Pages

Friday, January 6, 2012

စကားပြောနည်း ၃ဝ

~



စကားပြောဆိုပုံ ဆယ်မျိုး ရှိတယ် တဲ့။

အင်တာနက်မှာ တွေ့ရတဲ့ မူကွဲတွေ အများအပြား ရှိတဲ့ထဲက မူကွဲ ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။

ဒါက စင်္ကာပူရောက် ဘလော်ဂါတယောက်ရဲ့မူ ဖြစ်ပါတယ်။ ၂၀၀၉ မှာ ထွက်လာတာပါ။

ဒါက ဖေ့ဘုတ်မှာ အခုလေးတင် တွေ့ရတာပါ။

အောက်ဖော်ပြပါမူကတော့ မူလလက်ဟောင်း ဖြစ်ပါတယ်။

စကားကြီး ဆယ်မျိုး

ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး
ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်
ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်
တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်
ရေစစ်ကရား၊ ခက်တင်မောင်းနင်း
ဆိုခြင်းစကား ‘ဤဆယ်ပါး’

၁။ ရေကူးညာတင် ပြောနည်း
မြစ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးသည့်အခါ မြစ်ညာဖက်မှ စ၍ကူးမှသာ လိုရာသို့ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်မှ တင်ကူး၍ ပြောနည်းကိုခေါ်သည်။

၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်သည့်အခါ တနိုင်စာလောက်စပါးကို လက်တဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင်ကိုင်ပြီး အခြားလက်တဖက်က တံစဉ်ဖြင့် ရိတ်လှီးသကဲ့သို့ စကားပြောရာတွင်လည်း စကားကို သိမ်းကျုံးဖမ်းဆုပ်ပြီးမှ ပြောနည်းကိုခေါ်သည်။

၃။ ရေစီးဖောင်ဆန် ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းညင်းသာယာစွာ ဆန်တက်သဖြင့် လိုရာခရီးကိုရောက်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောခြင်းသည် ရေစီးဖောင်ဆန်ပြောနည်းဖြစ်၏။

၎။ အိုးတန်ဆန်ခပ် ပြောနည်း
ထမင်းချက်ရာတွင် သူ့အိုးနှင့် သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာ စားသုံးရသကဲ့သို့ စကားကို မယုတ်မလွန်နှင့် လိုရာရောက်အောင် ပြောဆိုခြင်းကို အိုးတန်ဆန်ခပ် ပြောနည်းဟုခေါ်၏။

၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီဆုံထဲတွင် နှမ်းသို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကားအောင်မြင်အောင် အထပ်ထပ်ပြောဆိုခြင်းကို ဆီပွတ်ကျည်ပွေ့ ပြောနည်းဟုခေါ်သည်။

၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့ရန် အလိုက်ခံရသည့်အခါ လွတ်ရာမှရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွှဲ ပြောဆိုနည်းဖြစ်၏။

၇။ တောင်သူယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲကြသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွာပြောပြီးမှ စကားကြီးများကိုပြောလျှက် အနိုင်ယူခြင်းကို တောင်သူယာခုတ် ပြောနည်းဟုခေါ်သည်။

၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကိုဦးစွာ လိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကိုခေါ်သည်။

၉။ ရေစစ်ကရား ပြောနည်း
ရေစစ်သော ဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကိုလက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဖက်လူ၏ စကားကို ပိတ်မိအောင်ပြောခြင်းသည် ရေစစ်ကရား ပြောနည်းဖြစ်သည်။

၁၀။ ခက်တင်မောင်းနင်း ပြောနည်း
တဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်း မငြင်းဘဲ မတင်မကျ ပြောနည်းကိုခေါ်သည်။



~

11 comments:

  1. လက်သစ် စကားကြီး ဆယ်မျိုးကို တီထွင်တဲ့ သူရော အဲဒီ အထဲက ဘယ်စကားမျိုးကို သုံးပါသလဲ

    ReplyDelete
  2. ဝေ့လည်ကြောင်ပတ်ပြောနည်း ဆိုတာကပေါ့နော်..ဒါကဒီလိုရှိပါတယ်။ သမ္မတကြီးကပေါ့နော် အပြောင်းအလဲတွေဖော်ဆောင်နေတာဆိုတော့လေ..ကျမတို့ အနေနဲ့ ပေါ့နော် ဒီပဲယင်းတို့ ၊ ရွှေဝါရောင်တို့ ၊ ၉၀ ရွေးကောက်ပွဲတို့ ဆိုတာကပေါ့နော်..ပြီးခဲ့ပြီပေါ့နော်..ဆိုတော့ ကျမတို့ အနေနဲ့ ပေါ့နော်။

    ReplyDelete
  3. ဇော်ကျော်(ဥပဒေ)
    ဒေါ်အောင်ဆန်းစုကြည်ကို ကိုဝေဖန်တဲ့သူတွေ မြန်မာပြည်ကနေ အပြီးပိုင်ထွက်သွားပါ။ ဒေါ်စုကိုဝေဖန်တဲ့သူတွေဟာ ဆန်ကုန်မြေတွေပါပဲ။ ရှေ့တန်းမှာစစ်တိုက်နေတဲ့စစ်သား လေးတွေ၊ အသက်စွန့်သွားတဲ့ မီးသတ်သမားလေးတွေ၊ နိုင်ငံတော်အပေါ်အခွန်ထမ်းဆောင်ခဲ့တဲ့ ပြည်ပရောက်မြန်မာလူငယ်လေးတွေ(နောက်ဆုံး လယ်သမားတွေနဲ့ လယ်ထွန်တဲ့ နွားတွေ၊ကျွဲတွေ) လောက်မှအသုံးမကျတဲ့သူတွေဟာ မြန်မာပြည်ကနေ အပြီးတိုင်စွန့်ခွာစေချင်တယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သတ်သေစေချင်တယ်။ ဒါမှမဟုတ် မကျေနပ်လျှင် ကိုယ့်ကိုယ်ကို အသေခံဗုံးခွဲပြီး သေနိုင်တယ်။ ဒါပါပဲ။ နောက်ဘယ်ကွန့်မင့်မှလည်းမဖတ်တော့ဘူး။ ရေးလည်းမရေးတော့ဘူး။

    ReplyDelete
  4. အပေါ်က ထင်မြင်ချက်ပေးသူက ဒေါ်စုကို ကိုးကွယ်တဲ့သူဖြစ်မယ် မှားမှား မှန်မှန် ရမ်းထောက်ခံတာ မှားလျှင်ဘယ်သူမဆိုဝေဖန်ရမှာပဲလေ ဒါ comment သဘောပေါ ကြီးကျယ်တယ်ပြောနည်းနဲ့ပြောရလျှင် ဒီမိုကရေစီ လေကွယ်.

    ReplyDelete
  5. ဒီမိုကရေစီဆိုပြီးနာမည်လိုက်ဖျက်နေရင်တော့
    ရေးတဲ့ကောင်တွေကငါ့စကားနွားရသမားတွေပဲကွ။

    ReplyDelete
  6. သူများကိုဝေဘန်တဲ့အလုပ်ကအရမ်းလွယ်ပါတယ် ... သူများကိုမဝေဘန်ခင်မိမိကိုယ်တိုင်အဝေဘန်ခံနိုင်အောင်အရင်ကြိုးစားကြ ....

    ReplyDelete
  7. ကိုဇော်ကျော်
    ဝေဖန်မှု ရှိမှ တိုးတက်တာပါ။ ကောင်းသော ဝေဖန်မူကို လက်ခံပြီး၊ မကောင်းသော ဝေဖန်မူကို neglect လုပ်သင့်တာပေါ့။ အပင်ကြီးရင် လေဒဏ်ပိုခံရ တတ်တာ သဘာဝပဲ (အမေစု ကိုရည်ညွှန်း)။

    "နောက်ဘယ်ကွန့်မင့်မှလည်းမဖတ်တော့ဘူး။" ဒါဆိုရင် ကိုက မဆီမဆိုင် နှစ်ခါရူံပြီ။

    Be Wise....

    DL,
    ME (USA)

    ReplyDelete
  8. ဒေါ်စုမရှိမှ မြန်မာပြည်ဒီမိုကရေစီရမယ် ပြည်သူလူထု ကောင်းစားမယ်ဆိုရင် ဒေါ်စုကိုဖယ်ရှားဖို့ ကျနော်ဝန်းမလေးပါ..ဒီမိုကရေစီမှာ ဝေဖန်ရေးဆိုတာရှိပါတယ်.ဒါပေမဲ့ ကိုယ်ဝေဖန်မယ့်သူရဲ့ သမိုင်းကြောင်းကိုတော့ နားလည်းရပါလိမ့်မယ်..ဒီလိုမဟုတ်ဘဲ ငါ့စကားနွားရ ဝေဖန်မယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်သာ အရင်ဝေဖန်လို့ပြောလိုက်ပါရစေ..ခင်ဗျာတို့ နိင်ငံအကျိုးအတွက် ဘယ်လောက်လုပ်ခဲ့သလဲ ဒေါ်စုနဲ့ ကိုဇာဂနာ ဘယ်လောက်လုပ်ခဲ့သလဲ မနိုင်းကောင်းနိုင်းကောင်း ချိန်ထိုးကြည့်ပေါ့..သတ္တိရှိရင် လုပ်ပြစမ်းပါဗျား..နံမည်တောင်မှ တင်မရေးရဲတော့ ရှိမယ်လို့လဲ မထင်ပါဘူး...

    ReplyDelete
  9. ကိုအောင်မော်January 7, 2012 at 2:10 PM

    ဒီမိုကရေစီ ဖြစ်ပါသည်။ ဒီအမိုး (ဒေါ်စု) ကို ခရေဇီဖြစ်နေရန်မဟုတ်ပါ။ ဒေါ်စုလည်း အမြဲမှန်ခဲ့တာမဟုတ်။ အမြဲမှန်နေမည်မဟုတ်။ ဒီမိုကရေစီ မှာ ထောက်ပြဝေဖန်မှုတွေကို လက်ခံရမှာပဲ။ မဝေဖန်ရဘူး၊ ဝေဖန်ရင် ဖမ်းမယ်။ ဝေဖန်သူ သတ်သေရမယ် ဆိုတာ အာဏာရှင်စနစ်မှာပဲ ရှိတယ်။ အဲဒါ ဒေါ်စု ကို သွားမေးကြည့်လိုက်ဦး။

    ReplyDelete
  10. ဒီမိုကရေစီပဲ လွတ်လပ်ခွင့်ပဲ ဆိုပြီး ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ဖို့ အခွင့်အရေးကို တလွဲအသုံးချ .... ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ လွတ်လပ်ပြီဆိုပြီး လမ်းမပေါ် ဆေးရိုးတွေ တက်လှမ်းနေတဲ့ကောင်တွေပါလား ......
    တိုင်းပြည်အတွက် ဘာတခခုမှ ဟုတ်တိပတ်တိ မလုပ် ဝေဖန်တာဆိုပြီး အပြစ်တင်လိုက်ပြော ..... မှားသလား မှန်သလား ဆိုတဲ့ ဝေဖန်ပိုင်ခြား စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဥာဏ်ကမဲ့ ခိုင်းတာလိုက်လုပ် မျက်နှာလို မျက်နှာရဖါး ချကျွေးတဲ့အရိုးအရင်း အစအနလေးကိုက်ပြီး သခင်အားရ ကျွန်ပါးဝနေတဲ့ကောင်တွေ .... ရှိနေသမျှ တိုင်းပြည်အတွက် ရင်လေးစရာပဲ .....

    ReplyDelete
  11. should be respect .scish

    ReplyDelete