Pages

Thursday, December 22, 2011

ဂေးမောင်နှံကို အိုဘားမား ဂုဏ်ပြုစာပို့



(အိုဘားမား လက်မှတ်ထိုးထားတဲ့စာ)


ယူးယောက်အခြေစိုက် ဂေးတစုံဟာ သူတို့မင်္ဂဆောင်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတ အိုဘားမားဆီကစာ ရတဲ့အတွက် အံ့အားသင့်နေကြပါတယ်။

အသက် ၃၂ နှစ်အရွယ် Matt Katz နဲ့ ၃၆ နှစ်အရွယ် Aaron Lafrenz တို့ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ၂ ယောက်စလုံး အမျိုးသားတွေပါ။ ဇူလိုင် ၂၃ ရက်နေ့က လက်ထပ်ထားကြတာ။

နယူးယောက်မှာ တူညီသောလိင်ချင်း လက်ထပ်တာ တရားဝင်နေပါပြီ။

လိုရင်း ပြောရရင် လက်ထပ်ပြီး ၆ လအကြာမှာ အိုဘားမားဆီက ကွန်ဂရက်ကျူလေးရှင်းစာ ရကြတာပါ။

အိုဘားမားက လိင်တူချင်းလက်ထပ်တာကို အရင်က ထောက်ခံသူ မဟုတ်ပါဘူး။ သို့သော်ငြားလည်း သူ အခုတော့ ထောက်ခံပါပြီ။ Change / အပြောင်းအလဲ ဆိုပြီး တက်လာတဲ့ သမ္မတက ဒီအရေးအရာတွေမှာ အပြောင်းအလဲ ဖြစ်နေပါပြီ။

ဂေးမောင်နှံရဲ့ မိတ်ဆွေ Arlene Weinstock ဆိုသူက ဒီစာ ရရှိရေး အတွက် အိမ်ဖြူတော်ကို ဆက်သွယ်ကြိုးစားခဲ့တာလို့ ဆိုတယ်။

အိမ်ဖြူတော်ကလည်း ဒီစာ သူတို့ ပို့လိုက်တာ ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။

Katz ကတော့ ဒီလို ထင်နေပါတယ် - လာမယ့်နှစ် ရွေးကောက်ပွဲအတွက် အိုဘားမား မဲဆွယ်နေတာများလား ပေါ့။

မဲဆွယ်တာဖြစ်ဖြစ်၊ အပြောင်းအလဲပဲ ဖြစ်ဖြစ် အဲဒီ ၀မ်းမြောက်ကြောင်း ပေးစာကို မှန်ဘောင်သွင်းထားလိုက်ပြီလို့ ယူဆရပါတယ်။

ကိုးကား - ABC သတင်းဌာန

1 comment:

  1. သူကိုယ်တိုင်များ လိင်တူချင်းလက်ထပ်ဖို့ စိတ်ဝင်စားနေလားမသိ - -

    ReplyDelete