(ဓာတ်ပုံ - http://thanlwinhero.blogspot.com)
(တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ လူကုန်ကူးမှု တားဆီးရေးအဖွဲ့ဆိုတာ ရှိပါတယ်။ ကော့သောင်းကို တခြားကမြို့တွေကနေ ဝင်ရောက်လာတဲ့သူတွေကို လူကုန်ကူးမှု တားဆီးရေးဆိုပြီး စစ်ဆေးကာ ပိုက်ဆံကောက်ယူနေပုံ၊ မပေးနိုင်ရင် အချုပ်ထဲထည့်ပုံကို ပေးစာ ပေးပို့လာတာ ဖြစ်ပါတယ်။)
ကျွန်တော်တို့ မြန်မာပြည် တနံတလျားမှာရှိတဲ့တိုင်း၊ မြို့နယ်အသီးသီးကို သွားလာလွယ်ကူ ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံ လ.၀.က မှ မြန်မာတိုင်းရင်းသားများအတွက် နိုင်ငံသား စိစစ်ရေးကတ်တွေ တော်တော် စိစိစစ်စစ်နဲ့ ထုတ်ပေးထားကြတာ မဟုတ်လား။ အဲဒီကတ် ကိုင်ဆောင်ထားတဲ့ လူတယောက်အနေနဲ့ မြန်မာနိုင်ငံအတွင်းက မြန်မာအစိုးရရုံးစိုက်ရာ မည်သည့်မြို့နယ်ကိုမဆို သွားလာနိုင်သည် မဟုတ်ပါလား။
အင်း … အခုတော့ ကျွန်တော်တို့ ကော့သောင်းမြို့နယ်ကို လွတ်လွတ်လပ်လပ် လာခွင့်မရဘဲ စိစစ်ရေးကတ် အက္ခရာ ၆/- အမျိုးစားက ဘတ် ၃၀၀၀၊ ၁၀/- အမျိုးစားက ဘတ် ၃၅၀၀၊ ၁၂/-၊ ၁၄/ ကျတော့ ဘက် ၄၀၀၀ စသဖြင့် မြို့နယ်အလိုက် လိုင်းကြေး အသီးသီးပေးပြီးမှ ၀င်လို့ရတာဗျ။ အဲဒီလို လိုင်းမ၀င်၊ မသိနားမလည် ယောင်ချာချာနဲ့ ကော့သောင်းမြို့ကို အလည်အပတ်လာတဲ့ ခရီးသည်ကတော့ တာဆီး (လူကုန်ကူးမှု တားဆီးရေးအဖွဲ့) ထဲ ဆွဲထည့်၊ စိစစ်ရေးကတ် သိမ်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှတဆင့် မှတ်ပုံတင်နဲ့လူကို ပြန်ထုတ်ချင်ရင် မြန်မာငွေ ၄၀၀၀၀ ကျပ်၊ ၅၀၀၀၀ ကျပ်အထိ ပေးဆောင်ပြီးမှ ရပ်ကွက်အချုပ်ခန်းက ပြန်ထွက်ရပါတယ်။
ဒါတွေဟာ ဟိုး … နေပြည်တော်က သမ္မတကြီးရဲ့ စနစ်ကြီးပြောင်းလွဲနေပါပြီလို့ မြန်မာသိ ကမ္ဘာသိ ကြေညာတာတွေကို တောင်ဘက် ၀ိတိုရိယအငူစွန်းက မကြားကြ၍ပဲလား၊ ဒါမှမဟုတ် သမ္မတကြီးလည်း ခေတ်ကြီး ပြောင်းချင်သလောက်ပြောင်း ငါတို့လည်း ညစ်ပြီး တောင်းချင်သလောက်တောင်းပြီး ညောင်းချင်တဲ့အခါ ညောင်းကြတာပေါ့လို့ အချိနိရှိခိုက် လုံ့လစိုက်နေကြတယ် ထင်ပါရဲ့နော … ကြည့်လုပ်ကြပါဦး၊ ရွှေနိုင်ငံက ရွှေနိုင်ငံသား … ရွှေအာဏာပိုင်တွေရဲ့။
နိုင်ငံခြားမဟုတ်တဲ့ နိုင်ငံသား
good
ReplyDeleteယိုးဒယား နယ်စပ်တွေထဲမှာ ကော့သောင်းမြို့ က အဆိုးဆုံးပဲ မြ၀တီ၊ တာချီလိတ်က ၀န်ထမ်းတွေ ပညာမပြဘူးငြိမ်းချမ်းရေးတွေရှိတော့ ညစ်လို့ မရဲဘူး ဒီမှာက စစစ၊ စအဖ၊ s p ၊ လူကုန်တား၊ အကုန်ပါပဲ နောက်ဆုံး ရရက ထိ ကြောက်နေရတယ်ဒေသခံတွေကပါ ခရီးသွားရင် အိမ်ထောင်စုပါယူသွားရတယ် ကော့သောင်း မြို့ အ၀င် လေဆိပ် ကားဂိတ် အမြန်ယာဉ် ဆိပ်တွေမှာအိမ်ထောင်စု မပြနိုင်ရင် လ ၀ က ဖမ်းမယ်ဆီးမယ်လုပ်တယ် တစ်ဦးကို ဘတ် ၃၀၀၀ ပေးမှ လွတ် ပေးပါတယ်။ဒါကိုသက်ဆိုင်ရာဒေသ အာဏာပိုင်လဲ အသိပဲ။ ခွဲတမ်းရနေတာကိုး။
ReplyDeleteသန့်ရှင်း သောအစိုရ၊ကောင်းမွန်သောအုပ်ချုပ်မှု ဆိုဒါ ဘာကိုဆိုလိုပါသလဲ။
ထို့ ကြောင့် အီ နိုင်ငံကို မြန်မာ ဟု ခေါ်သည်...တိန်~~di
ReplyDeleteဒါမှ ငါတို့ ပြည်ထောင်စု သမ္မတ ဒီမိုကရေစီ နိုင်ငံတော်ကြီးကွ။
ReplyDelete