Pages

Tuesday, January 31, 2012

တိုက်ရိုက် ငွေလွှဲမယ်



ကမ္ဘောဇ၀န်ထမ်းတို့ရဲ့ ထိုင်းနိုင်ငံဘဏ်လုပ်ငန်း လေ့လာရေးခရီး

ဒေသတွင်းနိုင်ငံတွေမှာ ငွေလွှဲလုပ်ငန်းတွေကို ဘဏ် ၄ ခုကို ခွင့်ပြုထားတာ မကြာခင် လုပ်ငန်းစတော့မယ်လို့ သိရပါတယ်။
ကမ္ဘောဇ - ထိုင်း
ဧရာဝတီ - မလေး
သမ၀ါယမ - စင်္ကာပူ
AGD - စင်္ကာပူ၊ မလေး

ကမ္ဘောဇက ထိုင်းမှာ လုပ်ငန်းစဖို့ ဘယ်လိုပြင်နေတယ် ဆိုတဲ့သတင်းတွေတော့ မတွေ့ရသေးပါ။


ထိုင်းနိုင်ငံမှာ မြန်မာပြည်သား သိန်းပေါင်းများစွာ ငွေရှာနေကြပါတယ်။
ဘဏ်ကနေ မြန်မာပြည်ကို တိုက်ရိုက်လွှဲတာဟာ ထိုင်းရောက် မြန်မာတွေထဲက အနည်းငယ်ကပဲ လုပ်ကိုင်ကြမယ့်လမ်းကြောင်းပဲ ဖြစ်တယ်လို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ မြန်မာပြည်သား လုပ်ငန်းရှင် တဦးက ဧရာဝတီကို အခုလို ပြောပါတယ်။

"လူမျိုးစွဲ၊ ဒေသစွဲနဲ့ပဲ ငွေလွှဲနေကြတာ။ ကျနော့်အတွေ့အကြုံအရ ဆိုရင် အလုပ်သမားတွေကြားထဲမှာ ဘဏ်နဲ့ ဆက်ဆံနိုင်တဲ့ အရေအတွက် နည်းတယ်။
၁၀၀ မှာ ၅ ယောက်ထက် မပိုဘူး။ ဘဏ်ကတ်ပြားရှိပေမယ့် အဲဒီဘဏ်ကတ်ကို မသုံးတတ်ကြဘူး။
ဒီတော့ ဘဏ်လုပ်ထုံးလုပ်နည်းတွေကို သူတို့ ချက်ချင်း သဘောပေါက်အုံးမှာ မဟုတ်ဘူး။
ကတ်ပြားရှိပေမယ့် မထုတ်တတ်သူအများကြီးပဲ။ (မြန်မာပြည်ကို ဘဏ်ကနေ တိုက်ရိုက် ငွေလွှဲဖို့ ဆိုရင် သူတို့အဖို့) အချိန်ယူရမယ်။ အခက်အခဲရှိတယ်။

ဟွန်ဒီသမားတွေကလည်း လက်ခွဲတွေ အေးဂျင့်တွေ ခန့်ထား ချိတ်ထားတယ်။ အဲဒီလူတွေနဲ့ လွှဲတယ်။ ဥပမာ ဘီလူးကျွန်း၊ မော်လမြိုင်ကလာသူတွေကလည်း သူတို့လူအချင်းချင်းပဲ (အားကိုးတကြီးနဲ့၊ ယုံကြည်မှုနဲ့) ငွေလွှဲတယ်။
ပေါက်၊ ပခုက္ကူသမားတွေကလည်း သူတို့အချိတ်အဆက်နဲ့ သပ်သပ်ရှိတယ်။

ကျနော်တို့ကဈေးကောင်းပေးရုံနဲ့ မရဘူး။ ဈေးတိုးပေးရုံနဲ့ မရဘူး။
ပေါက်ဈေးပေးနိုင်ရုံနဲ့ မရဘူး။ အချင်းချင်းမှ ရတယ်။ အချင်းချင်းမှ ငွေလွှဲကြမယ်။

တချို့ကလည်း အကြွေးနဲ့ လွှဲတယ်။ နောက်မှ ငွေပေးမယ်ပေါ့။ ဒါဆိုရင်တော့ ပေါက်ဈေး ဘယ်ဟုတ်တော့မလဲ။ ဒီလိုမျိုးထုံးစံတွေလည်း ရှိတယ်"


ညွှန်း - ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ

14 comments:

  1. ဘုရားရေ့...စင်္ကာပူ မှာ ငွေလွှဲလုပ်မဲ့ ဘဏ်က သမ၀ါယမ
    ဘဏ်တဲ့....ဒီမို ကရေစီ ခေတ်မှာ သမ ဆိုတာ မသင့်တော်
    ဘူးထင်တယ်ဗျာ...ဒါ မဆလ ခေတ် ကတည်းက မအောင်
    မြင်တဲ့ လုပ်ငန်း တစ်ခု....နာမည်ကလည်း သမ တဲ့ ဗျို့...
    မပြော မရှိနဲ့...နာမည် ရော လုပ်ပုံ ကိုင်ပုံရော တစ်ခုမှ သမိုင်းကြောင်း ကောင်းတာ မရှိ....
    သမ၀ါယမ ဆိုတာ ဒီမိုကရေစီ ခေတ်မှာ လုံးဝကို မရှိသင့်
    တာပါ...ဘယ်ခေတ်ကို သွားနေတာပါလဲ....

    ReplyDelete
  2. ဘယ်လို တွေ ပဲလုပ်ပေး လုပ်ပေး ခုချိန်ထိ အကောင်း မြင်တဲ. စိတ် မမွေး နိုင်ကြ သေး ပါလား အဓိ က က နာမည် မဟုတ် ပါဘူး .........ကိုယ်. နိုင်ငံ သားတွေ အဆင်ပြေစေမယ် ဆို လူတိုင်း အကောင်းမြင်ပြီး လက်ခံ သင်.တယ် လို. ထင်ပါတယ်..........

    ReplyDelete
    Replies
    1. နာမည် ကအရေးမကြီးဘူးဆိုရင်။ok... I will issue for your name..stupid.

      Delete
  3. There are lot of cooperative business in Europe, where ist the social market economy. Don't be a petty bourgeois, be open minded.

    ReplyDelete
  4. There are lot of cooperative business in Europe, where ist the social market economy. Don't be a petty bourgeois, be open minded.

    ReplyDelete
  5. ဘဏ်တခုတည်းကိုမလုပ်ခိုင်းဘဲ၊အပြိုင်အဆိုင်လုပ်ခိုင်း
    သင်.တယ်။ဒါမှငွေလွဲတဲ.သူတွေကိုအနိုင်ကျင်.ပြီးလွဲခ
    ပိုက်ဆံေ၇ာ၊ဈေးနှုန်းနှိမ်တာေ၇ာမလုပ်နိုင်မှာ။

    ReplyDelete
  6. သမ= မျှတစွာ
    ၀ါယမ=လုံ့ လ၀ိရိယ စိုက်ထုတ်ခြင်း..
    မဆလခောတ်က တစ္ဆေခြောက်နေလို့ ပါဗျာ.. တကယ်တော့ နာမည်ကောင်းတစ်ခုပါ။ ကျွန်တော်လည်းရုတ်တရက်တွေးရင် မကြိုက်တာအမှန်ပဲ။ ဒါပေမယ့် ဒီနာမည်က မဆလနာမည် မဟုတ်ပါဘူး ဗျာ.။

    ReplyDelete
  7. အော်
    ဒီလူ သမ၀ါယမ ဆိုတဲ့ အဓိပယ်ကိုမသိသေး ပုံပေါ်တယ်
    ကောမက်ရေးလိုက်ရရင်ပြီးရောဆိုတဲ့ ပုံမျိုးနဲ့တော့မရေးပါနဲ့ဗျာ အဲဒါဘာလဲဆိုတာ အရင်နားလည်အောင်လေ့လာစေချင်ပါတယ် .

    ReplyDelete
  8. ဒီမိုကရေစီ အရေခြုံအစိုးရ...ကြည့်လိုက်ပါ..မဆလ ခေတ်ကျန် သမ၀ါယမ လုပ်ငန်းတွေကို အသက်သွင်းနေတာ စီးပွားရေးကိုက်မကိုက် ပြန်ကြည့်လိုက်ပါ...စက်မှု ၁ လုပ်ငန်းကြီး ၀က်ဝက်ကွဲရှုံး..
    ပြည်သူကတော့ အသုံးမကျယင် ဝေဘန်မှာဘဲဗျာ...

    ReplyDelete
  9. ဘာတဲ့ဗျာ....မျှတစွာ လုံ့လ ၀ီရိယစိုက်ခြင်း တဲ့လားဗျာ...
    မဆလ တစ်ခေတ်လုံး ဒီလိုနာမည်တွေနဲ့ အင်ထုသွားခဲ့တာ
    FB မှာတွေ့ရတဲ့ ကွန်မင့်ကလေး ဖတ်ကြည့်ကြပါ...ဘာတဲ့..
    နိုင်ငံခြားကြွေးမြီပမာဏက
    နည်းနည်းလွန်းလွန်းမှ မဟုတ်ပါလားဗျို့ ...။
    ၈၈ ခုနှစ် မတိုင်မီ တစ်ပါတီ ဗိုလ်နေ၀င်းလက်ထက်မှာ ဒေါ်လာသန်းပေါင်း ၈၄၀၀ ကျော်၊
    ဗိုလ်သန်းရွှေ စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ ဒေါ်လာသန်းပေါင်း ၂၈၀၀ ကျော်၊
    စုစုပေါင်း ကြွေးမြီ ဒေါ်လာသန်းပေါင်း ၁၂၀၀၀ နီးပါးတဲ့ဗျာ...။
    ကျုပ်တို့ ပြည်တွေဘ၀... ဆင်းရဲစုတ်ပြတ် မွဲတေပြာကျ၊ ဘာခံစားမှု ဘာအခွင့်အရေးမှ မရ၊
    လူပီပီသသ လူလိုသူလို နေထိုင်ရှင်သန်သေဆုံးနိုင်ခွင့် မရှိရတဲ့ ကြားထဲ
    နေရင်းထိုင်ရင်း တစ်ယောက်ကို ဒေါ်လာ (၂၀၀) စီ အကြွေးတင်နေပြီဗျို. ..................တဲ့

    ပကတိတရားကို ပကတိအတိုင်း မြင်တတ်ကြပါစေ...

    ReplyDelete
  10. စကာင်္ပူက NTUC ကလည်း သမဝါယမ ပါပဲ။ နဝတ ခေတ်က GEC ဆိုတာ NTUC ပုံစံ ဖြစ်စေချင်လို့ လုပ်တာပါ။

    ReplyDelete
  11. ပြည်ချစ်သားFebruary 1, 2012 at 10:57 PM

    ကျွန်တော်တို့ နိုင်ငံဟာ လက်ရှိတိုးတက်နေတဲ့ နိုင်ငံတွေထက်စာရင် တော်တော်ခောတ်နောက်ကျနေပြီလို့ ပြောရင် မလွန်လောက်ပါဘူး။ ဒီလိုအဖက်ဖက်ကျ နောက်ကျနေတာကို ပြုပြင်မှုတွေစလုပ်တယ်ဆိုတာ ပထမ ဝမ်းသာစရာပါ။ ပြောင်းလဲမှုတွေဟာ ကောင်းသောပြောင်းလဲချင်းတွေလား ဒါမှမဟုတ် အတုအယောင်တွေလားဆိုတာကို ကျွန်တော်တို့လိုပြည်သူတွေအားလုံးက ဝိုင်းဝန်းပြီးလေ့လာကြရမှာပါ။ အရာရာကိုအပြုသဘောလေးနဲနဲလောက်ဖြစ်ဖြစ်ထားပြီးကြည့်စေချင်ပါတယ်။ အရင်တုန်းကလို ဟွန်ဒီငွေလွှဲစနစ်တွေကြောင့် ပြည်ပမှာအလုပ်လုပ်နေကြတဲ့ သူတွေ သူတို့မိသားစုတွေ နစ်နာခဲ့ဖူးပါတယ်။ တရားဝင်စနစ်တခုနဲ့ စည်းကမ်းရှိရှိ(အမြတ်ကြီးစား မရှိ၊ လံခြုံစိတ်ချစွာ) ငွေတွေကိုမိသားစုဆီပို့နိုင်မယ်ဆိုရင် အားလုံးအတွက်မုဒိတာပွားစရာဖြစ်လာမှာပါ။

    ReplyDelete
  12.ွGEC NTUC ... ဖွပ် ...
    G ဂျီမကျရ
    E အီးမပေါက်ရ
    C တန်းစီပါ ...

    သမ၀ါယမ ဆိုတာ ဒိတ်အောက်သွားပါပြီ ... ဆရာကြီး လာလုပ်မနေ နဲ့ ဘယ်ကနေ စလည်း ဆိုတာ လည်း လိုက်ကြည့်လိုက်ဦး

    ReplyDelete
  13. ဘယ်သူတွေရဲ့ ငွေတွေ စီးဆင်းတာမြန်ဆန်ဘို့လဲ ဟင်

    ReplyDelete