Pages

Saturday, December 3, 2011

Inside Story - Myanmar's future challenges (ရုပ်သံ from AlJazeeraEnglish )

Do recent reforms in Myanmar indicate a real willingness to change or are they merely window-dressing? Inside Story discusses with guests: Maung Zarni, a visiting fellow at the London School of Economics; Richard Weitz, a Senior Fellow and the director of the Center for Political-Military Analysis at Hudson Institute; and Maitrii Aung-Thwin, an assistant professor of Southeast Asian History at the National University of Singapore.

2 comments:

  1. ဇာနီ ဆိုတဲ့ပုဂ္ဂိုလ်က စကားပြောတာ professional မဆန်ဘူးကွာ။ ခံစားချက်တွေ မကျေနပ်တာတွေ သပ်ပါလွန်းတယ်။ တည်တည် ငြိမ်ငြိမ်နဲ့ သုံးသပ်ချက်ကို အဖြစ်ကို အဖြစ်ပေါ်မှာပဲ အခြေခံပြောရမှာကို ထင်တာတွေ ခံစားတာတွေ အသားပေးပြီး ပြောသွားလိုက်တာ... ကြည့်မကောင်းဘူးကွာ... ချင့်ချိန်ပြောတာလဲ မရှိဘူး.. အမေရိကန်က သူ့အရေးအတွက် အဓိကလာတာတို့... မြန်မာက ကြားညှပ်ခံရတာတို့.. ဒါတွေက ဒီလို တီဗီလိုင်းမှာ လွင့်မဲ့စကားဝိုင်းမှာ ရှောင်သင့်တဲ့ဟာတွေပါ။ နိုင်ငံတိုင်းအတွက် အခြားသောနိုင်ငံတွေက အရေးကြီးသလို မြန်မာအတွက်လည်း အာရှနိုင်ငံတွေအပြင် အနောက် နိုင်ငံတွေလည်း အရေးပါပါတယ်။ ဘယ်နိုင်ငံမှ ကိုယ့်ကိုယ်ကို တလွဲ အထင်ကြီးပြီး တကိုယ်တည်း ရေရှည် မနေနိုင်ပါဘူး။

    ReplyDelete
  2. ဟုတ်ပါတယ်။ ဒေါက်တာဇာနည် ဖြေတဲ့ပုံစံတွေကို မကြိုက်ပါဘူး။ စကားပြောတာ တဖတ်သတ်ဆန်လွန်းအားကြီးတယ်။ သူ မြန်မာအစိုးရကို မကြိုက်တဲ့ပုံစံက "ဘူး (ဗူး) ဆိုရင် ဖယုံမသီးဘူး" ဆိုတဲ့ပုံစံမျိုး။ အစွန်းရောက်လွန်း အားကြီးတယ်။

    ကျနော်တို့လည်း သိန်းစိန်အစိုးရကို မကြိုက်ပေမယ့် အပြောင်းအလဲလေးတွေ နည်းနည်းပါးပါး လုပ်ပြလာတဲ့အခါကျတော့ အခုလို အခြေအနေလေးမှာ ဘာများဆက်ဖြစ်ဦးမလဲဆိုတာကို စိတ်ဝင်တစား နဲ့ စောင့်ကြည့်နေရတဲ့အချိန်ပါ။

    ဘယ်နိုင်ငံမဆို ကိုယ့်အကျိုးကိုအဓိကထားပြီး ဆက်ဆံတာချည်းပါပဲ။ ဒါပေမယ့် ဒေါက်တာဇာနည်ကို မေးချင်တာက မြန်မာနိုင်ငံကို တရုတ်နဲ့ ဆက်ပြီးတော့ အရင်လိုပဲ ထိတွေ့ဆက်ဆံနေတာကို မြင်ချင်တာလား၊ အမေရိကန် နဲ့ အခုလို ဆက်ဆံရေးလမ်းကြောင်း ပွင့်ပြီး တနိုင်ငံနဲ့ တနိုင်ငံ အမှီသဟဲပြုနေတာကို မြင်ချင်တာလား။ အဲဒီနှစ်ခုထဲက တခုရွေးမှ ရမှာပါ။ မြန်မာနိုင်ငံလို နိုင်ငံငယ်လေးအနေနဲ့ အနေနဲ့ စီးပွားရေးအရ၊ စစ်ရေးအရ နိုင်ငံကြီး တနိုင်ငံငံကို မှီထားမှ ရမှာပါ။ အိမ်နီးချင်း နိုင်ငံငယ်လေးတွေလည်း ဘယ်လို သွားနေတယ်ဆိုတာကြည့်ပါ။ ကိုယ့်နိုင်ငံ တနိုင်ငံတည်း"ထင်" တလုံးနဲ့ အထီးကျန်ပြီးနေလို့ ရတဲ့အခြေနေမဟုတ်တော့ပါ။

    ReplyDelete