Pages

Wednesday, December 7, 2011

NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်



၁၅ (A) ကမ္ဘောဇရိပ်သာနေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးလွင် ၆.၁၂.၂၀၁၁ ည ဂ နာရီ ၄၀ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ၈.၁၂.၂၀၁၁ မွန်းလွဲ ၁း၃၀ နာရီမှာ အထက်ပါ နေအိမ်ကနေ ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ်မယ်လို့ သိရပါတယ်။ (Source: Burma VJ Media Network)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့တုန်းက ဦးလွင် ကျန်းမာရေး အခြေအနေ ယိုယွင်းခဲ့တဲ့ အတွက် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါဂူ ဆေးခန်းမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အသက် ၈၇ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဦးလွင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ကြည့်ရှုခဲ့ပါသေးတယ်။


1 comment:

  1. ဘဘဦးလွင်၊ကောင်းရာသုဂတိလားပါစေ။

    ReplyDelete