ဆောင်းဦးလှိုင် (ဓာတ်ပုံ - ဧရာဝတီ)
မြတ်မိုး
တိုင်းရင်းသားကလေးများ ပညာရေးရန်ပုံငွေအတွက် NLD နဲ့ အနုပညာရှင်များ
ပူးပေါင်းပြီး ဒီဇင်ဘာ ၁၅ရက်နေ့မှာ တေးဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။
သုဝဏ္ဏမိုးလုံလေလုံ ခန်းမမှာ ပြုလုပ်မယ့် ဒီအစီအစဉ်တွေကနေ ရရှိမယ့် ရန်ပုံငွေတွေကို ကချင်၊ ချင်း၊
ရှမ်းပြည်နယ်တွေမှာ ရှိတဲ့ ကျေးလက်ဒေသ တိုင်းရင်းသားကလေးများ ပညာရေးအတွက်
လှူဒါန်းသွားမယ် လို့ NLD ပြန်ကြားရေးကော်မတီ ဦးအုန်းကြိုင်က ပြောပါတယ်။
အဲဒီဒေသတွေမှာ ကျောင်းဆောက်ခြင်း၊ ကျောင်းသုံးပစ္စည်းများ လှုဒါန်းခြင်းတွေကို ဦးစားပေး လုပ်ဆောင်သွားမယ် လို့ အခမဲ့ပညာသင်ကျောင်းတခုဖြစ်တဲ့ ဗေဒါကျောင်း
တည်ထောင်သူ ကိုမျိုးရန်နောင်သိန်းက ဆိုပါတယ်။
ရှင်းလင်းပွဲမှာ စကားပြောနေတဲ့ ဦးဝင်းတင်
''NLD ရဲ့ အဓိက ဦးစီးမှုနဲ့ အခုလို အနုပညာရှင် စုံစုံညီညီ တွေ့ရတာ ၀မ်းသာပါတယ်၊ NLD ကနေ ဒီမိုကရေစီ ကွန်ယက်ကို ဖွဲ့စည်းပြီး အဲဒီဒီမိုကရေစီ ကွန်ယက် လက်အောက်က ပညာရေး ကွန်ယက်က အအောင်မြင်ဆုံးဖြစ်နေပြီ" လို့ တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ ဦးဝင်းတင်က ပြောပါတယ်။
ယင်း တိုင်းရင်းသားပညာရေးရန်ပုံငွေပွဲအတွက် The Tree, Emperor, metal zone, Plus 3, Spectrum, Lazy clubတေးဂီတအဖွဲ့တွေက ကူညီကြမယ်၊ တေးသံရှင်ပေါင်း ၇၀ ကျော် ပါဝင်မယ် လို့ metal zone ဦးဇော်ဝင်းက ပြောပါတယ်။
ပညာရေးကွန်ယက် တစ်နှစ်ပြည့်ဈေးရောင်းပွဲတော်ကို ပြည်လမ်းမှာ ရှိတဲ့
ယုဒသန်ခန်းမမှာ နိုဝင်ဘာ၂၁ရက်နေ့က ကျင်းပခဲ့ပါတယ်။
ရန်ကုန် ပြီးရင်တော့ မန္တလေးမှာလည်း အလားတူ ကျင်းပဖို့ အစီအစဉ် ရှိပါတယ် တဲ့။
~
စိတ်မကောင်းတာတစ်ခုကတီးဝိုင်းအဖွဲ့ တွေထဲမှာ IC နဲ့ ကိုလေးတို့ ကိုငဲတို့ မပါသေးတာပါ။VOA ပြောစကားအရတော့ခရီးလွန်နေသေးတဲ့အတွက်အဆက်အသွယ်မရသေးလို့ ပါမပါသေချာမသိရသေးဘူးတဲ့။မြန်မာစကားပုံတစ်ခုကတော့"လာချင်ရင်အနီးလေး"တဲ့။ကဲ...ကိုလေးတို့ ကိုငဲတို့ ရေ...ဒီပွဲမှာဝင်ဆွဲထားမှအဆင်ပြောမှာနော်။Power 54 အတွက်လုပ်လိုက်တော့။
ReplyDeleteဟုတ်ပါတယ်ခင်ဗျာ..တခြားဘာအကြောင်းလေးတွေပဲဖြစ်ဖြစ်..ဘေးဖယ်ထားကြပြီးတော့..ရံကြမယ်ဆိုရင်...အတိုင်းထက်အလွန်ပါ...ကိုလေးတို့ကိုငဲတို့ကိုမျိုးတို့..LMN..လေးလုပ်လိုက်ကြရင်တော့..Cheer and Proud for you all
ReplyDeleteရံတော့ ရော ဘာဖြစ်လာမလဲ........
ReplyDeleteအခုမှ ခါတော်မီ လုပ်လာတဲ့သူတွေထက် မူလကထဲက တစိုက်မတ်မတ် (ရဲဝံ့စွာ) လုပ်လာတဲ့ သူတွေကို ပိုလေးစားပါတယ်။ ဥပမာ ကိုဆောင်းဦးလှိုင်၊မစုရွှန်းလဲ့ စသဖြင့် ကျနော် မသိတဲ့သူတွေကိုကော လေးစားပါတယ်။ ကျေးဇူးတင်ပါတယ်။ အခု(အနုပညာလုပ်ခွင့် အပိတ်ခံရမှာ) ကြောက်စရာ မရှိတဲ့ အချိန်အထိ အများအကျိုးဆိုတဲ့ လမ်းပေါ် တက်မလာသေးတဲ့သူတွေကိုတော့ စိတ်ပျက်မိပါတယ်။
ReplyDeleteမ၀ိုင်းစုခိုင်သိန်း တို့ ကိုနေတိုးတို့ (အာရုံဦးမှာဖူးသည့်ကြာ ဇာတ်အဖွဲ့သားများ အားလုံး)ခါတော်မီပဲဖြစ်ဖြစ် သာပြောင်းပဲခေါ်ခေါ်ပေါ့ဗျာ လုပ်လာကြဦးမလား စောင့်ကြည့်နေပါတယ်။
ကျနော်ပြောတာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံတာဆိုတဲ့ ကျဉ်းကျဉ်းလေးကို ပြောတာမဟုတ်ပါဘူး။ တခြား ပြည်သူအကျိုးပြုလုပ်ငန်းတွေကိုဆိုလိုတာပါ။ ကိုကျော်သူတို့လုပ်ငန်းမျိုးကိုကူညီတာ စသဖြင့်ပေါ့။