Pages

Sunday, January 1, 2012

ဒေါက်တာနေ၀င်းမောင် ကွယ်လွန်

~




The Voice Weekly နှင့် Living Color Magazine တို့ထုတ်ဝေလျက် ရှိသော Living Color Media ၏ CEO၊ Myanmar Egress တည်ထောင်သူနှင့် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် (အောင်ထွဋ်) အသက် (၅၀) နှစ်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားပါသဖြင့် ဇန်နဝါရီလ ၁ ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုဟ်မည် ဖြစ်ပါကြောင်း။

(ဆေးရုံမှကားများ နေ့လည် ၁၁ နာရီတွင် ထွက်ခွာပါမည်။)

လို့
The Voice Weekly ဂျာနယ်ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်အတွက် အမှတ်တရ
Facebook စာမျက်နှာ ဖွင့်ထားတာလည်း တွေ့ရပါတယ်။ လိပ်စာကတော့ https://www.facebook.com/NayWinMaung.Dr ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဧရာဝတီက ၂၀၁၁ အတွင်း ထူးခြားထင်ရှားသူများအကြောင်း ရေးသားဖော်ပြရာမှာ ဒေါက်တာနေ၀င်းမောင် အကြောင်းလည်း ပါဝင်ပါတယ်။
အမှတ်တရ ပြန်လည် ဖြော်ပလိုက်ပါတယ်။


ဒေါက်တာ နေ၀င်းမောင်
Myanmar Egress
ယခင်နအဖ စစ်အစိုးရ ဦးဆောင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လှုံ့ဆော်သူတဦးဟု ပြည်တွင်း
ပြည်ပ နိုင်ငံရေးအသိုင်းအ၀န်းအကြား ဝေဖန်ပြောဆို ခံထားရသူတဦးဖြစ်သည်။ ၎င်းနှင့် နီးစပ်သူ တချို့အား ရွေးကောက်ပွဲ ၀င်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ နိုင်ငံရေးအရ အကြံပေးမှုများလုပ်ဆောင်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသားများအတွက် ထွက်ပေါက်တခုဟု ဦးနေဝင်းမောင်က ရေးသားလှုံဆော်ခဲ့ကာ ပြည်သူများအား မဲပေးကြရန် လှုံ့ဆော်နိုင်ရေးအတွက် မြန်မာ အီးဂရက်စ်(Myanmar Egress) အဖွဲ့မှ ၎င်း၏ သင်တန်းသားများကို ထောက် ခံမဲပေးရမည့် ပုံစံရေးသားထားသော အင်္ကျီများ ၀တ်ဆင်စေ၍ ရန်ကုန်မြို့၌ ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်ခဲ့သည်။
Living Color မဂ္ဂဇင်းနှင့် The Voice Weekly ဂျာနယ်တို့၏ထုတ်ဝေသူဖြစ်ပြီး အစိုးရအကြိုက် အယ်ဒီတာ့အာဘော်နှင့် ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့သည်။ နိုင်ငံရေးစိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ၏ ဝေဖန်မှု အခံရဆုံး သူလည်းဖြစ်သည်။ သတင်းဂျာနယ် အယ်ဒီတာချုပ် တဦးဖြစ်သော်လည်း ပြည်ပ မီဒီယာများ အပေါ် အမြင်ကြည်သူ တဦးမဟုတ်ပေ။
နိုင်ငံရေးအကြောင်းအရာများကိုသာ ဦးစားပေးသင်ကြားပေးလေ့ရှိသည့် အီးဂရက်စ် အဖွဲ့အား တည်ထောင်သူ ၇ ဦးတွင်
ဦးနေ၀င်းမောင်လည်း တဦးပါဝင်သည်။ ၎င်းသည် ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် Programme Dicector တဦးဖြစ်ပြီး နိုင်ငံရေး အကြောင်းအရာနှင့် စီးပွားရေးအကြောင်းအရာ များကိုအဓိက သင်ကြားနေသူလည်း ဖြစ်သည်။
မြန်မာ အီးဂရက်စ် အဖွဲ့သည် အစိုးရအဖွဲ့၏ အရာရှိတချို့နှင့် နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ ခေါင်းဆောင်များကို နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သော သင်တန်းများပေးလေ့ ရှိကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်ရာတွင် အီးဂရက်စ် အဖွဲ့မှ ဦးနေ၀င်းမောင်၊ ဦးတင်မောင်သန်း၊ ဦးကျော်ရင်လှိုင် တို့ပါဝင်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသား ဦးဟန်ညောင်ဝေ၊ အစိုးရ ရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ခဲ့ကြသည်။
ဦးနေ၀င်းမောင်သည် စစ်တပ်အရာရှိဟောင်းတဦး၏ သားဖြစ်ပြီး စစ်တပ်အသိုင်းအ၀န်းနှင့်နီးစပ်သူဟု လူသိများသည်။ ၎င်း သည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံသူတဦးလည်း ဖြစ် သည်။
ဦးသန်းရွှေအား ထောက်ခံခဲ့သော်လည်း နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ဝေ ဖန်မှု လုပ်ခဲ့သည်။ ၎င်း၏ သင်တန်းသားများကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုအဖွဲ့သို့ ပို့ဆောင်၍ နိုင်ငံရေး၊ စီးပွားရေး စသည့် အကြောင်းအရာများကို သင်ယူစေခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဘန်ကောက်မြို့များသို့ မကြာခဏလာရောက်၍ နိုင်ငံရေးအယူအဆများကို ဟောပြောလေ့ ရှိသည်။



~

21 comments:

  1. First, of, Irrawaddy's description of Nay Win Maung is distorted. It is not based on facts but conjectures. There is no concrete evidence that he directly supports General Than Shwe. In fact, if you read his articles, he does not like the status quo. As a regular reader of the Irrawaddy, I am quite disappointed by how the Irrawaddy has been less than neutral when it comes to Nay Win Maung and the Voice.

    ReplyDelete
  2. it is a tragic death at such a young age. I think his family should sue the attending doctors through " the Voice Journal"

    ReplyDelete
  3. ငယ်ငယ်ရွယ်ရွယ်နဲ့ ...ပညာတတ်တစ်ဦး
    နှမြောစရာ.....ဒါပေမဲ့
    ဒေ၀ဒတ်နဲ့ ပေါင်း
    ဒေ၀ဒတ်ကိုထောက်ခံနေမှတော့.....
    အသက်တိုပြီပေါ့။

    ReplyDelete
  4. ၀မ်းနည်းမိပါသည်January 1, 2012 at 4:07 PM

    လူတစ်ယောက်ဆုံးသွားတာ ၀မ်းနည်းစရာအဖြစ် အပျက်ပါပဲ။ ဘယ်သူ့ကို ထောက်ခံတယ်ဆိုတာက လူတိုင်းရဲ့ ဒီမိုကရေစီ ပိုင်ခွင့်ပါ။ သူ့စာတွေ အားလုံးနီးပါးဖတ်ဖူးတယ်။ (သီပေါဘုရင် နောက်ဆုံးနေ့တွေအကြောင်း အပါအ၀င်ပါ။) သဘောတူတာတွေလည်း ရှိတယ်။ သဘော မတူနိုင်တာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် တစ်ခုတည်း တစ်ဖွဲ့တည်း ဘာလုပ်လုပ်ထောက်ခံနေတဲ့ လူလို့တော့ လုံးဝ မမြင်ဘူး။ ဆောင်းပါးတိုင်းမှာ ဦးဏှောက်မုန်တိုင်း ဆင်စရာတွေ အများကြီး ပါခဲ့တာကိုတော့ မငြင်းနိုင်ပါဘူး။ အားလုံးအတွက် ဆုံးရှုံးမှုတစ်ခုပါပဲ။

    ReplyDelete
  5. This is the new I believe nobody expected. Whether or not we agree with him, he made his times remarkably in Myanmar Political society when the main political group could do none of progress/offered no solutions to unlock the long time political dead lock. A very rare personality in Myanmar political society who dare to say what he believe/think regardless of critics/accusations and influence much the younger generation. We must describe his death as a lose for Myanmar political society.

    ReplyDelete
  6. ဒေါက်တာနေ၀င်းမောင် သည်ဒေါအောင်ဆန်းစုကြည်ကိုဘယ်တုန်းကမှမကောင်းမပြောခဲ့ပါ သူ၏အကြောင်းနှင့်ပတ်သက်ပြီး ဧရာတီမှရေးသားချက်များ မှားယွင်းနေပါသည် အများပြည်သူယုံကြည်ရသောမီဒီယာဖြစ်စေရန် သူ၏ ဘိုင်အို ကို ပြန်လည်လေ့လာဖေါ်ပြပေးသင့်ပါသည်။

    ReplyDelete
  7. ဧရာဝတီ Blogger ခင်ဗျာ။ ဒေါက်တာနေ၀င်းမောင်
    ကွယ်လွန်တာပဲသိရတယ်။ ဘယ်အကြောင်းကြောင်း ကွယ်လွန်တာလဲ။

    ReplyDelete
  8. မျိုးဆက်January 1, 2012 at 8:35 PM

    ကြိုပြောပါရစေ။ ကျွန်တော် ဒေါက်တာနေ၀င်းမောင် ဘက်တော်သားမဟုတ်ပါဘူး။ တစ်ကြိမ်ပဲ မြင်ဖူးပြီး တစ်ကြိမ်ပဲ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူ့အမြင်ကို နားထောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် The Voice ကိုတော့ အထူးတလည်စောင့်ဖတ်ပါတယ်။ အထက်ကွန်မင့်တွေမှာ ပေးထားတဲ့အတိုင်းပဲ ဧရာဝတီက ဒေါက်တာနေ၀င်းမောင်အပေါ်သုံးသပ်ချက်တွေက မျှတမှုမရှိဘူးလို့ မြင်ပါတယ်။ သူဟာ မြန်မာ့နိုင်ငံရေးမှာ စစ်ဗိုလ်ချုပ်တွေကို ထောက်ခံသူအဖြစ်သာ ကျွန်တော်မမြင်ပါဘူး။ အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းအားကိုးလွန်းသူထဲမှာ သူမပါဘူး။ သူဖြစ်စေချင်တာက မြန်မာ့နိုင်ငံရေးမှာ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာပါ။ ရနိုင်သမျှ အခွင့်ရေးယူပြီးမြန်မာပြည်သူတွေကို ဆန္ဒမဲပေးဖို့တိုက်တွန်းခဲ့တာဟာ မှားတယ်လို့မမြင်ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းကို ကြည့်ပါ။ သူဒီလမ်းကြောင်းကို lobby လုပ်ခဲ့သူပါ။ နောက်သူ့မီဒီယာဟာလည်းလေးစားထိုက်တဲ့အထဲမှာပါပါတယ်။ ကျွန်တော်သိခဲ့တဲ့ ၂၀၀၈၊၂၀၁၀ ကာလအတွင်းမှာ တိုင်းပြည်အတွက်သူလည်းစေတနာမှန်နဲ့ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံပြီး သူယုံကြည်တာကိုချပြခဲ့တာလို့အလေးအနက်ယုံကြည်ပါတယ်။ ဒေါက်တာနေ၀င်းမောင် ဘ၀ဆက်တိုင်း တိုင်းပြည်နဲ့လူမျိုးကို အခုထက်ကာလတာရှည်နေပြီး အကျိုးပြုနိုင်ပါစေ။ ပညာရပ်တွေဖြန့်ဝေနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။

    ReplyDelete
  9. မျိုးဆက် ရဲ့ comment ကိုထောက်ခံပါတယ်။
    ပညာတတ်ဆရာဝန်တဦး၊ နိုင်ငံရေးသိပ္ပံအထူးပြု (Yale University, USA) fellow တဦးဟာ မြန်မာပြည်သားတွေ အတွက်သားကောင်းရတနာပါ။ ဒီလိုလူမျိုး ရုတ်တရက် နှလုံးသွေးကြောပိတ်နှလုံးရပ် သေဆုံးရတာ မြန်မာပြည်နောင်ရေးအတွက် ဆုံးရှုံးမှု တရပ်ပါ။ ဧရာဝတီရေ blog ဆိုပြီး အဆောတလျင် မရေးနဲ့နော်။ သတင်းမှန်၊ biography မှန်ဖို့လိုမယ်။ ဧရာဝတီမဂ္ဂဇင်းအဖွဲ့ကတော့ကြိုက်ချင်မှာကြိုက်မယ်။ (ဘာကိုဆိုလိုဆယ်ဆိုတာဧရာဝတီသိမှာပါ) ဒါပေမဲ့ အမှန်ကိုသာ ကျင့်ဝတ်စောင့်သိစွာနဲ့ရေးပါ။

    ReplyDelete
  10. why oversea Burmese news media bulling around and not telling truly base, they are writing way Western' Gov like because they got salary from western.If they not writing bulling to Burmese' Gov they will not get $ .

    ReplyDelete
  11. nelinn said It is very sorryfull case for his famaily and our nation.

    ReplyDelete
  12. ဘယ်သူတွေ ဘာပြောပြောဗျာ... ဒေါက်တာနေ၀င်းမောင်လိုလူမျိုး တိုင်းပြည်အတွက် တကယ့်ကို လိုအပ်တာပါ... ၂၀၁၀ မတိုင်ခင်မှာ ဒီမိုကရေစီအကြောင်း မကြောက်မရွံ့ ပြောရဲတဲ့သူ လက်ချိုးရေလို့ ရတယ်... ပြည်တွင်းမှာနေရတာ ပြည်ပမှာ နေရတာလောက်တော့ မလွန်လပ်ဘူး... ကျွန်တော်တို့ကိုယ်တိုင် တစ်ခါတလေမှာ အယူအဆ မတူကြပေမယ့် မှန်တာများရင် မှန်တယ်လို့ ပြောရမှာပါပဲ... နောက်တစ်ချက်အနေနဲ့ ဧရာဝတီမှာ တင်ထားတဲ့စာတွေက ဧရာဝတီအယ်ဒီတာ ဆရာအောင်ဇော်စကားအတိုင်း ဆိုရရင် ဘက်မလိုက်သင့်ပါ့ဘူး... အဂတိလိုက်တယ်ဆိုတာ တစ်ဖက်စွန်းရောက်ရင် မကောင်းပါဘူး... အမှန်တရားဘက်တော်သားဆိုပြီး လူတကာကို မှားနေတယ်လို့ပြောတာ ကျိုးကြောင်းမဆီလျော်ပါဘူး... ထပ်ပြောပါမယ်... မြန်မာနိုင်ငံအတွက် မီဒီယာပေါင်းစုံလိုအပ်သလို ဒေါက်တာနေ၀င်းမောင် လည်း လိုအပ်ပါတယ်... ဒီတော့ စာရေးရင် Free & fair ဖြစ်အောင်ရေးတင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်...
    လေးစားစွာဖြင့်

    ReplyDelete
  13. စိုင်းအောင်မျိုးလွင်January 2, 2012 at 9:51 PM

    ကျွန်တော်ကတော့သူ့ဆီမှာပညာသင်ဘူးတော့သူ့ရဲ့စိတ်ဆန္ဒ
    ဘယ်လိုရှိတယ်ဆိုတာအနီးကပ်လေ့လာခဲ့ရပါတယ်...ဒါကြောင့်အပြင်လောကကပြောနေကြတာတွေဟာလေတိုက်သံလို့ဘဲခံစားရတယ်..ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုသင်တဲ့သင်ခန်းစာတွေမှာစစ်အစိုးရရဲ့အားနည်းချက်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သလို...အခြေခံဥပဒေဆို
    လည်းဘယ်နရာဘယ်လိုလုပ်ထားတာ...အမေရိကန်ဥပဒေကဘယ်လိုသေချာရှင်းပြတယ်...ကျွန်တော်တို့တိုင်းရင်းသားတွေအပေါ်ကန့်သတ်ထားတာတွေကိုလည်းပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရတယ်ကျေနပ်လောက်တဲ့အဖြေပေးတယ်..အကြံဥာဏ်ပေးတယ်..စိတ်ဓာတ်မကျဖို့နဲ့ဘောင်ထဲကသွားဖို့ပြောတယ်..စိတ်ရှည်ဖို့တိုက်တွန်းတယ်..နောက်တစ်ခုကကျွန်တော်တို့တိုင်းရင်းသားတွေဟာသံသယကြီးတယ်ဒါပေမယ့်ဆရာနေကတော့ဒါကိုခွာချနိုင်တယ်..သူ့ရဲ့စကားလုံးတေ၊ွကလက်သင့်ခံစဉ်းစားသင့်တာတွေဖြစ်သလို အဖြေပေါ်အောင်လည်းဥပမာပေးကောင်းသူပါ..အကျိုး
    အကြောင်းန့ရှင်းပြတတ်သူပါ..
    ပြီးတော့အချိန်လေးစားတယ်..လူတိုင်းကိုလေးစားတယ်...ကျောင်းသားတွေကိုမှားသွားရင်လည်းတောင်းပန်တတ်တယ်...အမြင်မတူတာတွေရှိပေမယ့်..သူကလည်းလိုက်လုပ်ဖို့မတိုက်တွန်းပါဘူး..သူတိုက်တွန်းတာကပညာသင်ဖို့နဲ့..အခြေခံကျကျစဉ်းစားဖို့ပါ...သူ့ဆီကကျွန်တော်ရလိုက်တာကစဉ်းစား အထပ်ထပ်စဉ်းစား..
    ရူ့ထောင့်စုံအောင်စဉ်းစားဆိုတာဘဲ...

    ReplyDelete
  14. ဗဟု အဖွဲ့ ကလည်း ဝမ်းနည်းကြောင်း သဝါးးးလွှာ လေးရေးပါဦး။ အော်ဗဟု ဗဟု ။

    ReplyDelete
  15. နအဖ စစ်အစိုးရမှာ ဒေါက်တာတွေ အများကြီးရှိပါသေးတယ်။ ဒေါက်တာတွေ ပေါမှ ပေါ။ စက်နဲ့ ရိုက်ထုတ်လို့ ရတယ်။ အခွင့်အာဏာပေးလိုက်ရင် ဒေါက်တာအစစ်ကြီးတွေတောင် ခေါင်းစိုက်ပြီး ဝင်လာကြဦးမှာပါ။ စိတ်မပူပါနဲ့။

    ReplyDelete
  16. အာဏာရှင်ကလည်း ဒီမိုကရေစီတို့  လူအခွင့်အရေးတို့ ဆိုပြီးအော်ပါတယ်။ နေဝင်းမောင် တစ်ယောက်တည်း အော်တာ မဟုတ်ပါဘူး။ အာဏာရှင်ထောက်ခံပြီးအော်ပုံ ရည်ရွယ်ချက်နှင့် လူထုဘက်က ရပ်တည်ပြီး ဒီမိုကရေစီတောင်ဆိုပုံ လျောက်လှမ်းပုံကတော့ အများကြီးကွာပါတယ်။ အခွင့်အရေးသမားက ဒီမိုကရေစီ ပြောတာ အခွင့်အရေးလိုချင်လို့ ပါ။ အခွင့်အရေးသမား က ဒီမိုကရေစီပြောတိုင်း ပုံအောပြီး မယုံနိုင်တာ လူထု အပြစ်မဟုတ်ပါဘူး။ နေဝင်မောင် ဘာလဲဘယ်လဲ ဘာလုပ်ခဲ့တယ်ဆိုတာ အများသိပါတယ်။ E ..ဂရက် လုပ်ရပ်တွေကို လူထုက သိထားပြီးသားပါ။ အများပြည်သူက ဝမ်းမနည်းတာ သူတို့ ရဲ့ အခွင့်အရေးပါ။ အတင်းကြီး ဝမ်းနည်းခိုင်းလို့ မရပါ။

    ReplyDelete
  17. how come journalist got ill and died.
    That is impossible.please write a detail event of his death in the journal including the negligence of the hospitals and doctors. Please let the public know.

    ReplyDelete
  18. ခင်ဗျားကလဲ...........
ူသူဘာသာသူ...ပြန်ချိန်တန်လို့ ပြန်တာပါဗျာ...
    မဖွချင်ပါနဲ့ 

    ReplyDelete
  19. it is really surprising that the journal people are staying silent when their people died. Please blame the doctor like you have done in the past.Please prove that he died because of the doctors. Or else it proves that he is not worth living in this planet anymore.

    ReplyDelete
  20. ဘလော့မှာ ဘယ်သူမဆို လွတ်လွတ်လပ်လပ်ရေးကြတယ်။ ရေးချင်တာကို ရေးလို့ရတာ ဘယ်သူမှ တားလို့မရပါဘူး။ ဒါပေမဲ့ ဒေါက်တာနေ၀င်းမောင် အကြောင်း မပြောချင်ပါဘူး။ ကောင်းခြင်းဆိုးခြင်း၊ မှန်ခြင်းမှားခြင်းက မကြာခင် အဖြေသိရမှာပါ။ ပြောချင်တာက ခင်ဗျားတို့ကော အခုလို လေဖမ်း ဒန်းစီးနေပေမဲ့ သူ့လိုမျိုးနိုင်ငံ့အတွက် ဘယ်လောက်လုပ်ခဲ့ဖူးလဲဆိုတာတော့ ဖြေပေးကြပါ။ လေနဲ့မလုပ်ပါနဲ့။ လေဟာလေပါပဲ။ ကိုကျတော့ စွန့်လွှတ်အနစ်နာခံတဲ့ အလုပ်မျိုးဘာမှမလုပ်ရဲပဲ/ မလုပ်ပဲ ရှေ့မထွက်ရဲပဲ အခုလို ပြောတာတွေက ရှက်တတ်ရင် တကယ်ရှက်ဖို့ကောင်းတယ်။ မရှက်တတ်သူဆိုရင်တော့ မပြောတတ်ဘူး။ ဒေ၀ဒတ်နဲ့ပေါင်းတယ်လို့ပြောသူကိုလဲ ပြောချင်တယ်။ သူ့ကိုမြင်ဖူးလား။ သူ့စကားကော နားထောင်ဖူးလား။ သူ့စာတွေကော ဖတ်ဖူးလား။

    ReplyDelete
  21. media people are using the word SHAME.... awesome!

    ReplyDelete