Pages

Tuesday, December 20, 2011

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်း

~








မြောက်ကိုရီးယားကို ထိန်းချုပ်တော့မယ့် ကင်ဂျုံအန်း





ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးရဲ့ ရုပ်ကလာပ်ကို သားဖြစ်သူ ကင်ဂျုံအန်း သွားရောက် ဂါရ၀ပြုပုံကို အစိုးရရုပ်သံထုတ်လွှင့်ချက်ကနေ ဓာတ်ပုံရိုက်ယူထားတာပါ။


ကင်ဂျုံအီးတို့ သားအဖ ၂ ယောက်က အစိုးရရဲ့ အလုပ်သမားပါတီမှာ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ တာဝန်တွေ ခွဲယူထားခဲ့တာပါ။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဒီ အသက် ၂၀ ကျော်အရွယ် ကင်ဂျုံအန်းဟာ ကြယ်လေးပွင့် ဗိုလ်ချုပ်အဖြစ် ရာထူးတိုး ခံထားရသူပါ။ အသက် ၂၇၊ ၂၈ ၀န်းကျင် ရှိပြီလို့ ခန့်မှန်းကြပါတယ်။

ဖခင်ရဲ့ အာဏာကို လက်လွဲယူမယ့် ကင်ဂျုံအန်း ဒီနှစ်လယ်ပိုင်းမှာ အိမ်နီးချင်း တရုတ်ပြည်ကို သွားလည်တဲ့သတင်းဟာ သတင်းကြီး ဖြစ်ခဲ့ပါတယ်။
မနှစ်တုန်းကလည်း သူ့ပုံကို အစိုးရသတင်းစာမှာ ထုတ်ပြခဲ့ပါသေးတယ်။ အနာဂတ်ရဲ့ တိုင်းပြည်ခေါင်းဆောင်လို့ အားလုံးက နားလည်ခဲ့ကြပါတယ်။

တိုင်းမ်မဂ္ဂဇင်းက ဒီနှစ်အတွက် သြဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ မှာ ကင်ဂျုံအန်းကို ထည့်သွင်း ဖော်ပြထားပါတယ်။

အခု အာဏာရှင်ဖခင် သေဆုံးသွားတဲ့အတွက် ကင်ဂျုံအန်းဟာ ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်လာပါပြီ။
သူ့ကို ခေါင်းဆောင်ကြီးအဖြစ် အစိုးရ သတင်းဌာနက ကြေညာထားပါတယ်။
သူဟာ ဖခင်ရဲ့ နည်းလမ်းများအတိုင်း ပုံတူကူးလုပ်ဆောင်မယ် ဆိုရင်တော့ ကမ္ဘာ့အသက်အငယ်ဆုံး အာဏာရှင်ဘွဲ့ကို ရရှိသူ ဖြစ်လာမှာပါ။

သူ့အကြောင်းဟာလည်း သူ့အဖေအကြောင်း၊ အစိုးရ အတွင်းရေးများလိုပဲ လျှို့ဝှက်ချက်ကြီး ဖြစ်နေပါတယ်။
အင်မတန်လျှို့ဝှက်တဲ့အတွက် ကင်ဂျုံအီး ကွယ်လွန်တဲ့သတင်းကိုတောင် ကွယ်လွန်ပြီး ၂ ရက်အကြာ တရားဝင် သတင်းထုတ်ပြန်မှ အများသူငါ သိကြတာပါ။
မြောက်ကိုရီးယားကို အထူးစောင့်ကြည့်သူတွေက ထောက်လှမ်းရေးလုပ်ငန်းအတွက် ငွေအားလူအား ပုံအော သုံးခဲ့ပေမယ့် ကွယ်လွန်တဲ့သတင်းကို လုံးဝ မရလိုက်ဟန် ရှိပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုများ၊ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရပါတယ်။ ပြည်သူတွေ ငတ်ပြတ်ဆင်းရဲနေပေမယ့် စစ်အင်အားတိုးချဲ့ဖို့၊ အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့ကိုပဲ ဦးစားပေးတဲ့အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်စီမံကိန်းတွေကို အပြည်ပြည်ဆိုင်ရာက ကန့်ကွက်နေပေမယ့် ဆက်လက် အကောင်အထည်ဖော်နေဆဲ ဖြစ်ပါတယ်။






~

5 comments:

  1. လက်ဝဲဒါဒီတွေက ပဒေသရာဇ်စနစ်ကို သားစဉ်မြေးဆက် ဆက်ခံ အုပ်စိုးလို့ အပြင်အထန်ဆန့်ကျင်ကြပါတယ်။
    ကင်မျိုးဆက်ကတော့ ကွန်မြူနစ်စနစ်လို့ကြေညာပြီး
    သားစဉ်မြေးဆက်အုပ်ချုပ်တာ ၃ ဆက်တောင်ရှိနေပြီဘဲ။
    တိုင်းပြည်ရဲ့ ကံလို့ဘဲပြောရတော့မှာပါ.

    ReplyDelete
  2. နောက်ဆုံးတော့သေတာပါပဲ

    ဘုရားဟောထားတာ ဘယ်အရာမှမမြဲဘူး
    ဘာမှမပိုင်ဘူး

    အာဏာရှင်တဲ့.. အခုတော့လည်း..သေတာပါပဲ

    ReplyDelete
  3. I think WE SHOULD SAY "GOOD BYE" TO sho kote duu gyi...
    I think when sho kote duu gyii and he stupid wife die,we should not make any tomb. we should feed them to tigers...cos I love them,,,,,

    ReplyDelete
  4. သေတာက အရေးမကြီးဘူး ဆရာရေး...မသေခင် နှိပ်စက်တာက အရေးကြီးတယ်....

    ReplyDelete
  5. မြောက်ကိုရီးယားပြည်သူတွေဝါဒမိုင်းမိနေကြတာပါ။တိုင်း
    ပြည်ကလူတွေထမင်းငတ်အောင်လုပ်သွားတဲ့ခေါင်းဆောင်
    ကိုအရှက်မရှိငိုနေလိုက်ကြတာကမ္ဘာပြည်သူတွေအံသြပါ
    တယ်

    ReplyDelete