ကျနော်ဤစာကို ရေးရခြင်းမှာ နိုင်ငံသားတယောက်ဧ။် တာဝန်ကို ကျေပွန်ချင်၍ ဖြစ်ပါသည်။ လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် သို့လောသို့လော ပြောဆိုခံရနိုင်မှုများ ၊ အိုးမဲသုတ်ခံရမည့်အခြေအနေကို ခန့်မှန်းမိ၍ရေးရခြင်း ဖြစ်ပါသည်။ကျနော်တို့မှာ နေပြည်တော်စည်ပင်အောက်မှ ၀န်ထမ်းများဖြစ်ပါသည်။
ကျနော် နေပြည်တော်စည်ပင်ရောက်သည်မှာ ၃ လခန့်မျှသာ ရှိပါသေးသည်။ ဤ ကာလ အတွင်း၌ ဒီမိုကရေစီ မဆန်မှုများ၊ အာဏာရှင်ဆန်မှုများကို အတန်အသင့် ကြုံတွေ့ခဲ့ရပါသည်။ ယခု အခါမှာ တိုင်းပြည်ဧ။် အလားအလာနှင့် အခြေအနေကို များစွာအဆုံးအဖြတ်ပေးမည့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို ထိခိုက်စေမည့် လုပ်ရပ်အဖြစ် ယူဆပါသည်။
ပူးတွဲပါပုံစံမှာ ၀န်ထမ်းများ ပုံစံ ၁၀ လျှောက်ထားသည့် ဖောင် ပုံစံဖြစ်ပါသည်။ ဤပုံစံ ကို ပေးရန် ကျနော်တို့ဧ။်အဆောင်မှူးများကို ၂၆.၁.၁၂ ရက်တွင် နေပြည်တော်မြို့တော်ခန်းမတွင် ခေါ်၍ တွေ့ဆုံပါသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူများကို ပုံစံ ၁၀ဖြင့် အတိအကျလူဦးရေ ကောက်ခံရမည်ဖြစ်ပါသဖြင့် လက်ရှိအစိုးရ၀န်ထမ်းများဧ။် ပုံစံ ၁၀ မှာလည်း မိမိတို့ဧ။်နေရပ်လိပ်စာအတိုင်းဖြစ်နေ၍ မဲပေးပိုင်ခွင့် ရှိသူများမှာ ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ နှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း နည်းနေပါသည်။
ထို့ကြောင့်ပင် ကျနော် တို့ဝန်ထမ်းထုကို မိမိတို့ဧ။် အမြဲတမ်း နေရပ်ရှိအိမ်ထောင်စုမှထွက်၍ လာမည့်ရွေးကောက်ပွဲ အတွက် ခါတော်မီအိမ်ထောင်စု ဇယားများ ( သူတို့ အဆိုအရ ဆိုလျှင်ခြောက်လစာ ပုံစံ ၁၀) များထုတ်ပေးမည် ဖြစ်ပါသည်။
အထက်မှ ချမှတ် သော မူဝါဒဖြစ်၍ လိုက်နာရမည်ဟု ဒီမိုကရေစီမဆန်စွာ ပြောပါသည်။( မှတ်ချက်- အထက် ဆိုသည်မှာ မည်သူမှန်းမသိပါ)
ဤကိစ္စကို မည်သူ့ကိုမှ ပေါက်ကြားခြင်းမရှိစေရန်လည်း မေတ္တာရပ်ခံသေးသည်၊ စတုတ္ထမဏ္ဍိုင်က မေးခွန်းထုတ်လာနိုင်သည်ဟု ဆိုပါသည်။
ကျနော်တို့ စိုးရိမ်သည်မှာ ယခု အိမ်ထောင်စုမှ ထွက်လိုက်ပြီး နောက်ခြောက်လအကြာတွင် ပြန်မ၀င်နိုင်မည်ဖြစ်ခြင်း၊ လ၀ကနှင့် လက်ဝါးခြင်းရိုက်၍ ပြုသော ကိစ္စဖြစ်သော်လည်း နောင် ပေါ်ပေါက်လာမည့် အရှုပ်အရှင်းများတွင် မြေဇာပင်များဖြစ်မည်ကို ပင် ဖြစ်ပါသည်။ ကိုယ့်ရပ်ကိုယ့်ရွာပြန်လျှင်လည်း ဧည့်စာရင်းထပ်မံတိုင်ကြားရမည့်အပြင် မတိုင်ပြန်လျှင်လည်း အရေးယူခံရမည်ကိုလည်း စိုးရိမ်ပါသေးသည်။
နောက်ဆုံးနှင့် အရေးကြီးဆုံးဟု ယူဆသည်မှာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာအလယ်၌ မျက်နှာပျက်ဖွယ်၊ အရှက်ရဖွယ် ဖြစ်ကာ တိုင်းပြည်ဧ။် အသရေညစ်နွမ်းပြီး တိုးတက်မည့်အလားအလာများ ပိတ်ဆို့နှောင့်နှေးသွားမည် ကို လည်းပူပန်မိပါသည်။
တကယ်အဟုတ်ဆိုရင်တော့ ပတ်သက်ရမဲ့ဌာနတိုင်းက ဝိုင်းဝင်းပြီး ခြင်္သေ့မျက်နှာဖုန်းကိုခွာချ တောခွေးအရဲ့ရုပ် ပေါ်အောင် ဖေါ်ထုတ်ကြ
ReplyDeleteဒီမိုကရေစီခရီးလျောက်နေပါပြီဆိုတဲ့စစ်တပ်က ဧည်စာရင်းစစ်တဲ့ ဥပဒေကို အနိုင်ကျင့့်ပြဌာန်းထားတုန်းဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ လွတ်လပ်စွာ တိုင်ပြည်တွင်း သွားလာနေထိုင်မှု့ ကို ချူပ်ချယ်ကန့် သတ်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ ပြည့်သူလွတ်တော် ကိုယ်စားလှယ်တိုင်း ဒီဥပဒေကို ကန့် ကွက်ဖျက်သိမ်းဖို့ အဆိုတင်သင့်ပါတယ်။ တိုင်းပြည်အပေါ် အတော်အရုပ်ဆိုးတဲ့ ဥပဒေဖြစ်ပါတယ်။
ReplyDeletecongratulation.
ReplyDeleteThis is human rights.
ဒီအကွက်က သက်သက်မဲ့ ညစ်လုံးထုတ်တာသာ ဖြစ်ပါတယ်။ အရင်တခါ မဲပေးတုန်းကတော့ အဲဒါတွေ မလိုဘူးလို့ သိရပါတယ်။ အခု NLD က ဝင်ပြိုင်တော့မယ်ဆိုမှ ဒါမျိုးတွေ လုပ်တာ မရိုးသားပါ။
ReplyDeleteThanks for your information.That is really bad.These bad people will become our governers, how our country will improve.They don't even have right attitude to lead the people.These old people do not have good characteristics.How they will teach new generation to behave good.Moral is the most important in our relationship.These old people do not have the good moral.I am just worry about the Country how to go forward.
ReplyDeleteအရှက်တရားမရှိဘူး..ဆိုတာ ဟိုတုန်းက ကျနော်သိတာတော့..နိုင်ငံအကြီးအကဲကို မဆိုထားနဲ့  ..အရှက်နဲ့ လူလုပ်နေတာဟဲ့..အသက်နဲ့ လူလုပ်နေတာမဟုတ်ဘူးဆိုတာ..တနေ့ ရှာတနေ့ စားနေရတဲ့ လူတန်းစားထဲမှာတောင်ကြားခဲ့ရတာပါ..အခုတော့ဗျာ..ဟုတ်တော့မယ်ထင်နေတာ...ဟူး ..ရင်လေးရပါလား..
ReplyDeleteသီဟသူရဘွဲ့တို့ သူရဘွဲ့တို့ဆိုတာ ဒီလိုရဲရဲဝင့်ဝင့် ဖော်ထုတ်တဲ့သူမျိုးကို ပေးရမှာ။ အဲဒီ့ဝန်ထမ်းက ပြည်သူရဲ့ တကယ့်သူရဲကောင်းပါဗျာ။
ReplyDelete