက်ေ၇ာ အင်မတန်၇င်လေး
စ၇ာကောင်းပါတယ်။ချင်းမိုင် ကောလိပ်က ဥပဒေဘွဲ. ယူခဲ့
ပါတယ် ဆိုတဲ့၊အမေ၇ိကန်မှာ ကျောင်းတက်ခဲ့ဘူးပါတယ်ဆို
တဲ့ နန်းဆောင် ယင်းလပ် ၇ှီနာဝပ်ဟာ ဘု၇ားပေါ်ကိုဘယ်
လိုအ၀တ်အစားနဲ့ တက်၇မယ်ဆိုတဲ့ဥပဒေလေးတောင်
မသိတာဟာ ၇ှက်တတ်မယ်ဆို၇င် အင်မတန်မှ၇ှက်စ၇ာကောင်း တဲ့ကိစ္စပါ။လွတ်တော်
ဥပဒေ၊နိုင်ငံတော်ဥပဒေ ဆိုတာတွေသိဖို. ဆိုတာကတော့ အဝေးကြီပါ။ထိုင်းမှာေ၇ကြီးစဉ်က
လည်း ဘာခေါင်းဆောင်မှု့ အ၇ည်အချင်းမှမတွေ.ခဲ့၇ပါ။
ကမ္ဘာ့ခေါင်းဆောင်တွေ အလယ်မှာအ၇ည်အချင်းမ၇ှိ
ကြောင်းကို ထင်းထင်းကြီးပေါ်လွင်အောင် ကိုယ့်ပေါင်
ကိုယ်လှန်ပြလိုက်တာပါ။မိမိနိုင်ငံနဲ. လူမျိုး၇ဲ.သိက္ခာ
ထိန်းသိမ်းတတ်ပုံ မပေါ်ကြောင်း အများသိအောင်ပြသ
လိုက်တာပါ။
yingluck ရဲ့ အဲလိုစကပ်က သူတို့ဆီမှာ ရုံးသွားရင်းလဲ ၀တ်နေတာပဲ။ နောက်ပြီး မြဘုရားက ဘောင်းဘီ ခြေသလုံးတောင် လက်မခံဘူးလို့ မမြင်ဖူးဘူး။ ခြေသလုံးရောက်ပေမယ့် ပြောင် မဟုတ်ဘဲ အပေါက်တွေနဲ့ ဖွာလန်ကျဲနေလားမှ မသိဘဲ။ မြန်မာပြည်က အိမ်အကူဆိုတာကလဲ အခုနောက်ပိုင်းမှ ထိုင်းက စီးပွားရေးသမားတွေအတွက် ဈေးပိုသက်သာပြီး အားကိုးရလို့ ပိုပြီးများလာတာ။ abhisit, yingluck လို အတန်းအစားက သူတို့ လူမျိုးချင်းပဲ အိမ်အကူထားမယ် ထင်တာပဲ။ ဒါအတွက်နဲ့တော့ မြန်မာဆိုရင် အော်ချင်သလောက် အော် ငေါက်ချင်သလောက် ငေါက်လို့ ရတယ်ဆိုပြီး ပြောတာတော့ သိပ် မဆိုင်လှဘူး။
ReplyDeleteထိုင်းမှာ ရေကြီးစဉ်က ဘယ်လိုနည်းနဲ့ အကောင်းဆုံး ခေါင်းဆောင်ရမလဲ။ လက်ညှိုးနဲ့ ထိုးပြီး ပျောက်စေလို့ လုပ်လို့ရရင်တော့ အကောင်းဆုံးပေါ့။ အဲလို လုပ်လို့ မရနိုင်တဲ့အတွက် ဘန်ကောက်ကို စီးပွားရေး အဓိက အချက်အချာကျတဲ့နေရာတွေ ရေမရောက်အောင် လုပ်လိုက်တယ်လေ။ ဆိုးကျိုးလား။ ရှိတာပေါ့။ အရှေ့မြောက်ပိုင်းက တချို့မြို့နယ်တွေ ဒီဇင်ဘာလထဲအထိ ရေရှိနေတုန်းပဲ။ ဒီလောက်ဖြစ်ရတာ ကြိုတင်ပြင်ဆင်မှု မရှိလို့လို့ ပြောမှာလား။ သူက ဇွန်ကတုန်းကမှ တက်လာတာ။ ရှိပြီးသား တူးမြောင်းတွေ တိမ်သွားတာ အမှိုက်တွေ ပိတ်နေတာ အရင် အစိုးရတွေ လက်ထက်ကတည်းကပဲ။ အနီးဆုံး abhisit ရဲ့ အစိုးရ။ ခပ်ဝေးဝေးအထိ သူတို့နဲ့ မပတ်သက် ပတ်သက်အောင် စွပ်စွဲဖို့ သွားချင်ရင် ၂၀၀၅ လောက်အထိ သွားလိုက်ရင် thaksin လက်ထက်ကတည်းကပေါ့ဗျာ။ မေးစရာတခုရှိတာက ဒီတူးမြောင်းတွေ အမှိုက်မပိတ်သည့်တိုင်အောင် ဒီလောက်များတဲ့ ရေတွေ အမြန်ကုန်သွားပါ့မလား။
ReplyDeleteအလုပ်မရှိ အလုပ်ရှာ ရင်လတ်ကို ဝေဖန်မဲ့ အစား ကိုယ့်နိုင်ငံအကျိုးပြုမဲ့ အကြောင်းအရာတွေ ဆွေးနွေးကြပါလား။ Thanung Chaung ပြောသလိုပါဘဲ ကမ္ဘာကြီးတိုးတက်နေပြီ၊ထိုက်သင့်တဲ.ယဉ်ကျေးမှု.ကို၊အမြင်မရိုင်းတဲ.၀တ်စားဆင်ယင်မှုကိုခွင်.ပြုကြရမှာပေါ.။
ReplyDeleteကမ္ဘာကြီးတိုးတက်တိုင်း ရွှေတိဂုံ ဘုရားပေါ် ဝတ်ချင်သလို ဝတ် နေချင်သလိုနေ ခွင့်မပြု နိုင်ဘူး ကိုယ့်လူ။ ဗမာပြည်သူတွေ အမြတ်တနိုး ထားတဲ့ နေရာ ယဉ်ကျေးမှု့  အမွေ အနှစ် ကို တန်ဖိုးထားလို့  ပြောတာ ဝေဖန်တာ တားဖြစ်တာ လုပ်ကောင်းတယ်။ အချိုးမပြေဝတ်လာရင် ဟန့် တားရမယ်။ ဧည့်သည်က ဧည်သည်လို နားလည်းရတယ်။ ဝတ်ချင်တယ်ဆို သူနိုင်ငံမှာ သူဝတ်။ ကိုယ်လူမျိုး ကိုယ်ယဉ်ကျေး မှု့ ကို ကာကွယ်ရမယ်။
ReplyDeleteဘုရား လူကြီးတွေ ဘာလုပ်နေလဲ။ နိုင်ငံတော် သာသနာရေး ဝန်ကြီးဆိုတာ လူတွေ လက်ပိုက်ကြည့်နေတယ်။ နိုင်ငံတော် သံဃာ မဟာန စာ မထုတ်တော့ဘူး။